တောင်ကျရေ အပိုင်း(၅)



"ထနောင်းကုန်းရွာသား ကျုပ်တာတေ
က အကြောင်းပြုလိုက်ပါတယ်၊ဒီနေရာ
အနီးတစ်ဝိုက်မှာ ရှိကြတဲ့မဖဲဝါရဲ့ အရိပ်
မှာ ခိုလှုံကြတဲ့ သရဲ၊ တစ္ဆေတို့ သင်တို့ရဲ့
အရှင်မ မဖဲဝါကိုအမြန်ဆုံး အကြောင်း
ပြုကြပါ၊ ကျုပ်က စားပွဲသောက်ပွဲနဲ့ ကြို
ပါတယ်ဆိုတာ အမြန်ဆုံး အကြောင်း
ကြားပေးကြပေတော့ "

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး"

ဟော  ဒီတစ်ခါ အတော်ကိုမြန်တာပဲ
ဗျ။ ချက်ချင်းကို ကြွလာတာဗျို့။ ကျုပ်
စိတ်ထဲထင်တော့ မဖဲဝါ ဒီအနီးအနား
မှာ ရှိနေပုံရတယ်ဗျ။ လေအေးကလေး
တစ်ချက် ဝေ့တိုက်သွားတယ်။ကျုပ်
တောင် ကျောထဲမှာ စိမ့်ကနဲ ဖြစ်သွား
တယ်ဗျ။

"ဟီး ဟီး ဟီး ဟီး"

ဟော ရောက်ပြီဗျို့။ ရောက်ပြီ။
မဖဲဝါ ဒေါ်ထွန်းကို ဝင်ပူးလိုက်ပြီဗျ။
ဒေါ်ထွန်းက လက်ကြီးတွေ ကွေး
ကောက်ပြီး မတ်တတ်ကြီး ထရပ်
တယ်။ ကျုပ်ကို တစ်ချက်ကြည့်
တယ်။ ကျုပ်က ဂူပေါ်မှာပြင်ထား
တဲ့ ထမင်းပွဲကို လက်ညှိုးထိုးပြ
လိုက်တယ်။ ဟာ ခုန်တက်သွား
ပြီဗျို့။ လွှားကနဲ နေတာပါပဲဗျာ။
စားပြီ၊ စားပြီ။ ဆံပင်ဖားလျားကြီး
နဲ့ ထမင်းနဲ့ ဟင်းတွေ အားရပါး
ရကို စားတာဗျို့။

"ခလွပ်၊ ခလွပ်၊ ခလွပ်"

ဟော ကြက်သားတွေကို အရိုးရော၊
အသားပါ၊ ဝါးစားပစ်တာဗျို့။ထမင်း
ပုံကြီး တစ်ဝက်လောက် လျော့သွား
တော့မှမဖဲဝါကြီးက ဆံပင်ဖားလျား
ကြီးကြားကနေ ကျုပ်ကို မော့ကြည့်
တယ်ဗျ။ကျုပ်ချက်ချင်းပြောပြတယ်။

"မဖဲဝါ ဒီအနီးတစ်ဝိုက်က ရွာတွေမှာ
အခုတလော ညဘက်ရောက်ရင် နာ
နာဘာဝတွေ အုပ်လိုက်ကြီး ရွာထဲကို
ဝင်လာကြတယ်၊ စကားတွေ ဆူညံနေ
အောင်ပြောပြီး ရွာထဲကို တစ်လမ်းဝင်
တစ်လမ်းထွက် လျှောက်သွားကြတယ်
ဗျ။ကျုပ် ဆေးကွင်းပြီးကြည့်တော့ ရှေ့
ဆုံးက မိန်းမကြီးတစ်ယောက်က ကန်
တော့ပွဲတစ်လုံးရွက်ထားတယ်။အားလုံး
အဝတ်အစားတောက်တောက်ပြောင်
ပြောင်တွေ ဝတ်ထားကြတာ အားလုံး
လူအစိတ်လောက်ရှိမယ် အဲဒါ ဘာဖြစ်
တာတုံးဗျ။ရွာတွေအားလုံး လန့်နေကြပြီ"

"အဲဒါ မြောက်ဘက် ထီးဂလိုင်ရွာကလူတွေ ပေကုန်းက မိုးညိုရဲ့သမီးထားကြည်နဲ့ နားဖောက်ဖို့ အလာမှာယင်းချောင်းကြီးကို လှည်းသုံးစီးနဲ့
အဖြတ် တောင်ကျရေတွေ ဗြုန်းစားကြီး ကျလာလို့ လှည်းရော၊ နွားရော၊လူရော ပါသွားပြီး အားလုံး သေကုန်တာ။ ယောက်ျား၊ မိန်းမ၊ ကလေး၊အားလုံး နှစ်ဆယ့်သုံးယောက်။လာတဲ့ကိစ္စကို စိတ်စွဲပြီး တစ္ဆေတွေဖြစ်ကုန်တာ။ သတို့သားလည်း ပါတယ်။ ကန်တော့ပွဲရွက်ထားတာသတို့သားရဲ့ အမေ မယ်ရင်"

"ဟာ စိတ်မကောင်းစရာပါပဲဗျာ၊ကျုပ် ဘာလုပ်ပေးလို့ရမလဲ မဖဲဝါ"

"သူတို့က ပေကုန်းကို လိုက်ရှာနေတာ၊ရှာလို့မရဘူး ဖြစ်နေတယ်။ သူတို့ကိုပေကုန်းခေါ်သွား၊နားဖောက်ခိုင်းလိုက်ပြီးတော့မှ တရားနာခိုင်း၊ နားဖောက်တဲ့ ကိစ္စကို စိတ်စွဲသွားလို့ တစ္ဆေတွေ
ဖြစ်နေကြတာ၊ အားလုံးကျွတ်သွားကြလိမ့်မယ်"

ဟာ ကြွသွားပြီဗျို့။ မဖဲဝါက စားသောက်ပြီး ရေခွက်ကြီးကို မော့သောက်ပြီးမှ ထွက်သွားတာ။ကျုပ်လည်း ဒေါ်ထွန်းကို သတိရအောင်လုပ်ပေးပြီး ရွာကို ပြန်ခဲ့ကြတာပေါ့ဗျာ။

နောက်နေ့ရောက်တာနဲ့ ကျောက်ခဲနဲ့ သံမဏိကိုခေါ်ပြီး မြောက်ဘက်က ပေကုန်းကို ကျုပ်တို့ထွက်လာခဲ့တယ်။ ပေကုန်းရောက်တော့ ဦးမိုးညိုအိမ်ကို ရှာရတော့ပေါ့ဗျာ။

ကျုပ်လည်း အကြောင်းစုံ ရှင်းပြလိုက်တော့ အိမ်ထောင်မပြုခဲ့ရတဲ့ မထားကြည်က ငိုတော့တာပေါ့ဗျာ။"မောင်တာတေရယ်၊ ကျေးဇူးတင်ပါတယ်ကွယ်၊ ကျုပ်တို့ ဘာလုပ်ပေးရမလဲ ပြောပါ၊ ကျုပ်တို့လည်း သူတို့တွေ ဒီလိုဖြစ်နေတာ မသိပါရပါဘူးကွယ်"

ကျုပ်လည်း အားလုံးစီစဉ်ခဲ့ရတာပေါ့ဗျာ။ဦးမိုးညိုတို့ကလည်း ကျုပ်စီစဉ်တဲ့အတိုင်းအားလုံးပြင်ဆင်ပေးမယ်လို့ ပြောကြပါတယ်

ရွာပြန်ရောက်တော့ ကျုပ် စုံစမ်းရတာပေါ့ဗျာထီးဂလိုင်သား တစ္ဆေတွေ၊ ဘယ်ရွာကဝင်ပြီးပြီလဲ၊ဘယ်ရွာတွေ ကျန်သေးလဲပေါ့ဗျာ။

ဟာ ကျုပ် စုံစမ်းကြည့်တော့မှအံ့သြသွားတာဗျို့။

သူတို့တွေ ရွာအားလုံး ဝင်သွားပြီးပြီ။တစ်ရွာပဲ ကျန်တော့တာဗျ။ အဲဒါကဝက်စုဗျ။ ကျုပ်တို့ရွာ မြောက်ဘက်ပဲ။တကယ်က ပေကုန်းက ကျုပ်တို့ရွာအုပ်စုမဟုတ်ဘူး။ မြောက်ရွာစုထဲက ရွာတစ်ရွာဗျ။

ထီးဂလိုင်တစ္ဆေတွေ ဘယ်လိုဖြစ်ပြီး ကျုပ်လည်သွားတယ် မသိဘူးဗျကျုပ်တို့တောင် ရွာစုထဲမှာ လာပြီးလည်နေကြတာ။

ကျောက်ခဲနဲ့ သံမဏိကလည်း ကျုပ်နဲ့လိုက်မှာတဲ့ဗျ။ နေခဲ့ခိုင်းတာ မရဘူးဗျို့။

ညနေစောင်းတော့ ကျုပ်တို့သုံးယောက်ဝက်စုကို လာကြတယ်။ ဝက်စုမှာ ကျုပ်အသိ ကိုကြီးသာခင် ရှိတယ်ဗျကိုသာခင်တို့အိမ်မှာ ကျုပ်တို့ရောက်တော့ညခုနှစ်နာရီ ထိုးပြီ။

ကျုပ်က ကိုသာခင်ကို အကျိုးအကြောင်းပြောပြလိုက်တယ်။ ဒီသတင်းတွေကိုသူတို့လည်း ကြားပြီးသားပေါ့ဗျာ။ဒီည သူတို့ရွာကို မကောင်း ဆိုးဝါးတွေ ဝင်လာမှာကိုလည်း သူတို့သိပြီးသားဗျ။

ဘာဖြစ်လို့တုံးဆိုတော့ ကျုပ်တို့ရောက်နေတဲ့
အချိန်မှာ ဝက်စု တစ်ရွာလုံးက ခွေးတွေ တအီအီ ဖြစ်နေပြီလေဗျာ ။ နွားတွေလည်းတဖူးဖူးနဲ့ နှာမှုတ်နေကြပြီဗျ။

ညဆယ်နာရီကျော်ကျော်လောက်ရောက်တော့
ဝင်လာပြီဗျို့ ။ ကျုပ်က မျက်ကွင်းဆေးအဆင်သင့်ကွင်းထားတာဆိုတော့ ကျုပ်ကလည်း သူတို့ကိုတွေ့ရမယ်။ သူတို့ကလည်း ကျုပ်ကို
တွေ့ရမယ်ပေါ့ဗျာ။

ဟော လာကြပြီဗျို့။ ကျွတ်စီ ကျွတ်စီနဲ့ကို
ပြောဆိုပြီး ဝင်လာတာဗျို့။ ဟာ ကိုသာခင်တို့
လမ်းအတိုင်းကို ဝင်လာတာဗျ။ ကျုပ်နဲ့ ကောင်လေးနှစ်ယောက် အဆင်သင့်ပြင်ထားကြတာပေါ့ဗျာ။

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)