အမှတ်/၅၆(ဘီ) အပိုင်း(၄) ဇာတ်သိမ်းပိုင်း



မောင်လေးကသူ့နောက်ကျောဆိုတော့သိပုံမရပါဘူး။ကျွန်မအော်
လိုက်တော့သူလည်းလန့်ပြီးကုတင်ပေါ်ပြေးတက်လာတော့တယ်။
အဖေလည်းလန့်နိုးသွားပြီးမေးမြန်းတာပေါ့။ကျွန်မတွေ့လိုက်တာ
ပြောပြလိုက်တော့ မနက်ဖြန်ပဲအားလုံးပြောင်းကြမယ်ဖြစ်ကုန်တာ
ပါပဲ။ညညဆိုကောင်းကောင်းမအိပ်ရပဲ အရမ်းခြောက်နေတော့
အိမ်ကလူတွေလည်းမျက်တွင်းဟောက်ပက်ဖြစ်နေကြပါပြီ။အိပ်ရေး
မဝတာကြာလာရင် လူကမခံနိုင်လာတော့ဘူး။လောလောဆည်
နေဖို့နေရာကို အရင်နေခဲ့တဲ့အဒေါ်အိမ်မှာပဲခဏသွားနေကြဖို့ဖြစ်
လာရတယ်။

အဖေနဲ့ကျွန်မကကုတင်ပေါ်မှာထိုင်ရင်း ပြောင်းဖို့ရွေ့ဖို့ပြောနေတာ
ပေါ့။မောင်လေးကတော့မနက်စာမေးပွဲရှိလို့ ကြောက်ပေမယ့်အသဲ
အသန် စာပြန်ကျက်နေရတယ်။စာကြည့်စားပွဲမှာပြန်ထိုင်ပြီးစာကျက်
နေတုန်း သူထိုင်နေတဲ့ထိုင်ခုံရော သူရောကို ဆွဲသွားတာ အခန်း
ဝဆီကို။ကျွန်မတို့မျက်စိရှေ့မှာတင်ပဲ။မောင်လေးလည်းကြောက်ပြီး
ကျွန်မတို့ဆီပြေးလာတော့တယ်။ကျွန်မတို့လည်းသုံးယောက်လုံးရှိ
နေတာတောင် အဲ့လောက်ထိခြောက်နေတော့ သွေးပျက်နေခဲ့ပါပြီ။
မိုးမြန်မြန်လင်းပြီး ဒီအိမ်ကြီးထဲကနေ မြန်မြန်ထွက်နိုင်ဖို့ပဲဆုတောင်း
နေမိပါတော့တယ်။

မနက်ရောက်တော့ ကားခေါ် အလုပ်သမားခေါ်ပြီး ပစ္စည်းတွေအကုန်
သိမ်းလိုက်တယ်။တကယ်ကိုဆက်မနေရဲတော့လို့ပါ။အဒေါ်အိမ်ကို
ပြောင်းနေလိုက်ကြတော့တယ်။နောက်တစ်နေ့ အိမ်ရှင်တွေကို အိမ်
သော့ပြန်သွားပေးရင်း ကျွန်မတို့အခြောက်ခံရတာတွေကိုပြောပြ
တော့ သူတို့လည်းစိတ်မကောင်းကြဘူး။တကယ်သရဲခြောက်နေ
တယ်ဆိုတာလည်းသိထားကြပြီးသားမလို့လားမသိပါဘူး။အိမ်လခ
ကို တစ်လစာပဲယူပြီး ကျန်တာပြန်ပေးလာပါတယ်။

သူတို့ကိုကျေးဇူးအရမ်းတင်မိတယ်။ကျွန်မတို့ကိုပိုက်ဆံပြန်အမ်း
လိမ့်မယ်လို့မမျှော်လင့်ထားလို့ပါ။ဒီပိုက်ဆံနဲ့နောက်တစ်အိမ်ငှါးတဲ့
အခါကျရင် သရဲခြောက်လားဆိုတာပါထည့်မေးဖြစ်မယ်ထင်ပါတယ်။
နောက်မှသိရတာက သေသွားတဲ့ကောင်မလေးက သူတို့တူမဆိုတာ
ရယ်၊ ကလေးမလေးကအလုပ်မှာအမှားအယွင်းတစ်ခုကြောင့် ငွေ
သိန်း ( ၇၀ )ကျော်လျှော်ပေးရမှာကို မလျှော်နိုင်လို့စိတ်ညစ်ပြီး
အဆိပ်သောက်ခဲ့တယ်ဆိုတာပါပဲ။

ဒီအဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက် သရဲအယုံအကြည်မရှိတဲ့
ကျွန်မတို့မိသားစုတွေ သရဲခြောက်တယ်လို့ကြားတဲ့နေရာတွေဆို
ရှောင်တော့တာပါပဲရှင်။

ပြီးပါပြီ။
မူရင်းရေးသားသူသော်တာလမင်းစန္ဒာအားလေးစားစွာဖြင့် Credit ပေးပါသည်

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)