တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၂)
"အေးလေ ၊ ဒီကောင်ငထွန်းက သူ့အိမ်မှာကိုကြီးကျော်ကို အရက်ပုလင်း အမြဲဆက်ထားတကွ၊ကြက်ဝိုင်းရှိလို့ ကြက်တိုက်သွားတော့မယ်ဆိုရင်
အရက်ပုလင်းကို စွန့်လိုက်ပြီးတော့ ခွက်ကလေး
တစ်လုံးထဲကို နည်းနည်းငှဲ့လိုက်တယ်၊ပြီးရင် သူ့ကြက်ကို ကိုကြီးကျော်ရဲ့ အရက်သောက်ခိုင်းရောဟေ့၊တစ်ခါ တစ်ခါတော့လည်း သူ့ကြက်ကသောက်တယ်ကွ၊ တစ်ခါ တစ်ခါတော့လည်းမသောက်ဘူး၊ ငထွန်းမှာက သင်္ကေတရှိတယ်၊သူ့ကြက်၊ ကိုကြီးကျော် အရက်သောက်လိုက်ပြီဆိုရင်
အဲဒီနေ့ ကြက်နိုင်ပြီသာ မှတ်ပေတော့ ။တိုက်သလောက်ကို နိုင်တာတဲ့ဟေ့၊ကြက်က အရက်မသောက်တဲ့နေ့ဆိုရင် နိုင်ဖို့ မသေချာဘူးဆိုပဲ"
"ဟာ ဟုတ်လား၊ တယ်လည်း ထူးပါလားဗျ"
"အေးကွ၊ ပြောရဦးမယ်၊ တစ်ရက်ကျတော့သူက ကြက်ဝိုင်းကို အရင်သွားနှင့်တယ်။သူ့တပည့် မောင်လေးဆိုတဲ့ ကောင်ကို ငထွန်းက မှာခဲ့တယ်၊ ကြက်ကို နှိပ်ပြုဆုပ်နယ်ပေးပြီးရင်ကိုကြီးကျော်အရက် သောက်ခိုင်းလိုက်လို့မှာခဲ့တယ်။ ကြက်ဝိုင်းရောက်တော့ ငထွန်းက သူ့တပည့် မောင်လေးကို မေးသတဲ့။
"မောင်လေး ဒီကောင် အရက်သောက်သလား"
"ဟာ သောက်တယ် ကိုထွန်း ၊သောက်တယ် "
လို့ ပြောတော့ ငထွန်းက ဝမ်းသာသွားတာပေါ့ကွာ။
ဒီနေ့တော့ သေချာပေါက် နိုင်ပြီပေါ့။ ဒါနဲ့ ပါသမျှ
ပိုက်ဆံကို ပုံပြီးလောင်းလိုက်တဲ့ဟေ့။
"ဟာ နိုင်ရောပေါ့"
"ဘယ်က နိုင်ရမှာတုံးကွာ"
"ဟင်၊ ဘာဖြစ်လို့တုံး၊သူ့ကြက်က ကိုကြီးကျော်အရက်သောက်တယ်လေ"
"အေး သောက်တော့ သောက်တယ်ကွ၊ခါတိုင်းဆိုရင် ကြက်က တစ်ပေါက်ကောက်ပြီးသောက်ပြီးတာနဲ့ ငထွန်းက ကြက်ကို ကောက်ယူသွားတော့တာ၊
အခု သူ့တပည် မောင်လေးကတော့ ဒီအထာကို
မသိဘူးလေကွာ၊ဒီတော့ ကြက်ကို ထားပြီးကြိုက်သလောက် သောက်ခိုင်းတာတဲ့ဟေ့၊ကြက်ကို ကြိုးဝိုင်းထဲလည်း ချလိုက်ရောငထွန်းကြက်ကြီးက အရက်တွေမူးပြီးဒယီးဒယိုင် ဖြစ်နေရောတဲ့ဟေ့၊ ဟိုဘက်ကကြက်ကချည်း သူ့ကို ခွပ်ပစ်တာဆိုပဲ။
ငထွန်းကြက်ကြီးဆိုတာ ရင်ဘတ်ကအမွေးတွေလည်း ကျွတ်ထွက်၊လည်ပင်းမွေးတွေလည်း ကျွတ်ထွက်ပြီးပေပေကြီးရပ်ခံနေတာတဲ့ဟေ့၊ တစ်ချက်မှလည်း မခွပ်နိုင်ဘူးတဲ့ကွ၊နောက်ဆုံးတော့ ဟိုဘက်ကြက်က အားကုန်ခွပ်ချလိုက်တာ ကြက်ဘက်က
ရင်ဘတ်ကို ဖောက်ဝင်သွားပြီး ဘိုင်းကနဲလဲကျသွားရောတဲ့ကွာ"
"ငါ့ကိုထွန်းကြက် သေရောလား"
သေတော့ မသေဘူးတဲ့၊ ဆန့်ငင် ဆန့်ငင် ဖြစ်နေတာ
ငထွန်းက ဆက်ကနဲ ကောက်ပြီး ခြေထောက်နှစ်ချောင်းကကိုင်ပြီး ရိုက်သတ်လိုက်ရောတဲ့ဟေ့၊ ပြီးတော့မှသူ့တပည့်ကို မေးသတဲ့။
"ဒီကောင် အရက် ဘယ်လောက်သောက်တုံး"
ဆိုတော့ သူ့တပည့်က ပြောသတဲ့။
"ခင်ဗျားကြက်က ခွက်ထဲရှိတာ အကုန်သောက်ပစ်လိုက်တယ်"
ဒီတော့ ကြက်ငထွန်းက …
"သေပါတော့ မောင်လေးရယ်၊ တစ်ပေါက်ပဲသောက်ခိုင်းရတာကွ"
လို့ ပြောပြီး သူ့တပည့် မောင်လေးကိုပါ သူ့ဆီကနေ
နှင်ထုတ်ပစ်လိုက်ရောတဲ့ဟေ့။
"ဖြစ်မှဖြစ်ရလေဗျာ ၊ ကိုထွန်းဆိုတဲ့လူကတော်တော်ကိုပေါက်ပေါက်ရှာရှာ လုပ်တဲ့သူပဲကိုး"
"ရွာရှေ့ပိုင်းမှာနေတဲ့ ထန်းသမားငမြိုင်ဆိုတဲ့ ကောင်ရောမင်းသိလား တာတေ"
"ဟာ သိတယ်ဗျ၊ ဒီကောင်ကျတော့လည်း တစ်မျိုးကွ"
"ဟင် ဘယ်လိုတုံးဗျ ကိုကြီးအောင်သစ်ရဲ့ "
"ဒီကောင်က ဘိုးညီလေးထန်းတောမှာ တက်တဲ့ကောင်လေကွာ"
"ဟုတ်တယ် ၊ဟုတ်တယ် "
"အေး ဘိုးညီလေး ထန်းတောထဲမှာက တစ္ဆေတစ်ကောင်ရှိတယ်လို့ ပြောတယ် "
"ဟာ ဟုတ်လား၊ ဒါတော့ ကျုပ် မသိဘူးဗျ"
"ငါ့ကို ထန်းတောကန်ထရိုက်ဆွဲပြီး ထန်းလျက်ချက်တဲ့ကိုညိုပြောတာ၊ အဲဒီတစ္ဆေကို ကိုညိုလည်း တစ်ခါတစ်လေမြင်ရတယ်ဆိုပဲ၊ ဒါပေမဲ့ ကိုညိုကတော့ မသိချင်ယောင်ဆောင်နေတာတယ်ဆိုပဲ ။ဒါပေမဲ့ ကိုညိုကတော့ မသိချင်ယောင်ဆောင်နေတာတဲ့ဟေ့၊ဒီတစ္ဆေက ထန်းရည် တော်တော်ကြိုက်တယ်ဆိုပဲကွ"
"ဗျာ …တစ္ဆေက ထန်းရည်သောက်တယ် ဟုတ်လား
ကိုကြီးအောင်သစ်ရဲ့ "
"ဟုတ်ပါ့ကွာ ၊ ကိုညိုက ဒီကောင်သောက်ဖို့ မြူအိုးတစ်လုံးနဲ့ထည့်ထည့်ပေးထားရတယ်ဆိုပဲ။ အိုးထဲမှာ ပြောင်နေအောင်ကိုသောက်တာတဲ့ဟေ့၊ ဒါပေမဲ့ ကိုညိုက သူ့ကို အရောမဝင်ဘဲမသိချင်ယောင်ဘဲ ဆောင်နေတော့ ကိုညို့ကို တစ္ဆေကကြောက်တယ်တဲ့ကွ၊ အဲဒီကောင်ကို ငမြိုင်က မြင်သွားပြီးထန်းရည်တိုက်ပြီး မိတ်ဖွဲ့သတဲ့၊ ဒီကောင်နဲ့ တစ္ဆေနဲ့ကတော်တော်လေး ခင်သွားတော့ တစ္ဆေက ထန်းပင်တက်ပြီးမြူအိုးချပေးတယ်ဆိုပဲ၊ ဒီကောင်က ရှေ့ကတက်ပြီးမြူအိုးဖြုတ်ပြီး အသစ်လဲရင် ဖြုတ်တဲ့ အိုးကိုတစ္ဆေက လက်ကြီး အရှည်ကြီးထုတ်ပြီး ထန်းပင်အောက်ကိုချပေးတာတဲ့ဟေ့၊ ငမြိုင်ဆိုတာ ထန်းတော့ တစ်တောလုံးကိုခဏနဲ့ပြီးအောင် တက်နိုင်တာတဲ့ဟေ့"
"ဟာ …ကိုမြိုင်၊ တော်တော်အဆင်ပြေနေတာပေါ့ဗျ"
"အေး ပြေတာပေါ့ကွာ၊ ဒါပေမဲ့ တစ်ရက်ကျတော့
တစ္ဆေနဲ့ ငမြိုင်နဲ့ ဘာဖြစ်ကြတယ် မသိဘူးတဲ့ဟေ့၊
တစ္ဆေက ငမြိုင်ကို ထန်းပင်ပေါ်က ဆွဲချလိုက်တာ
ကံကောင်းလို့ မသေတာ ဆိုပဲ၊ အောက်မှာပုံထားတဲ့ ထန်းလက်ပုံပေါ်ကို ကျလို့တဲ့ကွာ"
အဲဒါကို တွေ့တာမှ ကိုညိုက တစ္ဆေကိုအပြီးနှင်ထုတ်ပြီး ထန်းတောထဲမှာ ပရိတ်တွေ ဘာတွေရွတ်ပစ်လိုက်ရတယ်ဆိုပဲ။
"အင်း ခက်တယ်ဗျ၊ ကိုကြီးအောင်သစ်ရဲ့၊ဒီကောင်တွေနဲ့က ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲဗျ၊

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment