တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၅)
ကိုကံကပြောတော့ ကျန်တဲ့ဆယ်ခေါင်းတွေလည်း
သဘောတူကြတယ်။
"ကဲ ဒါဆိုရင် ဖိုးဝင်းရေ၊ ခေါင်းမြန်မြန်စပ်ခိုင်းကွာ၊
ပြီးတာနဲ့ ခေါင်းသာ သွင်းထားလိုက်ကွာ"
"ဟုတ်ကဲ့ ကိုကံ၊ ကျုပ် ပျဉ်ပုတ်သွားဝယ်ခိုင်းလိုက်တယ်၊ရောက်တာနဲ့ တိုင်းထွာပြီး ခေါင်းစပ်တော့မှာပဲ "
ကျုပ်လည်း အိမ်ပြန်လာခဲ့တယ်ဗျ။ကျောက်ခဲကတော့ မနက်အစောကြီးတည်းကပြန်သွားတာ။ ကျုပ်အိမ်ရောက်တော့ အမေတို့အဘတို့တောင် ထမင်းစားတော့မလို့ လုပ်နေကြပြီ။
ကျုပ်က ရေကပျာကယာချိုးပြီး အဝတ်အစားလဲလိုက်တယ်။ပြီးတော့ အဘနဲ့ တစ်ခါတည်း ဝင်စားလိုက်တယ်။အမေက မောင်မခေါ်ပဲလေး နှပ်ထားတာဗျ။စားလို့ ကောင်းပါဗျ။ အိနေတာပဲ။ အမဲခြောက်ကိုရေစိမ်ပြီး အတုံးလေးတွေလည်းခရမ်းချဉ်သီးနိုင်နိုင်ချက်ထားတာကလည်း ချဉ်ချဉ်လေးဆိုတော့ညက အိပ်ရေးပျက်နေတာနဲ့ အတော်ပေါ့ဗျာ။
ဗိုက်တင်းသွားတာနဲ့ အိပ်ရေးပျက်တာက ပြတော့တာပေါ့ဗျာ၊ မျက်လုံးတွေလေးပြီးပိတ်ကျလာရောဗျို့။ ကျုပ်လည်း ထုံးစံအတိုင်းမန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်ကို ရောက်လာတော့တာပေါ့ဗျာ။
ဝါးဘိုးခြမ်းလေးပေါ်ကို ပုဆိုးဟောင်းလေးခင်းပြီး
လှဲချလိုက်တာနဲ့ အိပ်ပျော်သွားတော့တာဗျို့။
အိပ်ပျော်ကာစမှာ တစ်ချက် တစ်ချက် ကိုယ့်ဟောက်သံကိုယ် ကြားပြီး လန့်လန့်တောင်နိုးလာရောဗျာ။ ကျုပ်တောင်ပေါ်ကို တက်နေတာဗျ။ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုအာလူးနဲ့ကျုပ်နဲ့ဗျ။ကိုအာလူးရဲ့ ယုန်လိုက်အင်မတန်ကောင်းတယ်ဆိုတဲ့ခွေးညိုကြီးနှစ်ကောင်လည်း ပါတယ်ဗျို့။
ခွေးတွေက အမဲလိုက်ခွေး ပီသပါပေရဲ့ဗျာ။တရှူးရှူးနဲ့ အနံ့ခံနေကြတာဗျ။ မျက်လုံးတွေကလည်းအရောင်လက်လက်လက်လက်နဲ့ဗျို့။
တောင်ပေါ်ကို တက်လာလိုက်တာ တော်တော်ရောက်လာတဲ့အထိ ယုန်တစ်ကောင်မှကို မတွေ့တာဗျ။
"ကိုအာလူး ခင်ဗျား အရင်တုန်းက ဒီတောင်ပေါ်မှာ
ယုန်လိုက်ဖူးလား"
ဟေ့အေး မလိုက်ဖူးဘူးကွ ၊ ဘာဖြစ်လို့တုန်း တာတေရ"
"ယုန်တွေရှိတဲ့ အရိပ်အခြေ မမြင်လို့ဗျ၊ဒါကို ဘာတောင်လို့ ခေါ်တုန်း"
"ခွေးမတက်တောင်လို့ ခေါ်တာပဲကွ"
"ဟင် …ဟုတ်လား၊ ခင်ဗျားခွေးတွေကတော့ တက်လို့ပါလားဗျ"
"အေးလေကွာ၊ ရှေးတုန်းက လူကြီးတွေက ဘာရည်ရွယ်နဲ့များ ခေါ်ခဲ့တာလည်းမှ မသိတာ"
ကျုပ်တို့ ပြောနေတုန်းပဲ ရှိသေးတာဗျ၊ကိုအာလူးရဲ့ ခွေးတွေက တုန့်ကနဲ့ ရပ်ပစ်လိုက်ကြတယ်။
"ဟော ပြောရင်းဆိုရင်း ခင်ဗျားခွေးတွေ ရပ်လိုက်ကြပြီဆက်မသွားတော့ဘူး တွေ့လား ကိုအာလူး"
ကိုအာလူးက သူ့ခွေးတွေကို ချော့ခေါ်ကြည့်တယ်။
ခွေးတွေကတော့ ရှေ့ဆက်ပြီးတော့ မသွားတော့ဘူးဗျ။မသွားရုံတင် မဟုတ်ဘူး၊ အမြီးတွေပါ ကုပ်နေကြတာဗျ၊
"ကိုအာလူး ဒီကောင်တွေ ကျားနံ့တွေဘာတွေရလို့လားမှ မသိတာ"
"ဟာ တာတေကလည်း ဒီတောတွေမှာ ကျားမှ မရှိတာ"
ပြောပြောဆိုဆိုနဲ့ ကိုအာလူးက ရှေ့ကို ဆက်သွားတယ်။ကျုပ်က သူ့နောက်က လိုက်တယ်။ ခြေသုံးလေးလှမ်းလောက်လှမ်းပြီးတော့ ကိုအာလူး ရှေ့ကို ဆက်မသွားတော့ဘဲတုန့်ကနဲ ရပ်လိုက်တယ်ဗျ။
"ဘာတွေ့လို့တုံး ကိုအာလူး"
"ရှေ့မှာ တောင်တစ်လုံးကွ"
ဟာ ဟုတ်သားပဲဗျ။ ရှေ့မှာ တောင်တစ်လုံး ရှိနေတာပဲ။ဒါကြောင့် ခွေးတွေ ဆက်မသွားတာကိုး။
"ကိုအာလူး ခင်ဗျားပြောတဲ့ ခွေးမတက်တောင်ဆိုတာဒီတောင်ဖြစ်လိမ့်မယ်ဗျ၊ ဒါကြောင့် ခင်ဗျားခွေးတွေဆက်မတက်တော့တာဗျ"
"အေး ဟုတ်မယ်ကွ၊ ကဲ ခွေးတွေ ဒီမှာပဲ ထားခဲ့ကွာ၊
မင်းနဲ့ ငါနဲ့ ဆက်တက်ကြရအောင် ၊ရောက်ဖူးတာပေါ့တာတေရာ"
ကျုပ်နဲ့ ကိုအာလူး တောင်ပေါ်ကို ဆက်တက်ကြတယ်။သိပ်မတက်ရဘူးဗျ။ ခွေးမတက်တောင်ပေါ်ကို ရောက်လာတယ်။ ဟာ တောင်ထိပ်က သန့်ရှင်းနေတာပဲဗျာ၊မြေကြီးပေါ်မှာ အမှိုက်တစ်စ မရှိဘူးဗျ။သန့်ရှင်းပြီး ပြောင်လက်နေတာပဲဗျာ။SoulsToo
"ကိုအာလူး ဒီတောင်ထိပ်မှာ ရသေ့တွေ ဘာတွေများသီတင်းသုံးသလား မသိဘူးဗျ"
"ဟေ …ဘာဖြစ်လို့တုံးကွ"
"ကြည့်လေဗျာ…တောင်ထိပ်တစ်ခုလုံး အမှိုက်သေသေချာချာ လှည်းထားတာဗျ"
"အေးကွ၊ မင်းပြောတာလည်း ဟုတ်တာပဲတော်တော်တော့ ထူးခြားတဲ့ နေရာကွ"
ကျုပ်နဲ့ ကိုအာလူး ရသေ့ကျောင်းတွေ ဘာတွေများ
တွေ့မလားဆိုပြီး လိုက်ရှာကြည့်ကြတာဗျာ…
"ဟာ …ဟိုမှာ ဟိုမှာ ကြည့်စမ်း…တာတေ "
ကိုအာလူးက လက်ညှိုးထိုးပြတဲ့ နေရာကို ကျုပ်
ကြည့်လိုက်တော့ ပြောင်ရှင်းနေတဲ့ ကုန်းပြောင်ပြောင်လေးပေါ်မှာ အိမ်ကလေးတစ်လုံးဗျ။ အိမ်က အမြင့်တစ်ပေလောက်ပဲ ရှိတာ။ကလေးတွေ ကစားတာမျိုးလည်း မဟုတ်ဘူးဗျ။အိမ်အကြီးကြီးတစ်လုံး မဆောက်ခင် နာမူနာပုံစံထုတ်ထားတဲ့ အိမ်လေးမျိုးဗျ။
ခေါင်းမိုးမှာလည်း စုလစ်မွန်းချွန်တွေ ပါတယ်ဗျ။
သစ်သားနဲ့ ဆောက်ထားတာ၊ နက်မှောင်နေတဲ့
သစ်သားဗျ။ အိမ်က အဆောင်ဆောင် အခန်းခန်းတွေနဲ့အိမ်အကြီးကြီးကို အိမ်အသေးလေး ချုံ့ထားတဲ့ပုံမျိုးဗျာ။
"ဟား ဟား ဟား ဟား "
ကိုအာလူးက သဘောကျပြီး ရယ်တော့တာပဲဗျ။
ကျုပ်က မှင်တက်မိသလို ဖြစ်ပြီး ဘာမှကို မပြောနိုင်တော့တာဗျ။
ကိုအာလူးက သူ့ခါးမှာ ထိုးထားတဲ့ ဓါးချွန်နဲ့အိမ်ကလေးရဲ့ တိုင်တွေကို တူးပါလေရောဗျာ။ကျုပ်လည်း ပါးစပ်က ဘာမှ မပြောနိုင်တော့ဘဲငေးကြည့်နေမိတော့တာဗျို့။
ကိုအာလူးက အိမ်လေးကို တူးပြီးတာနဲ့ ဆွဲမလိုက်တယ်။အိမ်လေးက အကိုက်ကို ကျွတ်ထွက်လာတာဗျို့။
"ဒီအိမ်လေးကွာ ချစ်စရာကောင်းလိုက်တာ၊တို့ရွာက ကလေးတွေကြည့်ဖို့ အိမ်ယူသွားရမယ်ကွ"

အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment