အောင်မြတ်သာနှင့်တွေ့ဆုံခြင်း အပိုင်း(၂) ဇာတ်သိမ်းပိုင်း

ခြေထောက်တစ်ခုလုံးပေါ့ပါးထုံတာကျင်တာမဖြစ်တော့ဘူး။လူငယ်က"အမေဒီဆီပုလင်ကိုသိမ်းထား ဖျားတာနာတာ ကိုက်ခဲတာဖြစ်ရင်ဒီဆီကိုလူးပေးပါ အမေဘာမှမဖြစ်စေရဘူး ဝဠ်နာကံနာကလွဲပီ အကုန်ပျောက်ပါတယ် အခုတော့အမေသားကိုကျန်တော်ခေါ်သွားမယ်နောိ အမေ့ခွင့်ပြုပေးပါ နောက်၃နှစ်နေရင် ကျန်တော်ပြန်လာပို့ပေးပါ့မယ့် ပြန်လာတဲ့အချိန်အမေသာကလူစွမ်းကောင်းတစ်ယောက်ဖြစ်နေမှာကိုအမေမြင်ရမှာပါ အခုတော့ကျန်တော်တို့သွားပီနော်"လိုပြောပီးတော့ အမေ့ခြေဖဝါကိုကတော့ပီ လူငယ်လေနဲ့ပါသွားတဲ့သားဖြစ်သူကျော်ပြင်ကိုကြည့်ရင်ပြုံးလိုက်မိတယ်။
သက်ခိုင်လဲလူငယ်ခေါ်တဲ့နောက်ကိုလိုက်သွားရင်နဲ့ ကားတတန် ရထာတတန် နဲ့ဘယ်သွားလို့သွားမှန်းမသိအောင်လိုက်ခဲ့မိတယ်။သက်ခိုင်အတွက်ရှုံးလိုသာလိုက်ခဲ့ရတာ ရောဂီဝတ်လူငယ် နာမည်ဘယ်လိုခေါ် ေလဲ ဘာတွေလုပ်လဲ ဘယ်မှာနေလဲဆိုတာအခုထိမသိသေးဘူး။ဗိုက်ဆာရင်တွေတဲ့ဆိုင်ဝင်စာပီ ကျသင့်ငွေကို ဘာမှမရှိတဲ့အိပ်ကပ်ထဲကနေနှိုက်ပီးပေးနေတယ် ထူးဆန်းတာကဘာမှမရှိပေမယ်နှိုက်လိုက်တိုင်းငွေတွေထွက်ထွက်လာတယ်။သက်ခိုင်တစ်ယောက် အရက်သောက်ချင်တော့ခြေတွေလက်တွေတုန်လာတယ် အဲ့လိုဖြစ်တာမြင်တော့ရောဂီဝတ်လူငယ် လွယ်အိပ်ထဲကနေဆေးမြစ်လေတစ်ခုထုပ်ပေးတယ် ပီးတော့"သက်ခိုင်ဒီဆေးမြစ်ကိုဝါးစာလိုက် ခင်များအရက်ပြတ်သွားလိမ့်မယ်" သက်ခိုင်လဲဘာမှမစဥ်စားပဲဝါးစားလိုက်တယ်။ဆေးမြစ်ကချိုးတဲ့အရသာရှိတယ် စားပီတာနဲ့အရက်သောက်ချင်စိတ်တွေ​​ေပျာက်သွားတယ်။အရက်သောက်ချင်စိတ်ဖြစ်တိုင်ဆေးမြစ်တစ်ခုပေးတယ် အဲ့လိုနဲ့သက်ခိုင်အရက်မသောက်ဖြစ်တော့ဘူး။ရောဂီဝတ်လူငယ်ကတော့ညဘက်ဆိုတရားထိုင်တယ် တခါထိုင်ရင်၄နာရီ လောက်ကြာတယ် သက်ခိုင်တရေးနိုးလာတိုင်လူငယ်က တရားထိုင်နေတာကြီပဲ အခုထိတော့သက်ခိုင်ဘာမှထူးထူးခြားခြားမတွေသေးဘူး။
တစ်ရက်မှာတော့လူငယ်လေးရဲ့အစွမ်းကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ် ။ ရွာတစ်ရွာအရောက်မှာတော့ ရွာထိပ်ကညောင်ပင်အောက်မှာခနနားရင်း လူငယ်က"သက်ခိုင်ရော့ ဒီဆေးမြစ်လေးကိုမျက်လုံးမှာကွင်းထားလိုက်"အဲ့လိုပြောပီတော့ဆေး့မစ်အနီလေးတစ်ခုထုပ်ပေးလိုက်တယ် သက်ခိုင်လဲ ဘာမှမမေးတော့ပဲနဲ့ပြောတဲ့အတိုင်လုပ်လိုက်တယ် အဲ့အချိန် "ဒီအပင်ကိုကြည့်စမ်းဘာမြင်လဲ'သက်ခိုင်လဲအပေါ်မော့ကြည့်လိုက်တော့ အပင်ပေါ်မှာဝတ်ဖြူစင်ကြယ်နဲ့အဖိုးတစ်ယောက် မြင်ရတယ် အဲ့အချိန်"ဟိုဘက်သရက်ပင်ကိုကြည့်လိုက်ပါအုံး ဘာမြင်သေးလဲ" သရက်ပင်ကိုကြည့်လိုက်တော့ထွက်မပြေးမိအောင်စိတ်ကိုမနည်းထိန်းလိုက်ရတယ်။သရက်ပင်ပေါွမှာနေရာလတ်မရှိအောင်နေကြတဲ့ဘပရလောကသားတွေ လျှာတွဲလောင်နဲ့ တချိုကအစွယ်ကြီးတွေနဲ့ တချိုကမျက်လုံးနှစ်ခုံးက သပိတ်လောက်ရှိတဲ့နာနာဘဝတွေ။"သက်ခိုင် မင်းကြောက်လား" "ရုတ်တရက်ဆိုတော့လန့်တာပေါ့ဗျ အခုတော့မကြောက်ပါဘူး" သက်ခိုင်လူငယ်လေးရဲ့အစွမ်းကိုနည်နည်ယုံလာတယ်။ခနနေတော့ရွာထဲဝင်ခဲ့လိုက်တယ် ရွာစောင့်နတ်နန်းကနေ ဓားနှစ်ကိုင်ထားတဲ့လူတစ်ယောက်ထွက်လာပြီ ရောဂီဝတ်လူငယ်လေးကိုအရိုအသေးပေးလိုက်တယ်။သက်ခိုင်ယုံတောင်မယုံနိုင်ဘူးဖြစ်သွားတယ် စောစောကဘယ်သူလဲမေးလိုက်တော့ ရွာတော်စောင့်နတ်တဲ့။ရွာစောင့်နတ်ကိချင်များကိုအရိုအသေပေးရတာလားမေးတော့ လူငယ်ကပြုံးနေတယ်။ဒီလိုနဲ့ရွာစောင့်နတ်နဲ့လူငယ်နဲ့စကားပြောပိတော့ ရွာစောင့်နတ်က တစ်စုံတစ်ခုကိုလမ်းညွှန်လိုက်တယ် လူငယ်လဲရွာထဲလျောက်လာရင်အိမ်တစ်အိမ်ရှေ့ရောက်မှာတော့ရပ်လိုက်တယ် ပီတော့အိမ်ရှင်တွေကိုခွင့်တောင်းပီအိမ်ပေါ်တတ်လာလိုက်တယ်။အိမ်ပေါ်ရောက်တော့လူတစ်ယောက်အိပ်ယာထဲလဲနေတာကိုမြင်လိုက်ရတယ် ပါးစပ်လေးဟပီအသက်ကိုမနည်ရှူနေရတာ အဲ့မှာလူနာကိုတစ်ချက်ကြည့်ပီသက်ခိုင်ကိုမေးငေါ့ပြတယ် ဘာတွေ့လဲဆိုတဲ့သဘောပေါ့ ။ကျုပ်လဲလူနာကိုကြည့်လိုက်တာ လူနာဘေးမှာငုတ်တုပ်ထိုင်နေတဲ့ဘီလူးကြီးတစ်ကောင် လူနာရဲ့သွေးတွေကိုဖြေးဖြေးချင်စုပ်နေတာ တော်မလန့်တတ်တဲ့ကျန်တော်တောင်လန့်သွားတယ်။အဲ့အချိန်မှာပဲ ရောဂီဝတ်လူငယ်လေးက ဘုရားစင်ပေါ်ဖယောင်းတိုင်ထွန်းပီးတော့ လူနာကိုလက်ဖဝါးနဲ့သပ်လုက်ရုံနဲ့ လက်နှစ်ချောင်ထောင်ပီ လူနာကဘီလူးခုန်ထခုန်လာတယ် အိမ်မှာရှိတဲ့လူတွေအကုန်လုံးလဲလန့်ကုန်ကြပီထွက်ပြေးတဲ့သူနဲ့အော်တဲ့သူနဲ့ ကျုပ်တောင်မှလူငယ်နားမသိမသာကပ်လိုက်တယ်။ အဲ့အချိန်လူငယ်က ခြေထောက်အောက်ခြေကိုလက်ဖဝါးနဲ့ဖြတ်ရိုက်ချလိုက်တယ် ဒီတော့စောစောကထခုန်တဲ့လူနာက ဒူးထောက်ချလာတယ်ပီးတော့ ငါကိုသေချာကြည့်စမ်းလို့ လူငယ်ကပြောတော့ စောစောကဘီလူးဝင်ပူနေတဲ့သူက ဝမ်းခေါင်းသံကြီနဲ့ ဆရာလေးမှန်းမသိလို့ပါ ဒီလူကကျုပ်ကိုစော်ကားတယ် ကျုပ်နေတဲ့အပင်ကိုခုတ်တယ် အဲ့ကြောင်အခုလိုလုပ်ရတာ ကျုပ်ဖြေးဖြေးချင်သတ်မလို့လုပ်ထားတာ ဆရာလေးရောက်လာလို့မသတ်ရတော့ဘူး။လူငယ်က "ကဲကဲအဖြစ်စုံသိရတော့ဆရာကပဲကြားထဲကနေပီးတော့မှမေတ္တာရပ်ခံပါတယ် အိမ်ရှင်တို့ဘအခုအိမ်မှာဘာချက်ထားလဲ" " ဝက်ခြေထောက်ပြုပ်ထားတာပဲရှိတယ်" လူငယ်က "ကဲဝတ်ခြေထောက်ပြုပ်စားပီပြန်တော့ လူနာကိုလုပ်ထားတာလဲပြန်ယူသွား နောက်တစ်ခါမဖြစ်အောင်ဂတိပေးတယ် နောက်တစ်ခါဆိုခွင့်မလွတ်နဲ့ ဒီစတ်ခါတော့ဆရာမျက်နှာထောက်ပီ ခွင့်လွှတ်လိုက်တော့" ဆိုတော့ သူကခေါင်းငြိမ့်ပြတယ်။ခနနေတော့ပွက်ပွက်ဆူနေတဲ့ဝက်ခြေထောက်ပြုတ်ယူလာတာကို တချိုင့်ထဲသောက်ချက်လိုက်တာဗျာ ဘီလူးစား သရဲစားဆိုတာ ဒါကိုပြောတာဖြ စ်မှာပဲစားလဲပြီရော
လူနာပေါ်ခွစီးထားတဲ့ဘီလူးကအိမ်ပေါ် ကနေခုန်ချပီအနောက်ဖက်တောထဲကိုဝင်ပြေသွားတယ် လူနာလဲချက်ချင်သတိရလာတယ် လူနာကိုပြောဆိုဆုံးမပီရွာထဲကနေထွက်လာတော့ ကျန်တော်မေးလိုက်တယ်"ဆရာကလူငယ်ပေမယ်ပညာကမငယ်ပါလား ဆရာနာမည်သိချင်လိုပြောပြပါလား"ဆိုတော့ လူငယ်ကပြုံးပြပီးတော့"ကျန်တော်နာမည်ကအောင်မြတ်သာလိုခေါ်တယ်"ပြောပီးတော့ရှေ့ကနေခပ်သုတ်သုတ်လမ်းလျောက်သွားတော့တယ်။


ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)