ပင်လယ်စုန်း အပိုင်း(၈) ဇာတ်သိမ်းပိုင်း




အလံတိုင်ထိပ်က လူလိုလို ငါးလိုလို အကောင်ကြီးကတော့အခုအထိ မလှုပ်သေးဘူးဗျ။ကျုပ်ကိုပဲ စိုက်ကြည့်နေတာ။

ကျုပ် နောက်တစ်လှမ်း ထပ်တိုးတယ်။ပြီးတော့
နောက်တစ်လှမ်း နောက်တစ်လှမ်း။ အို အနားကို
ကပ်လာတော့မှာပဲ ညှီစော်ကြီးနံလိုက်တာဗျာ။ပင်လယ်ထဲက ငါးညှီထက် အဆအများကြီး ပိုညှီတယ်။

"ဂီး ဂစ် ဂစ် ဂိ"

ဟာ ဆိုးလိုက်တဲ့ အသံကြီးဗျာ။ကျုပ်ဖြင့်နားကွဲသွားမလားတောင် ထင်လိုက်ရတယ်။ဟော လှုပ်လာပြီဗျို့။ဟော ကျုပ်ဆီကိုခုန်အုပ်တော့မယ် ထင်တယ်။ ဟာ မဟုတ်ဘူးဗျ။ကြည့်စမ်း ကြည့်စမ်း ဒီကောင် လေထဲမှာလည်းပျံလို့ရတာကိုး။မည်းမည်းပြောင်ပြောင်  ကိုယ်လုံးကြီးဘေးမှာ ကပ်နေတဲ့ အတောင်ပံကြီးတွေ ပါတာဗျ။

လင်းနို့တောင်ပံတွေလိုပဲ။ဒါပေမဲ့ လူတွေက ဒါကို
မမြင်ရဘဲ မျက်လုံးက ထွက်နေတဲ့ အလင်းရောင်ကိုပဲမြင်ရတော့ မီးလုံးကြီးလို့ပဲ ထင်ကြတာပေါ့ဗျာ။ဒီကောင် အပေါ်ကို ထပျံသွားတာဗျို့။ဟာ  မဟုတ်ဘူးဗျ။ကျုပ်ဘက်ကို ပြန်ပြီးလှည့်လာပြီ။သြော် လက်စသတ်တော့ ဒင်းက ဒီလိုကိုး။ကျုပ်ကို ကုတ်ချီပြီး ရေထဲကို ဆွဲချသွားမှာဗျ။

ဒီကောင်မှာ သိမ်းငှက်ခြေထောက်လို ခြေသည်းချွန်ကြီးတွေ ပါတယ်။သြော်…အဘဦးစံမောင် ပြောပြတုန်းကအလောင်းတွေ နားကို မီးလုံးကြီးတွေ ကပ်သွားပြီးအလောင်းတွေ ပျောက်သွားတယ်ဆိုတာအတောင်ပျံကြီးတွေနဲ့ အုပ်ပြီး ခြေသည်တွေနဲ့ကုတ်ချီသွားတာ ဖြစ်မယ်ဗျ။

ဟာ လာပြီဗျို့ ။ ဒီကောင် ကျုပ်တည့်တည့်ကို
ထိုးဆင်းလာပြီး။ မသိရင်တော့ မီးလုံးကြီး ပျံလာတာလို့ပဲထင်မှာပေါ့ဗျာ။

ကျုပ်ကလည်း သစ်စုန်းဆေးတော် သုပ်ထားတဲ့
သုံးခွမှိန်းကို အဆင့်သင့်ပြင်ပြီး စောင့်နေတယ်။
ကျုပ်ခြေထောက်တွေကို အနေအထားပြင်ပြီး ကျုပ်ရဲ့တစ်ကိုယ်လုံးက အားတွေကို လက်ကို ပို့လိုက်တယ်။

ထိုးဆင်းလာပြီး။ဆင်းလာပြီ။ ကျုပ်တစ်ကိုယ်လုံးအားနဲ့အကောင်ကြီးရဲ့ ရင်ဝကို သုံးခွမှိန်းကြီး ထိုးသွင်းလိုက်တယ်။

"ဂီး…ဂီး…အီး အစ် အစ်"

အော်လိုက်တဲ့ အသံကြီးဗျာ ကျုပ်ဖြင့် နားကွဲမလား
တောင် ထင်ရတယ်။

ထိုးဆင်းလာတဲ့ အကောင်ကြီး တုံ့ကနဲ တန့်သွားပြီ
အပေါ်ကို နောက်ပြန်ကြီး တက်သွားတယ်။ဒါပေမယ့် သစ်စုန်းဆေးတော်ကို ဒီလောကမှာဘယ်လို နာနာဘာဝကောင်တွေ မခံနိုင်ပါဘူးဗျာ။

"ဝုန်း"

ပြုတ်ကျသွားပြီ။ ရေထဲကို ဝုန်းကနဲ မြည်အောင်
ကျသွားတာဗျို့။ကျုပ်ထိုးလိုက်တဲ့ သုံးခွမှိန်းကြီးတော့အကောင်ြကီးရဲ့ ရင်ဝမှာ စူးလျက်သားကြီး ပါသွားလေရဲ့

ကျုပ်ဖြင့် ကြောင်ပြီး စက်လှေခေါင်မိုးပေါ်မှာမတ်တတ်ကြီး ဆက်ရပ်နေမိတယ်။

"မောင်တာတေ ဆင်းခဲ့တော့လေ'

အဘဦးစံမောင်ရဲ့ အသံကို ကြားတော့မှသတိပြန်ဝင်လာပြီး လှေကားကလေးနဲ့ကျုပ်ပြန်ဆင်းခဲ့တယ်။

"ဝါး"

စက်လှေသားတွေက ကျုပ်ကို ပြေးပြီးမြှောက်ကြတယ်ဒီတော့မှ ခရီးသည်တွေ နိုးလာပြီး ဟိုကြည့် ဒီကြည့်ကြည့်နေကြတာပေါ့ဗျာ

"ဘာဖြစ်ကြတာတုံးဗျ။တယ်လည်း ဆူကြတာကိုး"

ပြီးတော့ ခါးတောင်းကျိုက်ကြီးနဲ့ ရပ်နေတဲ့ကျုပ်ကိုလည်း ဝိုင်းကြည့်ကြတာပေါ့ဗျာ။ဒီတော့မှ စက်လှေသားကြီးကအကျိုးအကြောင်း အကုန်ရှင်းပြလိုက်တယ်။သေသွားတဲ့ စက်လှေသားကိုလည်း ဝိုင်းကြည့်ကြတာပေါ့ဗျာ။

အကြောင်းစုံ သိလိုက်တော့မှ ခရီးသည်တွေဟာ
ဘုရားတ,သူတ ရင်ဘတ်ကိုဖိတဲ့သူ ဖိပေါ့ဗျာ။

ပင်လယ်စုန်းကြီး မရှိတော့ပေမယ့် အဲဒီညက နောက်ထပ်ဘယ်သူမှ ပြန်မအိပ်ရဲကြတော့ဘဲ ထိုင်ပြီးစကားပြောနေကြရတာပေါ့ဗျာ။

ဘိတ်ကို စက်လှေကပ်တော့မှပဲ သက်ပြင်းချနိုင်ကြတော့တာပေါ့ဗျာ။

"မောင်တာတေ ကျုပ်တစ်သက်မှာတော့ မင်းကို ဘယ်တော့မှ မဟုတ်ဘူးကွယ့်"လို့ အဘဦးစံမောင်က ပြောပြီး နှုတ်ဆက်သွားလေရဲ့။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)