ဘွားမယ်စိန်နှင့် ပူကင်းရွာဟောင်းမှခင်မမ အပိုင်း(၄) ဇာတ်သိမ်းပိုင်း
"ကျုပ်အဖြစ်ကအဲ့လိုပါဘွားရယ်...ကျုပ်အဲ့ဇာတ်ပွဲကအပြန်
နောက်ရက်ညကျတော့ ခင်မမကျုပ်အိမ်မက်ထဲလာရှာတယ်...
ကျုပ်နဲ့သူနဲ့ဘဝမတူပေမယ့် ကျုပ်ကိုချစ်ခင်ကြောင်းတွေတသီကြီးလာလာပြောတယ်....ကျုပ်ကလည်း အရင်လူလူချင်းထင်လို့ အချစ်ကြီးချစ်မိပေမယ့် ဘဝခြားတော့ ကျုပ်စိတ်ထဲ
မဝံ့မရဲဖြစ်နေမိတာပေါ့...သူကလည်း
ကျုပ်အိမ်မက်ထဲညတိုင်းမဟုတ်တောင်
သုံးရက်ခြားတစ်ခါလောက်လာလာနေတယ်ဗျာ"
ဝင်းမောင်ပြောပြသောအကြောင်းအရာများကိုဘွားမယ်စိန်နားထောင်ပြီးလေ၍...
"အင်း...မောင်ရင်တို့ကကျတ်သရဲတွေရဲ့နေရာကိုရောက်သွားကြတာပဲလေ...အခုကမောင်ရင်ဆီအိမ်မက်ပေးနေတဲ့
ခင်မမကိုဘွားကိုဘာလုပ်စေချင်တာလဲ"
"သူ့...သူ့ကိုဘာမှမလုပ်စေချင်ပါဘူးဘွား....။
ကျုပ်အခုလာရတာက သူ့ကိုအဲ့လိုဘဝဆိုးကလွတ်အောင်လုပ်ပေးချင်တာပါ...ဒါကြောင့်ဘွားဆီလာပြီးမေးမြန်းတာပါ......"
"ဒါဆိုရင်တော့...မောင်ရင်လုပ်ရမှာကတစ်ခုပဲ...
ကိုယ်တိုင်လည်း ဘုရား....တရား...သံဃာကိုမမေ့နဲ့
သရဏဂုံ သုံးပါးကိုရွတ်ဆိုပွားများ...
နောက်တစ်ခု...ခင်မမတို့ကိုလည်းအမျှဝေပေး...
ဒီထက်ထူးချင်ရင်တော့ အလှူအတန်းတွေလုပ်
သူတို့နာမည်လေးတွေခေါ် အမျှဝေ...အဲ့လိုဆိုရင်
မောင်ရင့်ဆန္ဒတွေပြည့်ဝမှာပါ......."
"ဟုတ်ကဲ့ဘွား...ကျေးဇူးပါဗျာ...ကျုပ်ဘွားပြောသလို
လုပ်ပါ့မယ်...သူသာဒီဘဝဆိုးကလွတ်ရင်ကျုပ်ကျေနပ်ပါပြီဗျာ...ကျေနပ်ပါပြီ................"
ထိုသို့ဖြင့်ဝင်းမောင်တို့သည် ဘွားမယ်စိန်ကို
ကန်တော့ပြီးနောက်
သူတို့၏ရွာဆီသို့ပြန်သွားကြတော့သည်။
မပြန်ခင် ဖိုးကျော်တစ်ယောက်ဘွားမယ်စိန်အနီး၌တိုးကပ်၍...
"ကျုပ်သူငယ်ချင်းကြီးတော့ ဒီတစ်သက်မိန်းမယူမယ်မထင်တော့ဘူးဗျာ...သူ့ခမျာလည်း ခင်မမကိုအတော်ချစ်ရှာတာဗျ...."
ဟုပြောခဲ့လေသည်။
ထိုသို့ဖြင့်ဝင်းမောင်တစ်ယောက်ဘွားမယ်စိန်၏အိမ်သို့
ထပ်မံရောက်မလာတော့ပေ။
ပြီးပါပြီ။

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment