ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၂)



အောင်ဘုအမေအရီးစိန်ကတော့မနက်စာအစာပြေ

တောင်အဆင်သင့်လုပ်ထားပြီဗျ။ ကျုပ်လည်းမျက်နှာ

သစ်ပြီကိုအောင်ဘုနဲ့အစာပြေစားလိုက်တယ်ဗျ။စား

သောက်ပြီးတာနဲ့ ဆေးပေါ့လိပ်လေးထိုင်ဖွာပြီး ညက

အကြောင်းတွေပြန်ပြောနေကျတာပေါ့ဗျာ။

   '' ဗျို့ကိုအောင်ဘုရေ ထူးခြားမှုတော့စပြီဗျ ''

ဆိုပြီးခြံဝကနေရွာမြောက်ပိုင်းကိုဗျောကအော်ပြောတာ

ဗျ။ကိုအောင်ဘုက

  '' ကိုဗျောလာလေဗျာ ဘယလိုထူးခြားတာလည်းဗျ''

ဆိုပြီးမေးလိုက်တယ်ဗျ။ကိုဗျောက

  '' ဒီလိုဗျ ဒီမနက်ကပဲဒေါ်ညိုနဲ့ဦးပေါ်ကြီးတို့ဆုံး

သွားပြီဗျ အခုနတင်ပဲရွာနောက်ပိုင်းကဒေါ်တုတ်ကြီး

ဆုံးသွားပါကောလားဗျာ ''

ဆိုပြီးပြောပြောဆိုဆိုနဲ့အကြမ်းရည်ငှဲ့သောက်လိုက်

တယ်ဗျ။ဒါနဲ့ကျုပ်လည်းနည်းနည်းမရှင်းတာနဲ့

'' ကိုအောင်ဘုခွေးနက်ကြီးကအိမ်  ၇ အိမ်ပဲဝင်တာ

မဟုတ်လားဗျ ''  ဆိုပြီးမေးလိုက်တော့

'' ဟာဟုတ်တယ်တာတေပြောမှသတိထားမိတယ်

ခွေးနက်ကြီးကအိမ် ၇ အိမ်ပဲဝင်တာဗျ'' ဆိုပြီးပြောတာဗျ။

ဒါနဲ့ကျုပ်က  

              ''' ဒါဆိုသေချာတယ်ဗျ ခွေးကြီးအိမ် ၇ အိမ်ပဲ

ဝင်တာဆိုတော့ဒါအောက်လမ်းပညာနဲ့အိမ်ခုနှစ်စဉ်တိုက်

တာဗျ အဲ့အိမ်ကလူတွေသေမှ ရပ်သွားလိမ့်မယ် ''

လိုပြောလိုက်တော့ ကိုအောင်ဘုက

   '' ဟာ ဒုက္ခပါပဲနောက်ထပ်လူတွေထပ်သေရဦးမှာပဲ

ဘယ်လိုကြောင့်ဖြစ်တာလည်းမသိဘူးဗျာ '' ဆိုပြီး

ညည်းတော့တယ်ဗျ။ကျုပ်က

  '' စိတ်မပူပါနဲ့ကိုအောင်ဘု ဒီညနေတော့ အကြောင်းစုံ

သိရတော့မှာပါ ဒီရွာကနတ်ဝင်သည်တစ်ယောက်ခေါ်

ထားလိုက်ဗျာ ပြီးတော့ဆန်တစ်ပြည်ချက်နဲ့အမဲသား

တစ်ပိဿာချက်ထားလိုက်ဗျာ ''

'' ဒါတော့မပူနဲ့နတ်ဝင်သည်ဆိုရင် ကျုပ်အရီးဒေါ်စံမှီ

ရှိတယ်ဗျ ''

ကျုပ်လည်းမြန်မြန် စီစဉ်မှဖြစ်မှာဗျ။ မတော်ထပ်ပြီး သေ

ဆုံးမှုတွေဖြစ်နေဦးမှဗျ။

    ''ဟူး နောက်ထပ်မဖြစ်ပါစေနဲ့တော ''့လို့ပဲဆုတောင်း

လိုက်ရတယ်ဗျာ။

ညနေရောက်တော့ကိုအောင်ဘု ဒေါ်စံမှီ ကျုပ် တို့သုံး

ယောက်သားဆရာမနိုင်သင်္ချိုင်းကုန်းကိုထွက်လာခဲ့

တယ်ဗျ။ ကိုအောင်ဘုထမင်းတောင်းထမ်းလို့ပေါ့ဗျာ။

သင်္ချိုင်းကုန်းထဲရောက်တာနဲ့ အုတ်ဂူခပ်ကြီးကြီး

တစ်လုံးပေါ်မှာ ငှက်ပျောဖက်ခင်းပြီးထမင်းတွေကိုထဲ့

ထားလိုက်တယ်ဗျ။ဒေါ်စံမှီကတော့ဆံပင်တွေဖွထားပြီး

လက်အုပ်ချီလေးနဲ့ထိုင်နေတာဗျ။ကျုပ်လည်းအချိန်ဆွဲ

မနေတော့ဘဲမဖဲဝါကိုပင့်ဖိတ်လိုက်တာပေါ့ဗျာ။

'' သချိင်္ုင်းတို့ရဲ့အရှင်မ မဖဲဝါကျုပ်တာတေအရှင်မကို

ပင့်ဖိတ်ပါတယ် ရောက်ရာအရပ်ကနေအမြန်ဆုံးကြွ

ခဲ့ပါ '' ဆိုပြီး သုံးလေးခါ အော်လိုက်တော့တောစပ်

ကနေခွေအူသံကြီးကိုကြားလိုက်ရတယ်ဗျ။

         ''' အူးး အူးးဝူးးဝူး ဝူးး  ''

ဒါမဖဲဝါရဲ့ခွေးနက်သံကြီးဗျ။ကျုပ်သိတာပေါ့။မကြာပါဘူး

၁၀ ပေလောက်ရှည်တဲ့အရပ်ကြီးနဲ့ ကျုပ်ရှိရာကိုမဖဲဝါ

လာနေတာဗျ။တော်တော်မြန်တယ်။ညနေတည်းကမျက်

ကွင်းဆေးကွင်းခဲ့တာဆိုတော့မြင်နေရတာပေါ့ဗျာ။

ဟောကြည့်နေရင်းနဲ့ဒေါ်စံမှီကနုယ်ထဲ မဖဲဝါဝင်သွား

တယ်ဗျ။

                '' အီးးး ဟီးဟီး'' ဆိုတဲ့ညည်းသံကြီးထွက်

လာပြီးဒေါ်စံမှီရဲ့လက်တွေ ကွးကောက်သွားတယ်ဗျ။

ထမင်းတွေဟင်းတွေချထားတဲ့ အုတ်ဂူပေါ်လွှာခနဲ

ခုန်တက်ပီးအားရပါးရစားတော့တာပဲဗျာ။စားနေရင်းနဲ့

ကျုပ်ကိုမျက်တောင့်နီကြီးနဲ့ကြည့်လို့ဗျ။ကိုအောင်ဘု

ကတော့ကြောက်လို့ထင်ပရဲ့ ကျုပ်အနောက်မှာရပ်

နေတာဗျ။

       '' မဖဲဝါ အခုဆရာမနိုင်ရွာမှာဝင်သွားတဲ့ခွေးနက်ကြီး

ကဘယ်လိုဖြစ်တာလည်းဗျ အခုဆိုလူသုံးလေး

ယောက်လောက်သေသွားပြီဗျ '' လို့ပြောလိုက်တော့

မဖဲဝါကလက်တွေကိုရေနဲ့ဆေးလိုက်ပြီးပိုတဲ့ရေကို

သောက်လိုက်တယ်ဗျ။

   ''  ဟဲ့တာတေအဲ့တာသိုက်စောင့်သရဲကြီရဲ့ခွေးဟဲ့

တောထဲမှစေတီဟောင်းတစ်စူရှိတယ် အဲ့ဒီစေတီထဲက

ဌာပနာတွေကိုအခုသေတဲ့လူတွေကသူတို့သဘောနဲ့

သူတို့ရွာဦးကျောင်းမှာစေတီတည်လိုက်တယ်လေဒါကို

မကျေနပ်တဲ့သိုက်စောင့်ကြီးအောက်လမ်းနည်းနဲ့ခုနှစ်

စဉ်တိုက်တာဟဲ့ ''

     '' ဒါဆိုဘယ်လိုလုပ်ရမလည်းဗျ ''

''သံဃာတော်တွေပင့်ပြီး ကမ္မဝါနဲ့ပရိတ်ရွတ်မယ်ဆိုရင်

ရပ်သွားလိမ့်မယ် ဒါပေမဲ့သိုက်စောင့်သရဲကြီးကတော့

နည်းနည်းခက်မယ် ဒါပေမဲ့ငါကူညီမယ်မပူနဲ့ ''

လို့ပြောပြီးထွက်သွားတာဗျ။ကျုပ်လည်းဒေါ်စံမှီကိုဆွဲ

ထူပြီးမနည်းနှာနှပ်လိုက်ရတယ်ဗျ။ပြီးတာနဲ့ရွာထဲပြန်

ဝင်ပြီးချက်ချင်းသံဃာတော်တွေပင့်တော့တာပေါဗျာ။

သံဃာတော်တွေကလည်း ကျန်နေသေးတဲ့လူတွေကို

ကိုအောင်ဘုတို့အိမ်မှာစုဝိုင်းပြီးပရိတ်ရွတ်ဖတ်ကျတာ

ပေါ့ဗျာ။ကျုပ်လည်းခြံထဲကနေ အပြင်ကိုအကဲခတ်နေရ

တယ်ဗျ။ သိပ်မကြာပါဘူးရွာထဲကခွေးတွေရဲ့ အီအီ

ဆိုပြီးအသံတွေကြားလိုက်ရတယ်ဗျ။သူတို့ကြောက်တဲ့

အကောင်တစ်ကောင်ကောင် ဝင်လာလို့ပဲဖြစ်ရမယ်

ဆိုတာကျုပ်သိပြီပေါ့ဗျာ။မကြာပါဘူးခြံရှေ့ကိုတင်ပုတ်

တွေကိုကိုင်ထားတဲ့ဘီးလူသုးံကောင်ရောက်လာတာမြင်

လိုက်တယ်ဗျ။မြင်ရဆိုမျက်ကွင်းဆေးကမဖြတ်သေးကို

ဗျ။ အရပ်က ၁၅ ပေလောက်ရှိမယ်ဗျ။ တစ်ကိုယ်လုံး

အမွေးအမှင်တွေနဲ့ မျက်လုံးကြီးတွေကလည်းဟင်းချို

သောက်ပန်းကန်လောက်ရှိတယ်ဗျ။ရဲတက်နေတာပဲဗျ။

သူတို့နောက်မှာတော့ ပေ ၂၀ လောက်ရှိမဲ့သရဲကြီးတစ်

ကောင်ရပ်နေတာဗျ။ပုံစံကဘီလူးကြီးတွေထပ်တောင်

ိဆိုးသေးဗျ။ထူးခြားတာက သရဲကြီးမှာမျက်စိတစ်ဖက်မပါ

ဘူးဗျ။ကျုပ်ကြည့်နေတုန်းသရဲကြီးက တစ်ခုခုပါးစပ်က

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသားသူ=တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)