အောင်မြတ်သာ နှင့် တွေဆုံခြင်း အပိုင်း(၁)


"ဘယ်ကောင်မိုက်လဲ မိုက်တဲ့ကောင် ထွက်ခဲ့ သက်ခိုင်တဲ့ တစ်ခိုင်ထဲရှိတယ် ဘယ်ခွေးမှလူမထင်ဘူး"ဒါကတော့ရပ်ကွပ်အော့ကျော်လန် ငမူးသက်ခိုင်ပဲဖြစ်ပါတယ်။မူးလာရင်သွေးဆိုးသလို တစ်ရပ်ကွပ်လုံးအော်ဆဲနေတဲ့ ရပ်ကွပ်ချဥ်ဖတ်တစ်ယောက်ဖြစ်ပါတယ်။အိုကြီးအိုမ မိခင်နဲ့အတူနေတဲ့သက်ခိုင်ကိုတစ်ရပ်ကွပ်လုံးက​ကြည်ပမဲ့မေအိုရဲ့မျက်နှာကြောင့်ဘာမှမပြောကြပါဘူ။သက်ခိုင်ဆိုတဲ့ကောင်ကလဲ ဘယ်လောက်မူးမူးသူအိမ်ပြန်ရင်သူအမေအတွက်တစ်ခုခုစားဖို့ပါလာတတ်ပါတယ်။ကျန်တဲ့သူကိုသာဆဲဆိုနေပေမယ့် အမေအိုကြီးကိုတော့အတော်ချစ်ရှာပါတယ်။"
"အမေသားပြန်ရောက်ပီ "
"သားလေရယ်ဒီအရက်တွေသောက်လာပြန်ပီလား"
"အမေကလဲသားကနည်းနည်ပဲသောက်တာပါ ဒီမှာအမေ့အတွက်ခေါက်ဆွဲကြော်ဝယ်လာတယ် မနက်ကကုန်ထမ်းလိုရတာနဲ့ဝယ်လာနော် အမေအားရပါးရစားနော် သားကတော့ အမေကိုရှိခိုးပီအိပ်တော့မယိ"
ဒါကတော့သက်ခိုင်ရဲ့တစ်နေ့အမူအကျင့်ပါပဲ ။
တစ်နေ့မှာတော့သက်ခိုင်အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာ ရောဂီအင်္ကျီနဲ့ ရောဂီပုဆိုကို ကျနစွာဝတ်ဆင်တဲ့ သူနဲ့ရွယ်တူတစ်ယောက်ကိုတွေ့လိုက်ပါတယ် ထူးဆန်းတာက အဲ့လူရဲ့လက်ပေါ်မှာခိုတွေစာကလေးတွေကျီးကန်းတွေနားနေတာပဲ အောက်မှာခဲရပ်ကွပ်ထဲမှာရှိတဲ့ခွေးလေခွေးလွင့်တွေ သက်ခိုက်မျက်လုံးမှားတာလားဆိုပီသေချာပွတ်ကြည့်တော့လဲမမှားဘူး။ခွေးတွေကစည်းကမ်ရှိစာနဲ့ အစာတွေစားနေတာ် ငှက်တွေကျီးကန်းတွေအဲ့လိုပဲ စည်ကမ်ရှိစွာစားနေတာထူးဆန်းပါတယ်။ဒါနဲ့သက်ခိုင်အနားကပ်သွားတော့ ရောဂီဝတ်လူငယ်က ပြုံးပြတယ် ။
"ဟေ့လူ ခင်များ ကဘယ်သူလဲအရင်ကမတွေဖူးပါဘူး ဘာလဲမျက်လှည့်ဆရာလား"သက်ခိုငကမေးတော့လူငယ်ကခေါင်ခါပြလိုက်တယ်။ "ုဒါဆိုဘယ်သူလဲ"မေးတော့ "မင်းကိုလာခေါ်တဲ့သူပေါ့" အဲ့အခါသက်ခိုင်က "ငါကိုဘာလိုလာခေါ်တာလဲ ငါကဘာလိုမင်းခေါ်တဲ့နောက်ကိုလိုက်ရမှာလဲ"
"လူလောကဆိုတာဖြစ်ချင်တာတွေထက် ဖြစ်သင့်တဲ့အရာတွေကိုဦးစားပေးရတယ် မင်ကဒီလိုမူးရူးတဲ့ဘဝနဲ့နေသွားရမှာမဟုတ်ဘူး ၇ရက်သားသမီးတွေကိုကယ်တင်ဖို့ မင်းမှာဇာတာပါလာတယ် အဲ့အတွက်မင်းငါနဲ့လိုက်ခဲ့ရမယ်"လို့လူငယ်ကပြောတယ်။ " ဟာဒီအရူးနဲ့တော့ထက်ပီဟေ့ ေ ငါဘယ်မှမလိုက်ဘူ မင်လိုအရူးပြောတဲ့စကားကိုလဲမယုံဘူး ငါမှာအမေရှိတယ် ငါ့အမေနဲ့ပဲနေမယ် သွားစမ်းပါကွာ"လိုပြောလိုက်တော့ "ကောင်းပီလေ မင်ကိုငါစောင့်နေမယ် အခုတော့အိမ်ပြန်လိုက်အုံးပေါ့ မင်းအမေ မင်းအတွက်ဆိတ်သားဟင်ချက်ထားတယ် ငပိရည်လဲပါတယ် ဘူးသီတို့စရာလဲပါတယ် မင်အရမ်းကြိုက်တဲ့ ဟင်နုနွယ်လေးပါကြော်ထားပေးတယ် အော်ပြောရအုံးမာ် မင်းအမေချက်တဲ့ဟင်တွေကုန်ကျစရိတ်ကိုငါပေးထားတာ ဒါနဲ့ မင်းအရက်သောက်တယ်မဟုတ်လာ"
"ဟာသောက်တာပေါ့ အရက်နဲ့မျက်နှာသစ်တဲ့ကောင်ပဲကို"
"ကောင်းပီလေအဲ့ဆို ဒီအရက်ပုလင်းကိုကုန်အောင်သောက် သောက်နိုင်ရင်တော့ မင်အတွက်နေတိုင်အရက်ဖိုးပေးမယ် မသောက်နိုင်ရင် ငါ့နဲ့လိုက်ခဲ့ရမယ်" အဲ့လိုပြောပီးတော့ လွယ်အိပ်ထဲကနေ အရက်ပုလင်းရယ် ရွှေဒင်္ဂါတွေထုပ်လိုက်တယ်။ သက်ခိုင်က"ရတယ်လေ သက်ခိုင်တဲ့စိန်လိုက်လေ ုဒီအရက် ကျုပ်ကုန်အောင်သောက်ပြမယ် ကုန်ရင်တော့ရွှေဒင်္ဂါတွေပေးရမယ် မကုန်ရင်ချင်များသဘော"။ လူငယ် "ကဲစသောက်လို့ရပီ" သက်ခိုင်လဲအရက်ပုလင်းအဖုန်ကိုဖွင့်လိုက်တယ် ပိးတော့နမ်းလိုက်ပီ"ဟာအရက်မှမဟုတ်တာရေတွေပဲ ဒီကောင်လာနောက်နေတာလား "
"အေးလေရေဆိုတော့လဲရောပေါ့ဗျာ ုဒါပေမယ်ခင်များဒီရေကိုကုန်အောင်သောက်နိုင်ရင်တော့ ကျုပ်တိုဂတိအတိုင်ပေါ့"
သက်ခိုင်လဲပုလင်းထဲကရေကိုမော့ချလိုက်တယ် "ရေမှရေပါဗျာ ဒီကောင်ရူးနေတာလားမသိဘူး" ဒီလိူနဲ့သုံးငုံလောက်သောက်ပီတော့ သက်ခိုင်ခေါင်းထဲရီဝေဝေဖြစ်လာတယ် ငါးငုံမြောက်မှာ ကမ္ဘတစ်ခုလုံးခြာခြာလည်ထွက်သွားတယ် ပုလင်ကတစ်ဝက်မကျိုးသေးဘူး ုဒီလိုနဲ့နောက်တစ်ငုံသာက်လိုက်ချိန်မှာတော့သက်ခိုင်ဘာဆိုဘာမှမသိတော့ပါဘူး
အချိန်ဘယ်လောက်အိပ်ပျော်သွားလဲမသိပါဘူး နိုးလာတော့လမ်းထိပ်က ဘုရားရင်ပြင်ပေါ်ရောက်နေတယ်။ုဒါနဲ့ဘေးကိုကြည့်လိုက်တော့ စောစောကလူငယ်က"ကဲချင်များ ရှုံးသွားပီ ဂတိတည်မယ်လို့ထင်ပါတယ်" သက်ခိုင်လဲအခုမှလူငယ်ကိုသေချာကြဘ့်လိုက်တယ် နှာတံစင်းစင် နှုတ်ခမ်းမွှေးရေး​ရေး နဲ့ယောက​ေပေီသတဲ့လက်ဏ္ခါပါလား။ ခနနေတော့ "ကျုပ်ယောကျာ်ပါ ကျုပ်ပြောတဲ့စကားတည်တယ် ဒါပေမယ်ကျုပ်အမေ့ကိုဘယ်လိုလုပ်မလဲ" "စိတ်မပူပါနဲ့ခင်များအိမ်ကို ကျုပ်လိုက်ခဲ့မှာပါ ခင်များအမေစီကခွင်ပြုချက်တောင်မှာ အခုခင်များသဘောတူတယ်ဆိုတော့ အိမ်သွားကြတာပေါ့" အဲ့ဒါနဲ့အိမ်ရောက်တော့ အမေကိုဖြစ်ကြောင်ကုန်စင်ပြောပြလိုက်တယ် အမေကတော့ ရောဂီဝတ်လူငယ်ကိုမယုံကြည်သေးပါဘူး အဲ့ဒါနဲ့ လူငယ်က"အမေကျန်တော်ကို မယုံကြည်သေးတာသိပါတယ် ကျန်တော်က၇ရက်သားသမီးတွေကို ကယ်တင်နေတဲ့သူတစ်ယောက်ပါ မကောင်းတဲ့အရာမှန်သမျှကျန်တော်မလုပ်ပါဘူး အခုတလော အမေခြေထောက် တစ်ချက်တစ်ချက်ထုံတာကျင်တာဖြစ်တယ်မဟုတ်လား' "ဟယ်သားလေးကဘယ်လိုသိတာလဲ ဟုတ်တယ်အမေ ခြေထောက်ကတစ်ချက်တစ်ချက်အဲ့လိုဖြစ်တတ်တယ်" လူငယ်က"ဒါနဲ့အမေမှာဆီပုလင်းရှိလား ကျန်တော်ကုပေးမယ်" "သက်ခိုင်ဆီပုလင်းယူပေးလိုက်လေ" ဆီပုလင်းရောက်လာတော့ ရောဂီဝတ်လူငယ်ကတစ်စုံတစ်ခုကိုရွတ်ဖတ်ပီ ခြေထောက်ပေါ်ဆီတစ်စက်ချလိုက်ပီ လက်ဖဝါးလေးနဲ့ပွတ်သတ်ပေးတော့

အပိုင်း(၂)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)