Posts

Showing posts from November, 2022

စက်ကြိုးဆွဲ မဖဲဝါ ဇာတ်သိမ်းပိုင်း

Image
ဟာ ကဝေငမိုးရဲ့ စက်တွေ ကြိုးတွေ က တလက်လက်နဲ့ ကောင်းကင်ကို တန်းတက်လာတာဗျ။ ဟာ ကလေး မလေးကို ပခုံးမှာ ကောက်ထမ်း လိုက်ပြီဗျို့။ ဟာ သူလွှတ်ထားတဲ့ စက်တန်းကြီး အတန်း ကောင်းကင် ပေါ်ကို တက်သွားပြီဗျို့။ "ဟား၊ ဟား၊ ဟား နင့်ပညာ ဒါအကုန် ပဲကိုး၊ နင် ပြေးပွေ့လိုက်၊ ဖက်ရွက် ကလေးလို ပေါ့နေမှာ မစိုးရိမ်နဲ့ " ကျုပ်က သံကဝေရုပ်ကလေးကို လွယ်အိတ်ထဲ ထည့်ထားလိုက်တယ်။ ကဝေကြီးက ကောင်းကင်ပေါ်ကို အတော် မြင့်မြင့် ရောက်သွားပြီဗျ။ ကျုပ် ကလေး မလေး ပါသွားမှာကို အရမ်းစိုးရိမ်တာ ပေါ့ဗျာ။ ကျုပ်နောက်ကို လှည့်ကြည့် လိုက်တော့ မဖဲဝါက ကောင်းကင်ကို မော့ကြည့်ပြီး လက်နှစ်ဖက်က ကြိုး တစ်ချောင်းကို ဆွဲယူသလို ယူနေ တာဗ်။ "တာတေ ကလေးမလေး ကျလာပြီ ပြေးပွေ့" ကျုပ်လည်း စောစောက ကဝေ ကောင်းကင်ပေါ်တက်သွားတဲ့နေရာ ကို ပြေးထွက်ပြီး မော့ကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ၊ လေထဲမှာ ဖက်ရွက်ကလေး တစ်ရွက် ကျလာသလို ဖြည်းဖြည်းလေး ကျလာတဲ့ ဘလေးအောင်ဆင့်သမီး လေးကို ကျုပ်ပြေးပြီး ဖမ်းလိုက်တယ်။ ဟုတ်ပါ့ဗျာ၊ ငှက်ပျောဖက်တစ်ရွက် လောက်ပဲ လေးတာဗျ။ "ဟဲ့ တာတေ၊ မြန်မြန်လာ" ကျုပ် ကလေးမလေးကို ပွေ့ပြီး ခပ်သုတ်သုတ် ပြေးရတာပေါ့ဗျာ။ မဖဲဝါကတော့ စောစောကလိုပဲ...

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)

Image
ကျုပ် မဖဲဝါ မှာထားတဲ့အတိုင်း လွတ် အိတ်ထဲက သံကဝေရုပ်ကလေးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ အနှိုး ဂါထာကို ပါးစပ်က ရွတ်ရင်း ယာခင်း ထဲကို ပြေးထွက်လိုက်တယ်။ ကလေး မလေးကို ထမ်းပြီး ပြေးလာတဲ့ ကဝေ ရဲ့ရှေ့ကနေ ကျုပ်ပိတ်ပြီးရပ်လိုက် တယ်။ ကျုပ်ကိုတွေ့တော့ ကဝေ ကောင်က တုံ့ကနဲ ရပ်လိုက်တယ်။ သူ့နဲ့ကျုပ်နဲ့ ပေနှစ်ဆယ်လောက်တော့ ကွာမှာပေါ့ဗျာ။ "ဟေ့လူ ရပ်စမ်း ခင်ဗျားအကြံ ဒါအကုန်ပဲလား" ကျုပ်က သံကဝေရုပ်ကလေးကို လက်ထဲမှာ တင်းတင်းဆုပ်ထားပြီး လှမ်းမေးလိုက်တယ် "အောင်မာ ရာရာစစ၊ မလောက်လေး မလောက်စားကောင်ကများ ငါ့ကို ဟန့် တားနေရသေးတယ်၊ ငါ့နာမည် မင်းမှတ် ထားလိုက်၊ ဆယ့်နှစ်ကြိုးငမိုးဆိုတာ ငါ ပဲကွ၊ ကလေးမသာ ဖြစ်မကျန်ရစ်ခဲ့ချင် ရင် ငါရှေ့က အခု ဖယ်လိုက်" "ဟား ဟား ဟား ဟား ဆယ့်နှစ်ကြိုး ရော၊ ဆယ့်သုံးကြိုးရော ကျုပ် နားမလည် ဘူး၊ ကဝေမှန်သမျှ လိုက်ပြီး လက်စတုံး ပစ်တဲ့ ဆရာကြီး ဦးအောင်နဲ့ ဆရာစိုင်းနွံ ဖတို့ရဲ့တပည့် တာတေဆိုတာကျုပ်ပဲဗျ" "တယ် ဒီခွေးမသားလေး၊ သေပေတော့ ကြာ" ကဝေက ဒေါသတွေဖြစ်ပြီး သူ့လက် တစ်ဖက်ကို ရှေ့ဘက်ကို ဆန့်ထုတ် လိုက်တယ် "တာတေ သတိထား၊ နေရာမရွှေ့နဲ့၊ ငြိမ်ရပ်နေ၊ သံကဝေကို ရှေ့ကကာထား...

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

Image
"စိတ်ချ ဘလေး၊ မဖဲဝါပြောသလိုဆိုရင် ဒီကဝေကို ကိစ္စတုံးပစ်ဖို့ မယ်တော် လေးပါးကလည်း ခွင့်ပြုထားပြီဆိုပဲဗျ" "နို့ နေပါဦး ကိုကြီးတာတေရ၊ ကျုပ် နားမလည်လို့ တစ်ခုလောက် မေးပါ ရစေဦးဗျ" "ဟေ မေးလေ ဖိုးဝရဲ့၊ မင်းအစ်ကို စိန်ရိုးရော မပါဘူးလားကွ" "ကိုစိန်ရိုး တောတက်သွားလို့ဗျ" "သြော် အေး မေးပါဦးကွ ဖိုးဝရဲ့" "မဖဲဝါက သရဲမဆို၊ ကဝေကြီးကို ယှဉ်ပြီးတိုက်ခိုက်လို့ ရပါမလားဗျ၊ ကဝေတွေကသာ သရဲတွေကို ခိုင်းတာစေတာ မဟုတ်လား" "ဟာ ဖိုးဝရဲ့ မင်းပြောတာ ဟုတ် တယ်ကွ၊ ကဝေတွေကသာ သရဲကို ခိုင်းတာ စေတာပေါ့၊ ဒါပေမဲ့ မဖဲဝါ ဆိုတာက သာမန်သရဲမျိုး မဟုတ်ဘူး ကွ၊ လူဘဝတုန်းက အင်းကြီးတွေ လုပ်ခဲ့လို့ အကုသိုလ်ကြောင့်သာ သရဲဖြစ်နေပေမယ့် ကောင်းမှုကု သိုလ်တွေလည်း အများကြီးလုပ် ခဲ့တာကွ၊ ဒီတော့ သူ့မှာက ကာမ ဇိတ္ထိလို့ခေါ်တဲ့ အစွမ်းတွေရှိတယ်၊ မင်းတို့ ငါတို့အရွယ် ကောင်မလေး တစ်ယောက်လိုလည်း ဖန်ဆင်းနိုင် တယ်။ အင်မတန်ကြောက်စရာ ကောင်းတဲ့ ပုံပန်းသဏ္ဌာန်ကိုလည်း လုပ်ယူနိုင်တယ်။ ပြီးတော့ နာနာ ဘာဝ တော်တော်များများကို သူ ခေါ်ပြီး ခိုင်းစေနိုင်တယ်။ အချို့ ပုဂ္ဂိုလ်ကြီးတွေ၊ မယ်တော်တွေက စေခိုင်းတဲ့က...

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၄)

Image
"နင်ဆရာ ချီးမြှင့်ထားတဲ့ သံကဝေ ရုပ်ကလေး ယူခဲ့၊ ဂါထာနဲ့ နှိုးထား၊ နင့်ကို စက်မှ မထိနိုင်ဘူး၊ ငါ ချက် ချင်း ရောက်လာပြီး နင့်နောက်က ဝင်တိုက်မယ်" "သြော် ဒီလိုလား၊ တာတေတို့က ဒါမျိုးဆိုလို့ကတော့ ဘယ်တော့မှ လက်လွတ်မခံဘူးဗျို့" "နင် မနက်ဖြန်ည ကိုးနာရီတိတိကို ရောက်အောင်လာ၊ ရွာအနောက်တံ ခါးကစောင့်၊ ကလေးမလေးကို ဒီက ဝေကောင် အနောက်တံခါးက ခေါ် ထုတ်မှာဟဲ့ တာတေ" "ကျုပ် ဆက်ဆက်လာမှာ၊ ဆက်ဆက် လာမှာ" "ဟဲ့ တာတေ၊ ဘယ်ကိုများ ဆက်ဆက် လာမှာတုံး၊ မိုးလင်းပြီ ထတော့၊ နင်အ ဘတောင် ယာထဲသွားပြီ" အမေ့အသံကြားတော့မှ ကျုပ်လန့်နိုး သွားတာဗျို့။ ဒီတော့မှ အိပ်မက်မှန်း ကျုပ်သိတာ။ ကျုပ်အိပ်ရာထဲမှာ ငုတ် တုတ်ထထိုင်ပြီး အိပ်မက်ကို ပြန်တွေး တာပေါ့ဗျာ။ အိပ်မက်ထဲမှာတော့ ကျုပ်က တော်တော်ကို အားရှိသွား တာဗျ။ အခုတော့ အိပ်မက်မှန်းသိပြီး တော်တော်ကို စိတ်ဓါတ်ကျသွားတာ။ ဒီအိပ်မက်က မဖဲဝါပေးတဲ့ အိပ်မက်လား၊ ဒါမှမဟုတ်ရင် မနေ့က ကိုဘပွားပြောတာ ကို ကျုပ်စိတ်စွဲသွားတာလားဆိုတာဝေခွဲမ ရအောင် ဖြစ်နေတာဗျ။ "ဟီး ဟီး ဟီး ဟီး" ဟာ ညည်းသံလိုလို အသံဗျ။ ကျုပ်အိပ်ရာ ခေါင်းရင်းချိတ်ထားတဲ့ ဆေးလွယ်အိတ်ထဲ က ထွက...

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

Image
လှယဉ်လည်း မရှိတော့ဘူး။ ဒီတော့ မီးလောင်ကုန်းကို ရောက်လာပြီး ဘလေးအောင်ဆင့်ရဲ့ သမီးလေး ကို မဟုတ်မဟတ် ကြံစည်နေတဲ့ ဒီကဝေကို ကျုပ် ဘယ့်နှယ်လုပ် ရှင်းရမှာတုံး။ နောက်ဆုံးတော့ ကျုပ်တွေးမိတယ်။ မနက်ဖြန်ညကျမှပဲ မဖဲဝါကိုပင့်ပြီး အကျိုးအကြောင်းမေးမယ်လို့ပေါ့ဗျာ။ "ကဲ ကိုဘပွား၊ ဒီလိုလုပ်ဗျ၊ ကျုပ် မနက်ဖြန်မှ မီးလောင်ကုန်းကို လာ ခဲ့မယ်၊ အဲဒီရောက်မှပဲ အခြေအနေ ကို ကြည့်လုပ်ကြတာပေါ့ဗျာ" နဂါးဆေးပေါ့လိပ်ကလေးကို ဇိမ်ခံ သောက်နေတဲ့ ကိုဘပွားက ကျုပ်ကို ဆတ်ခနဲ လှမ်းကြည့်ပြီး… "အေး ဟုတ်တယ် တာတေ၊ဒီအလုပ် ကို ဒီနေ့ လက်စသိမ်းလုပ်ကိုင်ပေး ရမယ့်ကိစ္စက ရှိသေးတာကို" "ဟုတ်တယ်ဗျ၊ ကိုဘပွားရဲ့၊ဒါကြောင့် ကျုပ် ချက်ချင်းထ,မလိုက်တာပါ" "အေးပါ တာတေရာ၊ ငါနားလည်ပါ တယ်ကွာ၊ မနက်ဖြန်လာမယ်ဆိုက တည်းက ငါက ဝမ်းသာနေပါပြီကွ" နောက်တော့ ကိုဘပွားရဲ့ကျုပ်နဲ့ စကားစမြည်ပြောကြတာပေါ့ဗျာ။ နေတော်တော်လေးချိုတော့မှ ကို ဘပွား ပြန်သွားတယ်။ကျုပ်လည်း ဘုန်းကြီးကျောင်းမှာ သိမ်းစရာ လေးတွေကူပြုပြီး သိမ်းရဆည်းရ တာပေါ့ဗျာ။ ကျုပ် အိမ်ပြန်ရောက် တော့ကိုပဲ ဆယ်နာရီထိုးပြီဗျ။ ကျုပ် အိမ်ပြန်ရောက်တော့ အဘ နဲ့ အမေတောင် အိပ်နေကြပြီ။ ကျ...

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၂)

Image
ကျုပ် လန့်နိုးသွားတယ်။ ကျုပ်တစ်ကိုယ် လုံး ချွေးတွေရွှဲလို့ဗျ။ ကျုပ်အိပ်မက် မက် နေတာကိုးဗျ။ အောင်မယ်လေး အိပ်မက် ထဲမှာ ကျားနဲ့သတ်ပုတ်နေရတာကိုး။ကျုပ် မျက်စိဖွင့်ကြည့်လိုက်တော့ ကိုဘပွားကြီး ဗျ။ မီးလောင်းကုန်းက။ကျုပ်အိပ်နေတဲ့ကွပ် ပျစ်ဘေးမှာ တောင့်တောင့်ကြီးရပ်လို့။ ကိုဘပွားက အရပ်ရှည်ရှည်ကြီးဗျ။ လူက ပိန်ပိန်၊ နှုတ်ခမ်းမွေးကလည်း ကုတ်ကုတ်ကြီးနဲ့။ ကျုပ်နဲ့တော့ လူ ခင်တွေပါ။ အသက်ကတော့ သုံး ဆယ်လောက် ရှိပြီပေါ့ဗျ။ ကျုပ် မျက်စိဖွင့်ကြည့်လိုက်ပြီး… "ဟာ ကိုဘပွားကြီး လာ ထိုင်လေဗျာ" "ငါ မင်းကို လိုက်ရှာတာ ကျောင်းဝင်း တစ်ဝင်းလုံးကို နှံ့နေတာကွ၊ မင်းအိမ် လည်း ရောက်ပြီးပြီ" ကျုပ် သူ့ကို ကြည့်လိုက်တော့ ပုဆိုး ဟောင်း အင်္ကျီဟောင်းနဲ့ဗျ။ခေါင်းပေါ် မှာ ဝါးဖတ်ဦးထုပ်ဆောင်းလို့။ ဒီလူအလှူ လာတာ မဟုတ်ဘူးထင်တယ်လို့ ကျုပ် တွေးလိုက်မိတယ်။ ကျုပ်လည်း အိပ်နေ ရာကနေ လူးလဲထလိုက်တယ်။ ကိုဘ ပွားကလည်း ကျုပ်အိပ်နေတဲ့ ကွပ်ပျစ် မှာ ဝင်ထိုင်သဗျ။ "ကိုဘပွား အလှူလာတာလား" "ဟာ မဟုတ်ဘူးကွ၊ မင်းဆီကို သက်သက်လာတာ၊ ကိစ္စရှိလို့ကွ တာတေရ" "ဟင် ဟုတ်လား" ကျုပ်က အင်္ကျီအိတ်ကပ်ထဲမှာ အလှူက ယူထားတဲ့ န...

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၁)

Image
အဲဒီနေ့က ဆရာတော့်ကျောင်းမှာ အလှူ ရှိတာဗျို့။ ကျုပ်တို့ထနောင်းကုန်းသူကြီးရဲ့ တူကလေးနှစ်ယောက် ရှင်ပြုတာလေ။ ကျုပ်တို့ တောရွာတွေမှာက သူကြီးမပြော နဲ့၊ သူကြီးအမျိုးတွေလည်း ဂုဏ်ရှိတာဗျ။ သူကြီးတူရဲ့ အလှူဆိုတော့ လွှတ်စည် တာပေါ့ဗျာ။ ကျွေးတာကလည်း ဝက် သား၊ ကြက်သားဗျ။ ဝက်မစားရင်ကြက် ပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့ရွာသားတွေက ဝက်ရော၊ ကြက်ရော၊ နွားရော အကုန် စားကြတာ များပါတယ်။ သူကြီးတူက အိမ်ထောင်ကျတော့ မီး လောင်ကုန်းက မလုံးကြည်နဲ့ အိမ် ထောင်ကျတာဗျ။ ဒီတော့ ထနောင်း ကုန်းအလှူသာဆိုတယ်၊ မီးလောင် ကုန်းသားတွေရော၊ ဘန့်ဘွေးကုန်း သားတွေရော အကုန်ဆုံကြတော့ တာပေါ့ဗျာ။ ဝက်သားများ ချက် ထားလိုက်တာ အိနေတာဗျို့။ ခင်ဗျားတို့မြို့တွေမှာတော့ ဝက်စတူး ခေါ်မှာပေါ့ဗျာ။ ကျုပ်တို့ရွာတွေမှာတော့ ဝက်သားဘိစပါတ် ခေါ်တာပေါ့ဗျာ။ အတုံးကြီးကြီးကို အိနေအောင် ချက် ထားတာဗျ။ ဇွန်းနဲ့ထိုးလိုက်တာနဲ့ အိကနဲနေတာဗျ။ စားလိုက်ရင် လျှာ ပေါ်မှာကို အရသာစွဲနေတာဗျို့။ ကြက်သားကလည်း မြို့ကလာတဲ့ သူကြီးရဲ့ အမျိုးတစ်ယောက် ချက် ပေးတာ၊ ဘုံဘေချက်ဆိုလားပါပဲဗျာ။ ဒိန်ချဉ်တွေနဲ့ နှပ်ထားပြီးမှ ဆယ်မိနစ်ပဲ ချက်တာဗျ။ နူးအိပြီး ချိုနေတော့တာဗျာ။ ကျုပ်တို့ကာလသားအဖွဲ့လည်း အားလုံ...