စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၄)



"နင်ဆရာ ချီးမြှင့်ထားတဲ့ သံကဝေ
ရုပ်ကလေး ယူခဲ့၊ ဂါထာနဲ့ နှိုးထား၊
နင့်ကို စက်မှ မထိနိုင်ဘူး၊ ငါ ချက်
ချင်း ရောက်လာပြီး နင့်နောက်က
ဝင်တိုက်မယ်"

"သြော် ဒီလိုလား၊ တာတေတို့က
ဒါမျိုးဆိုလို့ကတော့ ဘယ်တော့မှ
လက်လွတ်မခံဘူးဗျို့"

"နင် မနက်ဖြန်ည ကိုးနာရီတိတိကို
ရောက်အောင်လာ၊ ရွာအနောက်တံ
ခါးကစောင့်၊ ကလေးမလေးကို ဒီက
ဝေကောင် အနောက်တံခါးက ခေါ်
ထုတ်မှာဟဲ့ တာတေ"

"ကျုပ် ဆက်ဆက်လာမှာ၊ ဆက်ဆက်
လာမှာ"

"ဟဲ့ တာတေ၊ ဘယ်ကိုများ ဆက်ဆက်
လာမှာတုံး၊ မိုးလင်းပြီ ထတော့၊ နင်အ
ဘတောင် ယာထဲသွားပြီ"

အမေ့အသံကြားတော့မှ ကျုပ်လန့်နိုး
သွားတာဗျို့။ ဒီတော့မှ အိပ်မက်မှန်း
ကျုပ်သိတာ။ ကျုပ်အိပ်ရာထဲမှာ ငုတ်
တုတ်ထထိုင်ပြီး အိပ်မက်ကို ပြန်တွေး
တာပေါ့ဗျာ။ အိပ်မက်ထဲမှာတော့
ကျုပ်က တော်တော်ကို အားရှိသွား
တာဗျ။ အခုတော့ အိပ်မက်မှန်းသိပြီး
တော်တော်ကို စိတ်ဓါတ်ကျသွားတာ။

ဒီအိပ်မက်က မဖဲဝါပေးတဲ့ အိပ်မက်လား၊
ဒါမှမဟုတ်ရင် မနေ့က ကိုဘပွားပြောတာ
ကို ကျုပ်စိတ်စွဲသွားတာလားဆိုတာဝေခွဲမ
ရအောင် ဖြစ်နေတာဗျ။

"ဟီး ဟီး ဟီး ဟီး"

ဟာ ညည်းသံလိုလို အသံဗျ။ ကျုပ်အိပ်ရာ
ခေါင်းရင်းချိတ်ထားတဲ့ ဆေးလွယ်အိတ်ထဲ
က ထွက်လာတဲ့ အသံဗျ။ လွတ်အိတ်ရဲ့
ဘေးကပ်အိတ်ထဲမှာ ထည့်ထားတဲ့ မဖဲဝါ
အရုပ်ကလေးက ထွက်လာတဲ့ အသံဗျ။
ကျုပ် တော်တော်တောင် အံ့သြသွားတာ
ဗျို့။ ဒါဆိုရင်တော့ ကျုပ်ကို မဖဲဝါ သတိ
ပေးနေပြီ။ ညက ကျုပ်မက်တဲ့ အိပ်မက်
ဟာ မဖဲဝါပေးတဲ့ အိပ်မက်ဆိုတာ သေ
ချာပြီဗျ။ ကျုပ်ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့
ကျုပ် မီးလောင်ကုန်းကို သွားမယ်။

ပြီးရင် ညကိုးနာရီမှာ မဖဲဝါပြောတဲ့အတိုင်း
မီးလောင်ကုန်းအနောက်တံခါးကနေ ကျုပ်
စောင့်မယ်။ ညနေလေးနာရီလောက်မှာ
ကျုပ် မီးလောင်ကုန်းကို ရောက်တယ်။
ကိုဘပွားနဲ့ ကာလသားတွေ ကျုပ်ကို
စောင့်နေကြတယ်။

"ဟာ တာတေရာ မင်း လာမှလာပါ့မလား
လို့ကွာ၊ ခုပဲ တို့ ဒီအကြောင်းကို ပြောနေ
တာကြ"

"ဟာ ကိုဘပွားကြီးကလည်း ကျုပ်က
လာမယ်ဆို လာတာပါဗျ"

ကျုပ် ကိုဘပွားတို့ ဝိုင်းထဲက သူတို့ထိုင်
နေတဲ့ တန်းလျားကပဲ ဝင်ထိုင်လိုက်ရော
ဗျ။ ကျုပ်တို့ အညာမှာက အိမ်ကြီးအောက်
မှာ တန်းလျားနဲ့ စားပွဲခုံချနေကျကိုးဗျ။

"ဒီလိုကွ တာတေရ၊ မနေ့က မင်းဆီကို
ငါလာတုန်းကတောင် တရုတ်မအခြေအ
နေက ဒီလောက်မဆိုးသေးဘူးကွ၊ ဒီက
နေ့ တော်တော်ဆိုးလာတယ်၊ မနက်က
လည်း ငိုချည်းနေတာတဲ့ကွ၊ လာပါပြီ
ဆရာ၊ ကျမ လာပါပြီလို့ ထထအော်
သတဲ့ကြ"

"ဟင် ဟုတ်လား၊ ဒီကဝေရဲ့ဆေးက
တော်တော်ကို စွမ်းမယ့်ပုံပဲဗျ"

ကျုပ်ကလည်း ပါးစပ်က လွှတ်ကနဲ
ပြောလိုက်တာဗျို့။

"ဟေ ကဝေ ဟုတ်လား တာတေ၊
ဒီလူကို သင်္ချိုင်းထဲမှာ မင်းသွားကြည့်
လာလို့လား"

ကျုပ်လည်း ဘာပြောရမှန်း မသိပါဘူး
ပေါ့ဗျာ။ အနည်းအကျဉ်းတော့လည်း
သူတို့ကို ပြောထားဦးမှပေါ့ဗျာ။

"ဒီလို ကိုဘပွားရေ၊ ဒီအကြောင်းတွေကို
မဖဲဝါပြောလို့ ကျုပ်သိတာပါ"

"ဟေ တာတေရာ၊ မဖဲဝါက မင်းကို
တော့လွှတ်စောင့်ရှောက်တာကွာ"

"အင်း…အဲဒီလိုပဲ ဖြစ်မှာပေါ့ဗျာ၊မဖဲဝါ
ပြောတာက ဒီကဝေက ကောင်းကင်
မှာ စက်ရော ကြိုးရော နင်းနိုင်တယ်
ဆိုပဲဗ်"

"ဟေ ကောင်းကင်မှာ စက်တွေ ကြိုး
တွေ နင်းတယ်ဆိုတာ ဘာလုပ်တာ
တုံးကွ တာတေရ"

ကိုဘပွားကချည်း ဒိုင်ခံမေးနေပေမယ့်
ကျန်တဲ့ကာလသားတွေကလည်း အား
လုံးငြိမ်ပြီး နားထောင်နေတာဗျ။အသက်
ရှုသံတွေတောင် ကြားရတော့မတက်ပဲဗျို့။

"စက်တို့ ကြိုးတို့ ဆိုတာက သူတို့ရဲ့
မျက်စိတွေ၊ ပါးစပ်တွေ၊ လက်တွေ
ကနေ ထွက်လာတဲ့ အခိုးအငွေ့တွေ
အရောင်တွေကို ပြောတာဗျ။ အဲဒီ
စက်တွေ ကြိုးတွေကို ကောင်းကင်
မှာ ဆင်ပြီးတော့ သူတို့ပါ တက်နေ
နိုင်တယ်တဲ့ဗျာ"

"ဟာ ကဝေဆိုတာ ဒီလောက်တောင်
စွမ်းသကိုးကွ တာတေရ၊ မင်းဟာက
ကြောက်စရာကြီးကွာ၊ နို့ ဒါဆိုရင်
မင်း ဘာဆက်လုပ်မတုံး"

"မပူပါနဲ့ဗျာ၊ ဒီည ကျုပ်တို့မှာ အစီ
အစဉ် ရှိပါတယ်ဗျ"

"ဟေ ဟုတ်လား၊ ကျုပ်တို့ဆိုတာက
မင်းနဲ့ ဘယ်သူတွေပါသေးလို့တုံး"

"ဟာ ကိုဘပွားကလည်း မဖဲဝါလေဗျာ"

"ဟာ"

ဒီတော့မှ အားလုံးငြိမ်သွားတာဗျ။
ကျုပ်လည်း ဒီတော့မှ နဂါးဆေးပေါ့
လိပ်ကလေးကို မီးခတ်နဲ့ညှိပြီး ဖွာရ
တော့တာပေါ့ဗျာ။ အဲဒီညနေစာကို
ကိုဘပွားတို့ အိမ်မှာပဲ ကျုပ်စား
လိုက်တယ်။ စားတော့သာ ကိုဘပွား
တို့အိမ်ပါဗျာ။ တစ်ရွာလုံးက ဟိုက
ဟင်းတစ်ခွက်လာပို့၊ ဒီက ဟင်းတစ်
ခွက်လာပို့နဲ့ ဘုန်းကြီးဆွမ်းကပ်ထက်
တောင် များပါသေးရောဗျာ။ ဒါနဲ့ပဲ
ရွာထဲက ကာလသားတွေပါ ကိုဘ
ပွားတို့အိမ်မှာပဲ စားကြရောဗျို့။
မီးလောင်ကုန်းတစ်ရွာလုံးကလည်း
ကျုပ်နဲ့က လူခင်တွေချည်းပဲလေဗျာ။

"မောင်တာတေ ရောက်နေတယ်ဆိုလို့
ဘလေး လာခဲ့တာ၊ ဘလေးအိမ်ကို
လာခဲ့ ပြီးရောကွာ"

တရုတ်မရဲ့အဖေ၊ ဘလေးအောင်ဆင့်
ဗျ။ကျုပ်ရောက်နေတယ်ကြားလို့ ကို
ဘပွားတို့အိမ်ကို ရောက်လာတာ။ ဘ
လေးအောက်ဆင့်ကို ကိုဘပွားက အ
ကျိုးအကြောင်းတွေပြောပြတယ်။

"ဘလေး ဝမ်းသာလိုက်တာကွာ၊ မင်းတို့
လူငယ်တွေကို ဘလေး ကျေးဇူးတင်ပါ
တယ်ကွာ"

ဘလေးအောက်ဆင့်က ပြောရင်း
မျက်ရည်တောင်လည်လာတာဗျ။

"ဘလေး ဒီညတော့ သူသေ ကိုယ်သေ
လုပ်ကြရလိမ့်မယ်ဗျ။ ဒါပေမဲ့ ဘလေး
ဘာမှမပူနဲ့၊ ကျုပ် ဒီကဝေကို ရအောင်
သတ်ပစ်မှာပါ"

"အေးကွယ် မောင်တာတေရယ်၊ ဒီလို
လူမျိုးဟာ လူ့လောကမှာ ရှိကို မရှိသင့်
တော့တာပါကွာ၊ ရှိနေရင်လည်း ဘာမှ
ကောင်းကျိုးပေးမယ့်ကောင်တွေ
မဟုတ်ပါဘူးကွာ"

အပိုင်း(၅)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments