ရွာပျက်ကြီးထဲက ပရလောကသားများ



ရွာပျက်ကြီးထဲက ပရလောကသားများ
၁။
ဒုတိယကမ္ဘာစစ်မတိုင်မီ အချိန်တုန်းက တောင်ကြီး
 မြို့တွင် ပလိပ်ရောဂါ အပြင်းအထန်ဖြစ်ပွားလေသည်။
ထိုရောဂါကြောင့်ပင်လူအများအပြား  သေဆုံးခဲ့ကြရပြီး
လူသေအလောင်းကောင်များသည် သဂြုင်္ိလ်ပေးမည့်သူ 
မရှိသဖြင့် တောင်ကြီးမြို့အနှံ့အပြားတွင် ပြန့်ကျဲနေကြ
၏။
     သို့ဖြစ်ရာဆောင်းရာသီတွင် ပန်းနုရောင်ချယ်ရီပန်း
ပွင့်များဖြင့် လှချင်တိုင်း လှနေသောတောင်ကြီးမြို့သည်
လွန်စွာအရုပ်ဆိုးအကျဉ်းတန်သွားလေသည်။ မင်းလမ်း
တစ်လျှောက် ပလိပ်ရောဂါကြောင့် သေဆုံးခဲ့ကြရသော 
အလောင်းများကို  မီးသဂြုင်္ိလ်မည့်နေရာဆီသို့ ပို့ဆောင်
ချိန် လိုက်ပါပို့ဆောင်သူတို့၏  ပူဆွေးဝမ်းသောကြောင့်
အော်ဟစ်ငိုကြွေးနေသည့်အသံများက ဆူညံပွက်လော
ရိုက်နေသည်။
     နေ့အချိန်တွင် ယင်မယိမ်းကောင်ကြီးများက နေရာ
အနှံ့တွင်  လူးလာပျံသန်းနေကြပြီး  ညအချိန်တွင်တော့
မကြာသေးမီကမှ ပလိပ်ရောဂါကြောင့်  သေဆုံးခဲ့ကြရ
သော အဖြူရောင်ဝိညာဉ်ဖြူတို့က နေရာအနှံ့အပြားတွင်
လှုပ်ရှားသွားလာနေကြသည်။
     သို့ဖြစ်ပါသောကြောင့် မှောင်သည်နှင့်တစ်ပြိုင်နက်
 တောင်ကြီးမြို့ကလေး ခြောက်ခြားဖွယ်ကောင်းအောင်
တိတ်ဆိတ်သွားလေသည်။
     မကြာမီပလိပ်ရောဂါသည် တောင်ကြီးပတ်ဝန်းကျင်
ရွာငယ်များဆီသို့  ကူးစက်ပြန့်နှံ့သွားလေသည်။ မြို့ပေါ်
တွင်ဆေးရုံ၊ ဆေးခန်းများရှိသဖြင့် ပလိပ်ကပ်ဆိုးကြီးက
မြို့သူမြို့သားအားလုံးကို တမလွန်သို့ခေါ်ဆောင်မသွား
နိုင်ခဲ့သော်လည်း  ဆေးရုံ၊ ဆေးခန်းမရှိဘဲ ကျန်းမာရေး
အသိခေါင်းပါးသော အချို့သောရွာများ၌ကာ ပလိပ်ကပ်
ဆိုးကြီးသည် တစ်ရွာလုံးကို တမလွန်သို့ခေါ်ဆောင်နိုင်
ခဲ့လေသည်။ 
     သို့ဖြစ်ရာရွာထဲတွင် လူများမရှိတော့ဘဲ ခြေတံရှည် 
တဲအိမ်ငယ်လေးများသာ  အထီးကျန်စွာ ကျန်ရစ်ခဲ့လေ
သည်။
၂။
     ခြံဝန်းထဲကဥယျာဉ်ခြံကလေးထဲတွင် ရဲခေါင်တစ်ဦး
တည်းအလုပ်ရှုပ်နေချိန်  တောက်တောက်ပြောင်ပြောင်
အဝတ်အစားများကို  ဝတ်ဆင်ထားသောလူနှစ်ဦးသည် 
ခြံဝန်းထဲသို့လျှောက်ဝင်လာခဲ့သည်။
     ထိုသူနှစ်ဦးမှာ  ကျော်ခန့်နှင့် အောင်မင်းဖြစ်သည်။  
ကျော်ခန့်နှင့် အောင်မင်းသည်  ရဲခေါင် ကျောင်းနေဖက် 
သူငယ်ချင်းများဖြစ်ကြသည်။
     သူတို့နှစ်ဦးအပြင်ရဲခေါင်၌ ကျောင်းနေဖက် သူငယ်
ချင်းတစ်ဦးလည်းရှိသေးသည်။ သူ့နာမည်မှာစိုင်းသူရိန်
ဖြစ်သည်။ ကျောင်းပြီးသည့်အချိန်၌ အစိုးရဝန်ထမ်းများ
အဖြစ်  ဌာနအသီးသီးတွင် ဝင်ရောက်လုပ်ကိုင်ကြလေ
သည်။ 
    သူတို့အဖွဲ့တွင် ကျော်ခန့်နှင့် အောင်မင်းက ရန်ကုန်
၌သာတာဝန်ထမ်းဆောင်ရပြီး ရဲခေါင်နှင့် စိုင်းသူရိန်က
တောင်ကြီးတွင်တာဝန်ကျသည်။
     စိုင်းသူရိန်က သူ့ဇာတိမြို့တာဝန်ကျသဖြင့် ဝမ်းသာ
ပျော်နေပါသော်လည်း မိဘအိမ်နှင့်ဝေးသောအရပ်တွင်
လာရောက်ကာ တာဝန်ထမ်းဆောင်နေရသော ရဲခေါင်
ကမူ အိမ်ကိုလွမ်းသဖြင့် ပျော်ရွှင်ခြင်းမရှိချေ။ 
     သို့ဖြစ်ရာရဲခေါင်သည် ပျော်ရွှင်မှုကို လိုက်လံရှာဖွေ
ရတော့သည်။  တိုက်ခိုက်သတ်ဖြတ်ရသည်ကို ဝါသနာ
ပါသောရဲခေါင်သည်  သူ့သူငယ်ချင်းစိုင်းသူရိန်နှင့်အတူ
တောင်ကြီးမြို့  အနီးပတ်ဝန်းကျင်က  တောတောင်များ
အတွင်း၌ ချေ (ဂျီ)၊ ဆတ်၊ ယုန်စသည့်တို့ကို အမဲလိုက်
ကာ ပျော်ရွှင်ခြင်းကိုရှာဖွေလေသည်။
     ဤသို့ဖြင့်အားလပ်ရက်များတွင်  အမဲလိုက်ခြင်းဖြင့်
တောင်ကြီးမြို့တွင် နေထိုင်ရသည်ကို တဖြည်းဖြည်းနှင့်
ပျော်ရွှင်လာခဲ့သည်။ ရဲခေါင်နှင့် စိုင်းသူရိန်တွင် လိုင်စင်
ဖြင့်ကိုင်သော ရိုင်ဖယ်သေနတ်တစ်လက်စီရှိသည်။
     " ဟေ့ကောင် တစ်ယောက်တည်း ဘာတွေအလုပ်
ရှုပ်နေတာလဲ။ ငါတို့ဝင်လာတာတောင်မမြင်ဘူး ”
     " မြင်ပါတယ်ကွာ။ မင်းတို့ဒီလိုပြောမှာ ကြိုသိနေလို့
မမြင်သလိုနေကြည့်လိုက်တာ။ ကဲ..ပင်ပန်းနေပြီဆိုရင်
တော့အထဲသွားနားကြ။ ငါဒါလေးတွေကို လက်စသတ်
လိုက်ဦးမယ် ”
     " အဖိုးတန်ပစ္စည်းတွေအပြည့်ရှိတဲ့  မင်းအိမ်ထဲကို 
မင်းမပါပဲမဝင်ရဲဘူးကွ။ တော်ကြာနေ ငါတို့ရောက်လာ
တော့မှ  မင်းရဲ့အဖိုးတန်ပစ္စည်းတွေ ပျောက်သွားတယ်
ဆိုရင်  အမှုပတ်ခံနေရပါဦးမယ် ”
     " ခွေးကောင်တွေ အိမ်ထဲမှာအဖိုးတန်ပစ္စည်းဆိုလို့
သီပေါမင်းရှင်ဘုရင်မဖြစ်ခင်တုန်းက ဝတ်ခဲ့တဲ့ အတွင်း
ခံဘောင်းဘီနှစ်ထည်ပဲရှိပါတယ်ကွာ ”
     " နှစ်ထည်ကြီးများတောင် ”
     အောင်မင်း၏စကားကြောင့် သုံးဦးသား အားရပါးရ
ရယ်မောလိုက်ကြလေသည်။
     သူတို့သည် ပြောမနာဆိုမနာသော သူငယ်ချင်းများ
ဖြစ်ကြသည်။ တစ်ဦးစကားကြောင့်ကျန်တစ်ဦးက စိတ်
ဆိုးစိတ်ကောက်ခြင်းမရှိချေ။ စိတ်ဆိုးစိတ်ကောက်လျှင်
တောင်မှ ခဏသာဖြစ်သည်။  မကြာမီပြန်၍အဆင်ပြေ
သွားကြလေသည်။ 
     ရဲခေါင်တို့သုံးဦး ဥယျာဉ်ခြံဘေးတွင် စကားကောင်း
နေကြစဉ် ခြံဝန်းထဲသို့ လူတစ်ဦးထပ်မံဝင်ရောက်လာခဲ့
သည်။ ထိုသူသည်စိုင်းသူရိန်သာလျှင်ဖြစ်ပါသည်။
     ကျော်ခန့်နှင့် အောင်မင်းသည် သူတို့တောင်ကြီးသို့
လာမည်ဟု  ကြိုတင်အကြောင်းကြားထား၏။  သို့ဖြစ်ပါ
သောကြောင့်စိုင်းသူရိန်သည်  ကျော်ခန့်နှင့် အောင်မင်း
တို့နှစ်ဦး  ရောက်လာမည်ကိုကြိုသိနေသည်။ ၎င်းသည်
အောင်မင်းတို့နှစ်ဦးလာမည့်နေ့ကို  ခန့်မှန်းကာ ရဲခေါင်
ဆီသို့လာခဲ့ခြင်းဖြစ်သည်။  ရဲခေါင်အိမ်သို့ရောက်သော် 
ထင်သည့်အတိုင်းပင် ကျော်ခန့်နှင့် အောင်မင်းတို့နှစ်ဦး
ကိုတွေ့လိုက်ရလေသည်။
     " ဟေ့ကောင်တွေ အစောကြီးရောက်နေတာလား။
ငါကမင်းတို့နှစ်ယောက် နေ့လယ်လောက်မှရောက်မယ်
ထင်နေတာ ”
     စိုင်းသူရိန်ရောက်လာသည့်အချိန်  စကားဝိုင်းသည် 
ပိုစည်ကားသွားလေသည်။  သူတို့သည် အိမ်ရှင်ရဲခေါင်
ဧည့်ခံကျွေးမွေးသောမုန့်ပဲသရေစာများကို စားသောက်
ရင်း  တက္ကသိုလ်ကျောင်းသားဘဝတုန်းက ကြုံတွေ့ခဲ့ရ 
သည့် အမှတ်ရစရာအဖြစ်အပျက်များကို ပြန်လည်ပြော
ဆိုကြလေသည်။ 
     စကားစမြည်ပြောဆိုနေကြရင်းနှင့် အမဲလိုက်သည့်
အကြောင်းသို့ရောက်သွားသည်။ တောထဲတောင်ထဲသို့
မရောက်ဖူးသေးသော  ကျော်ခန့်နှင့်  အောင်မင်းသည်
တောထဲသို့ အမဲလိုက်သွားလိုသည့်အကြောင်း ပြောဆို
လေသည်။
     အမဲလိုက်ရာတွင် အနည်းငယ်ဝါရင့်နေပြီဖြစ်သော
ရဲခေါင်တို့နှစ်ဦးက တောတောင်ထဲသို့ သွားမည်ဆိုလျှင်
အလွန်အင်မတန်ပင်ပန်းဆင်းရဲရကြောင်း၊ ခရီးလမ်းက
လည်းကြမ်းတမ်းပြီး သိပ်အန္တရာယ်များကြောင်း ပြောပြ
သော်လည်း  လက်မခံသဖြင့်နောက်ဆုံးတွင်  သူတို့နှင့်
အတူ  တောထဲသို့အမဲလိုက်သွားရန် သဘောတူလိုက်
ရလေသည်။ 

၃။
     နောက်တစ်နေ့နံနက်စောစောတွင် ရဲခေါင်တို့သည်
တောင်ကြီးမြို့နှင့်  ဆယ့်သုံးမိုင်ခန့်ဝေးသော  မုဆိုးကြီး
စိုင်းခွန်နေထိုင်သည့်  ရှမ်းရွာငယ်ကလေးတစ်ရွာဆီသို့ 
စစ်လက်ကျန် မော်တော်ကားတစ်စီးဖြင့် ထွက်လာခဲ့ကြ
သည်။
      တောင်ကြီးမြို့အနီးတစ်ဝိုက်တွင် တောကောင်များ
မှာအလွန်ရှားပါးနေပြီဖြစ်သည်။ သို့ဖြစ်ပါသောကြောင့်
တောင်ကြီးမြို့ အနီးတစ်ဝိုက်တွင်  အမဲလိုက်ထွက်မည်
ဆိုပါက သားကောင်ရရန်မပြောနှင့် တစ်နေ့လုံးရှာလျှင်
တောင်မှ  သားကောင်ငယ်တစ်ကောင်ကို တွေ့ရဖို့ရန်
ပင်အလွန်ခဲယဉ်းလွန်းလှသည်။
     သို့ဖြစ်ရာရဲခေါင်တို့နှစ်ဦးသည် သူငယ်ချင်းနှစ်ဦး၏
အရှေ့တွင်  မုဆိုးသိက္ခာကျမည်ကို စိုးရိမ်သောကြောင့်
သားကောင်ပေါသည့်နေရာတွင် သွားရောက်အမဲလိုက်
ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
     မုဆိုးကြီးဦးစိုင်းခွန်အိမ်သို့ရောက်သော်  နေသည်
ထန်းတစ်ဖျားအမြင့်သို့ရောက်နေပြီဖြစ်သည်။ မုဆိုးကြီး
က တောထဲသို့သွားလျှင်  လိုအပ်သည့်အသုံးအဆောင်
ပစ္စည်းများကို  လိုက်ရှာယူငင်နေသည့်အချိန် ရဲခေါင်တို့
က အိမ်ရှေ့ကသစ်တော်သီးပင်အောက်တွင် တစ်ခဏ
မျှအနားယူအပန်းဖြေကြလေသည်။ 
     နာရီဝက်ခန့်ကြာသော် သူတို့ငါးဦးသည် ရွာနှင့်သိပ်
မဝေးသောတောထဲသို့ ဝင်လာခဲ့ကြသည်။ တောထဲသို့
ဝင်လာသည့်နှင့်တစ်ပြိုင်နက် ရဲခေါင်တို့သည် စကားကို
ဖြည်းဖြည်းသာပြောဆိုကြတော့သည်။
     ရဲခေါင်နှင့် စိုင်းသူရိန်သည် လိုင်စင်ဖြင့်ကိုင်ရသော 
ဘရင်းဂန်းရိုင်ဖယ်သေနတ်  တစ်လက်ဆီ ကိုင်ဆောင်
လာခဲ့ကြပြီး မုဆိုးကြီးစိုင်းခွန်က လက်စွဲတော်ဒူလေးကို
ယူဆောင်လာခဲ့သည်။ ဧည့်သည်ဖြစ်သော အောင်မင်း
နှင့် ကျော်ခန့်မှာ လက်ဗလာဖြင့်လိုက်ပါလာခဲ့ကြသည်။
     သူတို့နှစ်ဦးသည်  အစကတည်းက သေနတ်ကိုင်၍
တောကောင်များကို ပစ်ခတ်ရန် စိတ်ကူးလုံးဝမရှိကြပါ။
ရဲခေါင်တို့နှစ်ဦး၏  အမဲလိုက်အရည်အချင်းအား သိလို 
ပြီး တောထဲတောင်ထဲသို့လျှောက်သွားလိုသောကြောင့်
အမဲလိုက်သွားရန် သူငယ်ချင်းနှစ်ဦးကို ပူဆာခဲ့ခြင်းဖြစ်
သည်။
     အောင်မင်းနှင့်  ကျော်ခန့်သည်  တိုးတိုးတိတ်တိတ် 
မနေဘဲ  တစ်လမ်းလုံးစကားပြောဆိုလာခဲ့ရာ  နေ့ဝက်
သို့ရောက်သည်အထိ သားကောင်တစ်ကောင်မှမတွေ့
ရသေးပါ။ သို့ဖြစ်ရာသည်းမခံနိုင်တော့သည့် စိုင်းသူရိန်
သည်  ဧည့်သည်ဖြစ်သော အောင်မင်းနှင့် ကျော်ခန့်ကို
ဆူပူဆဲဆိုလေတော့သည်။
     ထိုအချိန်မှအောင်မင်းတို့နှစ်ဦးသည်  စကားမပြော
ကြတော့ဘဲ တိတ်ဆိတ်စွာလိုက်ပါလာခဲ့ကြလေသည်။
တစ်နေရာသို့ရောက်သော်  ကိုက်ခုနှစ်ဆယ်ခန့်အကွာ
တွင်ရပ်နေသော ဂျီ(ချေ)တစ်ကောင်အား တွေ့လိုက်ရ
လေသည်။  ထိုဂျီ(ချေ)သည် သစ်ပင်အောက်တွင် ကြွေ
ကျနေသော သစ်သီးမှည့်များကို  ကောက်ယူစားသုံးနေ
၏။
     ရဲခေါင်သည်  သစ်သီးမှည့်များအား ကောက်ယူစား
သုံးနေသော ဂျီ(ချေ)ကိုပစ်ခတ်ရန် အသင့်ချိန်ရွယ်ထား
လိုက်သည်။
     ထိုအချိန်စိုင်းသူရိန်က  လက်ကာပြကာ သူပစ်ခတ်
မည့်ဖြစ်ကြောင်း အသံတိတ်ပြောဆိုလေသည်။ သို့ဖြစ်
ပါသောကြောင့်ရဲခေါင်သည် ၎င်း၏သေနတ်ကို အသင့်
ချိန်ရွယ်ထားရာမှ ပြန်လည်ရုတ်သိမ်းလိုက်သည်။
     စိုင်းသူရိန်သည် သူငယ်ချင်းနှစ်ဦးအား လက်စွမ်းပြ
လိုသော်လည်း  ပစ်မှတ်ကိုမထိဘဲ လွဲချော်သွားမည်ကို
လည်း စိုးရိမ်နေပုံရသည်။  သူစိတ်လှုပ်ရှားနေကြောင်း
ရဲခေါင်သည်။ မုဆိုးကြီးစိုင်းခွန်လည်းသိသည်။ 
     ကျန်နှစ်ဦးကတော့ သည်အကြောင်းကိုသိလိမ့်မည်
မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည်
ထိုခံစားချက်ကို  မခံစားဖူးကြသောကြောင့်ဖြစ်ပါသည်။
     " ဒိုင်း ”ခနဲမြည်သံတစ်ချက်နှင့်အတူ " ဟင် ဟာ ”
ဟူသောစိတ်ပျက်သည့်အသံများက တစ်ပြိုင်နက်တည်း
ထွက်ပေါ်လာခဲ့လေသည်။ သေနတ်သံကြောင့်လန့်ဖျန့်
သွားသော  ဂျီ(ချေ)သည် ခြေဦးတည့်ရာသို့  တရကြမ်း
ထွက်ပြေးသွားလေတော့သည်။ 
     စိတ်လှုပ်ရှားသောစိုင်းသူရိန်သည် ကိုက်ခုနှစ်ဆယ် 
ခန့်သာဝေးသောနေရာ၌ သစ်သီးမှည့်များကို ငြိမ်သက်
စွာ  စားသောက်နေသောဂျီ(ချေ)ကို ထိအောင်မပစ်နိုင်
ခဲ့ဘဲ လွဲချော်သွားလေသည်။
     " တောက် ”
     ပစ်မှတ်ကို ထိအောင်မပစ်နိုင်သော စိုင်းသူရိန်ထံမှ
ခပ်ပြင်းပြင်းတောက်ခေါက်သံတစ်ချက် ထွက်ပေါ်လာခဲ့
လေသည်။  တောက်ခေါက်ပြီးနောက်  စိုင်းသူရိန်သည်
အစောတုန်းကပစ်မှတ်ဖြစ်သောဂျီ(ချေ) ရပ်၍အစာစား
နေသော နေရာဆီသို့ပြေးသွားသည်။  ရဲခေါင်တို့လည်း
စိုင်းသူရိန်နောက်မှလိုက်လာခဲ့သည်။ 
     ထိုနေရာသို့ရောက်သော် သွေးစက်နီများကို အများ
အပြား တွေ့လိုက်ရလေသည်။  သို့ဖြစ်ရာစိုင်းသူရိန်၏
ပစ်ချက်သည်  သားကောင်ကို လုံးဝမထိတာမဟုတ်ဘဲ
အနည်းငယ်ရှပ်ထိသွားမှန်းသိလိုက်ရလေသည်။
     ဒဏ်ရာရနေသော  ဂျီ(ချေ)ထွက်ပြေးသွားရာ လမ်း
တစ်လျှောက်တွင် သွေးစက်များကျန်ရစ်ခဲ့သည်။ ဒေါသ
ထွက်နေသောစိုင်းသူရိန်က သွေးစက်များအားခြေရာခံ
လိုက်ရန်ပြောဆိုလေသည်။ စိုင်းသူရိန်ရင်ထဲခံစားနေရ
သောခံစားချက်ကိုနားလည်သိရှိသော မုဆိုးကြီးစိုင်းခွန်
နှင့် ရဲခေါင်က သူစိတ်ကျေနပ်အောင် သဘောတူလိုက်
ကြသည်။
     သို့ဖြစ်ရာသူတို့သည်  သွေးစက်များကိုခြေရာခံကာ
ဒဏ်ရာရနေသော  ဂျီ(ချေ)နောက်သို့လိုက်လာခဲ့သည်။
ဂျီ(ချေ)သည် အကြောက်လွန်ကာ မရပ်မနားထွက်ပြေး
သွားဟန်တူပါသည်။  အတော်ဝေးဝေးသို့ရောက်သည်
အထိ ဂျီ(ချေ)ကိုမတွေ့ရဘဲ သွေးစက်များကိုသာ တွေ့
ရသည်။ 
     " ဟေ့ကောင်တွေ  ငါတို့ဒီမှာခဏလောက်နားကြရ
အောင်ကွာ။  အရမ်းမောနေပြီ။  ဆက်မလျှောက်တော့
နိုင်တော့ဘူး ”
     အကိုင်းအခက်များ ဖြာကျနေသော သစ်ပင်တစ်ပင်
အောက်သို့ရောက်သော်  ကျော်ခန့်က လေသံဖျော့ဖျော့
ပြောဆိုလေသည်။  ထိုအခါစိုင်းသူရိန်က လေသံမာမာ
ဖြင့်_
     " နားလို့ဘယ်ဖြစ်မလည်းကွ။ ဟိုကောင်လွတ်သွား
မှာပေါ့။ ဒီလောက်လေးတောင်  ဆက်မလျှောက်နိုင်ဘူး
လား။ မင်းယောင်္ကျားမဟုတ်ဘူးလား ” ဟု မချေမငံပြန်
ပြောလေသည်။
     " ဟေ့ကောင် ငါက မင်းလိုအတွေ့အကြုံမှမရှိတာ။
ပင်ပန်းတာပေါ့ကွ။ တော်ပြီ ငါဆက်မလျှောက်နိုင်ဘူး ”
     ကျော်ခန့်သည် ဤသို့ပြောကာ သစ်ပင်အောင်တွင်
ထိုင်ချလိုက်သည်။ ကျောင်းတက်နေစဉ်အချိန်ကတည်း
က စိုင်းသူရိန်နှင့် ကျော်ခန့်သည်  စကားများရန်ဖြစ်နေ
ကျဖြစ်သည်။  သို့သော်ခဏမျှသာ။  မကြာမီပြန်အဆင်
ပြေသွားကြလေသည်။ 
     " ဟုတ်သားပဲသူရိန်ရာ ခဏနားပြီးမှဆက်သွားကြ
တာပေါ့ ”
     ရဲခေါင်က ဤသို့ဝင်ရောက်ပြောဆိုသည့်အချိန်ကျမှ
စိုင်းသူရိန်သည်  စိတ်ဆိုးဒေါသထွက်သည့် အမူအယာ
ဖြင့်  မြေကြီးပေါ်သို့ထိုင်ချလိုက်သည်။  ထိုအခါမှရဲခေါင်
တို့လည်း သစ်ပင်အောက်တွင် ထိုင်၍အနားယူကြလေ
သည်။
     သားကောင်နောက်သို့ သဲမဲလိုက်နေသည့်အချိန်က
သတိမထားမိခဲ့သော တစ်စုံတစ်ခုကို ထိုင်နားနေသည့်
အချိန်ကျမှသတိထားမိသွားလေသည်။
     ထိုအရာမှာအချိန်ပင်ဖြစ်သည်။ ရဲခေါင်သည် လက်
ပတ်နာရီအား ငုံ့ကြည့်လိုက်သည်။ နာရီလက်တံများက
ညနေငါးနာရီတိတိကိုညွန်ပြနေ၏။ 
     " ငါးနာရီတောင်ထိုးနေပြီပဲ။ ကျွန်တော်တို့အတော်
လေးခရီးလွန်သွားပြီထင်တယ် ဦးစိုင်းခွန် ”
     " အင်း  အခုချက်ချင်း လှည့်ပြန်မယ်ဆိုရင်တောင်မှ 
ညနက်မှရွာပြန်ရောက်မှာသေချာတယ် ”
    " ဒါဆိုရင်တော့ခက်ပြီဗျာ။  ညအချိန်ကြီးတောထဲမှာ
ခရီးဆက်ဖို့ဆိုတာ  အန္တရာယ်သိပ်များလွန်းတယ်။ ဒီည
တော့အိမ်ပြန်ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။  ဘယ်လို
ဆက်လုပ်ကြမလဲ ”
     " ဘယ်တတ်နိုင်မလဲဗျာ။  ဒီညတော့ တောထဲမှာပဲ
အိပ်ကြတာပေါ့ ”
    " ကဲကျော်ခန့်၊ အောင်မင်း မင်းတို့နှစ်ယောက်ကော
ဘယ်လိုသဘောရလဲ။ အခုချိန်အိမ်ပြန်မယ်ဆိုရင်တော့
ညနက်မှအိမ်ပြန်ရောက်မှာ  ဒီကြားထဲအိမ်ပြန်နေတုန်း
လမ်းမှာ တောကောင်ကြီးတွေနဲ့တွေ့မှာစိုးရိမ်ရတယ် ”
     " မင်းတို့အဆင်ပြေသလိုသာ စီစဉ်ပါကွာ။ ငါတို့က
တောတွေတောင်တွေအကြောင်း ဘာမှမသိဘူးလေ ”
     " ကဲဒါဆိုရင် ကျွန်တော်တို့  ဒီသစ်ပင်အောက်မှာပဲ
စခန်းချကျတာပေါ့ ”
     ထိုအခိုက်အောင်မင်းက ကောင်းကင်ပေါ်သို့ လက်
ညိုးထိုးပြလေသည်။ သစ်ကိုင်း၊ သစ်ရွက်များကိုကျော်၍
အောင်မင်းလက်ညိုးညွန်ရာသို့  မော့ကြည့်လိုက်သည်။
ထိုအခါမီးခိုးမည်းများကိုတွေလိုက်ရလေသည်။
     မီးခိုးမည်းများကို  တွေ့လိုက်ရသဖြင့်  ရဲခေါင်သည်
အလွန်ပျော်ရွှင်သွားသည်။  မီးခိုးကိုမြင်လျှင် ရွာတစ်ရွာ
သို့မဟုတ်  တောင်ယာသမားတို့၏တဲတစ်လုံးကို တွေ့
ရမည်မှာအသေအချာပင်ဖြစ်ပါသည်။ 

၄။
     " မီးခိုးတွေထွက်နေတယ်ဆိုတော့  အဲဒီနားမှာ ရွာ
ဒါမှမဟုတ် တောင်ယာသမားတို့ရဲ့တဲအိမ် ရှိမှာသေချာ
တယ်။ သစ်ပင်အောက်မှာအိပ်တာထက်စာရင် အဲဒီကို
သွားပြီး  ညအိပ်ခွင့်ပြုဖို့ ခွင့်တောင်းမယ်ဆိုရင် ပေးအိပ်
ကြမှာပါ။ ဦးစိုင်းခွန်ရော ဘယ်လိုသဘောရလဲ ”
     " ရွာဒါမှမဟုတ် တောင်ယာတဲ တစ်ခုခုဖြစ်နေမယ်
ဆိုရင်တော့သိပ်ကောင်းတာပေါ့ကွာ ”
     မုဆိုးကြီးဦးစိုင်းခွန်စကားတွင် သာမန်မဟုတ်သော 
အဓိပ္ပါယ်ပါနေသည်။  ထိုစကားအဓိပ္ပါယ်ကို ရဲခေါင်တို့
သတိမထားမိခဲ့ချေ။ 
     " ကဲ မမှောင်ခင် မီးခိုးထွက်နေတဲ့နေရာဆီ ရောက်
အောင်သွားကြရအောင်။  တဲတစ်လုံးလောက်တွေ့ရင်
တောင်မှ စိတ်အေးလက်အေးအိပ်နိုင်တာပေါ့ ”
     ရဲခေါင်၏အဆိုပြုချက်ကို အားလုံးက မငြင်းပယ်ကြ
ပါ။ သူတို့သည် မီးခိုးထွက်နေသောအရပ်ဆီသို့ မျက်နှာ
မူကာသွက်သွက်လျှောက်လာခဲ့ကြသည်။ 
     မိုင်တစ်ဝက်ခန့် လမ်းလျှောက်ပြီးသည့်အခါ  ဝါးလုံး
များဖြင့်ပြုလုပ်ထားသော ဝါးစည်းရိုးကိုတွေ့လိုက်ရလေ
သည်။ ထိုစည်းရိုးသည် ရွာစည်းရိုးပင်ဖြစ်ပေလိမ့်မည်။
စည်းရိုးတစ်လျှောက် လိုက်၍ကြည့်ရှုလိုက်ရာ သေသေ
ချာချာပြုလုပ်ထားသော ဝင်ပေါက်တစ်ခုကိုတွေ့လိုက်ရ
လေသည်။
     ရဲခေါင်တို့သည် ထိုဝင်ပေါက်မှအထဲသို့ဝင်လာခဲ့ကြ
သည်။ လူသွားလမ်းအတိုင်း ဆက်လျှောက်လာခဲ့ကြရာ
ကိုက်တစ်ရာခန့် လျှောက်ပြီးသည့်အချိန်တွင်  အနိဌာရုံ
မြင်ကွင်းတစ်ခုကို ဦးစွာမြင်တွေ့လိုက်ရလေသည်။
     လူသေအလောင်းကောင်များသည် အပုံလိုက်ရှိနေ
သည်။  ထိုအလောင်းပုံပေါ်သို့ အခြားသောအလောင်း
ကောင်များကိုလည်းထပ်၍ပုံနေသေးသည်။ အချို့သော
အလောင်းကောင်များကိုမူ လူနှစ်ဦးက မီးပုံထဲထည့်နေ
သည်။
     ရဲခေါင်တို့၏ မျက်နာမူရာရှေ့တည့်တည့်တွင်လည်း
လူအချို့သည်  ဘီးနှစ်ဘီးပါသော လက်တွန်းလှည်းများ
ဖြင့် အလောင်းကောင်များကို မီးပုံရှိရာသို့ သယ်ဆောင်
လာကြသည်။ 
     အော်ကလီဆန်သော မြင်ကွင်းကြောင့် အောင်မင်း
နှင့် စိုင်းသူရိန်သည် စိတ်မထိန်းနိုင်တော့ဘဲ အော့အန်
မိလေသည်။ အော့အန်သံကြားသည့်အခါမှ အလောင်း
ကောင်များကို သယ်ဆောင်နေကြသူများ၊ မီးသဂြုင်္ိလ်နေ
ကြသူများသည် ရဲခေါင်တို့ထံလှည့်ကြည့်လာခဲ့ကြ၏။
     သို့သော်မကြာမီ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေကြ
သည်။  အနိဌာရုံမြင်ကွင်းအား  မြင်တွေ့လိုက်ရသဖြင့်
နောက်ပြန်လှည့်ရန်  စိတ်ကူးမိသော်လည်း နောက်ကျ
သွားလေပြီ။ 
     မည်သည့်နေရာတွင် ရှိနေမှန်းမသိသော လူတစ်ဦး
သည် ရဲခေါင်တို့ဆီလျှောက်လာခဲ့၏။  ထိုသူ၏အသက်
သည် မုဆိုးကြီးစိုင်းခွန်နှင့်ရွယ်တူဖြစ်ပြီး ငါးဆယ်ကျော်
အရွယ်ဖြစ်သည်။
     " ဧည့်သည်တွေထင်ပါတယ်။ ဘယ်မြို့၊ဘယ်ရွာက
လာခဲ့ကြတာလဲ ”
     " ကျုပ်တို့ " ... ” ရွာကလာခဲ့တာပါ။ အမဲလိုက်ရင်း
နယ်ကျွံပြီး ဒီကိုရောက်လာခဲ့တာပါ။ ဒီအချိန်ရွာကိုပြန်ဖို့
မဖြစ်နိုင်တော့လို့ ဒီမှာတစ်ညလောက်တည်းခိုအိပ်စက်
ခွင့်တောင်းဖို့ရောက်လာခဲ့တာပါ ”
     မုဆိုးကြီးစိုင်းခွန်က  သူ့ရွာနာမည်ကိုပြော၍ ဤသို့
ပြောဆိုလိုက်သည်။ ထိုအခါထိုသူက_
     " ရတာပေါ့ဗျ။ ဒီရွာမှာ ကြိုက်သလောက် တည်းနိုင်
ပါတယ်။  ကျုပ်ကဒီရွာသူကြီး ဦးခွန်ထွန်းလှပါ။  လက်ရှိ
ရွာရဲ့အခြေအနေကတော့ မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ
အတော့်ကိုအရုပ်ဆိုးအကျည်းတန်နေတယ် ”
     " သူတို့ကဘယ်လိုဖြစ်ပြီးဆုံးသွားကြတာလဲဗျ ”
     " ပလိပ်ရောဂါကြောင့်ပါ ”
     " ဗျာ ”
     " ဘယ်လို ”
     ပလိပ်ဟူသောစကားကြောင့် ရဲခေါင်တို့ထံမှ အံ့ဩ
အာမေဋိတ်သံများထွက်လာခဲ့ကြသည်။ 
     " ကဲ  ကဲ ဒီမှာဆက်နေရင်  ဒီကမိတ်ဆွေတို့လည်း
ပလိပ်ရောဂါကူးစက်ခံရလိမ့်မယ်။  လာကြ ကျုပ်အိမ်ကို
လိုက်ခဲ့ကြ။ ဟိုရောက်မှအေးဆေးနားကြတာပေါ့ ”
     မည်သို့ပင်ဖြစ်ပါစေမူ နောက်ပြန်လှည့်ရန်မဖြစ်နိုင်
တော့သဖြင့်  ရဲခေါင်တို့သည်  ရွာသူကြီး ဦးခွန်ထွန်းလှ
နောက်သို့လိုက်လာခဲ့ကြသည်။ 
     လမ်းတစ်လျှောက်၌  တွေ့ရသော ရွာသူရွာသားတို့
သည် ရဲခေါင်တို့အား  ဆန်းကြယ်သောအကြည့်တို့ဖြင့်
ကြည့်ရှုနေကြ၏။ သို့သော်စကားတစ်ခွန်းမှ ပြောဆိုကြ
ခြင်းမရှိချေ။ 
     အချိန်အနည်းငယ်ကြာသော်  ဝါးခြမ်းများဖြင့် ကာရံ
သော ခြံဝန်းကျယ်ကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။
ထိုခြံထဲ၌ ရေနံချေးသုတ်ထားသော  နှစ်ထပ်ပျဉ်ထောင်
အိမ်တစ်လုံး ခန့်ခန့်ကြီးတည်ရှိနေသည်။ 
     ရဲခေါင်တို့ဖြတ်လျှောက်လာသောလမ်းတစ်လျောက်
အိမ်ကြီးအိမ်ကောင်းဟူ၍  ထိုတစ်လုံးကိုသာတွေ့ရ၏။
အခြားအိမ်ကမူ  ဝါးဖြင့်ဆောက်ထားသော  တဲအိမ်များ
သာဖြစ်သည်။
     ထိုအိမ်ကြီးမှာ ရွာသူကြီးဦးခွန်ထွန်းလှ၏အိမ်ဖြစ်ပါ
သည်။  ဦးခွန်ထွန်းလှသည် ရဲခေါင်တို့အား ခြံဝန်းထဲသို့
ခေါ်ဝင်လာသည်။  ထိုနောက်အိမ်အပေါ်ထပ်သို့ တက်
ခဲ့ရန်ဖိတ်ခေါ်လေသည်။ 
     သို့ဖြစ်ရာတောစီးရှူးဖိနပ်များကို လှေကားခြေရင်း၌
ချွတ်၍အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ အိမ်အပေါ်
ထပ်သို့ရောက်သောအခါ  အလွန်အင်မတန်လှပသော 
မိန်းကလေး တစ်ဦးကိုတွေ့လိုက်ရသည်။  
     အပြစ်အနာဆာမရှိသော ထိုမိန်းကလေးတွင် အား
နည်းချက်တစ်ခုရှိနေသည်။ ထိုအရာကာအပြုံးမရှိသော
မျက်နှာပင်ဖြစ်သည်။ ရဲခေါင်တို့ကလူစိမ်းဖြစ်နေ၍လား
တော့မသိပါ။ ပြုံးပြခြင်းလုံးဝမရှိချေ။
     " သမီးရေ ဒီကဧည့်သည်တွေအတွက်  အဆာပြေ
စားစရာတစ်ခုခုယူခဲ့ပါဦး။ ပြီးရင် ဟင်းချက်ထားတာက
နည်းနေသေးတယ်။ ထပ်ချက်လိုက်ဦး ”
     ဦးခွန်ထွန်းလှက  ဤသို့ဆိုသည့်အခါ  မိန်းကလေး
သည်  စကားတစ်ခွန်းမှပြန်မပြောဘဲ အိမ်အောက်ထပ်
သို့ဆင်းသွားလေသည်။
     အချိန်တစ်ခဏမျှကြာသည့်သော် ကောက်ညှင်းဖြင့်
ပြုလုပ်ထားသော  ရိုးရာအစားအစာတစ်မျိုးကို လင်ဗန်း
ဖြင့်ထည့်ကာ ယူဆောင်လာခဲ့ပြီး  ရဲခေါင်တို့၏ရှေ့တွင် 
ချပေးလေသည်။ 
     " အဆာပြေလေးစားလိုက်ကြဦး။ မြို့နဲ့အလှမ်းဝေး
တဲ့ရွာဆိုတော့  ရိုးရာအစားအစာကလွဲရင်  ဘာမှကျွေး
စရာမရှိဘူး ”
     ဦးခွန်ထွန်းလှက ဧည့်ခံသဖြင့်  ကောက်ညှင်းဖြင့်ပြု
လုပ်ထားသောမုန့်အား တစ်တုံးစီကောက်စားလိုက်ကြ
၏။  အရသာတွေ့သွားသော  ကျော်ခန့်နှင့် အောင်မင်း
သည်တစ်တုံးပြီးတစ်တုံးကောက်စားကြလေသည်။
     မုန့်စားနေသည့်အချိန် ဦးခွန်ထွန်းလှသည် မေးခွန်း
တစ်ခုပြီးတစ်ခုမေးမြန်းနေ၏။ သို့ဖြစ်ရာမုဆိုးဦးစိုင်းခွန်
ကဒိုင်ခံဖြေနေ၏။
     " ဒါနဲ့ဒီရွာနာမည်က ”
     မေးခွန်းများကို ပြန်ဖြေပြီးနောက် မုဆိုးဦးစိုင်းခွန်က
ပြန်၍မေးမြန်းလိုက်သည်။   
     " ထိန်ရွာတဲ့ ”
     အခြားသူများက အပြန်အလှန်စကားပြောဆိုနေကြ
ချိန် ရဲခေါင်မှာ အိမ်ပတ်ပတ်လည်ကို အကဲခတ်ကြည့်ရှု
နေ၏။  အိမ်အပေါ်ထပ်ကို  အတွင်းခန်းနှင့် အပြင်ခန်း
ဟူ၍သာခွဲထားသည်။  အပြင်ခန်းသည် ဧည့်ခန်းဖြစ်ပြီး
အတွင်းခန်းသည်  အိပ်ခန်းဖြစ်ဟန်တူပါသည်။
     အိမ်အပြင်ခန်းတွင် ဘုရားစင်ကိုမတွေ့ရဘဲ အသုံး
အဆောင်ပစ္စည်း အချို့ကိုသာတွေ့ရသည်။ အနားတွင်
ထိုင်နေသော မုဆိုးဦးစိုင်းခွန်သည်  မုန့်ကိုတစ်တုံးသာ
ကောက်စားပြီးနောက်ထပ်မစားတော့ချေ။ 
     " ကဲ မိတ်ဆွေတို့ ကိုယ့်အိမ် ကိုယ့်ယာလို သဘော
ထားပြီး  လွတ်လွတ်လပ်လပ်သာနေကြ။ ထမင်း၊ ဟင်း
အမြန်ကျက်အောင် သမီးကိုသွားကူလိုက်ဦးမယ် ”
    မိနစ်အနည်းငယ်ကြာသည်အထိ စကားစမြည်ပြော
ဆိုပြီးနောက်  ဦးခွန်ထွန်းလှသည်  အိမ်အောင်ထပ်သို့
ဆင်းသွားလေသည်။
     အိမ်အပေါ်ထပ်တွင် ရဲခေါင်တို့သာကျန်တော့သည့်
အချိန်အောင်မင်းသည် မိန်းကလေး၏လှပမှုကို တိုးတိုး
တိတ်တိတ်ချီးမွမ်းပြောဆိုနေသည်။ မုဆိုးဦးစိုင်ခွန်ကမူ 
ဦးခွန်ထွန်းက အိမ်အောက်ဆင်းသွားပြီးနောက် စကား
တစ်ခွန်းမှမပြောတော့ဘဲ ငြိမ်သက်စွာထိုင်နေ၏။
     သားကောင်အား လက်လွှတ်လိုက်ရသဖြင့် စိတ်တို
နေသောစိုင်းသူရိန်ကမူ တစ်ချိန်လုံးငြိမ်သက်နေသည်။
တစ်ခဏမျှကြာသောအခါ သူတို့အားလုံးသည် အတွေး
ကိုယ်စီဖြင့်ငြိမ်သက်သွားကြလေသည်။ 
     အချိန်သည်တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့လေရာ
အမှောင်ကလည်း  တဖြည်းဖြည်းစိုးမိုးလာခဲ့လေသည်။
မှောင်လာသည်နှင့်အမျှ အစောကတည်းက ထွန်းထား
သောရေနံဆီမီးအိမ်ကလည်း ပိုပို၍လင်းထိန်လာခဲ့လေ
သည်။
     မကြာမီဦးခွန်ထွန်းလှသည် အိပ်အပေါ်ထပ်သို့ ပြန်
တက်လာခဲ့၏။ အိမ်ပေါ်သို့ရောက်သော် အခန်းထောင့်
တွင်ထောင်ထားသော စားပွဲခုံဝိုင်းအား ရဲခေါင်တို့ ထိုင်
နေသောနေရာဆီသို့ရွေ့ရန်ပြင်ဆင်လေသည်။ 
     စားပွဲခုံ၏အရွယ်အစားမှာ အတော်လေးကြီးသဖြင့်
တစ်ဦးတည်းရွေ့ရန်ခက်ခဲနေသည်။ ထိုကြောင့်ရဲခေါင်
သည် ဦးခွန်ထွန်းလှဆီထသွားကာ စားပွဲခုံအား ကူရွေ့
ပေးလိုက်သည်။
     ထိုနောက်တွင်ဦးခွန်ထွန်းလှသည် အိပ်အောက်သို့
ဆင်းသွားပြန်သည်။ မကြာမီသမီးဖြစ်သူနှင့်အတူ ဟင်း
ခွက်၊ ပန်းကန်များထည့်ထားသည့်  လင်ဗန်းကိုယ်စီဖြင့်
တက်လာခဲ့ကြသည်။
      ထိုဟင်းခွက်၊ ပန်းကန်များကို စားပွဲပေါ်၌ အစီအရီ
ချထားလေသည်။  ထိုနောက်သမီးဖြစ်သူ တစ်ဦးတည်း
အိမ်အောက်သို့ဆင်းသွားပြန်သည်။
     ပြန်တက်လာသည့်အခါ  လက်ထဲတွင် အိုးမဲပေနေ
သောထမင်းအိုးတစ်လုံးပါလာခဲ့သည်။ ထမင်းအိုးထဲက
ထမင်းများကို ဟင်းပန်းကန်များနှင့်အတူ ယူတက်လာခဲ့
သောပန်းကန်အလွတ်များထဲသို့ခူးထည့်လေသည်။
     အားလုံးပြီးဆုံးသည့်အခါ  ဦးခွန်ထွန်းလှက ရဲခေါင်
တို့အားထမင်းစားရန်ဖိတ်ခေါ်လေသည်။
     သို့ဖြစ်ရာရဲခေါင်တို့သည်  စားပွဲပတ်ပတ်လည်တွင်
ဝိုင်းထိုင်လိုက်ကြသည်။ စားပွဲပေါ်တွင်ရှိနေသော ဟင်း
အမယ်များမှာ သိပ်ကိုစုံလင်လှသည်။ 
     " ကဲ စားကြ ဘာမှအားမနာနဲ့နော်။ ဒီကဧည့်သည်
တွေကိုစားစေချင်လို့  ဟင်းအမယ် အများကြီးချက်ထား
တယ်။ ဒါကတောဝက်သားဆီပြန်၊ ဒါကအရွက်စုံသုတ်၊
ဒါကဆတ်သားခြောက်ဖုတ်၊.... ”
      ဦးခွန်ထွန်းလှသည် ဟင်းခွက်များကို လက်ညိုးထိုး
ပြ၍ တစ်မျိုးချင်းစီပြောပြနေသည်။  ဟင်းခွက်များဆီက 
လာသောအနံ့များသည် အလွန်မွေးကြိုင်နေ၏။ သို့ဖြစ်
ရာဗိုက်ဆာနေပြီဖြစ်သောသူတို့သည်  ပို၍ဆာလောင်
လာခဲ့လေသည်။ 
     မွှေးကြိုင်ပြီး သင်းပြန့်နေသော ဟင်းရနံ့များကြောင့်
မုဆိုးဦးစိုင်းခွန်ကလွဲ၍ကျန်သည့်သူများမှာ ခေါင်းမဖော်
တော့ဘဲအားရပါးရစားသောက်ကြလေတော့သည်။
     မုဆိုးဦးစိုင်းခွန်ကမူ  တစ်စုံတစ်ခုကို  နှုတ်မှတိုးတိုး
တိတ်တိတ်ရွတ်ဆိုနေ၏။  ဦးစိုင်းခွန်ထံမှ  လှုပ်ရှားမှုကို
မတွေ့ရသဖြင့် အပေါ်မော့ကြည့်လိုက်သော ရဲခေါင်က 
ထိုအရာကိုမြင်တွေ့လိုက်ရလေသည်။ 
     ငါးမိနစ်ခန့်ကြာသော် အခြေအနေသည် ရုတ်ချည်း
ပြောင်းလဲသွားလေသည်။ လေပြင်းတိုက်ခတ်သံများကို
ကြားလာရသည်။  နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးမှာလည်း
" သိမ့်ခနဲ ”တုန်ခါသွားလေသည်။
     ထိုအချိန်ထမင်းငုံ့စားနေသော  စိုင်းသူရိန်တို့သုံးဦး
ထံမှ အံ့ဩသံများထွက်ပေါ်လာခဲ့လေသည်။ ရဲခေါင်က
ဟင်းပန်းကန်ခွက်များအား  ငုံ့ကြည့်လိုက်ရာ အော့အန်
ချင်စရာကောင်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်
ရလေသည်။ 
     အသားဟင်းခွက်များထဲ၌  သွေးသံရဲရဲဖြစ်နေသော
အသားစိမ်းများကိုတွေ့နေရပြီး အချို့ဟင်းခွက်များတွင်
လှုပ်စိလှုပ်စိဖြစ်နေသော  လောက်ကောင်များကို တွေ့
လိုက်ရလေသည်။  အသီးအရွက်ပန်းကန်ထဲတွင်တော့
သစ်ရွက်ခြောက်များရှိနေသည်။ 
     " ဟား...ဟား...ဟား ”
     ဦးခွန်ထွန်းလှထံမှ  ခြောက်ခြားဖွယ်ရယ်မောသံကို
ကြားလိုက်ရတော့မှ ဟင်းခွက်၊ ပန်းကန်များကို ကြောင်
၍ငေးကြည့်နေသော ရဲခေါင်တို့ သတိပြန်ဝင်လာခဲ့လေ
သည်။ 
     ထိုအချိန်ကျမှ ပတ်ဝန်းကျင်ကို သေချာသတိထား၍
ကြည့်မိသည်။  ရေနံဆီမီးအိမ်ထဲက မီးစာသည် မီးငြိမ်း
သွားပြီဖြစ်ပြီး  အစောတုန်းက တောက်ပြောင်နေသော
မီးအိမ်ကလည်း ညစ်ပတ်ဟောင်းနွမ်းသွားလေသည်။
     ခေါင်းပေါ်က အိမ်ခေါင်မိုးသည်လည်း အပေါက်ရာ
ပရပွဖြစ်နေသောကြောင့် အိမ်ထဲသို့လရောင်ဖြာကျနေ
သည်။ ခိုင်ခံလှသည်ဟုထင်ရသော ကြမ်းခင်းကလည်း
ဟောင်းနွမ်းဆွေးမြေ့သွားလေပြီ။
     " သ...သရဲ...သရဲ ”
     " အေမေရ သ...သရဲ...သရဲ ”
     ဦးခွန်ထွန်းလှကို လှမ်းကြည့်လိုက်ရာ ခန့်ငြားသော
ဥဗဓိရုပ်အစား ကြောက်မက်ဖွယ်ကောင်းသော မျက်နှာ
ကိုမြင်တွေ့လိုက်ရလေသည်။ သွေးမရှိသကဲ့သို့ ဖြူဖတ်
ဖြူရော်ဖြစ်နေသော ပါးပြင်ပေါ်တွင်  မျက်လုံးနှစ်ဖက်က
အထဲသို့ချိုင့်ဝင်နေပြီး နီရဲတောက်ပနေသည်။ နှာခေါင်း
ကလည်းပြားကပ်နေ၏။ နားရွက်နှစ်ဖက်သည် အလွန်
ကြီးမားပြီး  ဝက်တစ်ကောင်၏နားရွက်နှင့် အနည်းငယ်
ဆင်တူသည်။ ဦးခွန်ထွန်းလှ၏ ပုံပန်းသဏ္ဍာန်ကို တွေ့
လိုက်ရသော  အောင်မင်းနှင့် ကျော်ခန့်သည် ယောင်၍
အော်ဟစ်ကြလေသည်။ 
     " အောက်ကကောင်တွေတက်လာကြဟေ့ လူသား
ချိုချိုစားကြရအောင် ”
     မကောင်းဆိုးဝါးဦးခွန်ထွန်းလှ၏ ကွဲအက်စူးရှသော
အော်ဟစ်သံကြောင့်  အိမ်ပတ်ပတ်လည်တွင် လှုပ်ရှား
သံများထွက်ပေါ်လာခဲ့လေသည်။ 
     " တစ္ဆေ၊ သရဲတွေရောက်လာကြပြီ။ ပြေးကြဟေ့ ”
     မုဆိုးဦးစိုင်းခွန်က သတိပေးအော်ဟစ်လိုက်သဖြင့်
ရဲခေါင်တို့သည်  အနားတွင်ချထားသော ကျောပိုးလွယ်
အိတ်နှင့် သေနတ်ကိုကောက်ယူကာ အိမ်အောက်ထပ်
သို့ဆင်းပြေးကြလေသည်။
     " ဂျလိ...ဂျလိ...ဂျလိ ”
     " ဟား...ဟား...ဟား ”
     လှေကားထစ်တို့သည် ဆွေးမြေ့ပြီးချောင်နေပြီဖြစ်
သောကြောင့် " ဂျလိ ဂျလိ ”အသံမြည်နေ၏။ လှေကား
ထစ်များဆီက မြည်နေသောအသံနှင့်  ဦးခွန်ထွန်းလှ၏
ကျယ်လောင်သောရယ်မောသံတို့သည် တိတ်ဆိတ်နေ
သောပတ်ဝန်းကျင်အား ဆူညံသွားစေသည်။ 
     လှေကားခြေရင်းသို့ရောက်သော်  ဦးခွန်ထွန်းလှ၏
သမီးအား တွေ့လိုက်ရလေသည်။  သိပ်မကြာသေးခင်
က အလွန်ချောမောလှပသော  မိန်းကလေးသည် ယခု
အခါ  တွန့်လိမ်နေသောအရေပြား၊  အထဲသို့ချိုင့်ဝင်နေ
သည့်နီရဲသောမျက်လုံး၊ တစ်ခေါင်းလုံးဖြူသောဆံပင်တို့
ကြောင့်  စုန်းမတစ်ကောင်ကဲ့သို့  အလွန်ကြောက်စရာ
ကောင်းနေ၏။
     သူ(မ)သည် ရဲခေါင်တို့ထံပြေးဝင်လာခဲ့၏။ ထိုအခါ
ရဲခေါင်သည် အသင့်ပြင်ထားသောရိုင်ဖယ်သေနတ်ဖြင့်
ပစ်ခတ်လိုက်သည်။ ရဲခေါင်ပစ်ခတ်လိုက်သောကျည်ဆံ
သည်  သူ(မ)၏ဘယ်ဘက်ရင်ဘတ်အား  သွားရောက်
ထိမှန်ပါသော်လည်း ဘာမှဖြစ်မသွားဘဲ ကျည်ဆံသည်
မီးခိုးငွေ့ကိုဖြတ်သွားသကဲ့သို့ဖြစ်သွားပြီး နောက်ကျော
ဘက်က ပျဉ်အကာအားထိမှန်သွားလေသည်။ 
      ထိုနောက်တွင်ရယ်သံများသည် ဦးခွန်ထွန်းလှထံမှ
သာမဟုတ်တော့ဘဲ  ထိုမိန်းမကပါ ရယ်မောလာခဲ့လေ
သည်။ 
     သေနတ်ဖြင့်ပစ်၍မရမှန်းသိသဖြင့် ရဲခေါင်တို့သည်
ထိတ်တိုက်ရင်ဆိုင်ရန်စိတ်မကူးတော့ဘဲ ထွက်ပြေးရန်
သာဆုံးဖြတ်လိုက်ကြ၏။ ခြံဝန်းအပြင်ဘက်သို့ ရောက်
သောအခါ တစ္ဆေ၊ သရဲ၊ မကောင်းဆိုးဝါး အများအပြား
ကိုတွေ့လိုက်ရလေသည်။
     ၎င်းတို့သည် ရဲခေါင်တို့ထံဦးတည်လျှောက်လာခဲ့ကြ
သည်။ သူတို့၏ပုံစံသည် စိတ်ညို့ခံထားရသကဲ့သို့ ခန္ဓာ
ကိုယ်မှာအတောင့်လိုက်ဖြစ်နေသည်။  
     ရဲခေါင်တို့၏ခြေလှမ်းများသည်  အလာတုန်းက ဝင်
လာခဲ့သော ရွာတံခါးရှိရာဘက်သို့ဦးတည်နေကြသည်။ 
သူတို့၏အရှေ့တွင်  မကောင်းဆိုးဝါးသုံးကောင် ပိတ်၍
ရပ်နေကြသည်။
     ထိုမကောင်းဆိုးဝါးသုံးကောင်အား  တိုက်ခိုက်ဖြတ်
ကျော်ရန်အချက်ပေးလိုက်သည်။  ရဲခေါင်သည် ၎င်းရှေ့
တွင် ရပ်နေသောမကောင်းဆိုးဝါးအား ဝင်လုံးလိုက်ရာ
မီးခိုးငွေ့ကိုဝင်လုံးသလိုဖြစ်သွားပြီး ရဲခေါင်သည်လည်း
မကောင်းဆိုးဝါးကိုကျော်၍  မြေပြင်ပေါ်၌ မှောက်ယက်
သားပစ်လဲကျသွားလေသည်။
     အခြားသော မကောင်းဆိုးဝါးနှစ်ဦးကို ဝင်လုံးသော
စိုင်းသူရိန်နှင့် မုဆိုးဦးစိုင်းခွန်ကလည်း  ထိုကဲ့သို့ပင်ဖြစ်
သွားလေသည်။  ထိုအချိန်မှသူတို့သည်  မြင်နေရသော
အရာများမှာ  ပုံရိပ်ယောင်များသာဖြစ်ကြောင်း သိလိုက်
ရလေသည်။ 
     သို့ဖြစ်ပါသောကြောင့်သူတို့သည်  မကောင်းဆိုးဝါး
များအား  တိုက်ခိုက်ခြင်းမပြုတော့ဘဲ ရွာတံခါးပေါက်ဆီ
သို့ရောက်အောင်သာ  အမြန်ပြေးထွက်လာခဲ့ကြသည်။
     မကောင်းဆိုးဝါးဦးခွန်ထွန်းလှနှင့် အပေါင်းအပါများ
သည် ရဲခေါင်တို့၏နောက်က ပြေးလိုက်လာခဲ့ကြသည်။
     " လိုက်ဟေ့ လိုက်ကြ  လူသားစားချင်ရင် မိအောင်
လိုက်ကြဟေ့ ”
     " ဟေး...ဟေး...ဝါး...ဝါး ” 
     ဦးခွန်ထွန်းလှ၏ငြာသံနှင့်အတူ မကောင်းဆိုးဝါးတို့
သည် တရကြမ်းပြေးလိုက်လာခဲ့ကြသည်။
      ရဲခေါင်တို့ ငါးဦးသည်လည်း  မနားတမ်းပြေးလာခဲ့
ကြရာ နောက်ဆုံးတွင် ရွာအဝင်တံခါးပေါက်ဆီ ရောက်
သွားလေသည်။
     ထွက်ပေါက်သို့ ရောက်ပြီဖြစ်သော်လည်း  မနားဘဲ
ဆက်၍ပြေးလာခဲ့ကြရာ ရွာစည်းရိုးနှင့်ခပ်လှမ်းလှမ်းသို့
ရောက်လာခဲ့သည်။ ထိုသို့ရောက်သည့်အခါမှာ ရဲခေါင်
နောက်သို့လှည့်ကြည့်လိုက်သည်။ 
     မကောင်းဆိုးဝါးများသည်  ရွာအဝင်တံခါးပေါက်သို့
ရောက်သော်  ဆက်မလိုက်ကြတော့ဘဲ ရဲခေါင်တို့အား
ရပ်ကြည့်နေကြသည်။ သူတို့၏မျက်နှာများကို သေသေ
ချာချာမမြင်ရသော်လည်း  ထွက်ပြေးလွတ်မြောက်သွား 
သော ရဲခေါင်တို့အား  စိတ်ဆိုးဒေါသထွတ်နေလိမ့်မည်
ဖြစ်ကြောင်းကောင်းကောင်းကြီးသိနေသည်။
     မကောင်းဆိုးဝါးတို့ ဆက်၍မလိုက်လာတော့သဖြင့်
ရဲခေါင်က  အပြေးရပ်ရန်ပြောဆိုလိုက်သည်။ ထိုအခါမှ
အကြောက်လွန်ပြီး မောပန်းတာကို မသိတော့လောက်
အောင်မနားတမ်းပြေးနေကြသော အောင်မင်းတို့သည်
ခြေလှမ်းများကိုရပ်တန့်လိုက်ကြသည်။ 
      မကောင်းဆိုးဝါးတို့က နောက်ကလိုက်မလာတော့
မှန်း သိလိုက်ရသဖြင့်ဆက်မပြေးနိုင်တော့သော သူတို့
သည်  အမောဆို့ကာမြေကြီးပေါ်သို့ပစ်ထိုင်ချလိုက်ကြ
လေသည်။ 
     အတော်ကြာသည်အထိသူတို့သည် စကားပြောဆို
နိုင်ခြင်းမရှိသေးချေ။  ကျော်ပိုးလွယ်အိတ်ထဲတွင် ထည့်
ထားသောရေဘူးထဲ၌  ကျန်နေသေးသည့်ရေကို  ခွဲဝေ
သောက်သုံးလိုက်သည့်အခါကျမှ အမောပြေသွားကြပြီး
စကားပြောနိုင်လာခဲ့လေသည်။ 
     ရဲခေါင်သည် မုဆိုးဦးစိုင်းခွန်အား  နားမလည်သည့်
အမူအရာဖြင့် ကြည့်ရှုလိုက်၏။  ထိုအခါမုဆိုးဦးစိုင်းခွန်
က _
     " အဲဒီရွာဟာ  ကိုလိုနီခေတ်တုန်းက  ပလိပ်ရောဂါ
ကြောင့် တစ်ရွာလုံးသေပြီး  ပျက်သွားတဲ့ရွာပဲ။ ကျုပ်တို့
တွေ့မြင်ခဲ့ရတဲ့  သူတွေကလည်း  ပလိပ်ရောဂါကြောင့်
သေဆုံးခဲ့ကြတဲ့သူတွေပဲ ”
     ဦးစိုင်းခွန်၏စကားကြောင့်  အားလုံးအံ့ဩမှင်သက်
သွားကြလေသည်။ ရဲခေါင်က_
     " ဒါဆိုသူတို့တွေဟာ  ပရလောကသားတွေဖြစ်ကြ
တယ်ဆိုတာ  ဦးစိုင်းခွန်အစောကတည်းက  သိနေတာ
ပေါ့ ” မေးမြန်းလိုက်သည်။
     " အစောပိုင်းတုန်းက စိတ်ထဲမသိုးမသန့်ခံစားနေရ
ပေမယ့် အတတ်မသိသေးဘူး။ ရွာသူကြီးဦးခွန်ထွန်းလှ
က ရွာနာမည်ကိုပြောပြတော့မှ အဲ့ဒီရွာဟာပရလောက
တွေဖန်ဆင်းထားတဲ့ အတုအယောင် ပုံရိပ်ယောင်တွေ
ဖြစ်မှန်းသိလိုက်ရတယ်။
     ဘာဖြစ်လို့လည်းဆိုတော့ ထိန်ဆိုတဲ့ရွာဟာ ပလိပ်
ရောဂါကြောင့် တစ်ရွာလုံးသေကျေပျက်စီးခဲ့ပြီး ရွာပျက်
သွားတဲ့အကြောင်း  ဒီဒေသကလူတွေအားလုံး ကြားဖူး
နေကြတယ်လေ ”
      ဦးစိုင်းခွန်က ဤသို့ပြောပြတော့မှ ထိန်ရွာပျက်ကြီး
အကြောင်းသိကြရလေသည်။
     " ထမင်းစားနေတဲ့အချိန်  ဦးလေးရွတ်နေတဲ့ ဂါထာ
က ဘာဂါထာလဲ ”
     " ရှမ်းဆရာတွေအသုံးများတဲ့ ပရလောကသားတွေ
ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်တွေကို  မူလအတိုင်း ပြန်
စေတဲ့ဂါထာပဲကွယ့် ”
     လမ်းဆက်လျှောက်ရန်မဖြစ်နိုင်တော့သဖြင့် ရဲခေါင်
တို့သည်  ထိုနေရာမှာပင်  မိုးလင်းပေါက်ထိုင်နေကြရန်
ဆုံးဖြတ်လိုက်ကြသည်။ ထိုအတောအတွင်းသူတို့သည်
မုဆိုးဦးစိုင်းခွန်ပြောပြသော  တောတွင်း အတွေ့အကြုံ
စိတ်ဝင်တစားနားထောင်ကြလေသည်။
     မနက်ခင်းအလင်းရောင်  ရောက်လာသည့်အချိန်မှ
သူတို့သည် မုဆိုးဦးစိုင်းခွန်ရွာဆီသို့ လှည့်ပြန်လာခဲ့ကြ
သည်။  ထိုနေ့ထိုအချိန်မှစ၍  ကျော်ခန့်နှင့်  အောင်မင်း
တောင်ကြီးသို့လာတိုင်း အမဲလိုက်သွားမည့်အကြောင်း
လုံးဝမပြောတော့ချေ။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)