တောင်ကျရေ အပိုင်း(၃)



"ဟုတ်ပါ့ကွာ၊ အဲဒီအတိုင်းကိုဖြစ်တာ"

"နို့ ကိုကျင်မောင်ရာ၊ အဲဒီနာနာဘာ
ဝတွေ ပြောသွားတဲ့ စကားတွေကို
သေသေချာချာ ကြားလိုက်လားဗျ"

"ဟာ ကြားသွားပါပြီကွာ၊ ဒီလိုကွာ၊
ကိုဘကျော်တို့ မီးလောင်ကုန်းမှာ
ဒီလို ဖြစ်သွားတာတော့ ငါတို့ရွာက
သတင်းမကြားကြဘူးကွ၊ညက ဆယ့်
တစ်နာရီလောက်မှာစကားတွေဆူညံ
ဆူညံ ပြောပြီး လူနှစ်ဆယ်လောက်
အုပ်လိုက်ကြီး တို့ရွာထဲကို ဝင်လာ
တာကွ၊ ကိုဘကျော်ပြောတဲ့အတိုင်း
ပါပဲကွာ၊ ညဦးကတည်းက ခွေးတွေ
တအီအီဖြစ်နေကြတာ၊ အဲဒီအုပ်စု
ကြီးလည်း ရွာထဲဝင်လာရော ခွေး
တင်မကဘူးဟေ့၊ တင်းကုတ်ထဲက
နွားတွေပါ တဖူးဖူးနဲ့ နှာမှုတ်နေကြ
တာဟေ့၊ တချို့နွားတွေက ခွာတွေ
လည်း ယက်နေကြတာပေါ့ကွာ"

"နို့ ငွေတွင်းကုန်းမှာရော ကင်းသ
မားတွေ ရှိတယ်မို့လား"

"ဟာ ရှိတာပေါ့ကွ တာတေရ၊ ကိုဘ
ကျော်ကြီး ပြောသလိုပေါ့ကွာ။ အဲဒီ
ကင်းသမားတွေ ပြန်ပြောလို့အားလုံး
သိကြရတာကွ၊ ကင်းတဲရှေ့ကနေ
့ ဖြတ်သွားကြတာ၊ စကားသံတွေသာ
ကျွက်စီနဲ့ကြားနေရတာတဲ့၊ ဘာမှမြင်
ရတာ မဟုတ်ဘူးတဲ့ကွ၊ရွာထဲမှာ တစ်
လမ်းထွက် လျှောက်သွားကြတာဆို
ပဲ၊ တစ်ရွာလုံးနှံ့သွားတော့မှ ရွာထဲက
နေ ပြန်ထွက်သွားကြတာတဲ့ကွ"

"ဘယ်လိုဟာတွေများတုံးဗျာ၊ သရဲ၊
တစ္ဆေဆိုတာ တစ်ကောင်လောက်ပဲ
တွေ့ဖူးကြတာပါ၊အခုလိုအုပ်စုလိုက်
ကြီး သွားလာနေတာမျိုး ကျုပ်ဖြင့်
တစ်ခါမှကို မကြားဖူးပါဘူးဗျာ"

"အေး …မင်းလို နှံ့စပ်တဲ့လူတောင်
မကြားဖူးရင် ငါတို့လို ရွာထဲက ရွာပြင်
မထွက်တဲ့လူတွေက ပိုဆိုးတော့မှာပေါ့
တာတေရ"

ကျုပ်လည်း ဘာပြောရမှန်းကို မသိတာ
နဲ့ နဂါးဆေးလိပ်ကလေးကိုပဲ ဖိပြီးဖွာနေ
ရတော့တာပေါ့ဗျာ၊ အဲဒီနေ့က ကိုကျင်
မောင်နဲ့ ကိုဘကျော် ပြန်သွားတော့
သိမ်းစရာ ရှိတာတွေသိမ်း၊ ဖျက်စရာ
ရှိတာတွေ ဖျက်ပေါ့ဗျာ၊ အလုပ်ဆက်
လုပ်နေရတာပေါ့။

ကိုကျင်မောင်နဲ့ ကိုဘကျော်ကလည်း
ကျုပ် ဘာမှမပြောတတ်တော့ သူတို့
လည်း ကျုပ် ဘာမှမပြောတတ်တော့
သူတို့လည်း ဒီအတိုင်း ပြန်သွားကြရ
တာပေါ့ဗျာ။ဘုရားပွဲပြီးရင် အားလုံး
ရှင်းရလင်းရတာက သုံးရက်လောက်
ကြာတာဗျို့။ ဒီနေ့တော့ ကျုပ်လည်း
ထမင်းကြမ်းကလေးစားပြီးတာနဲ့သွား
တော့မယ်လို့ ပြင်နေတာဗျ။

"တာတေ နိုးပြီလားကွ"

ဝိုင်းဝက ကျုပ်နာမည်ခေါ်သံကြားလို့
လှမ်းကြည့်လိုက်တယ်။ သြော် ဘန့်
ဘွေးကုန်းက လှထွေးပါလား၊လှထွေး
က ကျုပ်နဲ့ ရွယ်တူဗျ။ ဒီကောင်က မြို့
ကျောင်းမှာ ကျုပ်နဲ့အတူတူနေဖူးတယ်။
ဒါပေမဲ့ လှထွေးက ငါးတန်းအောင်ပြီး
ဆက်မတက်တော့ဘူးဗျ။ကျုပ်ကသာ
ဆယ်တန်းအထိ ဆက်နေတာ။

"ဟာ ဟေ့ကောင်လှထွေး လာလေ
ကြ"

"အေး အေး ငါက မင်းဘုရားရောက်
သွားပြီလားလို့ကွ၊ ဘုရားရောက်သွား
ရင်လည်း လိုက်ခဲ့မလို့ပါပဲ"

"ငါလည်း သွားမလို့ပဲကွ"

"ဟေ ဟုတ်လား၊ ဒါဆိုလည်း လုပ်လေ၊
သွားကြတာပေါ့၊ ငါလည်း လိုက်ခဲ့မှာပေါ့၊
နို့ မင်းအဘနဲ့ အမေရော နေကောင်းကြ
ရဲ့လား"

"အေး ကောင်းပါတယ်ကွ"

"ဟဲ့ တာတေ ဘယ်သူ လာတာတုံး"

အမေက လှထွေးအသံကြားလို့
လှမ်းမေးတာဗျို့။

"ဘန့်ဘွေးကုန်းက လှထွေးပါ အမေရ"

"သြော် လှထွေးလား၊ စောစောစီးစီး
ပါလား၊ အိမ်ပေါ်တက်ခိုင်းလေ တာတေ"

"လှထွေးက ကျုပ်နဲ့ ဘုရားလိုက်မှာတဲ့
ဗျ၊ သွားတော့မယ်အမေ"

"သြော် အေးအေး၊  သွား သွား"

ကျုပ်နဲ့လှထွေး ရွှေတောင်ဦးဘုရားကို
လာခဲ့ကြတယ်။

"လှထွေး စောစောစီးစီးပါလား၊
ဘယ်သွားမလို့တုံး"

"မင်းဆီ လာတာကွ၊ တာတေရ၊ညက
ငါတို့ရွာမှာ ထူးထူးဆန်းဆန်းတွေ
ဖြစ်လို့ "

လှထွေးဆိုတဲ့အကောင်က အရပ်ပု
ပုကလေးဗျ၊ မျက်လုံးပြူးပြူးနဲ့။ ဒါ
ကြောင့် ကျောင်းတုန်းက ဒီကောင့်
ကို ဂျပုလှထွေးလို့ ခေါ်ကြတာ။
ဘာဖြစ်လို့တုံးဆိုတော့ ကျောင်းမှာ
က အရပ်ရှည်ရှည်နဲ့ လှထွေးတစ်
ယောက် ရှိသေးတာကိုဗျ။

ဟိုကောင့်ကိုတော့ လောရှည်လှ
ထွေးလို့ ခေါ်ကြတယ်။

"ဘာတုံး၊ ညက မင်းတို့ရွာထဲကို
ဆူညံ ဆူညံနဲ့ စကားတွေ ပြောပြီး
သရဲတွေ အုပ်လိုက်ကြီး ဝင်လာ
လို့လား"

"ဟေ မင်း ဘယ်လိုလုပ် သိတာ
တုံး ဟေ့ကောင်"

လှထွေး တော်တော်ကို အံ့သြ
သွားတာဗျို့။ ကျုပ်ဖြင့် ရယ်ချင်
လိုက်တာဗျာ။ ဒီကောင်က အား
ကြီးရိုးတာဗျ။ ကျုပ် မဟုတ်တာ
တွေ လျှောက်ပြောရင်လည်း ဒီ
ကောင် ယုံမှာ။ ဒါကြောင့် ကျုပ်
မပြောတော့ပါဘူးဗျာ။

"မနေ့က ငါ့ဆီကို ကိုကျင်မောင်နဲ့
ကိုဘကျော် လာသွားတယ်ကွ၊ ငွေ
တွင်းကုန်းနဲ့မီးလောင်းကုန်းကိုလည်း
အဲဒီသရဲအုပ်စုကြီး ဝင်သွားကြပြီကွ၊
ဒါကြောင့် ငါ အဲဒါများလားလို့ မေး
တာပါကြာ"

"အေး ဟုတ်တယ်၊ ဒါဆိုရင် အဲ့ဒါတွေပဲ
ပေါ့၊ ညက ငါတို့ရွာကို ဝင်သွားတာကွ"

"ရွာထဲက ခွေးတွေက တအီအီ လုပ်နေ
တယ်မို့လား၊ နွားတွေက တဖူးဖူးနဲ့ နှာ
မှုတ်ကြရောမို့လား"

"ဟာ ဟုတ်ပါ့ကွာ၊ တချို့လည်း ညက
အိပ်မပျော်သေးတော့ ထွက်ကြည့်ကြ
တယ်တဲ့ကွ၊ ရွာထဲမှာ တစ်ယောက်
ယောက်များ နေထိုင်မကောင်းဖြစ်သ
လား ဆိုပြီးတော့ပေါ့ကွာ။ ဒါပေမဲ့ အ
သံတွေပဲ ကြားတာတဲ့ဟေ့၊ ဘာမှမြင်
ရတာ မဟုတ်ဘူးတဲ့ကွ၊ တစ်ချက်
တစ်ချက်တော့ ခြေသံတွေ ကြားရ
တယ်ဆိုပဲ၊ အကောင်အထည်တော့
မမြင်ဘူးတဲ့ကွ"

"နို့ နေပါဦး လှထွေးရ၊ မင်းတို့ရွာက
ကင်းစောင့်တဲ့လူတွေရော တော်တော်
မှ လန့်သွားရဲ့လား"

"ညက ကင်းကျတဲ့အထဲမှာ ငါ့အစ်
ကို လှအေး ပါတယ်လေကွာ"

"ဟေ ဟုတ်လားကွ၊ လှအေးရော
ဘာမြင်လိုက်တုံးကွ"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)