ပင်လယ်စုန်း အပိုင်း(၄)
ပျံထွက်သွားရောကွဲ့ ။ အဲဒီလို ခြောက်လှန့်ထုတ်လို့မှမရရင်တော့သတိသာ ထားပေတော့ဟေ့"
"ဟင် ဘာဖြစ်တတ်လို့လဲ အဘရဲ့"
"လှေသမားတွေ တဖြည်းဖြည်းနဲ့ သတိတွေ ပျောက်သွားပြီး တစ်ယောက်နဲ့တစ်ယောက် သတ်ကြပုတ်ကြကြတော့တာပေါ့ကွယ်"
"ဟာ …ဟုတ်လား အဘ အဲဒီလို သတ်ကြပုတ်ကြတော့ဘာတွေဖြစ်ကုန်တုံးဗျ"
"ဘာတွေဖြစ်ရမှာတုံး မောင်တာတေရယ် တစ်ယောက်မကျန်သေကုန်တော့တာပေါ့ကွယ် ဓါးတွေနဲ့ ခုတ်ကြလှံတွေနဲ့ ထိုးကြဆိုတော့ မသေဘဲ ဘယ်ရှိပါ့မတုံး"
"ဖြစ်မှဖြစ်ရလေဗျာ"
ကျုပ်က အံ့သြလွန်းလို့ ပါးစပ်က လွှတ်ကနဲပြောလိုက်မိပေါ့ဗျာ။
"စောစောက မောင်တာတေကို ကျုပ်မေးတဲ့ တစ္ဆေ
သင်္ဘောဆိုတာ ပင်လယ်ထဲမှာ ပင်လယ်စုန်းနဲ့ကြုံခဲ့ကြတဲ့ သင်္ဘောတွေပေါ့ကွယ် တစ်ယောက်မကျန်သေကုန်တော့ သင်္ဘောကြီးက ဆီကုန်တဲ့အထိ
မောင်းသွားပြီး နောက်ဆုံးတော့ စက်ရပ်သွားတာပေ့ါအဲဒီအခါကျတော့ ပင်လယ်ထဲမှာ ဒီအတိုင်း မျောပါနေတော့တာပေါ့လေ"
"သြော်…တစ္ဆေသင်္ဘောဆိုတာ ဒါကိုး အဘနဲ့ တွေ့မှာပဲဒါတွေ သိရတော့တာဗျ ။ ဗဟုသုတ တိုးလိုက်တာတော့မပြောပါနဲ့တော့ဗျာ"
ပဲနင်းကြီး ဦးစံမောင်က သူ့ရဲ့ သျှောင်ထုံးကြီး လှုပ်သွားအောင် ခေါင်းညိတ်လိုက်တာဗျ။ပြီးတော့မှ …
"အခု ပြောတာက ပင်လယ်ကြီးတွေထဲမှာ မျောနေတဲ့တစ္ဆေသင်္ဘောကြီးတွေ ဘာကြောင့် ဖြစ်လာတယ်ဆိုတာပဲကွဲ့ ကျုပ်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ပင်လယ်စုန်းအကြောင်းကို ပြောပြရဦးမယ် မောင်တာတေရေ"
"ဟာ ပြောပြစမ်းပါ အဘရာ ကျုပ်က ဒါမျိုးဆိုလွှတ်စိတ်ဝင်စားတာဗျ"
အဘဦးစံမောင်က သူရဲ့ ကွမ်းယာဘူးထဲကကွမ်း ယာတစ်ယာကို ထုတ်ပြီး ပါးစပ်ထဲကိုထိုးထည့်လိုက်တယ်ဗျ။ ပြီးတော့မှ ခေါင်းကလေးကိုညိတ်လိုက်ပြီး ပြောတယ်။
"ဖြစ်ခဲ့တာတော့ ကြာခဲ့ပါပြီလေ။ဒါပေမယ့်ဒီအဖြစ်တွေဟာ ကျုပ်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့ အဖြစ်တွေပါကွယ် အဲဒီတုန်းကကျုပ်တို့လှေက ထားဝယ်က ထွက်လာတာလှေထဲမှာ ကုန်တွေအပြည့်နဲ့ပေါ့ကွယ် ဒီတုန်းကတော့ ကုန်ပို့ သက်သက်ပါပဲ
ခရီးတွေဘာတွေ မပါပါဘူး"
"အဘတို့ လှေက ရွက်လှေပဲလား အဘ"
"အို ရွက်လှေပေါ့ မောင်တာတေရဲ့ ဒီတုန်းကလှေတွေဟာ ရွက်လှေတွေချည်းပါပဲ"
ကိုဆိတ်ဖွါးက မျက်မှောင်ကြီးကြုတ်ပြီးတစ်ခုခုကို စဉ်းစားနေတယ်ဗျ ။ ကျုပ်ကတော့အဘစံပြောတဲ့ အကြောင်းကို လွှတ်စိတ်ဝင်စားနေတာဗျို့။
"နေပါဦး အဘရဲ့ ကျုပ် ဆယ်နှစ်သားလောက်က
ကျုပ်တို့ ဘိတ်မှာ ကြားခဲ့ဖူးတယ် လှေတစ်စီးလုံးကလူတွေပျောက်သွားလို့ ဆိုတာ"
"အေး အဲဒါပေါ့ မောင်ဆိတ်ဖွါးရဲ့ အဲဒါ ကျုပ်လှေပေါ့ကျုပ်တစ်ယောက်တည်း ကျန်နေတာ ကျန်တဲ့လူတွေအားလုံး ပျောက်သွားတယ်"
"နေပါဦး အဘရဲ့ ဒီတုန်းက ကျုပ်ကြားတာကကျန်နေတဲ့ ပဲ့နင်းကြီးကလည်း သွက်သွက်လည်အောင်ရူးနေတယ်ဆို"
ကိုဆိတ်ဖွါးက အဘဦးစံမောင်ကို တအံ့တသြနဲ့
မေးတယ်ဗျ။ အဘစံမောင်ကလည်း နေလုံးကြီး
ဝင်နေတဲ့ပင်လယ်ကြီးကို ငေးကြည့်ရင်းပြောတယ်။
"ဟုတ်ပါ့ မောင်ဆိတ်ဖွားရယ် မင်းကြားခဲ့တာတွေကအမှန်တွေပဲဟေ့ အဲဒီ မင်းပြောတဲ့သွက်သွက် လည်အောင်ရူးသွားတဲ့ ပဲ့နင်းကြီးဆိုတာ တခြားသူ ဟုတ်ရိုးလားကောကွယ် ကျုပ်လေ မောင်ဆိတ်ဖွားရဲ့"
"ဗျာ"
ဒီတစ်ခါ အံ့သြသွားတာက ကျုပ်ဗျ။ ကျုပ် အံ့သြလွန်းလို့ အဘဦးစံမောင်ကို သေသေချာချာ ကြည့်လိုက်မိတယ်။
"ဒီတုန်းက ကျုပ်ရူးသွားတာ နှစ်နှစ်လောက် ကြာတာကွဲ့သွက်သွက်လည်အောင်ကို ရူးတော့တာကျုပ်စိတ်ထင်တော့ ကျုပ်ရှေ့မှာ ဖြစ်သွားတဲ့ ဒီအဖြစ် အပျက်ကြီးကိြမြင်ပြီး အရမ်းကို အကြောက်လွန်သွားတယ် ထင်ပါရဲ့"
"နို့ အဘ ဘယ်လို ပြန်ကောင်းသွားတာတုံး
ကျုပ်က သိချင်စိတ်က မနေနိုင်တော့ဘူးဗျို့။
"ရူးသွားပြီး နှစ်နှစ်လောက်အကြာမှာ ကျုပ်နေတဲ့
ရွာကလေးကို မွန်ဆရာတော်ကြီးတစ်ပါး ကြွလာတယ်အဲဒီဆရာတော်က ဆေးကုပေးလို့ ပြန်ကောင်း
သွားတာလေ"
"ပြန်ကောင်းသွားတော့ အဘ အားလုံးကိုမှတ်မိသေးလားဗျ"
ကျုပ်ရဲ့အမေးကို ပဲ့နင်းကြီး ဦးစံမောင်ကသျှောင် ထုံးကြီးလှုပ်သွားအောင် ခေါင်းညိတ်ပြတယ်။
"မှတ်မိပါပြီလား မောင်တာတေရယ် အဲဒီနေ့က
မနက်အစောကြီးထပြီး ကျုပ်တို့ လှေကို ရွက်လွှင့်ခဲ့တာတစ်နေ့လုံး အဆင်ကို ပြေနေတာပါကွယ် အဲဒီညဆယ်နာရီ ဆယ်တစ်နာရီလောက်ရောက်တော့
ကျုပ်တို့လှေကြီးဟာ မှောင်မည်းနေတဲ့ ပင်လယ်ကြီးထဲမှာပေါ့။ ဒါကလည်း ကျုပ်တို့ သွားနေကျခရီးပဲလေအဲဒီအချိန်မှာ ကြုံနေကျမဟုတ်တာတစ်ခု
ကျုပ်တို့ ကြုံလိုက်ကြတယ်"
XxXXX
"ဟာ ဟိုမှာဗျို့ ဟိုမှာ"
ငပြူးလို့ခေါ်တဲ့ လှေသားတစ်ယောက်က အလန့်တကြားထအော်တဲ့အသံကို ကျုပ် ခင်ပုတ်ပေါ်ကနေ
ကြားလိုက်ရတယ်။ခင်ပုတ်ဆိုတာက ပဲနင်းကြီးထိုင်ပြီးတက်မကိုင်တဲ့ တက်မစင်ကို ခေါ်တာပေါ့။
"ဟဲ့ကောင် ငပြူး ဘာတွေ့လို့ အော်တာတုံးကွ"
သာညိုလို့ခေါ်တဲ့ လှေသားက ငပြူးကို မေးလိုက်တာ။
"ကိုသာညို ဟိုမှာဗျ ရွက်တိုင်ထိပ်မှာ မီးလောင်နေတယ်"
"ဘာတွေ ငပြူး ရွက်တိုင်ထိပ်မှာ မီးလောင်တယ်
ပေါက်ကရ တော်တော်ပြောတဲ့ကောင်ပဲ ဘယ်မှာတုံး"
သာညိုက ငပြူးပြတဲ့နေရာကို ကြည့်လိုက်တယ်ထင်ပါရဲ့ ။
"ဟာ အကျိုးတော့ နည်းပေါ့ ငပြူးရ"
"ဗျာ ဘာဖြစ်လို့တုံး ကိုသာညို ဒါမီးလောင်နေတာ
ဟုတ်တယ်မို့လားဗျ"
သာညိုက ပင်လယ်ထံမှာ တော်တော်ငယ်ငယ်ကတည်းကလှေလိုက်နေတဲ့ကောင်ဗျ ဗဟုသုတလည်း တော်တော်သုံနေပြီ။
"ဘယ်ကလာ မီးလောင်မှာတုံး ငပြူးရာ ဒါပင်လယ် စုန်းကပ်နေတာကွ"
"ဘာဗျ …ပင်လယ်စုန်း ဟုတ်လား"

အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment