တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၇) ဇာတ်သိမ်းပိုင်း
"အေး တစ္ဆေလေးက လူတစ်ယောက်ရဲ့ လက်သန်းလောက်ပဲရှိတာ။ ဒါပေမဲ့ သူ့အလိုရှိရင်အိမ်လောက်ဖြစ်ဖြစ်တောင်ဖြစ်ဖြစ် ဖန်ဆင်းနိုင်တယ်ခွေးမတက်အောင်တောင် ကြောကြီး တစ်ခုလုံးရဲ့တောင်ပိုင်ကြီးက တစ္ဆေလေးပဲဟဲ့ ၊နင်တို့ သိလား"
"ကျုပ်တော့ ဘာမှကို မသိတာပါဗျ"
"ဒါဆိုရင် ငါပြောမယ်၊ သုံးရက်အတွင်း နင်တို့အရောက်သွား၊ တစ္ဆေလေးရဲ့ လျှို့ဝှက်ချက်ကအူတွေအသည်းတွေ သိပ်ကြိုက်တာနင်တို့ အမဲအူအသည်း ကလီစာစုံအောင်ချက်ပြီးသွားကျွေးကြ။ ပြီးရင် အာလူးအစား နင်တို့တောင်းပန်ကြ၊ ချည်ထားတဲ့ တစ္ဆေလေးနေတဲ့အိမ်ကိုသေသေချာချာယူပြီး နဂိုနေရာမှာ ပြန်ပြီး တည်ပေးလိုက်၊ပြီးတော့ သူ့အိမ်နဲ့ ဘေးပတ်ဝန်းကျင်ကို အမွှေးနံ့သာဖျန်းပေး၊ လက်သမား ခေါ်သွားခိုင်းတာကအိမ်ကို သေသေချာချာ စရွေးကိုက်ပြီးပြန်တည်ပေးဖို့ သိလား၊ သူ့အိမ်ကို ရွဲ့ရွဲ့စောင်းစောင်းတည်ပေးလို့ကတော့ နင်တို့အကုန်လုံးကိုသတ်လိမ့်မယ် တာတေ၊ နင် ဦးဆောင်ပြီးသေသေချာချာ လုပ်ပေးလိုက် ကြားလား"
"ဟုတ်၊ ဟုတ်ကဲ့ပါ ၊ မဖဲဝါ ၊ ကျုပ် လိုက်သွားပါ့မယ် "
ကျုပ် လန့်နိုးလာတော့ အရုဏ်တောင်မတက်သေးဘူးဗျ၊ ဒါနဲ့ ကျုပ် ပြန်အိပ်လိုက်တယ်။
ကိုအာလူး အသုဘချပြီးလို့ နှစ်ရက်ကြာတော့ကျုပ်နဲ့ ဆယ်အိမ်ခေါင်းသုံးယောက် လက်သမားကောင်းကောင်း နှစ်ယောက်ခေါ်ပြီး အမဲသားဟင်းအိုးကြီးကို ဝါးပိုးလုံးနဲ့ လျှိုထမ်းပြီးခွေးမတက်တောင်ကို တက်ခဲ့ကြတယ်။
တောင်ပေါ်ရောက်တော့ ကျုပ်အိပ်မက်ထဲမှာတွေ့ရတဲ့အတိုင်းပါပဲဗျာ၊ ကိုအာလူးအိပ်မက်ပေးဘူးတဲ့နေရာမှာ အိမ်ကလေးကိုကြိုးနဲ့ချည်ပြီး ပေါက်ကိုင်းကြီးမှာတွဲလွဲဆွဲထားတာကို ကျုပ်တို့ တွေ့ရောဗျို့။
ကိုကံတို့ ဆယ်အိမ်ခေါင်းတွေလည်း ကျုပ်ပြောထားတာကိုကြိုသိနေကြတာဆိုတော့ အခုလို မြင်လိုက်ရတဲ့အချိန်မှာတော်တော်ကို အံ့သြသွားကြတာဗျို့။
လက်သမားဆရာနှစ်ယောက်က သစ်ပင်မှာတွဲလောင်းဆွဲထားတဲ့ အိမ်ကလေးကို ဖြုတ်ချပြီး
နဂိုနေရာက တိုင်ပေါက်ကလေးတွေမှာ တိတိပပလေးစွပ်ချပြီး ရွဲ့စောင်းမနေအောင် သေသေချာချာ
တိုင်းထွာကြတယ်ဗျ၊ ပြီးတော့မှ အိမ်ကလေးကို
ခိုင်နေအောင် မလှုပ်အောင် ပြန်လုပ်ပေးကြတယ်။
ကျုပ်စိတ်ထင်တော့ တစ္ဆေလေးကို မဖဲဝါကကြိုတင်ပြီး တောင်းပန်ထားတဲ့ပုံပဲဗျ။ကျုပ်တို့ လာမယ်ဆိုတာကိုလည်း တစ္ဆေလေးကြိုသိနေတယ်ထင်တယ်။
ဒါကြောင့် ကျုပ်တို့ကို ဘာမှ မလုပ်ဘဲ ကြည့်နေတာ ဖြစ်မယ်ဗျ။ အိမ်ကို ကျကျနနပြန်ဆောက်ပေးပြီးတော့မှ ကျုပ်တို့ ယူလာတဲ့အမဲကလီစာ ဟင်းအိုးကို အဖုံး ဖွင့်ပြီးကျွေးလိုက်တယ်။
"ခွေးမတက်တောင်ပိုင်ကြီး တစ္ဆေလေးခင်ဗျာ၊ကျုပ်တို့ရွာသား ကိုအာလူးရဲ့ မသိမှု မိုက်မဲမှုတွေအတွက်
ကျုပ်တို့ရွာသားအားလုံးက တစ္ဆေလေးကို တောင်းပန်ပါတယ်ဗျာ၊ ကျုပ်က မဖဲဝါရဲ့မိတ်ဆွေ တာတေပါ၊ တစ္ဆေလေးကြိုက်တဲ့အမဲကလီစာများကို တစ္ဆေလေးစားဖို့ ယူဆောင်လာပါတယ်၊ ပျော်ပျော်ကြီးစားပါ ၊ တစ္ဆေလေးဗျာ"
ကျုပ်က မျက်ကွင်းဆေးကွင်းထားတော့မြင်ရပြီဗျာ။ ဟုတ်ပါ့ဗျာ၊ လက်သန်းလောက်ကလေးရှိတာဗျ၊ သူ့အိမ်ကလေးကို တံခါးဖွင့်ပြီးထွက်လာတာ။
"တစ္ဆေလေးဗျာ ၊ထနောင်းကုန်းရွာသားတွေက
အမိုက်အမဲ အာလူးအစား တောင်းပန်ပါတယ်၊
တွဲလောင်းပါတယ် ၊ တွဲလောင်းဆွဲထားတဲ့အိမ်ကြီးကို ပြန်ချပေးပါဗျာ။ မဖဲဝါရဲ့ မိတ်ဆွေကျုပ် တာတေက တောင်းပန်ပါတယ်ဗျာ"
ဟော တစ္ဆေလေးက ခေါင်းမှာ ဦးထုပ်အနီလေး
ဆောင်းထားတာဗျ၊ သူ့ခေါင်းက ဦးထုပ်ကလေးကို
ချွတ်ပြီး ကျုပ်ကို ဝှေ့ပြတယ်၊ ပြီးတော့ပြန်တော့ဆိုတဲ့ ပုံစံမျိုး လက်ဟန်ပြတယ်ဗျ။
ကျုပ်လည်း ကိုကံတို့ ဆယ်အိမ်ခေါင်းတွေကို လက်ကုတ်ပြီး သုတ်ခြေတင်ခဲ့ကြရောဗျို့။
ရွာပြန်ရောက်တော့ ရွာထဲမှာ ကျွတ်စီ ကျွတ်စီဖြစ်နေတယ်ဗျ။
ဘာဖြစ်ကြပြန်ပြီလဲလို့စုံစမ်းလိုက်တော့ ကိုအာလူးတို့ အိမ်ကြီးနဂိုအတိုင်း ပြန်ဖြစ်သွားလို့ ဆိုပြီး သွားကြည့်နေကြတာတဲ့ဗျို့။
ဒီတော့မှ ကိုကံရော ဆယ်အိမ်ခေါင်းတွေရောလက်သမားဆရာနှစ်ယောက်ရော ပြုံးနိုင်ကြတော့တာပေါ့ဗျာ၊ကျုပ် အိမ်ပြန်ရောက်တော့ နေတောင်အတောစောင်းနေပြီဗျ။
ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment