တောင်ကျရေ အပိုင်း(၆) ဇာတ်သိမ်းပ်ုင်း



ကျုပ် ကိုသာခင်တို့မိသားစုကို တစ်ခါတည်းနှုတ်ဆက်လိုက်တယ်။ ကိစ္စပြီးရင် ရွာတန်းပြန်မှာကိုးဗျ။

"သြော် တာတေ၊ တာတေ၊ ဒါကြောင့်လည်းငါ့တို့တောင်ရွာတွေမှာ မင်းနာမည်ကကျော်ပေတာပဲ "

ကိုသာခင်က ကျုပ်ပခုံးကို ပုတ်ပြီး ပြောတယ်
ဟော ထီးဂလိုင်သား တစ္ဆေတွေ ကိုသာခင်တို့
ဝိုင်းရှေ့ကို ရောက်ပြီ ။ ကျုပ်က ဝိုင်းထဲက
အပြင်ကို ထွက်လိုက်ပြီး ရှေ့ဆုံးက ကန်တော့ပွဲ
ရွက်လာတဲ့ မိန်းမကြီးကို ပြောလိုက်တယ်

"အရီးမယ်ရင် ဒါက ပေကုန်း မဟုတ်ဘူး ဝက်စုဗျ၊ဒါ မြောက်အုပ်စု မဟုတ်ဘူး၊ ခင်ဗျားတို့ တောင်အုပ်စုရွာကိုရောက်နေတာ၊ ကျုပ် ခင်ဗျားတို့ကို လာကြိုနေတာ၊ပေကုန်းကို ကျုပ် ခေါ်သွားမယ်၊ ဟိုမယ်ကဦးမိုးညိုရော သတို့ သမီး မထားကြည်ရော စောင့်နေကြပြီ၊ ကဲ ကဲ လာ ကျုပ်နောက်ကလိုက်ခဲ့ကြ "

ကျုပ်ပြောပြနေတာကို အားလုံးနားထောင်နေကြတာဗျ။ကျုပ်လည်း ပြောပြီးရော ကျွတ်စီ ကျွတ်စီနဲ့ ပြောကြပြန်ရောဗျို့။ ဒါပေမဲ့ ကျုပ်နောက်က အားလုံးလိုက်လာကြတာဗျ။

ရွာပြင်ထွက်ပြီး ယာခင်းထဲကနေ ပေကုန်းကို တိုက်ရိုက် ဖြတ်ချတာပေါ့ဗျ။ ကျောက်ခဲနဲ့ သံမဏိကလမ်းတွေ ကျွမ်းပြီးသားမို့ တော် တော်တာပေါ့ဗျာ။

"ဒီအတိုင်း တည့်ဖြတ်ချရင် နာရီဝက် မကြာဘူးဗျ ပေကုန်းကိုရောက်မှာ "

ကျောက်ခဲက ရှေ့က လမ်းပြပေါ့ဗျာ ကျုပ်နဲ့ သံမဏိ သူ့နောက်ကပေါ့ တစ္ဆေတွေကတော့ ကျုပ်တို့နောက်ကနေ ဆူညံ ဆူညံနဲ့ စကားတွေ ပြောပြီးကျုပ်တို့နောက် လိုက်ချလာကြတာဗျို့ ဖုန်ကိုတထောင်းထောင်း ဖြစ်နေတာဗျာ။ တွေးကြည့်ရင်တော့ တော်တော်ကို ကျောချမ်းစရာပေါ့ဗျာ။

ကျုပ်တို့နောက်က တစ္ဆေနှစ်ဆယ့်သုံးကောင်
ပါလာတာဗျို့။ အဆင်သင့်ပါပဲဗျာ။ ကျုပ်တို့
ပေကုန်းရောက်တော့ ရွာထဲ တန်းဝင်ကြတာပေါ့ဗျာ။ရွာထဲမှာတော့ ချက်ချင်းကို ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ကုန်ရောဗျို့။ ခွေးတွေကလည်း တအီအီနဲ့။နွားတွေကလည်း နှာတွေ တဖူးဖူး မှုတ်ပေါ့ဗျာဦးမိုးညိုနဲ့ ပေကုန်းသားတွေက ကျုပ်တို့လာမှကိုကြိုသိနေတော့ ဦးမိုးညိုရဲ့ ဝိုင်းထဲမှာချက် ချင်းပဲ အောက်လမ်းဓါတ်မီးတွေထွန်းကြတာပေါ့ဗျာ။ ဝိုင်းတစ်ခုလုံးလင်းထိန်နေတာဗျ။

ဖျာကြမ်းတွေလည်း အားချင်းခင်းပစ်တာဗျ။ဟော ဒေါ်မယ်ရင်က ပြုံးပြုံး ပြုံးပြုံးနဲ့ဝိုင်းထဲဝင်ရောဗျ။ သတို့သားရော ကျန်တဲ့လူတွေရော ဝင်ကြတာပေါ့ဗျာ။

ကျုပ် ကြိုစီစဉ်ထားသလိုပါပဲဗျာ၊ပေကုန်းသားတွေကလည်း ဝတ်ကောင်းစားလှတွေဝတ်ပြီး ကြိုကြလို့ဗျ။နေရာထိုင်ခင်းတွေခပ်တည်တည်နဲ့ ပေးကြလို့ပေါ့ဗျာ။

သရုပ်ပြအောင်ကို လုပ်ကြတာပေါ့ဗျာ။

ထီးဂလိုင်က တစ္ဆေတွေကို ကျုပ် အကဲခတ်နေတာဗျ။

သူတို့လည်း အခုမှ ကျေနပ်သွားတဲ့ပုံပဲဗျ။

ဦးမိုးညိုကလည်း ကျုပ်ပြောထားတဲ့အတိုင်း
ပေကုန်းဆရာတော်ဆီကို လူလွှတ်ပြီးချက်ချင်း ပင့်ခိုင်းတယ်။ ဆရာတော်ကလည်းချက်ချင်းကြွလာတယ်ဗျ။

အားလုံး ကြိုတင်စီစဉ်ထားရတာပေါ့ဗျာဆရာ တော်ကို ဦးမိုးညိုက သင်္ကန်းတွေ လှူတယ် ပြီးတော့ ကျောင်းဆောက်တဲ့အထဲမှာ ငွေလှူတယ်ဗျ

ပြီးတော့မှ အဲဒီကုသိုလ်ကို ဆရာတော်ကတရား ဟောပြီးရေစက်ချပေးတယ်၊ကျုပ်ကြည့်နေတာဗျ။ အမျှဝေတော့အားလုံး သာဓုခေါ်ကြတယ်ဗျို့။ တရားကိုလည်းသေသေချာချာ နာကြပါတယ်။

ဟာ တကယ့်ကို အံ့သြစရာပါပဲဗျာ ။ ထိုင်ပြီး
တရားနာနေတဲ့ ထီးဂလိုင်သားတစ္ဆေတွေဖြုတ်ကနဲ ဖြုတ်ကနဲ ပျောက်သွားတာဗျို့။အားလုံးပဲဗျာ။ တစ်ယောက်မှကို မကျန်ခဲ့တာဗျ။ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ ဦးမိုးညိုနဲ့မထားကြည်က ကျုပ်ကို လှမ်းကြည့်တယ်။ပေကုန်းသားတွေကလည်း ကျုပ်ကိုကြည့်ကြတာပေ့ါဗျာ။

'ဘယ်လိုတုံးကွ 'ဆိုတဲ့ သဘောပေါ့ဗျာ ။

"သွားပြီဗျို့၊ သွားကြပြီ၊ အားလုံး ကျွတ်သွားကြပြီ၊တစ်ယောက်မှကို မကျန်ဘူး။ နှစ်ဆယ့်သုံးယောက်စလုံး ကျွတ်လွတ်သွားကြတာဗျို့"

ကျုပ်က ဝမ်းသာအားရနဲ့ အော်ပြောလိုက်တော့မှဦးမိုးညိုရော၊ ပေကုန်းသားတွေရော ပြုံးပြုံးကြီးတွေဖြစ်သွားကြတာပေါ့ဗျာ။

ဆရာတော်ကြီးကိုယ်တိုင်လည်းပြုံးနေရှာတာပေါ့ဗျာ။ မထားကြည်ကတောဝမ်းနည်းပန်းနည်း ငိုတော့တာပေါ့။

ကိစ္စအားလုံးပြီးတော့ ကျုပ်ရယ်၊ ကျောက်ခဲရယ်၊သံမဏိရယ် ထနောင်းကုန်းကို ပြန်ခဲ့ကြတယ်ပေကုန်းသားတွေက ကျေးဇူးတင် စကားကိုအထပ်ထပ် အခါခါ ပြောကြရင်း ပေကုန်းမှာညအိပ်ဖို့ ပြောကြပါတယ်။

ဒါပေမဲ့ ကျုပ်တို့ မအိပ်ကြပါဘူးဗျာ ။

ညတွင်းချင်း ပြန်ခဲ့တာပါ။ ကျုပ်စိတ်ထဲမှာမဖဲဝါကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်မိတာကို ဘယ်သူမှမသိဘူးပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)