စက်ကြိုးဆွဲ မဖဲဝါ ဇာတ်သိမ်းပိုင်း
ဟာ ကဝေငမိုးရဲ့ စက်တွေ ကြိုးတွေ က တလက်လက်နဲ့ ကောင်းကင်ကို တန်းတက်လာတာဗျ။ ဟာ ကလေး မလေးကို ပခုံးမှာ ကောက်ထမ်း လိုက်ပြီဗျို့။ ဟာ သူလွှတ်ထားတဲ့ စက်တန်းကြီး အတန်း ကောင်းကင် ပေါ်ကို တက်သွားပြီဗျို့။ "ဟား၊ ဟား၊ ဟား နင့်ပညာ ဒါအကုန် ပဲကိုး၊ နင် ပြေးပွေ့လိုက်၊ ဖက်ရွက် ကလေးလို ပေါ့နေမှာ မစိုးရိမ်နဲ့ " ကျုပ်က သံကဝေရုပ်ကလေးကို လွယ်အိတ်ထဲ ထည့်ထားလိုက်တယ်။ ကဝေကြီးက ကောင်းကင်ပေါ်ကို အတော် မြင့်မြင့် ရောက်သွားပြီဗျ။ ကျုပ် ကလေး မလေး ပါသွားမှာကို အရမ်းစိုးရိမ်တာ ပေါ့ဗျာ။ ကျုပ်နောက်ကို လှည့်ကြည့် လိုက်တော့ မဖဲဝါက ကောင်းကင်ကို မော့ကြည့်ပြီး လက်နှစ်ဖက်က ကြိုး တစ်ချောင်းကို ဆွဲယူသလို ယူနေ တာဗ်။ "တာတေ ကလေးမလေး ကျလာပြီ ပြေးပွေ့" ကျုပ်လည်း စောစောက ကဝေ ကောင်းကင်ပေါ်တက်သွားတဲ့နေရာ ကို ပြေးထွက်ပြီး မော့ကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ၊ လေထဲမှာ ဖက်ရွက်ကလေး တစ်ရွက် ကျလာသလို ဖြည်းဖြည်းလေး ကျလာတဲ့ ဘလေးအောင်ဆင့်သမီး လေးကို ကျုပ်ပြေးပြီး ဖမ်းလိုက်တယ်။ ဟုတ်ပါ့ဗျာ၊ ငှက်ပျောဖက်တစ်ရွက် လောက်ပဲ လေးတာဗျ။ "ဟဲ့ တာတေ၊ မြန်မြန်လာ" ကျုပ် ကလေးမလေးကို ပွေ့ပြီး ခပ်သုတ်သုတ် ပြေးရတာပေါ့ဗျာ။ မဖဲဝါကတော့ စောစောကလိုပဲ...