စုန်းကိုး မှော်ကိုး ကဝေကိုး အပိုင်း(၄)



အမေ ထည့်ထားတဲ့ ထမင်းကြမ်းပန်းကန်လေးကို ပေါ်ဦးပေါ်ဖျား ဆီးသီး
လေးနဲ့ ချက်ထားတဲ့ အမဲသားဟင်းနဲ့စားတော့တာပေါ့ဗျာ။ ကိုကြီးသိန်း
မောင်လည်း ကျုပ်နဲ့အတူတူ ထမင်းကြမ်းစားသဗျ။ ဘန့်ဘွေးကုန်းနဲ့
ကျုပ်တို့ထနောင်းကုန်းဆိုတာ ဒီလိုပဲ နှစ်ရွာ တစ်ရွာ နေကြတာဗျ။သူ့
အိမ်ကိုယ်စား၊ ကိုယ့်အိမ်သူစားပေါ့ဗျာ။ စားသောက်ပြီးတော့ ကျုပ်က
အနွေးထည်ထပ်ဝတ်ပြီး ဆေးလွယ်အိတ် လွယ်လိုက်တယ်။ ကိုကြီးသိန်း
မောင်နဲ့ ကျုပ်နဲ့ နဂါးဆေးပေါ့လိပ်ကလေး တစ်ယောက်တစ်လိပ်ဖွာပြီး
ထနောင်းကုန်းကနေ ထွက်လာခဲ့ကြတယ်။ ကိုကြီးသိန်းမောင်တို့
ဝိုင်းထဲဝင်တာနဲ့ ဝိုင်းထဲမှာ အမှိုက်လှဲနေတဲ့ ဘိုးညိုက ကျုပ်ကို ရယ်
ပြီး ပြောတယ်။

"ကဲ…အိမ်ပေါ်ကိုသာ တန်းတက်ပေတော့ တာတေရေ၊ အိမ်ပေါ်မှာ ဘိုး
လူပေ မင်းကို စောင့်နေတယ်၊ မင်းရောက်တာနဲ့ ခရီးထွက်မယ်လို့ ပြော
နေတာကွ"

ဘိုးလူပေက တော်တော်အရေးကြီးနေတဲ့ပုံပဲဗျို့။ကျုပ်အိမ်ပေါ်ကို လှေ
ကားကနေ တန်းတက်လာတယ်။ဘုရားစင်ရှေ့မှာ တင်ပလ္လင်ချိတ်ပြီး ထိုင်
နေတဲ့ ဘိုးလူပေက ကျုပ်ကို ပြုံးပြနေတယ်ဗျ။

"မောင်တာတေ ရှိမှရှိပါ့မလားလို့
ကျုပ်မှာ စိုးရိမ်နေတာကွဲ့ "

ဘိုးလူပေကတော့ ဘယ်အခါပဲ ပြန်တွေ့၊ ပြန်တွေ့ ဒီအရွယ်ပဲဗျ။သျှောင်
တစောင်းနဲ့ ပုဝါလေးပေါင်းလို့ပဲ။ဒါပေမဲ့ ကျုပ်စိတ်ထင်တော့ ဘိုးလူပေရဲ့
မျက်လုံးတွေက အရောင်တွေ ပိုတောက်လာသလိုပဲဗျ။

'မဖဲဝါနေတဲ့ကျွန်း'မှာ ဘိုးလူပေ မီးထုံကူးတာ ကျုပ်ရေးခဲ့ဖူးတယ်လေဗျာ။

"ရှိပါတယ် ဆရာကြီးရဲ့၊ ကျုပ်ကဘယ်မှ သွားတာလာတာ မရှိပါဘူး"

"အေး …အေး၊ ဟန်ကျပြီပေါ့ကွယ်၊မောင်တာတေရေ ကျုပ်တို့ ဆရာ
တပည့် ခရီးထွက်ကြရလိမ့်မကွဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ်မိဘတွေကို တစ်ခါတည်း ခွင့်တောင်းပြီး ထွက်
ခဲ့တာပါ၊ ကျုပ်ဘက်ကတော့ သွားဖို့
အဆင်သင့်ပါပဲဗျာ"

"အို ဒါဆိုရင်တော့ အခုပဲ ခရီးထွက်ကြတာပေါ့ကွယ်၊ ကိုညိုရေ၊မင်းစီစဉ်
ထားတဲ့ လှည်းသမား ခေါ်တော့ဟေ့"

"ဆရာကြီးက မနက်ထမင်းစားပြီးမှသွားရောပေါ့ရှင့်၊ ကျမတို့က ထမင်း
ကျွေးချင်နေကြတာ"

ဘိုးညိုရဲ့ သမီးအကြီးက ဘိုးလူပေကို ဧည့်ဝတ်ပြုစကားပြောတာဗျ။

"နောက်တစ်ခါရောက်မှ စားမယ်ကွာ၊ခုတော့ သွားရမယ့်ခရီးက လှမ်းနေ
သေးတော့ ချက်ချင်းထွက်မှ ဖြစ်မှာမို့ပါကွယ်"

သိပ်မကြာဘူးဗျ။ ဝိုင်းရှေ့မှာ လှည်းတစ်စီး ရပ်လိုက်တယ်။ လှည်းဆွဲတဲ့
နွားကြီးတွေက ထွားထွားကြီးတွေဗျာ။နှစ်ကောင်လုံး နွားညိုတွေချည်းပဲဗျ။
လှည်းမောင်းတဲ့လူကို ကျုပ်လှမ်းကြည့်တော့ ကိုလှထိန်ကြီးဗျ။

သူ့ညီလှစိန် ဆိုတာက ကျုပ်နဲ့ သူငယ်ချင်းဗျ။ လွှတ်ခင်တဲ့ကောင်။
ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲမှာ ဒီကောင်နဲ့ ကျုပ်က တာဝန်
တွေ တွဲတွဲယူရတာများတယ်။

ပြတင်းပေါက်ကနေ ကျုပ် လှမ်းကြည့်လိုက်တာကို ကိုလှထိန်ကြီးက မြင်
တယ်ဗျ။

"ဟေ့ကောင် တာတေ၊ ချောင်းကြည့်မနေနဲ့ လာခဲ့၊ မင်းနဲ့ မတွေ့တာကို
ကြာပေါ့"

ကျုပ်ပြောဆိုနေတုန်း ရှိသေးတယ်။ဘိုးလူပေက လှေကားက ဆင်းနေပြီ
ဗျ။ ဘိုးလူပေကတော့ ဒီအတိုင်းပဲဗျ။လွှတ်စိတ်မြန်တဲ့ ဘိုးတော်ဗျို့။သွား
မယ်ဆိုတာနဲ့ လမ်းပေါ်ရောက်နေရောဗျ။ကျုပ်လည်း ဆေးလွယ်အိတ်
ကို စလွယ်သိုင်းလွယ်ပြီး ဘိုးလူပေနောက်က ပြေးလိုက်ရတော့တာပေါ့
ဗျာ။ကိုသိန်းမောင်နဲ့ ဘိုးညိုက ကျုပ်တို့ကိုလှည်းနားအထိ လိုက်ပို့ကြတယ်။
ခုချိန်အထိ ဘိုးလူပေကဘယ်ကို သွားမှာမှန်း ကျုပ်မသိဘူးဗျ။ စွတ်သာလိုက်
လာတာ။

"လှထိန်၊ မင်း လှည်းကို မြောက်ကထွက်ရမှာ၊ ယင်းချောင်းမရောက်ခင်
ခပ်သွက်သွက်သာမောင်း၊ယင်းချောင်းကျော်သွားရင် ထီးဂလိုင်က ဘာမှမ
ဝေးတော့ဘူး၊ဆရာကြီးကို ထီးဂလိုင်မှာ ထားခဲ့ပြီး ချက်ချင်းပြန်မောင်းခဲ့၊ဒါ
မှ ရွာကို အချိန်ကောင်းပြန်ရောက်မှာ"

"ဟုတ်ကဲ့ ဘိုးညို"

ကိုကြီးလှထိန်က ဘိုးညိုပြောတာကိုခေါင်းညိတ်ပြပြီး ပြောတယ်။ဒီတော့မှ
ကျုပ်တို့သွားမှာ ထီးဂလိုင်ဆိုတာ သိရတော့တာဗျို့။ကိုလှထိန်ရဲ့လှည်းက
ရွာမြောက်ဘက်တံခါးက ထွက်တယ်။တကယ်တော့ တောင်ချွန်း၊ ထီးဂလိုင်
တို့ဆိုတာ သိပ်ဝေးတာမဟုတ်ဘူးဗျ။ယင်းချောင်း ဖြတ်ကူးနေရလို့သာ
ခရီးထောက်တာဗျ။

တောင်ကျရေ ရှိတဲ့အချိန်ဆိုရင် ဒီယင်းချောင်းကြီးကျရေနဲ့ ပါသွားခဲ့ဖူးတယ်
လေဗျာ။ခင်ဗျား မှတ်မိသေးလားတော့မသိဘူး။ 'တစ္ဆေကြီးနေတဲ့အိမ်'ဝတ္ထုမှာ
ကျုပ်ရေးပြဖူးပါတယ်။ ဘန့်ဘွေးကုန်းက ထွက်လာပြီး နာရီဝက်လောက် မ
နားတမ်း မောင်းလိုက်တော့ ထိန်ကုန်းကို ရောက်ရောဗျ။ လှည်းလမ်းက ရွာ
ပြင်က ပတ်သွားတာဆိုတော့ ရွာထဲမရောက်ဘူးပေါ့ဗျာ။ မရောက်တာပဲ
ကောင်းပါတယ်။ထိန်ကုန်းမှာကလည်းကျုပ်အသိတွေ များသားဗျ။

ဟို့လူနှုတ်ဆက်၊ ဒီလူနှုတ်ဆက်နဲ့ကြာနေရင် ဘိုးလူပေကလည်း စိတ်
မြန်မြန်နဲ့ဆိုတော့ ကြိုက်မှာ မဟုတ်ဘူးဗျ။ ထိန်ကုန်းကျော်လာတော့မှ
ဘိုးလူပေက ကျုပ်ကို ပြောတာဗျ။

"မောင်တာတေကို အခုသွားမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့ အနည်းအကျဉ်းတော့ပြောထားရဦးမယ်ကွဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"မောင်တာတေ၊ ကြောင်တစ်ရာဗိုလ်အစီအရင်ဆိုတာ ကြားဖူးသလားကွဲ့"

"ဗျာ၊ ကြောင်တစ်ရာဗိုလ် ဟုတ်လား
ဆရာကြီး"

"အေးလကွယ်၊ မောင်တာတေ မကြား
ဘူးသေးရင် ကျုပ်က ပြောပြမလို့ပါ"

အပိုင်း(၅)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)