နတ်နဂါးအင်း အပိုင်း(၂)
အဲဒီမြွေနီလေးကို အကောင်တိုတိုသေးသေးလေးဆိုပြီးမထေမဲ့မြင်တော့ မလုပ်နဲ့ဟေ့။အဲဒီအကောင်ပေါက်ရင်အစွယ်ချွတ်တာနဲ့ အသက်သေရောကွ"
"ဟာ အဆိပ်ပြင်းလှချည်လား ဘိုးရဲ့။အဲဒါ ဘာမြွေတုံးဗျ"
"နဂါးလေကွာ။တောင်နဂါးမျိုးပေါ့။သူက အဲဒီဒေသကမြွေတွေအားလုံးရဲ့ အချုပ်ပဲ။မြွေအားလုံးကသူ့အမိန့်ကို နာခံကြရတယ်"
"အဲဒီ တောင်နဂါးတွေက အနီရောင်ချည်းပဲလား ဘိုးရဲ့"
"ဟာ မဟုတ်ဘူး မောင်တာတေရဲ့ အဖြူရောင်အစိမ်းရောင်တွေလည်း ရှိတယ်။အဖြူရောင်က
အဆင့်အမြင့်ဆုံးကွ"
"သြော် ဒီလိုခွဲထားတာလား ဘိုးရဲ့"
"အေး ဟုတ်တယ် မောင်တာတေ ။ ဒါကြောင့် ဘိုးပြောတာပေါ့မြွေဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံးသတ္တဝါပဲလို့"
"နေပါဦး ဘိုးရဲ့။စောစောကပြောတဲ့ တောင်နဂါးအနီလေးကို ဘိုးက ဘာလုပ်တာတုံး"
"သူကို ဘိုးလိုချင်တယ် မြွေတွေပြောပြရတာပေါ့ကွ။မြွေဟောက်ကြီး ဘယ်နှကောင် လိုချင်တယ်။အရှည်က ဘယ်နှပေလောက်၊ လုံးပတ်က ဘယ်လောက်ပြီးတော့ ငန်းမြွေကြီးက ဘယ်နှကောင် လိုချင်တယ်အရွယ်က ဘယ်လောက်ရှိရမယ်ပေါ့"
"ဟာ …ထူးဆန်းလှချည်လား ဘိုးရဲ့။
ဒီတောင်နဂါးက လူစကား နားလည်လို့လားဗျ"
"ဟာ …နားလည်ပါပြီလား မောင်တာတေရယ်
တောထဲကို ချက်ချင်းပြန်ဝင်သွားတယ် အေး ပြောရဦးမယ်ကွယ့်အဲဒီလို မြွေလိုချင်တဲ့အကြောင်း ပြောတဲ့အခါမှာတစ်ခါတည်း ထည့်ပြောရတာရှိတယ်။
အဲဒါ ကတိပဲဟေ့ ။ အခု ယူသွားမယ့်မြွေတွေကို
နှစ်နှစ်ဖြင့် နှစ်နှစ် သုံးနှစ်ဖြစ် သုံးနှစ်ပေါ့ကွာခိုင်းစားပါ့မယ် ရက်ပြည့်တာနဲ့ ပြန်လွှတ်ပေးမယ်လို့
ကတိပေးပါတယ်"
"သြော် …အဲဒီလို ပြောရတာကိုး"
"အေး…အဲဒီမြွေနီလေး ပျောက်သွားပြီ တော်တော်လေးကြာရင်မြွေတွေရောက်လာပြီး ပခြုပ်တွေနားမှာ ခွေနေတော့တာကွ။အဲဒီမှာ ကိုယ်က ဒီကောင်တွေကို စောစောက မြွေနီလေးကိုပေးတဲ့ ကတိကို ထပ်ပြောရတယ်။
အဲဒီလို ပြောပြီးတာနဲ့ဒီမြွေတွေကို ဘိုးပိုင်သွားတာပဲ။တစ်ကောင်ချင်းကောက်ပြီးပခြုပ်တွေထဲ ထည့်ရုံပဲကွ။မြွေဟောက်တွေက ပခြုပ်တစ်လုံးငန်းမြွေတွေက ပခြုပ်တစ်လုံး။စပါးအုံက တစ်လုံး။ ငန်းတော် ကျားက တစ်လုံးပေါ့ကွာ။အမျိုးအစားလိုက်ခွဲပြီးထည့်ရတာကွ။ပြီးရင်တော့ မန္တန်တွေ ရွတ်ဖတ်ပြီးယဉ်ပါးလာအောင် သင်ရတာပေါ့ကွာ။နောက်ဆုံးတော့ဆိုင်းတီးပေးရင်း သီချင်းဆိုပေးရင် ကတဲ့ကွာအဆင့်ရောက်လာတော့တာပေါ့ကွာ။ဒီတော့မှ အလမ္ပာယ်ပြစားလို့ငွေရတာပေါ့ကွာ"
ကျုပ်က ဘိုးရာစီ ပြောတာကို နားထောင်နေရင်းနဲ့
တစ်ခုခုကို တွေးမိသွားတယ်ဗျို့။
"ဘိုး ကျုပ် မေးပါရစေဗျာ"
"မေးလေ မောင်တာတေ ဘာများတုံး"
"အဲဒီမြွေတွေကို ရက်စေ့သွားလို့ ပြန်မလွှတ်ရင်ဘာဖြစ်တုံးဗျ"
"အင်း မြွေအလမ္ပာယ်ဆရာ မြွေကိုက်လို့ သေတယ်ဆိုတာအဲဒါပဲ မောင်တာတေရဲ့ ။ နတ်နဲ့နဂါး မလှည့်စားနဲ့ဆိုတာဒါကို ပြောတာပဲ။ဒီမြွေတွေကို ကြည်ကြည်ဖြူဖြူနဲ့ထည့်ပေးလိုက်တဲ့ တောင်နဂါးက အချိန်စေ့ကာနီးရင်နတ်မိစ္ဆာတစ်ကောင်ကို လွှတ်ပြီး သတိပေးခိုင်းတယ်"
"ဟင် ဟုတ်လား ဘိုး"
"အေး …ဟုတ်တယ် မောင်တာတေရဲ့ ။ အိပ်မက် ပေးတာပေါ့ကွာ။ခေါင်းမှာ ရှပ်ပန်းထည်အနီပတ်ပြီးဘောင်းစနှစ်ဖက်ချည်ထားတဲ့ နတ်မိစ္ဆာက ကြောက်စရာကောင်းတဲ့အကြည့်မျိုးနဲ့ ကြည့်ပြီး'ကိုယ်ကတိ ကိုယ်တည်ပြီးမြွေတွေကို ပြန်လွှတ်ပေးတော့'လို့ ပြောပြီးပျောက်သွားတာကွ။
တကယ်လို့ ကိုယ်က သတိတရနဲ့ ဘယ်နေ့ဘယ်ရက်မှာဖြင့် ရက်စေ့ပြီဖြစ်လို့မင်းတို့ကို ပြန်လွှတ်ပေးမယ်လို့ ကိုယ်မြွေတွေကိုပြောထားရင်တော့ အဲဒီနတ်မိစ္ဆာ မလာဘူးကွ။ဘိုးကတော့ လွှတ်ရမယ့်ရက်စွဲကို အမြဲရေးမှတ်ထားတာဆိုတော့ နတ်မိစ္ဆာလာဖို့ မလိုဘူးပေါ့ကွာ"
"သြော် …မြွေတွေက တော်တော်အံ့သြစရာကောင်းတာပါလား ဘိုးရဲ့"
"အေး အဲဒီလို သတိပေးရဲ့သားနဲ့မှ ဂရုမစိုက်ဘဲပြန်လွှတ်မပေးရင်တော့ မြွေလမ္ပာယ်ဆရာဘာမန္တန်ရွတ်ရွတ် မစွမ်းတော့ဘူးကွ။ အဲဒီရက်ကျော်တဲ့မြွေ ကိုက်တာခံရပြီသေတော့တာပေါ့ကွာ"
"ဆေးမြန်မြန်ကုနိုင်ရင်တော့ အသက်ရှင်မှာပေါ့နော် ဘိုး"
"မရဘူး မောင်တာတေ ။အဲဒီလို ဖြစ်လို့ကတော့
ဘာဆေးမှကို မမှီဘူးကွဲ့။မြွေကို နတ်မိစ္ဆာဝင်စီးပြီး
ကိုက်တာလေ"
"ဟာ ဟုတ်လား ဘိုး"
"နတ်နဲ့ နဂါးကို မလှည့်စားရင် ကိုယ့်ကို အကူအညီပေးတဲ့မြွေတွေအပေါ်မှာ မနှိပ်စက်ရင် မညှင်းပမ်းရင် သူတို့ကိုမေတ္တာအမြဲထားရင် အလမ္ပာယ်ဆရာကို ဘယ်မြွေကမှမကိုက်ဘူးကွာ"
ဘိုးရာစီနဲ့ တွေ့ရင် ကျုပ်တို့ သိပ်ပျော်တာဗျ။
ဘိုးရာစီပြောတဲ့ မြွေတွေအကြောင်းက လွှတ်နားထောင်လို့ကောင်းတာလေဗျာ။
"မြွေဆိုတာ အင်မတန်ထူးခြားတဲ့ သတ္တဝါကွယ့်။
တစ်ခါတုန်းက ဘိုးအလမ္ပာယ်ပြစားခဲ့တဲ့ ငန်းဝါကြီးတစ်ကောင်ဆိုရင် ဘိုးကို ညဘက်မှာ အိပ်မက်ပေးတယ်။အိပ်မက်ထဲမှာ သူက လူပုံစံပဲကွဲ့။သူက ပြောတယ်…
'ကျုပ်မှာ အရေးကြီးတဲ့ကိစ္စရှိလို့ တစ်ပတ်လောက်
တောထဲကို ပြန်ပါရစေ ။ တစ်ပတ်ပြည့်ရင်
ကျုပ်အရောက် ပြန်ခဲ့ပါမယ်'
ဘိုးကလည်း သူတို့ကို ခိုင်းစားနေပေမယ့် ဘယ် တော့မှမေတ္တာမပျက်ဘူး ။ ကိုယ်သားသမီးတွေလိုပဲ
ဆက်ဆံတာကိုး မောင်တာတေရဲ့။ ဒီတော့ ကျုပ်က အိပ်မက်ထဲမှာ ပြန်ပြောလိုက်တယ်။
'ကိစ္စရှိလို့ သွားတာပဲကွယ် ဖြစ်ပါတယ်သွားသာသွားပါ'

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment