ဘွားမယ်စိန်နှင့် ပူကင်းရွာဟောင်းမှခင်မမ အပိုင်း(၂)
"ဟိတ်ကောင် ဖိုးကျော်...မင်းကလာရင်းကိစ္စကိုမပြောဘဲ
ဘာတွေစာစီနေတာတုန်းဟ"
ဝင်းမောင်ကပြောလေတော့ ဖိုးကျော်သည် ပြုံးစစဖြင့်...
"အေးပါ...ငါပြောမှာပါကွာ...။ဒီလိုဘွားရေ...
ဟောသည်ကောင်ဝင်းမောင်...ကောင်မလေးတစ်ယောက်နဲ့
ချစ်ကြိုက်မိနေတာဗျ...ခက်တာက ကောင်မလေးက
လူမဟုတ်ဘူးဖြစ်နေတယ်...အဲ့ကိစ္စနဲ့ဒီကောင်ကြီးလည်း
ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်နေရှာလို့
ကျုပ်တို့လည်းဘွားဆီကိုလာခဲ့ရတာပါ"
"အင်း...မောင်ဖိုးကျော်ပြောတာ တယ်ပြီးရှင်းလှသကိုးကွဲ့....
ကဲ...ကဲ...မောင်ဝင်းမောင် မောင်ရင်အဖြစ်ကိုမောင်ရင်သာ
သေချာပြောစမ်းပါကွယ်.........."
ဟု...ဘွားမယ်စိန်ကပြောလေသောအခါ ဝင်းမောင်သည်...
"ဟုတ်ကဲ့ဘွား...ကျုပ်ပြောပြပါ့မယ်....ဒီလိုပါဗျာ........"
********
ဝင်းမောင်သည် ဆေးတောရွာ၌အမိဒေါ်ခင်မြိုင် အဖဦးမောင်ဆွေတို့၏တစ်ဦးတည်းသော သားဖြစ်သည်။
မိဘများမှာ တောသူဌေးများဖြစ်ကြပြီး
တစ်ဦးတည်းသော သား ဝင်းမောင်ကိုအလုပ်မလုပ်စေကြ။
ဝင်းမောင်မှာလည်း ရွာထဲရှိ သူငယ်ချင်းများနှင့်သာအချိန်ဖြုံးတတ်ပေသည်။
ဝင်းမောင်၌အကြိုက်တစ်ခုရှိ၏။
ထိုသည်က အငြိမ့်ပွဲ ဇာတ်ပွဲများကို
အလွန်ခုံမင်နှစ်သက်ခြင်းပင်။
တစ်ရက်မှာတော့ သူငယ်ချင်းများဖြစ်သော ဖိုးကျော်၊အောင်ဒင်တို့နှင့်အတူ ရွာတစ်ရွာသို့ ဇာတ်ပွဲသွားကြည့်လေသည်။
ထိုရွာဘုရားပွဲ၌ ဇာတ်ပွဲပါသည်ဆိုသော သတင်းကြောင့်
မရောက်ဖူးသော်လည်း သူငယ်ချင်းနှစ်ယောက်ကို အဖော်ခေါ်ကာ နွားလှည်းဖြင့် ထွက်လာခဲ့ကြသည်။
"ဖိုးကျော်...မင်း ပူကင်းရွာကို
ရောက်ဖူးတာသေချာတယ်နော်..."
"အဘနဲ့တစ်ခါနှမ်းမျိုးသွားဝယ်တုန်းကရောက်ဖူးတယ်ကွာ...
ငါခေါ်တဲ့အတိုင်းအသာလိုက်ကြစမ်းပါဟ...."
ဖိုးကျော်သည် ပူကင်းရွာသို့ နွားမောင်းလိုက်ပို့လေသည်။
သူတို့ရွာမှထွက်လာသည်က ညနေစောင်းပြီဖြစ်တာကြောင့်
ပူကင်းရွာမရောက်ခင်၌ မိုးပင်ချုပ်စပြုလေပြီ။
နွားလှည်းလေးတရွေ့ရွေ့မောင်းလာရင်း လမ်းခွဲနှစ်ခုကိုရောက်လေသောအခါ ဖိုးကျော်သည် နွားလှည်းကိုရပ်၍
စဥြးစားနေ၏။
"ဖိုးကျော်...ဘာဖြစ်တာလဲ"
ဝင်းမောင်ကမေးလေတော့ ဖိုးကျော်တွေးတွေးစစဖြင့်...
"ဘယ်လမ်းကိုချိုးရမလဲစဥ်းစားနေတာပါကွာ...."
"ဟ...မင်းပြောတော့မှတ်မိတယ်ဆို......"
"အေးလေ...သူပြောတော့သိတယ်တဲ့...ဟုတ်မှလုပ်ကွာ...
တော်နေ... လမ်းမှားကုန်မှ
ငါးပါးမကဆယ်ပါးပါမှောက်နေပါ့မယ်ကွာ........."
"တော်ကြစမ်းကွာ...ငါဒီမှာစဥ်းစားပါရစေဦး"
သူငယ်ချင်းနှစ်ယောက်ကသူ့အားပြောဆိုနေကြသည်မို့
ဖိုးကျော်အော်ဟစ်လိုက်တော့သည်။
ထိုစဥ် မီးတုတ်များဖြင့် သူတို့လှည်းနောက်မှလာသော လူတစ်စုကြောင့် ဖိုးကျော် ဝမ်းသာသွားတော့သည်။
လာသော လူစုမှာလည်းလူခြောက်ယောက်မျှသာရှိပြီး
သူတို့ဘာသာစကားတပြောပြောဖြင့် ဖိုးကျော်တို့လှည်းအနီးရောက်လာသောအခါ ဖိုးကျော်မှ...
"ဗျို့...ဒီကနောင်ကြီးတို့ ပူကင်းရွာကိုဘယ်ကသွားရင် ရောက်လဲဗျ....ကျုပ်တို့ကိုလမ်းညွှန်ပေးပါဦး"
ဟု...မေးလေရာ လူစုထဲမှ မိန်းမပျိုတစ်ယောက်သည်...
"ပူကင်းလား...ကျွန်မတို့လည်းအခုပဲအဲ့ရွာသွားမလို့
လိုက်ခဲ့ကြလေ..."
"ကျုပ်တို့က ဇာတ်ပွဲကြည့်မလို့ဗျ...."
"ဟုတ်လား...ဒါဖြင့်တို့တွေနဲ့တူတာပေါ့...ဟောသည်လမ်းကသွားနှင့်အဒေါ်တို့လိုက်ခဲ့မယ်အနောက်က......"
လူစုထဲမှမိန်းမကြီးတစ်ယောက်ကဝင်ပြောလေသောအခါ
ဖိုးကျော်တို့လည်း ထိုသူတို့အားနှုတ်ဆက်၍ လှည်းမောင်းထွက်လာခဲ့ကြသည်။
ဝင်းမောင်သည်က လှည်းတိုင်၌ထွန်းထားသော မီးတုတ်၏အလင်းဖြင့် ကြည့်မြင်ခဲ့ရသော
အစောပိုင်းက မိန်းမပျိုလေးကိုသာ
လှည့်ကြည့်လှည့်ကြည့်ဖြင့်လိုက်ပါလာလေသည်။
ပူကင်းရွာထဲသို့ရောက်တော့ တိတ်ဆိတ်၍နေ၏။
"ဇာတ်ပွဲရှိတာကောဟုတ်ရဲ့လားကွာ...ရွာကတိတ်လို့ဆိတ်လို့"
"ဟော...ဟိုမှာလူတွေဟ...မီးတွေလည်းလင်းလို့
အဲ့သည်မှာရောက်နေကြတာနေမှာ"
မလှမ်းမကမ်း၌မြင်ရသော
ကွင်းပြင်၌လူများသွားလာနေကြသည်။
မီးများသည်လည်း ဝင်းထိန်၍နေ၏။
သူတို့နွားလှည်းလေးထိုနေရာသို့ရောက်လာလေမှ
ဇာတ်ပွဲခင်းဖြစ်နေတာကို
အားလုံးတွေ့လိုက်ရတော့သည်။
မုန့်သည်...စျေးသည်...တို့နှင့်စျေးဝယ်တို့များပြားစွာရှိနေ၏။
ဝင်းမောင်တို့သုံးဦးသည်လည်း နွားလှည်းအား မန်ကျည်းပင် အောက်၌ လှည်းချွတ်၍ နွားများကို မန်ကျည်းပင်၌သာ
ချည်နှောင်ထားခဲ့လိုက်တော့သည်။
ပွဲစျေးတန်း၌ ဟိုလျောက်ဒီလျောက်ကြည့်ရင်း ဝင်းမောင်တစ်ယောက် အစောပိုင်းက မိန်းမပျိုလေးအား ရှာဖွေနေလေသည်။
ထိုသို့ရှာဖွေရင်း တစ်နေရာအရောက်၌ မိန်းမပျိုလေးအား
တစ်ဦးထဲစျေးဝယ်နေသည်ကိုတွေ့လိုက်ရသောအခါ
ဝင်းမောင်သူငယ်ချင်းများကို အချက်ပြ၍ ထားခဲ့လိုက်တော့သည်။
မိန်းမပျိုအနီးရောက်လေသောအခါ...
"ညီမ...မုန့်ဝယ်နေတာလား........"
"သြော်...အစ်ကိုပဲ...ဟုတ်ပါ့ မုန့်လာဝယ်နေတာ"
"အစောကလူတွေက
ညီမတို့မိသားစုလား...
ပွဲကြည့်ဖို့နေရာကောရကြပြီလား"
"အစောက ကျွန်မမိဘများနဲ့မောင်နှမတွေပါ...။
ပွဲကြည့်ဖို့ နေရာဦးထားပြီးပြီလေ...ဒါနဲ့ အစ်ကိုတို့ကော နေရာရထားပြီးပြီလား...မရရင်ကျုပ်တို့နဲ့လာကြည့်ကြလေ...
ကျုပ်တို့နေရာကအများကြီးပိုသေးတယ်"
မိန်းမပျို၏စကားကြောင့်ဝင်းမောင်ဝမ်းသာသွားရသည်။
"ဒါဖြင့်အစ်ကို့သူငယ်ချင်းတွေခေါ်လိုက်ဦးမယ်နော်..."
"ခေါ်လေ...ကျုပ်စောင့်နေပါ့မယ်......"

အပိုင်း (၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment