အောင်မြတ်သာ နဲ့သက်ခိုင်


"ဘယ်ကောင်မိုက်လဲ မိုက်တဲ့ကောင် ထွက်ခဲ့ သက်ခိုင်တဲ့ တစ်ခိုင်ထဲရှိတယ် ဘယ်ခွေးမှလူမထင်ဘူး"ဒါကတော့ရပ်ကွပ်အော့ကျော်လန် ငမူးသက်ခိုင်ပဲဖြစ်ပါတယ်။မူးလာရင်သွေးဆိုးသလို တစ်ရပ်ကွပ်လုံးအော်ဆဲနေတဲ့ ရပ်ကွပ်ချဥ်ဖတ်တစ်ယောက်ဖြစ်ပါတယ်။အိုကြီးအိုမ မိခင်နဲ့အတူနေတဲ့သက်ခိုင်ကိုတစ်ရပ်ကွပ်လုံးကကြည်ပမဲ့မေအိုရဲ့မျက်နှာကြောင့်ဘာမှမပြောကြပါဘူ။သက်ခိုင်ဆိုတဲ့ကောင်ကလဲ ဘယ်လောက်မူးမူးသူအိမ်ပြန်ရင်သူအမေအတွက်တစ်ခုခုစားဖို့ပါလာတတ်ပါတယ်။ကျန်တဲ့သူကိုသာဆဲဆိုနေပေမယ့် အမေအိုကြီးကိုတော့အတော်ချစ်ရှာပါတယ်။"
"အမေသားပြန်ရောက်ပီ "
"သားလေရယ်ဒီအရက်တွေသောက်လာပြန်ပီလား"
"အမေကလဲသားကနည်းနည်ပဲသောက်တာပါ ဒီမှာအမေ့အတွက်ခေါက်ဆွဲကြော်ဝယ်လာတယ် မနက်ကကုန်ထမ်းလိုရတာနဲ့ဝယ်လာနော် အမေအားရပါးရစားနော် သားကတော့ အမေကိုရှိခိုးပီအိပ်တော့မယိ"
ဒါကတော့သက်ခိုင်ရဲ့တစ်နေ့အမူအကျင့်ပါပဲ ။
တစ်နေ့မှာတော့သက်ခိုင်အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာ ရောဂီအင်္ကျီနဲ့ ရောဂီပုဆိုကို ကျနစွာဝတ်ဆင်တဲ့ သူနဲ့ရွယ်တူတစ်ယောက်ကိုတွေ့လိုက်ပါတယ် ထူးဆန်းတာက အဲ့လူရဲ့လက်ပေါ်မှာခိုတွေစာကလေးတွေကျီးကန်းတွေနားနေတာပဲ အောက်မှာခဲရပ်ကွပ်ထဲမှာရှိတဲ့ခွေးလေခွေးလွင့်တွေ သက်ခိုက်မျက်လုံးမှားတာလားဆိုပီသေချာပွတ်ကြည့်တော့လဲမမှားဘူး။ခွေးတွေကစည်းကမ်ရှိစာနဲ့ အစာတွေစားနေတာ် ငှက်တွေကျီးကန်းတွေအဲ့လိုပဲ စည်ကမ်ရှိစွာစားနေတာထူးဆန်းပါတယ်။ဒါနဲ့သက်ခိုင်အနားကပ်သွားတော့ ရောဂီဝတ်လူငယ်က ပြုံးပြတယ် ။
"ဟေ့လူ ခင်များ ကဘယ်သူလဲအရင်ကမတွေဖူးပါဘူး ဘာလဲမျက်လှည့်ဆရာလား"သက်ခိုငကမေးတော့လူငယ်ကခေါင်ခါပြလိုက်တယ်။ "ုဒါဆိုဘယ်သူလဲ"မေးတော့ "မင်းကိုလာခေါ်တဲ့သူပေါ့" အဲ့အခါသက်ခိုင်က "ငါကိုဘာလိုလာခေါ်တာလဲ ငါကဘာလိုမင်းခေါ်တဲ့နောက်ကိုလိုက်ရမှာလဲ"
"လူလောကဆိုတာဖြစ်ချင်တာတွေထက် ဖြစ်သင့်တဲ့အရာတွေကိုဦးစားပေးရတယ် မင်ကဒီလိုမူးရူးတဲ့ဘဝနဲ့နေသွားရမှာမဟုတ်ဘူး ၇ရက်သားသမီးတွေကိုကယ်တင်ဖို့ မင်းမှာဇာတာပါလာတယ် အဲ့အတွက်မင်းငါနဲ့လိုက်ခဲ့ရမယ်"လို့လူငယ်ကပြောတယ်။ " ဟာဒီအရူးနဲ့တော့ထက်ပီဟေ့ ေ ငါဘယ်မှမလိုက်ဘူ မင်လိုအရူးပြောတဲ့စကားကိုလဲမယုံဘူး ငါမှာအမေရှိတယ် ငါ့အမေနဲ့ပဲနေမယ် သွားစမ်းပါကွာ"လိုပြောလိုက်တော့ "ကောင်းပီလေ မင်ကိုငါစောင့်နေမယ် အခုတော့အိမ်ပြန်လိုက်အုံးပေါ့ မင်းအမေ မင်းအတွက်ဆိတ်သားဟင်ချက်ထားတယ် ငပိရည်လဲပါတယ် ဘူးသီတို့စရာလဲပါတယ် မင်အရမ်းကြိုက်တဲ့ ဟင်နုနွယ်လေးပါကြော်ထားပေးတယ် အော်ပြောရအုံးမာ် မင်းအမေချက်တဲ့ဟင်တွေကုန်ကျစရိတ်ကိုငါပေးထားတာ ဒါနဲ့ မင်းအရက်သောက်တယ်မဟုတ်လာ"
"ဟာသောက်တာပေါ့ အရက်နဲ့မျက်နှာသစ်တဲ့ကောင်ပဲကို"
"ကောင်းပီလေအဲ့ဆို ဒီအရက်ပုလင်းကိုကုန်အောင်သောက် သောက်နိုင်ရင်တော့ မင်အတွက်နေတိုင်အရက်ဖိုးပေးမယ် မသောက်နိုင်ရင် ငါ့နဲ့လိုက်ခဲ့ရမယ်" အဲ့လိုပြောပီးတော့ လွယ်အိပ်ထဲကနေ အရက်ပုလင်းရယ် ရွှေဒင်္ဂါတွေထုပ်လိုက်တယ်။ သက်ခိုင်က"ရတယ်လေ သက်ခိုင်တဲ့စိန်လိုက်လေ ုဒီအရက် ကျုပ်ကုန်အောင်သောက်ပြမယ် ကုန်ရင်တော့ရွှေဒင်္ဂါတွေပေးရမယ် မကုန်ရင်ချင်များသဘော"။ လူငယ် "ကဲစသောက်လို့ရပီ" သက်ခိုင်လဲအရက်ပုလင်းအဖုန်ကိုဖွင့်လိုက်တယ် ပိးတော့နမ်းလိုက်ပီ"ဟာအရက်မှမဟုတ်တာရေတွေပဲ ဒီကောင်လာနောက်နေတာလား "
"အေးလေရေဆိုတော့လဲရောပေါ့ဗျာ ုဒါပေမယ်ခင်များဒီရေကိုကုန်အောင်သောက်နိုင်ရင်တော့ ကျုပ်တိုဂတိအတိုင်ပေါ့"
သက်ခိုင်လဲပုလင်းထဲကရေကိုမော့ချလိုက်တယ် "ရေမှရေပါဗျာ ဒီကောင်ရူးနေတာလားမသိဘူး" ဒီလိူနဲ့သုံးငုံလောက်သောက်ပီတော့ သက်ခိုင်ခေါင်းထဲရီဝေဝေဖြစ်လာတယ် ငါးငုံမြောက်မှာ ကမ္ဘတစ်ခုလုံးခြာခြာလည်ထွက်သွားတယ် ပုလင်ကတစ်ဝက်မကျိုးသေးဘူး ုဒီလိုနဲ့နောက်တစ်ငုံသာက်လိုက်ချိန်မှာတော့သက်ခိုင်ဘာဆိုဘာမှမသိတော့ပါဘူး
အချိန်ဘယ်လောက်အိပ်ပျော်သွားလဲမသိပါဘူး နိုးလာတော့လမ်းထိပ်က ဘုရားရင်ပြင်ပေါ်ရောက်နေတယ်။ုဒါနဲ့ဘေးကိုကြည့်လိုက်တော့ စောစောကလူငယ်က"ကဲချင်များ ရှုံးသွားပီ ဂတိတည်မယ်လို့ထင်ပါတယ်" သက်ခိုင်လဲအခုမှလူငယ်ကိုသေချာကြဘ့်လိုက်တယ် နှာတံစင်းစင် နှုတ်ခမ်းမွှေးရေးရေး နဲ့ယောကေပေီသတဲ့လက်ဏ္ခါပါလား။ ခနနေတော့ "ကျုပ်ယောကျာ်ပါ ကျုပ်ပြောတဲ့စကားတည်တယ် ဒါပေမယ်ကျုပ်အမေ့ကိုဘယ်လိုလုပ်မလဲ" "စိတ်မပူပါနဲ့ခင်များအိမ်ကို ကျုပ်လိုက်ခဲ့မှာပါ ခင်များအမေစီကခွင်ပြုချက်တောင်မှာ အခုခင်များသဘောတူတယ်ဆိုတော့ အိမ်သွားကြတာပေါ့" အဲ့ဒါနဲ့အိမ်ရောက်တော့ အမေကိုဖြစ်ကြောင်ကုန်စင်ပြောပြလိုက်တယ် အမေကတော့ ရောဂီဝတ်လူငယ်ကိုမယုံကြည်သေးပါဘူး အဲ့ဒါနဲ့ လူငယ်က"အမေကျန်တော်ကို မယုံကြည်သေးတာသိပါတယ် ကျန်တော်က၇ရက်သားသမီးတွေကို ကယ်တင်နေတဲ့သူတစ်ယောက်ပါ မကောင်းတဲ့အရာမှန်သမျှကျန်တော်မလုပ်ပါဘူး အခုတလော အမေခြေထောက် တစ်ချက်တစ်ချက်ထုံတာကျင်တာဖြစ်တယ်မဟုတ်လား' "ဟယ်သားလေးကဘယ်လိုသိတာလဲ ဟုတ်တယ်အမေ ခြေထောက်ကတစ်ချက်တစ်ချက်အဲ့လိုဖြစ်တတ်တယ်" လူငယ်က"ဒါနဲ့အမေမှာဆီပုလင်းရှိလား ကျန်တော်ကုပေးမယ်" "သက်ခိုင်ဆီပုလင်းယူပေးလိုက်လေ" ဆီပုလင်းရောက်လာတော့ ရောဂီဝတ်လူငယ်ကတစ်စုံတစ်ခုကိုရွတ်ဖတ်ပီ ခြေထောက်ပေါ်ဆီတစ်စက်ချလိုက်ပီ လက်ဖဝါးလေးနဲ့ပွတ်သတ်ပေးတော့ ခြေထောက်တစ်ခုလုံးပေါ့ပါးထုံတာကျင်တာမဖြစ်တော့ဘူး။လူငယ်က"အမေဒီဆီပုလင်ကိုသိမ်းထား ဖျားတာနာတာ ကိုက်ခဲတာဖြစ်ရင်ဒီဆီကိုလူးပေးပါ အမေဘာမှမဖြစ်စေရဘူး ဝဠ်နာကံနာကလွဲပီ အကုန်ပျောက်ပါတယ် အခုတော့အမေသားကိုကျန်တော်ခေါ်သွားမယ်နောိ အမေ့ခွင့်ပြုပေးပါ နောက်၃နှစ်နေရင် ကျန်တော်ပြန်လာပို့ပေးပါ့မယ့် ပြန်လာတဲ့အချိန်အမေသာကလူစွမ်းကောင်းတစ်ယောက်ဖြစ်နေမှာကိုအမေမြင်ရမှာပါ အခုတော့ကျန်တော်တို့သွားပီနော်"လိုပြောပီးတော့ အမေ့ခြေဖဝါကိုကတော့ပီ လူငယ်လေနဲ့ပါသွားတဲ့သားဖြစ်သူကျော်ပြင်ကိုကြည့်ရင်ပြုံးလိုက်မိတယ်။
သက်ခိုင်လဲလူငယ်ခေါ်တဲ့နောက်ကိုလိုက်သွားရင်နဲ့ ကားတတန် ရထာတတန် နဲ့ဘယ်သွားလို့သွားမှန်းမသိအောင်လိုက်ခဲ့မိတယ်။သက်ခိုင်အတွက်ရှုံးလိုသာလိုက်ခဲ့ရတာ ရောဂီဝတ်လူငယ် နာမည်ဘယ်လိုခေါ် ေလဲ ဘာတွေလုပ်လဲ ဘယ်မှာနေလဲဆိုတာအခုထိမသိသေးဘူး။ဗိုက်ဆာရင်တွေတဲ့ဆိုင်ဝင်စာပီ ကျသင့်ငွေကို ဘာမှမရှိတဲ့အိပ်ကပ်ထဲကနေနှိုက်ပီးပေးနေတယ် ထူးဆန်းတာကဘာမှမရှိပေမယ်နှိုက်လိုက်တိုင်းငွေတွေထွက်ထွက်လာတယ်။သက်ခိုင်တစ်ယောက် အရက်သောက်ချင်တော့ခြေတွေလက်တွေတုန်လာတယ် အဲ့လိုဖြစ်တာမြင်တော့ရောဂီဝတ်လူငယ် လွယ်အိပ်ထဲကနေဆေးမြစ်လေတစ်ခုထုပ်ပေးတယ် ပီးတော့"သက်ခိုင်ဒီဆေးမြစ်ကိုဝါးစာလိုက် ခင်များအရက်ပြတ်သွားလိမ့်မယ်" သက်ခိုင်လဲဘာမှမစဥ်စားပဲဝါးစားလိုက်တယ်။ဆေးမြစ်ကချိုးတဲ့အရသာရှိတယ် စားပီတာနဲ့အရက်သောက်ချင်စိတ်တွေေပျာက်သွားတယ်။အရက်သောက်ချင်စိတ်ဖြစ်တိုင်ဆေးမြစ်တစ်ခုပေးတယ် အဲ့လိုနဲ့သက်ခိုင်အရက်မသောက်ဖြစ်တော့ဘူး။ရောဂီဝတ်လူငယ်ကတော့ညဘက်ဆိုတရားထိုင်တယ် တခါထိုင်ရင်၄နာရီ လောက်ကြာတယ် သက်ခိုင်တရေးနိုးလာတိုင်လူငယ်က တရားထိုင်နေတာကြီပဲ အခုထိတော့သက်ခိုင်ဘာမှထူးထူးခြားခြားမတွေသေးဘူး။
တစ်ရက်မှာတော့လူငယ်လေးရဲ့အစွမ်းကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ် ။ ရွာတစ်ရွာအရောက်မှာတော့ ရွာထိပ်ကညောင်ပင်အောက်မှာခနနားရင်း လူငယ်က"သက်ခိုင်ရော့ ဒီဆေးမြစ်လေးကိုမျက်လုံးမှာကွင်းထားလိုက်"အဲ့လိုပြောပီတော့ဆေး့မစ်အနီလေးတစ်ခုထုပ်ပေးလိုက်တယ် သက်ခိုင်လဲ ဘာမှမမေးတော့ပဲနဲ့ပြောတဲ့အတိုင်လုပ်လိုက်တယ် အဲ့အချိန် "ဒီအပင်ကိုကြည့်စမ်းဘာမြင်လဲ'သက်ခိုင်လဲအပေါ်မော့ကြည့်လိုက်တော့ အပင်ပေါ်မှာဝတ်ဖြူစင်ကြယ်နဲ့အဖိုးတစ်ယောက် မြင်ရတယ် အဲ့အချိန်"ဟိုဘက်သရက်ပင်ကိုကြည့်လိုက်ပါအုံး ဘာမြင်သေးလဲ" သရက်ပင်ကိုကြည့်လိုက်တော့ထွက်မပြေးမိအောင်စိတ်ကိုမနည်းထိန်းလိုက်ရတယ်။သရက်ပင်ပေါွမှာနေရာလတ်မရှိအောင်နေကြတဲ့ဘပရလောကသားတွေ လျှာတွဲလောင်နဲ့ တချိုကအစွယ်ကြီးတွေနဲ့ တချိုကမျက်လုံးနှစ်ခုံးက သပိတ်လောက်ရှိတဲ့နာနာဘဝတွေ။"သက်ခိုင် မင်းကြောက်လား" "ရုတ်တရက်ဆိုတော့လန့်တာပေါ့ဗျ အခုတော့မကြောက်ပါဘူး" သက်ခိုင်လူငယ်လေးရဲ့အစွမ်းကိုနည်နည်ယုံလာတယ်။ခနနေတော့ရွာထဲဝင်ခဲ့လိုက်တယ် ရွာစောင့်နတ်နန်းကနေ ဓားနှစ်ကိုင်ထားတဲ့လူတစ်ယောက်ထွက်လာပြီ ရောဂီဝတ်လူငယ်လေးကိုအရိုအသေးပေးလိုက်တယ်။သက်ခိုင်ယုံတောင်မယုံနိုင်ဘူးဖြစ်သွားတယ် စောစောကဘယ်သူလဲမေးလိုက်တော့ ရွာတော်စောင့်နတ်တဲ့။ရွာစောင့်နတ်ကိချင်များကိုအရိုအသေပေးရတာလားမေးတော့ လူငယ်ကပြုံးနေတယ်။ဒီလိုနဲ့ရွာစောင့်နတ်နဲ့လူငယ်နဲ့စကားပြောပိတော့ ရွာစောင့်နတ်က တစ်စုံတစ်ခုကိုလမ်းညွှန်လိုက်တယ် လူငယ်လဲရွာထဲလျောက်လာရင်အိမ်တစ်အိမ်ရှေ့ရောက်မှာတော့ရပ်လိုက်တယ် ပီတော့အိမ်ရှင်တွေကိုခွင့်တောင်းပီအိမ်ပေါ်တတ်လာလိုက်တယ်။အိမ်ပေါ်ရောက်တော့လူတစ်ယောက်အိပ်ယာထဲလဲနေတာကိုမြင်လိုက်ရတယ် ပါးစပ်လေးဟပီအသက်ကိုမနည်ရှူနေရတာ အဲ့မှာလူနာကိုတစ်ချက်ကြည့်ပီသက်ခိုင်ကိုမေးငေါ့ပြတယ် ဘာတွေ့လဲဆိုတဲ့သဘောပေါ့ ။ကျုပ်လဲလူနာကိုကြည့်လိုက်တာ လူနာဘေးမှာငုတ်တုပ်ထိုင်နေတဲ့ဘီလူးကြီးတစ်ကောင် လူနာရဲ့သွေးတွေကိုဖြေးဖြေးချင်စုပ်နေတာ တော်မလန့်တတ်တဲ့ကျန်တော်တောင်လန့်သွားတယ်။အဲ့အချိန်မှာပဲ ရောဂီဝတ်လူငယ်လေးက ဘုရားစင်ပေါ်ဖယောင်းတိုင်ထွန်းပီးတော့ လူနာကိုလက်ဖဝါးနဲ့သပ်လုက်ရုံနဲ့ လက်နှစ်ချောင်ထောင်ပီ လူနာကဘီလူးခုန်ထခုန်လာတယ် အိမ်မှာရှိတဲ့လူတွေအကုန်လုံးလဲလန့်ကုန်ကြပီထွက်ပြေးတဲ့သူနဲ့အော်တဲ့သူနဲ့ ကျုပ်တောင်မှလူငယ်နားမသိမသာကပ်လိုက်တယ်။ အဲ့အချိန်လူငယ်က ခြေထောက်အောက်ခြေကိုလက်ဖဝါးနဲ့ဖြတ်ရိုက်ချလိုက်တယ် ဒီတော့စောစောကထခုန်တဲ့လူနာက ဒူးထောက်ချလာတယ်ပီးတော့ ငါကိုသေချာကြည့်စမ်းလို့ လူငယ်ကပြောတော့ စောစောကဘီလူးဝင်ပူနေတဲ့သူက ဝမ်းခေါင်းသံကြီနဲ့ ဆရာလေးမှန်းမသိလို့ပါ ဒီလူကကျုပ်ကိုစော်ကားတယ် ကျုပ်နေတဲ့အပင်ကိုခုတ်တယ် အဲ့ကြောင်အခုလိုလုပ်ရတာ ကျုပ်ဖြေးဖြေးချင်သတ်မလို့လုပ်ထားတာ ဆရာလေးရောက်လာလို့မသတ်ရတော့ဘူး။လူငယ်က "ကဲကဲအဖြစ်စုံသိရတော့ဆရာကပဲကြားထဲကနေပီးတော့မှမေတ္တာရပ်ခံပါတယ် အိမ်ရှင်တို့ဘအခုအိမ်မှာဘာချက်ထားလဲ" " ဝက်ခြေထောက်ပြုပ်ထားတာပဲရှိတယ်" လူငယ်က "ကဲဝတ်ခြေထောက်ပြုပ်စားပီပြန်တော့ လူနာကိုလုပ်ထားတာလဲပြန်ယူသွား နောက်တစ်ခါမဖြစ်အောင်ဂတိပေးတယ် နောက်တစ်ခါဆိုခွင့်မလွတ်နဲ့ ဒီစတ်ခါတော့ဆရာမျက်နှာထောက်ပီ ခွင့်လွှတ်လိုက်တော့" ဆိုတော့ သူကခေါင်းငြိမ့်ပြတယ်။ခနနေတော့ပွက်ပွက်ဆူနေတဲ့ဝက်ခြေထောက်ပြုတ်ယူလာတာကို တချိုင့်ထဲသောက်ချက်လိုက်တာဗျာ ဘီလူးစား သရဲစားဆိုတာ ဒါကိုပြောတာဖြ စ်မှာပဲစားလဲပြီရော လူနာပေါ်ခွစီးထားတဲ့ဘီလူးကအိမ်ပေါ် ကနေခုန်ချပီအနောက်ဖက်တောထဲကိုဝင်ပြေသွားတယ် လူနာလဲချက်ချင်သတိရလာတယ် လူနာပေါ်ခွစီးထားတဲ့ဘီလူးကအိမ်ပေါ် ကနေခုန်ချပီအနောက်ဖက်တောထဲကိုဝင်ပြေသွားတယ် လူနာလဲချက်ချင်သတိရလာတယ် လူနာကိုပြောဆိုဆုံးမပီရွာထဲကနေထွက်လာတော့ ကျန်တော်မေးလိုက်တယ်"ဆရာကလူငယ်ပေမယ်ပညာကမငယ်ပါလား ဆရာနာမည်သိချင်လိုပြောပြပါလား"ဆိုတော့ လူငယ်ကပြုံးပြပီးတော့"ကျန်တော်နာမည်ကအောင်မြတ်သာလိုခေါ်တယ်"ပြောပီးတော့ရှေ့ကနေခပ်သုတ်သုတ်လမ်းလျောက်သွားတော့တယ်။


ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)