နတ်နဂါးအင်း အပိုင်း(၇) ဇာတ်သိမ်းပိုင်း
ဟာ ဘိုးလူပေရဲ့ ဝါးဖောင်ကို ကြိုးနဲ့ချီပြီး ဆွပြေးနေသလိုပဲဗျ။ဝါးဖောင်က ရေပြင်ကြီးထဲမှာ ရိပ်ကနဲ ရိပ်ကနဲ ပြေးနေတာဗျို့။
အရှေ့ဘက်ရောက်သွားလိုက်။တောင်ဘက်ရောက်သွားလိုက်။အနောက်ဘက်ရောက်သွားလိုက်နဲ့ ဝါးဖောင်က ရေပေါ်မှာပြေးနေတာဗျာ။ကိုညီချေ ဖောင်ကို သေသေချာချာလုပ်ပေးခဲ့ပေလို့ပဲဗျာ။
ဟာ …ပစ်လိုက်ပြီဗျို့။ပစ်လိုက်ပြီ။ဝါးဖောင်ကိုလွှဲပြီးပစ်လိုက်တာဗျ။ဝါးဖောင်က လေထဲမှာ ပျံတက်ပြီးတော်တော်ဝေးဝေးကို ရောက်သွားတယ်။
"ဝုန်း"
ဝါးဖောင်က ရေထဲကို 'ဝုန်း'ကနဲပြန်ကျသွားတယ်။ဘိုးလူပေကတော့တင်ပလ္လင်ခွေထိုင်လျက်ပဲဗျ။
ဝါးဖောင်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကတော့
အားလုံးငြိမ်းသွားပြီဗျ။လရောင်နဲ့ပဲ နေရတာ။
နဂါးတွေက ဖောင်ကို ဆွဲပြေးလိုက်လွှဲပစ်လိုက်နဲ့ လုပ်နေကြတာ။နာရီတွေကို မနည်းတော့ဘူးဗျ။
ကျုပ်လည်း ဘာလုပ်ရမှန်း မသိဘူးလေဗျာ။
ဘိုးလူပေက ကျုပ်ကို မှာထားတာကပွဲစင်ကို မီးမငြိမ်းဖို့ပဲလေဗျာ။နောက်တော့ ကျုပ် သတိရသွားတယ်ဗျ။ပရိတ်ကြီးဆယ့်တစ်သုတ်ထဲက ခန္ဓသုတ်ကနဂါးတွေကို မေတ္တာပို့တာလေဗျာ။
ကျုပ်ခန္ဓသုတ် ရတယ်ဗျ။ကျုပ် ခန္ဓသုတ်ကိုမပြတ်ရွတ်တော့တာပေါ့ဗျာ။
"ဝုန်း"
"ဟာ နဂါးကြီးဗျို့။နဂါးကြီး ပေါ်လာပြီ"
ဘိုးလူပေရဲ ဖောင်နဲ့ ဆယ်ပေလောက်အကွာမှာ
နဂါးခေါင်းကြီး ပေါ်လာတာဗျ။ခေါင်းကတင်းတောင်းတစ်လုံးစာလောက်ရှိမယ်ဗျို့ ။ ခေါင်းမှာ အထစ်ထစ်တွေနဲ့ အမောက်ကြီးပါတယ်ဗျ။
ရေထဲမှာ ခေါင်းကြီး ထောင်ထားတာ။ကျုပ်စိတ်ထင် ခုနှစ်ပေ ရှစ်ပေလောက် ပေါ်နေတယ်လို့ထင်တယ်ဗျ။မျက်လုံးက နီနီကြီးတွေက ဟင်းသောက်ပန်ကန်ကြီးတွေလောက် ရှိမယ်ဗျ။မေးစေ့မှာ လူမုတ်ဆိတ်မွေးလို့အမွေးအမျှင်တွေလည်း ပါတယ်။
ဘိုးလူပေက အသံကျယ်ကြီးနဲ့ အော်ပြောတယ်။
"အသင် နတ်နဂါးမင်း ပထမံပုဂ္ဂိုလ်ကြီးများသာသနာတော် အဓွန့်ရှည်အောင် စည်းဝေးတိုင်ပင်ပြီး လုပ်ဆောင်နေကြပါတယ်အဲဒီအထဲမှာ သင်လည်း ပါဝင်ပါလို့ ပထမံဆရာကြီးတွေကသင့်ကို ဖိတ်မန္တကပြုကြပါတယ်။သင်ရဲ့ ဗိမာန်ထဲမှာသင်စောင့်ရှောက်သိမ်းဆည်းထားတဲ့ကြေးပုရပိုက်သုံးဆူကို ကျုပ်ကို ပေးပါ နဂါးမင်း။ကျုပ်ကတစ်ဆင့် ပထမံပုဂ္ဂိုလ်ကြီးတွေဆီကိုအရောက်ပို့ပေးပါ့မယ်။ဗုဒ္ဓရဲ့ သာသနာတော်ကြီးအဓွန့်ရှည်ဖို့အတွက် အဲဒီကြေးပုရပိုက်တွေကိုသင့်ထံမှ ကျုပ်လာယူရတာပါ
နတ်နဂါးမင်းကြးဗျာ"
နဂါးကြီးက ရေထဲကနေ ခေါင်းကြီးထောင်ပြီးဘိုးလူပေကကို စိုက်ကြည့်နေတုန်းပဲဗျ။
ကျုပ်စိတ်ထဲမှာတော့ နဂါးကြီးက ဘိုးလူပေကိုမီးတောက်ကြီးနဲ့များ မှုတ်လိုက်တော့မလားလို့တွေးနေမိတာဗျို့။ခန္ဓသုတ်ကိုလည်း ကျုပ် မနားတမ်း
ရွတ်နေတယ်။
"အောက် အီး အီး အီး အွတ်"
ဟော တောကြက်တွေတောင် တွန်ပြီဗျ။မကြာခင် အာရုံလာတော့မှာ။
"ဝုန်း"
နဂါးကြီး ရေထဲကို ပြန်ငုတ်သွားတယ်။ ရေပေါ်လှိုင်းတွေ ထကျန်ခဲ့တယ်။
ဘိုးလူပေရဲ့ ဝါးဖောင်လေးက လှိုင်းတွေပေါ်မှာ
လူးနေတော့တာပေါ့ဗျာ။ အချိန်တော်တော်ကြာသွားပြီဗျ။ရေပြင်ကြီးတစ်ခုလုံး ငြိမ်နေတယ်။နည်းနည်းလေးတောင်မလှုပ်တော့ဘူး။ ဘိုးလူပေကတော့ မန္တန်တွေ အဆက်မပြတ် ရွတ်နေဆဲပဲဗျို့။
ကျုပ်ကလည်း ခန္ဓသုတ်ရွတ်ရင်းနဲ့ ပွဲစင်ကမီးကို မငြိမ်းအောင် ထွန်းနေတုန်းပဲဗျ။
"ဝုန်း"
ဟာ ရေလှိုင်းကြီးတစ်ခု ထသွားတယ်ဗျို့။ဘိုးလူပေက ဖောင်ပေါ်မှာ ထိုင်လျက်ကနေပြီးတစ်ခုခုကို လှမ်းဖမ်းယူလိုက်တာကို တွေ့လိုက်ရတယ်။ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ အင်းကြီးတစ်ခုလုံးငြိမ်ကျသွားပြီဗျို့။
"အောက် အီး အီး အွတ် "
"အောက် အီး အီး အွတ်"
တစ်တောလုံးမှာ လင်းကြက်တွန်ပြီဗျို့။တောကြက်ဖတွေ အတောင်တဖျန်းဖျန်းခတ်ရင်းတောအနှံ့တွန်ကြလို့ဗျာ။
ဟာ ဘိုးလူပေ ပြန်လာပြီဗျို့။ ဝါးခြမ်းလှော်တက်ကလေးကိုလှော်ပြီး ဘိုးလူပေ ပြန်လာနေပြီ ။
ဝါးဖောင်လေးက ကျုပ်ရှိတဲ့ဘက်ကို တရွေ့ရွေ့နဲ့
မျောလာတယ်။
ဝါးဖောင် ကမ်းစပ်ရောက်ခါနီးတော့ ကျုပ်ကပြေးဆင်းပြီး ဖောင်ကို ဆွဲတယ်။ ကမ်းစပ်မှာဖောင်ကို ဆွဲတင်ပေးလိုက်တော့ ဘိုးလူပေလွတ်အိတ်ကြီး စလွယ်သိုင်းလျက်နဲ့ ဖောင်ပေါ်ကဆင်းလာတယ်။ ပွဲစင်ရှေ့ရောက်တော့ လွတ်အိတ်ထဲကနေ ကြေးပုရပိုက်ကြီးကို ဆွဲထုတ်ပြီး နဂါးပွဲပေါ်ကို တင်လိုက်တယ်။
"နတ်နဂါးမင်းကြီး သင်နဲ့ ကျုပ်နဲ့ ကတိပြုခဲ့တဲ့အတိုင်းဒီနေ့ကစ ရေတွက်လို့ တစ်နှစ်ပြည့်တဲ့နေ့မှာ
ဒီကြေးပုရပိုက်သုံးဆူကို ပြန်လာပို့ပေးပါ့မယ်"
ဟုတ်တယ်ဗျ။ကျုပ် သေသေချာချာ ကြည့်လိုက်တော့ကြေးပုရပိုက်က သုံးချပ်ဗျ။ ရွှေကြိုးနဲ့ ကြက်ခြေခတ်ချည်ထားတာ။
"မောင်တာတေရေ နဂါးနဲ့ ကျုပ်နဲ့ ကတိထားပြီးကြပြီတစ်နှစ်ပြည့်တဲ့အချိန်မှာ ကျုပ်တို့ ဒီကြေးပုရပိုက်သုံးဆူကိုဟောဒီနတ်နဂါးအင်းအရောက် လာပို့ကြရမယ်ကွယ့်နတ်နဲ့ နဂါး မလှည့်စားနဲ့လို့ ရှေးလူတွေ မှာခဲ့တယ်မို့လားဒီပုရပိုက်တွေကို ပြန်မပို့ဘဲ ထားလို့ကတော့ ကျုပ်တို့ဆရာတပည့်နှစ်ယောက်စလုံး မီးသွေးတုံးကြီးလို မဲပြီးသေကြရမှာကွယ့်"
"ဟာ …ဟုတ်လား ဆရာကြီး။ အဲဒီစကားကို ဘိုးရာစီလည်း ပြောဖူးတယ်ဗျ"
"ဟင် ဟုတ်လား ။ အလမ္ပာယ်ပြတဲ့ ကိုရာစီကိုပြောတာလား ။ သူက ဘယ်မှာနေလို့တုံးကွယ်"
"ဟာ ဘိုးရာစီက ဘန့်ဘွေးကုန်းသားလေ ဆရာကြီးရဲ့။အခု ဘန့်ဘွေးကုန်းမှာ နေတာ။ မြွေတော့ လွှတ်နိုင်တဲ့အဘိုးကြီးဗျ"

"ဟုတ်တယ် မောင်တာတေ။ကျုပ်ငယ်ငယ်က ကိုရာစီပြတဲ့ မြွေလမ္ပာယ်ပွဲကိုသုံးလေးခါလောက် ကြည့်ဖူးတယ်။မြွေ လိမ္ပာယ်ပြ သိပ်တော်တဲ့လူကွယ့်။သူက မြွေအလမ္ပာယ်ကို လမ်းဘေးမှာ ပြတာ မဟုတ်ဘူးကွယ့်။ရုံသွင်းပြီးတော့ ဆိုင်းနဲ့ ဝိုင်းနဲ့ ပြတာ။ကြည့်တဲ့လူမှ ကြိတ်ကြိတ်တိုးနေတာကွယ့်။သူ့ရုံအဝမှာ 'မောင်ရာစီ မြွေလိမ္မာယ်ပွဲ'ကိုအမြဲတပ်တယ်။သူ့ပုံရော သူ့မြွေကြီးတွေရဲ့ပုံရော ပန်ချီးဆွဲပြီး ချိတ်ထားတာ"
"ဟာ ဒါဆိုရင် ဆရာကြီးက ဘိုးရာစီကိကောင်းကောင်း သိတာပေါ့"
"လူချင်းတော့ မသိဘူးပေါ့ကွယ်ဆရာက ကိုရာစီကို ကောင်းကောင်းမှတ်မိတာပေါ့တကယ်တော်တဲ့ အလမ္ပာယ်ဆရာကြီးပါ မောင်တာတေ"
တစ်ရက် တစ်ည ကြာတော့မုဆိုး ကိုညီချေတို့ရွာကိုပြန်ရောက်တယ်။အပြန်မှာတော့ဘိုးလူပေနဲ့ ကျုပ်နဲ့ ရွှေစက်တော်ကိုဝင်ပြီး ဖူးကြတယ်။ ဒီတစ်ခေါက်တော့ ဘိုးလူပေက ကျုပ်ကိုအိမ်အရောက် ပြန်ပို့ပေးတယ်ဗျို့။
ပြီးပါပြီ။ ။

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment