နတ်နဂါးအင်း အပိုင်း(၄)
ကိုစံအေးက သူ့အဘ ဘိုးစံမောင်ကို ပြောတာလေဗျာ။အမေက ကိုစံအေးကြီး ပြောတာကို ရယ်နေရောဗျို့။
"ဟား ဟား ဟား ဟုတ်ပါ့ စံအေးရေ။နင့်အဘစံမောင်ကတော့လွှတ်စိတ်တိုတဲ့အကောင်ဟဲ့။ နင့်အမေနဲ့ မရခင်ရှေ့မှာရည်းစာသုံးယောက်လောက် ရှိသေးတာ။ သူစိတ်တိုတာနဲ့အဆက်ပြတ်ကုန်ကြတာဟဲ့။
ဟား ဟား ဟား"
အမေက သူ့သူငယ်ချင်း ဘိုးစံမောင်အကြောင်းကို
ပြောရင်း ရယ်တော့တာပဲဗျာ။ကိုစံအေးက ကျုပ်တည်တဲ့နဂါးဆေးပေါ့လိပ်ကလေးကို သုံးလေးဖွာ ဆက်တိုက်ဖွာပြီးအားရပါးရ ရှိုက်လိုက်တယ်ဗျ။ဆေးလိပ်သောက်ရင်အမောမခံနိုင်ဘူးဆိုတာ အားလုံးသိကြတာလေ။
ဒါပေမဲ့ ဆေးလိပ်သောက်တဲ့ လူတိုင်းကို ခင်ဗျား
မေးကြည့်ဗျ။မောလာလို့ကတော့ ဆေးလိပ်ကလေး
မီးညှိပြီး နှစ်ရှိုက် သုံးရှိုက် ရှိုက်လိုက်ရရင် အမောကို
ပြေသွားတာဗျာ။
"ကိုကြီးစံအေး ကျုပ်ဆီလာတာ ကိစ္စရှိလို့လား"
ကျုပ်က ကိုကြီးစံအေးကို မေးလိုက်တော့ ကိုစံအေးကသောက်လက်စ ရေနွေးကြမ်းပန်ကန်ကို ကုန်အောင်မော့လိုက်ပြီးမှ ပြောသဗျ။
"မင်းဆရာကြီး ရောက်နေလို့ကွ တာတေရေ"
"ဟင် ဘိုးလူပေ ရောက်နေတယ် ဟုတ်လား"
"ဟုတ်ပါ့ဗျာ မနက်အစောကြီး သျှောင်တစောင်းလေးမှာပဝါအဖြူလေးပေါင်းလို့ လွယ်အိတ်ကြီးတစ်လုံးလွယ်ပြီးဝိုင်းထဲ ဝင်ချလာတာကွ"
"ဟား ဟား ဟား ဘိုးလူပေကတော့ ဒီအတိုင်းပဲဗျ
ကိုကြီးစံအေးရဲ့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတာချည်းပဲ"
"ဟုတ်ပါ့ကွာ ။ငါ့အဘ ဗိုက်စိတ်တိုကတော့
သူ့ဆရာရောက်လာလို့ ပျော်နေလေရဲ့။တို့အိမ်မှာကလည်းဒီနေ့ ကောက်ညှင်းပေါင်းတယ်လေကွာ။အဲဒါ အဘကငါးရံ့ခြောက်မီးဖုတ်နဲ့ ကောက်ညှင်းပေါင်းနဲ့ဘိုးလူပေကို ဧည့်ခံနေလေရဲ့။ဘိုးလူပေကလည်းဖျာပေါ်ထိုင်လိုက်ပြီးတာနဲ့ 'ကိုရင်စံအေး မင်းသူငယ် ချင်းမောင်တာတေကို သွားခေါ်ကွယ်' ဆိုပြီး တန်းလွှတ်တော့တာပဲဟေ့"
"ဟား ဟား ဟား ကျုပ်လည်း ဘိုးလူပေကိုသတိရနေတာ သုံးလေးရက် ရှိပြီဗျ။ကိုကြီးစံအေးရဲ့"
ကျုပ်က အမေ့ကို အကျိုးအကြောင်းပြောပြီးအဝတ်အစား လဲလိုက်တယ်။ အဘကတော့မနက်အစောကြီးကတည်းက ရွှေတောင်ကုန်းဘုရားပွဲအတွက်အစည်းအဝေးလုပ်ဖို့ ရွာဦးကျောင်းကို သွားလေရဲ့။
ကိုစံအေးကြီး အော်ကျယ် အော်ကျယ်နဲ့ စကားတွေပြောပြီးရှေ့ကသွား ကျုပ်က နောက်ကလိုက်ပေါ့ဗျာ။ကိုစံမောင်ရဲ့ဝိုင်းထဲကို ဝင်လိုက်တာနဲ့ …
"ဟော ပါလာပါပြီဗျာ။သရဲမကြောက် တစ္ဆေမကြောက်ကဝေမကြောက် စုန်းမကြောက်တဲ့ တာတေ"
ဘိုးစံမောင်က ကျုပ်ကို စတာဗျို့။ကျုပ်က ရယ်နေလိုက်တယ်။အိမ်ပေါ်ရောက်တော့အိမ်ဦးခန်းမှာ တင်ပလ္လင်ခွေထိုင်ပြီး ကျုပ်ကိုပြုံးကြည့်နေတယ်။
ဘိုးလူပေကတော့ဘယ်တော့ကြည့်ကြည့် ပိန်ပိန်ပါးပါးပဲဗျ။နှုတ်ခမ်းမွေးလေးသဲ့သဲ့နဲ့ မျက်လုံးတွေကကြည်ပြီးတောက်နေတာဗျို့။
"မောင်တာတေ နေကောင်းလားကွယ့်။မင်းအဘနဲ့ အမေရော နေထိုင်ကောင်းရဲ့လား"
"ဟုတ်ကဲ့ ကောင်းကြပါတယ် ဆရာကြီး"
ကျုပ်က ဘိုးလူပေ မေးတာကို ဖြေရှင်းနဲ့ဘိုးလူပေကို ဦးချပြီး ကန်တော့လိုက်တယ်။
"ဆရာကြီးရော နေကောင်းရဲ့လားဗျ"
"အေး ကောင်းပါတယ် မောင်တာတေ။ကျုပ်က ချင်းတောင်ပေါ်ကို ရောက်နေလို့ဒီဘက်မရောက်ဖြစ်တာကွယ့်။အခုတော့ကိစ္စပေါ်လာတော့လည်း ရောက်ရပြီပေါ့ကွယ်မောင်တာတေ ကျုပ်နဲ့ လိုက်ခဲ့နိုင်မလားကွယ့်"
"အခုအချိန်တွေက အားနေတဲ့အချိန်ပဲ ဆရာကြီးရယ်ကျုပ် လိုက်နိုင်ပါတယ်"
"ဟာ…ဒါဆိုရင်တော့ ဟန်ကျပြီပေါ့ကွယ်၊ ကျုပ်တို့နတ်နဂါးအင်းကြီး သွားရလိမ့်မယ် မောင်တာတေ။နတ်နဂါးသိုက်ထဲက ကြေးပုရပိုက် သုံးဆူကိုသွားယူရမှာကွယ့်"
"ဟာ ဟုတ်လား ဆရာ။နို့ အဲဒီ နတ်နဂါးအင်းကဘယ်နေရာမှာ ရှိတာတုံး ဆရာ"
"ရခိုင်ပြည်မှာကွယ်။သဘာဝအင်းကြီးတစ်ခုပဲမောင်တာတေရဲ့။ရခိုင်တောင်ကြီးတွေကြားမှာ ရှိတာ။အင်းကြီးရဲ့ ဘေးပတ်ပတ်လည်မှာ တောင်အမြင့်ကြီးတွေကာထားသလို ဖြစ်နေတာ။ဒါပေမဲ့ ဒီအင်းကြီးကအောက်မှာ အနက်ကြီးဆိုပဲ။ဒီအင်းကြီးရဲ့အောက်ခြေကပင်လယ်အထိ ပေါက်သတဲ့။ဒါကြောင့်လည်းဒီအင်းထဲမှာ နဂါးနေတာပေါ့ကွယ်"
"နို့ နေပါဦး ဆရာကြီးရဲ့။နဂါးဆိုတာ တကယ်ရော
ရှိလို့လားဗျ။ကျုပ်က ပုံပြင်အနေနဲ့ ပြောတာလို့ပဲ
ထင်နေတာ"
"အို…ရှိပါပြီလား မောင်တာတေရယ် ပုံပြင်ထဲမှာ
ရှိတာမဟုတ်ပါဘူးကွယ် အပြင်မှာလည်း တကယ်ရှိပါတယ်ဒါပေမဲ့ ပုံပြင်တို့ ဝတ္ထုတို့ ဇာတ်နိပါတ်တို့ထဲမှာကတော့လူစိတ်ဝင်စားအောင် ပိုပိုမိုမို ပြောတာတွေတော့ ရှိသပေါ့ကွယ်"
"သြော် …ဒါဆိုရင် နဂါးဆိုတာ တကယ်ရှိတာပဲ"
ဘိုးလူပေက ရေနွေးကြမ်းပန်းကန်လေးကိုယူပြီး
သောက်လိုက်တယ်။ပြီးတော့မှ စကားဆက်တယ်ဗျ။
"နဂါးဆိုတာ သုံးမျိုးရှိတယ် မောင်တာတေရဲ့။
ကုန်းနဂါး ရေနဂါးနဲ့ အာကာသနဂါးလို့ ခွဲထားတယ်။ကုန်းနဂါးကတော့ တောထဲတောင်ထဲမှာ နေကြတယ်။တချို့ကတော့ ကုန်းနဂါးကို တောင်နဂါးလို့လည်းခေါ်ကြတယ်ကွယ့်။အကောင် အရွယ် အစားကမြွေလောက်ပဲ ရှိပါတယ်။
အမောက်ကတော့ ပါတယ်။ရေမှာနေတဲ့ နဂါးကတော့ပင်လယ်ထဲမှာ နေတာပေါ့ကွယ်။ပင်လယ်နဲ့ဆက်နေတဲ့အင်းတွေ အိုင်တွေထဲမှာလည်း နေကြတယ်ကွယ့်။အရွယ်အစား ကြီးတာပေါ့ကွယ်။လုံးပတ်ကထန်းပင်လုံးလောက်ရှိပြီး ခေါင်းကခွဲတောင်းလောက်ရှိတယ်ကွယ့်။
အရှည်ကတော့ ပေလေးဆယ်လောက်ကို ရှည်တာဗျ။အာကာသနဂါးဆိုတာကတော့ မြင်ဖူးတဲ့လူအင်မတန်ရှားပါတယ်။ရှိတယ်လို့ပဲ ကျုပ်တို့တော့ သိရတာကွယ့်သေသေချာချာတော့ မသိဘူး။ကောင်းကင်မှာသွားလာနေတယ်လို့ပဲ ကြားဖူးတာ"

အပိုင်း(၅)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment