" စကားပြောသော သရဲ " အပိုင်း (၄) ဇာတ်သိမ်းပိုင်း
" နာနာဘာဝဆိုတိုင်း ကြောက်စရာမှမဟုတ်တာ သားရယ် ။ ကြောက်စရာအကောင်းဆုံးက သက်ရှိလူသားတွေပဲ "
" ဘွားလေး ၊ ကံနိမ့်မှ သရဲတွေကို မြင်ရတာဆို ။ သားတို့က ကံနိမ့်နေလို့ပေါ့နော် "
" အဲဒီအယူအဆတွေက မှားယွင်းတဲ့ အယူအဆတွေပါ ။ မြတ်စွာဘုရားရှင်လက်ထက်တော်ကတည်းက မြတ်စွာဘုရားရှင်ရော သာဝကကြီးတွေ ၊ ရဟန်းတော်တွေပါ ပြိတ္တတွေကို မြင်တွေ့ရတယ် ။ ဒါဆို ဘုရားရှင်နဲ့ ရဟန်းတော်တွေအားလုံး ကံနိမ့်လို့ မြင်ရတာဆိုပြီး ပြောလို့ရမလား သားရယ် ။ ပြိတ္တာဘုံဘဝ ရောက်နေကြတဲ့ သူတွေဟာ အင်မတန်သနားစရာကောင်းတယ် ။ သူတို့လိုအပ်နေတဲ့ အကူအညီတောင်းခံနိုင်မယ့်သူတွေကို ရှာဖွေကြတယ် ။ သူတို့မှာရှိနေတဲ့ အစွမ်းအစနဲ့ ကိုယ်ထင်ပြတာလည်းရှိတယ် ။ ရှေးက ပဋ္ဌာန်းဆက်ကြောင့်လည်း မြင်တွ့ရတာမျိုးတွေ ရှိတယ် ။ သူလည်း သနားဖို့ ကောင်းပါတယ် ။ သားရဲ့ဒေါ်လေး ဆေးရုံက မဆင်းခင်ညမှာ ကျွန်မ ရှင့်ကို ဘာအကူအညီပေးရမလဲလို့မေးလိုက်တယ် "
" သူက ဘာပြန်ပြောလဲ ဘွားလေး "
" ကျွန်မအတွက် စားစရာနဲ့ နေစရာလေးရအောင် လုပ်ပေးပါတဲ့ "
" ကျွန်မ အကူအညီပေးပါ့မယ်လို့ကတိပေးပြီး သားဒေါ်လေး ဆေးရုံကဆင်းပြီး နောက်တစ်ရက်မှာပဲ ဘုန်းကြီးကျောင်းမှာ သူ့အတွက် ရည်စူးပြီး သင်္ကန်းပဋိက္ခရာတွေနဲ့ ဆွမ်းကပ်လှူပေးခဲ့တယ် "
" ကြောက်စရာကြီးနော် "
" သားကသာ အခုမှ ကြောက်နေတာ ။ အဲဒီတုန်းက ဘွားလေးနဲ့ သူလိုက်လာတာ သားတို့မှ မသိတာ ။ ညဆို ဘွားလေးနဲ့ ခြံထဲမှာ စကားပြောနေကျ ။ ဘွားလေးအတွက် စကားပြောဖော်တောင်ရသေးတယ် "
" ဟာဗျာ....ဘွားလေးရာ ။ အိမ်စောင့်နတ် ခြံစောင့်နတ်တွေ ရှိနေတာ ဝင်လို့ရပါ့မလား "
" အိမ်ရှင် ခွင့်ပြုရင် ရပါတယ် "
" ဟာ...ဘွားလေးရာ ။ လုပ်ရက်တယ် ။ သူ့မှာလည်း ဆွေမျိုးတွေ ရှိမှာပဲဟာ ။ သူ့ဆွေမျိုးတွေဆီ သွားခိုင်းပါလား "
" သားက နားမလည်လို့ပါ ။ ကျွတ်လွတ်အောင် ကုသိုလ်ပြုပေးတယ်ဆိုတာ လုပ်တတ်မှ ။ သံဃာတွေကို ဆွမ်း သင်္ကန်းကပ်လှူရုံနဲ့ မပြီးဘူးကွယ့် ။ အလှူခံပုဂ္ဂိုလ်ကလည်း သီလစင်ကြယ်မှ ၊ လှူသူကလည်း စေတနာထက်သန်မှ ၊ လှူဒါန်းပေးရမယ့် သူအတွက် ရည်စူးပြီး လှူတတ်မှ ကျွတ်လွတ်တယ် "
" အဲဒီ မိန်းမကြီး ကျွတ်သွားလား ဘွားလေး "
" ကျွတ်တာပေါ့ကွယ် "
" ဘွားလေးရာ ၊ ကိုယ်နဲ့လည်း အမျိုးမတော်ဘဲနဲ့ သရဲကို အိမ်ခေါ်လာရတယ်လို့ဗျာ "
" ဘဝမှာ အမျိုးမတော်ခဲ့တဲ့သူ မရှိဘူး သား ။ သံသရာ အဆက်ဆက် ဘဝမျိုးစုံမှာ ကျင်လည်နေသမျှ အမျိုးမတော်ခဲ့တဲ့သူ မရှိပါဘူးကွယ် "
အဘွားလေးပြောတာ မှန်ပါတယ် ။ သံသရာအဆက်ဆက်မှာ ဆေီမျိုးတော်စပ်ခဲ့ကြသူတွေချည်းပါပဲ ။ တစ်ယောက်နဲ့တစ်ယောက် ဒေါသ လောဘ မောဟတွေ ထားကြမယ့်အစား ချစ်ချစ်ခင်ခင် နေသွားကြမယ်ဆိုရင် လောကကြီးက သာယာလှပနေမှာပါ ။
စကားပြောတဲ့ သရဲတစ်ယောက်အကြောင်းကိုတော့ ဘွားလေးက ယနေ့တိုင် ပြောနေဆဲပါ ။ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလေးကို ဖောက်သည်ချရင်း လူသားချင်းအပေါ် ၊ မြင်အပ် မမြင်အပ်ပုဂ္ဂိုလ်အပေါင်း အပေါ်၊ သတ္တဝါတိုင်းအပေါ်မှာ မေတ္တာတရားတွေ ထားနိုင်ကြပါစေကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်

ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment