သွားနှုတ်တဲ့ တစ္ဆေ အပိုင်း(၆) ဇာတ်သိမ်းပိုင်း



ကျုပ်ကတော့ ဟောက်သံပေးနေရ
တာပေါ့ဗျာ။ ပြီးတော့ ကျုပ်ပါးစပ်ကို
မသိမသာ ပိတ်လိုက်တယ်။ ဟော
ကျုပ် ရင်ဘတ်ပေါ်ကနေ ဆင်းသွား
ပြီဗျို့။ အောင်မယ် ကျုပ်ကို တစ်
ချက် လှမ်းကြည့်လိုက်သေးသဗျ။
ထွက်သွားပြီ။ ထွက်သွားပြီ။ ကျုပ်
အခန်းထဲကနေ ခြေထောက်ကြီး
ရှပ်တိုက်ပြီး ထွက်သွားပြီ။

"ရှပ် ရှပ် ရှပ် ရှပ် ရှပ်"

တော်တော်ဝေးတဲ့ သူ့ခြေသံကြီးကို
ကျုပ် ကြားနေရတုန်းဗျ။ နောက်တော့
ကျုပ်လည်း အိပ်ပျော်သွားရောဗျို့။
မနက် မိုးလင်းလို့ ကျုပ် အိပ်ရာက
နိုးတော့ ကျုပ်ဘေးမှာ ကျောက်ခဲ
ရယ်၊ သံမဏိရယ် ရောက်နေတာဗျို့။
ဒီကောင်နှစ်ကောင် ကျုပ်ကို စိတ်
မချလို့ အစောကြီး ရောက်လာ
ကြတာတဲ့ဗျို့။ကိုဖိုးကင်းကြီးလည်း
ရောက်လာပြီ။

"တာတေ ဘယ်လိုတုံးကွ"

"ဟား၊ ဟား၊ ဟား၊ အားလုံးပြီးသွားပါ
ပြီဗျ ကိုဖိုးကင်းရ၊ ဒီမှာလေ "

ကျုပ်က သွားတွေစေ့ပြလိုက်တယ်

"ဟင် မင်း မနေ့က တပ်ထားတဲ့
ရွှေသွားတွေရောကွ"

" ညက တရုတ်ကျင်ဟုတ်ကြီး လာ
ယူသွားပြီလေဗျာ"

"ဟေ ဟုတ်လား။ တကယ်ယူသွား
တာလားကြ"

"ဟ ကိုဖိုးကင်းကလည်းဗျာ တကယ်ကို
ယူသွားတာပါဗျာ။ ခင်ဗျားတို့ ဆေးရုံမှာ
ရွှေသွားပါတဲ့လူတွေ ဘယ်လောက်ပဲ
လာတက်တက် သွားနှုတ်မခံရတော့
ပါဘူးဗျာ"

"ဟာ ဝမ်းသာလိုက်တာ တာတေရာ။
ဒီအကြောင်းကို ဆရာဝန်ကြီးနဲ့ ဆရာမ
တွေကို ငါအခုပဲ သွားပြောလိုက်မယ်။
သူတို့လည်း ဒီကိစ္စအတွက် တော်တော်
စိတ်ညစ်နေကြတာကွ"

ကိုဖိုးကင်းကြီး ကျုပ်အခန်းထဲကနေ
ပျာပျာသလဲထွက်သွားတယ်။ နောက်
သုံးရက်ကြာတော့ ကျုပ်လည်း ဆေး
ရုံက ဆင်းပြီး ရွာကို ပြန်ခဲ့တာပေါ့ဗျာ။

ပြီးပါပြီ
မူရင်းရေးသားသား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)