ပင်လယ်စုန်း အပိုင်း(၆)
ကျုပ်ကတော့ ပြည်တော်ပြန်ဂါထာကိုပဲ ဖိရွတ်နေရတော့တာပေါ့ကွာ။ဒီကောင် နောက်ကိုလှည့်ပြီး ကျုပ်ဘက်ကို လျှောက်လာတယ်။ဒါပေမဲ့ ဒီကောင် ဘာလုပ်ရမှန်း မသိတော့ဘူးပေါ့။ကျုပ်ဘေးမှာ ထိုးထားတဲ့ တက်မချင်တုတ်ကို လှမ်းဆွဲထားလိုက်တယ်။ တက်မချင်ဆိုတာကတက်မကိုင်တဲ့ တုတ်ချောင်းကို ခေါ်တာ ။အဲဒါကမကြာ မကြာ ကျိုးတက်တော့ အပိုတွေလုပ်ထားရတယ်။ အဲဒီတက်မချင်ကို ကိုင်ပြီးကျုပ် အဆင့်သင့် လုပ်ထားလိုက်တယ်။
ဒါပေမယ့် သာညိုက ခြေလှမ်းလေးလှမ်းလောက်
လှမ်းပြီး ခွေလဲကျသွားတယ်။ခဏကြာတော့ဒီကောင်လည်း ငြိမ်သွားတော့တာပါပဲ။ဒီမှာတင် လှေတစ်စီးလုံးမှာ ကျုပ်တစ်ယောက်တည်းပဲကျန်တော့တာပါ။ပင်လယ်စုန်း ရွက်တိုင်ထိပ်ကနေနိမ့်ဆင်းလာတယ်။ ဟာ ဘုရား ဘုရား ပင်လယ်စုန်းမီးလုံးတွေ ရေထဲကနေ ပေါ်လာတာဗျို့။ဖွားကနဲ ဖွားကနဲ နေတာပဲဗျာ။တစ်လုံး နှစ်လုံး သုံးလုံး ဟာ မနည်းပါလားအားလုံး ဆယ်လုံးလောက် ရှိမယ်မယ်ဟေ့။
အရွယ်က သပိတ်နှစ်လုံးစာလောက် ရှိမယ်။မီးလုံးကြီးတွေ လှေပေါ်မှာ ဝဲနေကြတာ။ကျုပ်လည်း ပြည်တော်ပြန်ဂါထာကိုပဲ ဖိရွတ်ရတော့တာပေါ့။ဟာ…ရွက်တိုင်ထိပ်က မီးလုံးကြီရောတခြားမီးလုံးကြီးတွေရော လှေထဲမှာ ဝဲပျံနေကြတယ်လဲကျနေတဲ့ အလောင်းတွေအနားကို နိမ့်နိမ့်လေး ပျံပြီး ဆင်းသွားကြတယ်။ဟာ အလောင်းတွေ ပျောက်သွားပြီ။
ဘယ်ရောက်သွားတာပါလိမ့်။ဟာ မီးလုံးကြီးတွေလည်းရေထဲဝင်သွားပြီ။
ဘုရား ဘုရား အလောင်းတွေကို စားပစ်လိုက်တာလား။ယူသွားတာလား။ကျုပ် ဘာကိုမှ မမြင်လိုက်ရဘူး။ဟင် ရွက်တိုင်ထိပ်မှာ ပထမဆုံး လာစွဲတဲ့မီးလုံးကြီးကလှေထဲမှာ ကျနေတယ်။လှေကြိုးချည်တဲ့ဘုံလုံတိုင်အပေါ်မှ စွဲနေတယ်။ဟာ လာပြီလာပြီ ကျုပ်ဆီကို ပျံလာနေပြီ။ ကျုပ်လည်းပါးစပ်က ပြန်တော်ပြန်ဂါထာကိုရွက်ရင်း လက်တစ်ဖက်ကလည်းတက်မချင်တုတ်ကို တင်းတင်းဆုပ်ထားလိုက်မိတယ်။ ဟော ရပ်သွားပြီဟေ့။
ပင်လယ်စုန်းမီးကြီးက ရှေ့ကို ဆက်တိုက်မလာဘဲ
ရပ်သွားတယ်။ ဟော သွားပြီ သွားပြီ ။နောက်ဆုံးကျန်နေတဲ့ မီးလုံးကြီးလည်းလှေထဲကနေ ပျံထွက်သွားပြီး ရေထဲငုပ်ဝင်သွားတယ်။ကျုပ်လည်း ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီးခင်ပုပ်စင်ပေါ်မှာတင် လဲကျသွားတယ်။
"ဟေ့ကောင် စံမောင် စံမောင် မင်း သတိရပြီလား"
လူတွေ ဝိုင်းခေါ်တဲ့အသံကို ကျုပ်ကြားတယ်။ဒါပေမယ့် ဘယ်သူ့ကို ခေါ်နေမှန်း ကျုပ် မသိဘူး။ကျုပ် သတိရလာတော့ တခြားလှေကြီးတစ်စင်းပေါ်ကိုရောက်နေတယ်။ကျုပ်ကို ဝိုင်းအုံပြီးခေါ်နေတဲ့လူတွေက ကျုပ်ကို တရင်းတနှီး ပြောဆိုမေးမြန်းနေကြတာ။ဒါပေမယ့် ကျုပ်ကသူဒို့ကို တစ်ယောက်မှ မသိဘူး။
"စံမောင် စံမောင် မင်းသတိရပြီလား"
စံမောင်ဆိုတာ ဘယ်သူတုံး။ ကျုပ်ကကော ဘယ်သူတုံးဒီလှေကြီးပေါ်ကို ကျုပ် ဘာဖြစ်လို့ ရောက်နေတာတုံးကျုပ် ဘာကိုမှ မသိတော့တာ နောက်ဆုံး
ကျုပ်ကြားလိုက်ရတာကတော့ …
"သွားပြီ စံမောင် ရူးသွားပြီ သွက်သွက်လည်အောင်ကိုရူးသွားတာ မင်းတို့ သူ့ကို မေးလို့လည်း ဘာမှသိမှာမဟုတ်ဘူး"
ဒီစကားက ကျုပ်နောက်ဆုံးကြားခဲ့ရတဲ့ စကားပါပဲ။
"ဖြစ်မှဖြစ်ရလေ အဘရာ အခုလို ပြန်ကောင်းလာလို့တော်တော့တာပေါ့ဗျာ"
ကျုပ်နဲ့ ကိုဆိတ်ဖွါးက ပဲ့နင်းကြီး အဘဦးစံမောင်ကို
သနားမိပြီး ကြည့်မိကြတယ်။
"အေး…စောစောက ပြောသလိုပေါ့ကွာ နှစ်နှစ်လောက်ကြာတော့မှ မွန်ဆရာတော်ကြီးတစ်ပါးဆေးကုပေးလို့ ပြန်ကောင်းသွားခဲ့တာ"
အဲဒီညက အိပ်ချိန်ကျလို့သာ အိပ်ခဲ့ရတာ။ကျုပ်
မျက်စိထဲမှာ အဘဦးစံမောင်ပြောတဲ့ပင်လယ်စုန်းဆိုတာကိုပဲ မြင်ယောင်နေတော့တာဗျ။နောက်တော့
ကျုပ် အိပ်သွားတယ်။
"တာတေ ထစမ်း ဟေ့ကောင် တာတေ"
ကိုဆိတ်ဖွါးက ကျုပ်ကို လှုပ်နှိုးနေတာဗျ။ကျုပ် အိပ်ပျော်ကာစဆိုတော့ ချက်ချင်းမနိုးဘူး။အိပ်မက်လိုလို ဖြစ်နေတာ။
"တာတေ တာတေ"
"ဗျာ…ကိုဆိတ်ဖွား ဘာတုံး"
ကျုပ် နိုးသွားပြီ။ အိပ်နေရာကနေ ငေါက်ကနဲထထိုင်လိုက်တယ်။
"တာတေရေ ဒီစက်လှေတော့ ဒုက္ခကြုံပြီဟေ့"
"ဟာ မဟုတ်ဘူးကွ ညနေက အဘဦးစံမောင်ပြောတဲ့ပင်လယ်စုန်းဆိုတာ ကပ်နေတယ်ကွ"
"ဗျာ ဟုတ်လို့လား ကိုဆိတ်ဖွါးရဲ့ အချက်ပြမီးထွန်းထားတာရှိမှာပါ"
"မဟုတ်ဘူး တာတေ ပင်လယ်စုန်း ကပ်နေတာတဲ့
အခု မင်းကို အဘဦးစံမောင်ကိုယ်တိုင် နှိုးခိုင်းလိုက်တာ"
"ဟုတ် ဟုတ်လားဗျ ။ ဘယ်မှာကပ်နေတာတုံး"
"အလံတိုင် ထိပ်ဖျားမှာ ကပ်နေတာကွ တာတေရ"
ကျုပ် ချက်ချင်းထပြီး ကိုဆိတ်ဖွါးနောက်က လိုက်ခဲ့တယ်ခရီးသည်တွေကတော့ ဘာမှ မသိဘူးဗျ။ငြိမ်ငြိမ်သက်သက်ပဲ အိပ်နေကြတယ်။စက်လှေသားတွေကတော့ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေကြပြီ။အလံတိုင်ထိပ်ဖျားကို ကျုပ်မော့ကြည့်လိုက်တယ်။
"ဟာ…ဟုတ်သားပဲ"
အနီရောင်လင်းနေတဲ့ အလုံးတစ်လုံးဗျ။အရွယ်ကတော့ သပိတ်လုံးသာသာလောက် ရှိမယ်။
ကျုပ် အဘ ဦးစံမောင်အနားကိုရောက် အဘဦးစံမောင် မျက်စိမျက်နှာ ပျက်နေတာဗျ။
"အဘ ဒါ ပင်လယ်စုန်း ဟုတ်သလားဗျ"
"သိပ်ဟုတ်တာပေါ့ မောင်တာတေရာ။ ညနေကတင်
မင်းတို့ကို ကျုပ် ပြောပြနေသေးတာ။ တိုက်တိုက်ဆိုင်ဆိုင်ကွာဒီခေတ်မှာ ဒီလိုဟာတွေ မရှိတော့ဘူးလို့ထင်ထားတာကွ"
"ဒါဆိုရင် ဘာဖြစ်နိုင်တုံး အဘ"
ကျုပ်က အဘဦးစံမောင်ကို မေးလိုက်တယ်။
"ဘာဖြစ်နိုင်တယ်ဆိုတာကို ညနေကပဲ မင်းနဲ့မောင်ဆိတ်ဖွါးကို ကျုပ် ပြောပြခဲ့ပြီးပါပြီပဲ"

အပိုင်း(၇)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment