ဘွားမယ်စိန်နှင့် ပူကင်းရွာဟောင်းမှခင်မမ အပိုင်း(၃)
ဟုဆိုလေသောအခါ ဝင်းမောင်သူငယ်ချင်းနှစ်ယောက်ကို ချက်ချင်းသွားခေါ်တော့သည်။
သူငယ်ချင်းနှစ်ယောက်ပါလာလေတော့ မိန်းမပျိုသည်
သူ၏မိသားစုရှိရာ ပွဲခင်းအတွင်းသို့ခေါ်သွားလေသည်။
"ဝေ့...သမီးပြန်လာပြီလား...သြော်...ဒါအစောက လမ်းမှာတွေ့တဲ့မောင်ရင်တွေမလား"
"ဟုတ်ပါတယ်ခင်ဗျ...ဒီကညီမကသူတို့ပွဲကြည့်မယ့်နေရာပိုတယ်ဆိုလို့လိုက်လာတာပါ...မဟုတ်ရင် ကျုပ်တို့မတ်တပ်ရပ်ကြည့်နေရတော့မှာမို့လိုက်လာရတာပါဗျာ........."
"အေး...အေး ထိုင်ကြထိုင်ကြ......"
မိန်းမပျို၏မိဘမောင်နှမများကလည်းသဘောကောင်းကြ၏။
မိန်းမပျိုနှင့်ဝင်းမောင်သည်က ဘေးခြင်းကပ်ထိုင်ကြလေသည်။
ဖိုးကျော်နှင့်အောင်ဒင်သည်က မိန်းမပျိုရဲ့မိခင်ကြီး၏ဘေးတွင်ထိုင်ကြရင်း....
"အရီး...ဇာတ်ကဘယ်ကဇာတ်လဲဗျ"
"ဟဲ့...ဒီဇာတ်က သရဲစိန်ဝင်းနဲ့သရဲမမိပြူးကျယ်တို့ကမယ့်ပွဲလေ...သိပ်ကောင်းတာ...
တို့ဖြင့်ခဏခဏကြည့်ဖြစ်တယ်"
"ဟာ...အရီးကလည်း အရမ်းနောက်တာပဲဗျာ...
မင်းသားနဲ့မင်းသမီးနာမည်ကလည်းဘယ်လိုကြီးတုန်း"
ဖိုးကျော်ကပြောသောအခါ...
"သြော်...အရီးတို့ကအဲ့လိုခေါ်နေကြမို့ ငါ့တူရေ...
ကြည့်ကြည့်တော်နေ ပွဲစတော့မယ်...ရော့ဒီမှာ...ရေတွေ
မုန့်တွေစားကြဦးကွယ်......."
ဟုပြောလေမှ ဖိုးကျော်အမေးရပ်သွားတော့၏။
ဝင်းမောင်မှာ မိန်းမပျိုလေးနှင့်စကားလက်ဆုံကျရင်း
မိန်းမပျို၏အမည်မှာ ခင်မမဖြစ်ကြောင်း
ဘယ်ရပ်ဘယ်ဇာတိဖြစ်ကြောင်းများသိရှိလာခဲ့ရသည်။
ဝင်းမောင်သည် ခင်မမအားသဘောအကျကြီးကျနေမိသကဲ့သို့
ခင်မမ၏အကြည့်များသည်လည်းဝင်းမောင်အပေါ်စိတ်ဝင်စားနေကြောင်းပေါ်လွင်၍နေလေသည်။
ရှေ့မှဇာတ်ပွဲသည်မည်သို့မည်ပုံကနေသည်မသိ...
နောက်မှသူငယ်ချင်းများအားလည်းလှည့်မကြည့်မိ ခင်မမကိုသာ တချိန်လုံးငေးမောနေခဲ့လေသည်။
"အစ်ကို... ရေလေးသောက်ဦးလေ....."
ခင်မမ ကမ်းပေးသော ခွက်အတွင်းမှရေကို ဝင်းမောင်သောက်လိုက်လေသည်။
ထိုသို့အပြီးခင်မမကိုသာ ငေးမောနေ၏။
ခင်မမကလည်း ရှက်ပြုံးလေးဖြင့်သာ ပြုံးပြနေရှာသည်။
********
"ဟိတ်...ထကြစမ်း...ထကြစမ်း...
ဘယ့်နဲ့ဒီမှာလာအိပ်နေရတာတုန်း"
အော်ခေါ်သံလှုပ်နိုးသံကြောင့်ဝင်းမောင်နိုးလာခဲ့သည်။
နိုးလာလာခြင်း ပြင်းလှသော နေရောင်ကြောင့် မျက်မှောင်ကိုကျုံ့ထားရ၏။
"ဟိတ်...ကောင်လေးတွေထကြစမ်းပါဟ......."
ဟု..ထပ်မံအော်လေမှ ဝင်းမောင်ပြူးပြဲကြည့်လေရာ...
"ဟင်..."
နံဘေးရှိသူငယ်ချင်းနှစ်ယောက်မှာလည်း နိုးလာကြပြီး
သူတို့အားအော်ဟစ်နိုးသော အဘိုးကြီးကိုကြည့်ကာ...
"အဘ...ဇာတ်ပွဲပြီးပြီလား......"
ဟု...ဖိုးကျော်ကမေးလေသည်။
ထိုအခါ အဘိုးကြီးက...
"မင်းတို့ဘယ်နေရာရောက်နေကြသလဲဆိုတာသာ
သေချာကြည့်ကြစမ်းပါ........."
"ဟင်............."
"အမလေး....ဘယ်ကိုရောက်နေတာလဲ....."
"ညကပွဲကြည့်နေတာပါ....ဘယ်ကနေရာကြီးလဲဒါက"
"ဟိတ်...ဒါ ပူကင်းရွာဟောင်း သင်္ချိုင်းလို့ခေါ်တယ်...
မင်းတို့ကဘယ်အရပ်သားတွေလဲ...
ဘာလို့ဒီမှာလာအိပ်နေကြတာလဲ"
"ဟင်...ပူကင်းရွာဟောင်း သင်္ချိုင်း.....ဘာ...ဘာတွေဖြစ်ကုန်တာလဲ...ညက...ကျုပ်တို့ပူကင်းရွာဇာတ်ပွဲကြည့်နေကြတာပါဗျာ"
"ပူကင်းရွာဇာတ်ပွဲဟုတ်လား...တို့ရွာဘုရားပွဲပြီးသွားတာ
နှစ်ရက်တောင်ရှိပြီ....ဘာပွဲမှမရှိတော့ဘူး........"
"ဟာ...မဟုတ်တာအဘရာ...ကျုပ်တို့ညက ခင်မမတို့မိသားစုနဲ့အတူကြည့်နေတာပါဗျာ........"
ဝင်းမောင်က ငြင်းလေသည်။
ထိုအခါ ဖိုးကျော်မှဝင်၍သူတို့အဖြစ်အပျက်အားပြောပြလေသော အခါ အဘိုးကြီးက ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပြီးသက်ပြင်းချလေသည်။
"အေး...ဒီနေရာက ပူကင်းရွာဟောင်းပဲ...ရွာအဝင်မှာအိမ်အို
အိမ်ပျက်တွေပဲရှိတယ်... မင်းတို့လမ်းမှားရောက်လာကြတာပဲကွ...ဒီရွာဟောင်းကအရင်ကာလဝမ်းရောဂါကြောင့်လူတွေအသေအကြေများပြီးရွာပျက်ခဲ့ရတာပဲ...
ဒီဘက်ကိုတော်ယုံဘယ်သူမှမလာကြဘူး...
သေတဲ့လူတွေမကျွတ်လို့ခြောက်လန့်လို့ဆိုပြီးပေါ့....
မင်းတို့ပြောပုံဆို ညက မင်းတို့ကြုံရတဲ့ဇာတ်ပွဲက
ဒီမကျွတ်မလွတ်တွေဖန်တီးထားတဲ့ပွဲပဲဖြစ်မယ်...
ကဲ...ကဲ...သွားကြတော့...သွားကြတော့...
အဘလည်း နွားလာကြောင်းတာမို့သွားပြီကွယ်...
မောင်ရင်တို့လည်းလာရာအရပ်ကိုပြန်ကြပေတော့........."
အဘိုးကြီးသည် သူတို့အနီးမှထွက်သွားတော့သည်။
ဝင်းမောင်တို့သုံးယောက်သည်လည်း သင်္ချိုင်းပျက်ကြီးကိုငေးရင်းကြောက်လန့်လာမိကြ၏။
ညကမှစည်ကားလှသောပွဲခင်းကြီးသည်ယခုတော့ သင်္ချိုင်းပျက်ကြီးဖြစ်၍နေလေသည်။
ဝင်းမောင်တို့သူငယ်ချင်းသုံးဦးလည်း
အခြေအနေကိုနားလည်လာကြပြီး
ထိုနေရာမှအမြန်ထွက်သွားဖို့ရန် နွားများအားရှာဖွေကြလေရာ
နွားများကိုခပ်လှမ်းလှမ်းမန်ကျည်းပင်အောက်၌
အသင့်တွေ့ကြတော့သည်။
ညကချည်ထားသည့်အတိုင်းရှိနေကြသည်မို့ စိတ်အေးသွားကာ
လှည်း၌တပ်၍ ရွာသို့ပြန်လာခဲ့တော့၏။
ရွာရောက်တော့သူငယ်ချင်းဖိုးကျော်နှင့်အောင်ဒင်တို့လက်ချက်ကြောင့်ပူကင်းရွာဟောင်းသင်္ချိုင်းရှိ
သရဲများကသည့်ဇာတ်ပွဲကိုရောက်သွားကြောင်းများ
တစ်ရွာလုံးသိကုန်လေသည်။
ဝင်းမောင်သည်က ခင်မမ၏မျက်နှာလေးကိုသာမြင်ယောင်နေမိရှာသည်။
**********

အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment