သွားနှုတ်တဲ့ တစ္ဆေ အပိုင်း(၃)



"ဟုတ်တယ်ဗျ၊ အိပ်မက် မက်တာတဲ့၊
အိပ်မက်ထဲမှာ တရုတ်ကြီးတစ်ယောက်
ရောက်လာပြီး ရင်ဘတ်ပေါ်ကို တက်ခွ
စီးရောတဲ့ဗျို့။ ပြီးရင် ပါးစပ်ထဲက ရွှေ
သွားကို သူ့လက်ကြီးကြီးနဲ့ မရမက ဆွဲ
နှုတ်တော့တာပဲတဲ့ဗျာ။ အိပ်မက်ထဲမှာ
သွားနှုတ်ခံရတဲ့လူက သွေးတွေထွက်
ပြီး မချိမဆန့် နာလွန်းလို့ ကုန်းအော်
ရောတဲ့ဗျို့"

"သြော် ဆေးရုံတစ်ရုံလုံး ဆူညံသွားတာ
ဒါကြောင့်ကိုး"

"ဟုတ်ပါ့ဗျာ၊ ဒီလူကတော့ အိပ်မက်ထဲမှာ
သူ့သွားပါသွားတယ်ကို ထင်တာတဲ့ဗျ"

"နို့ နေပါဦး ကျောက်ခဲရဲ့၊ ဒီလူသွားက
ဘာမှတော့ မဖြစ်ဘူးမို့လား"

စကားနည်းတဲ့ သံမဏိတောင် မနေနိုင်
တော့ဘူးဗျ။ စိတ်ဝင်တစားနဲ့ မေးလိုက်တယ်

"ဟာ သံမဏိကလည်းကွာ အိပ်မက်
ပါဆိုနေမှာ၊ သူ့သွားက ဘာဖြစ်မှာတုံး
ကွ၊ အကောင်းပေါ့ "

ကျောက်ခဲက သံမဏိကို လှည့်ပြောတယ်။

"အိပ်မက်ဆိုပေမဲ့ ရွှေသွားဆရာကြီးက
တော့ တော်တော်ကို လန့်သွားပုံပဲကွ"

ကျုပ်က ပြောလိုက်တော့ ကျောက်ခဲက
ကျုပ်ကို ပြောတယ်။

"ဟာ လန့်လိုက်တာတော့ မပြောနဲ့ဗျို့၊
ခု ညတွင်းချင်းကို ဆေးရုံက ပြန်ဆင်း
မလို့ ပြောနေတာ၊ ဆေးရုံကလူတွေက
မနည်းကို ဖျောင်းဖျပြီး ပြောနေရတယ်"

"ဟေ ဟုတ်လား၊ ကိုဖိုးကင်းတို့က
ပြောတာလားကွ ကျောက်ခဲ"

"ဟုတ်တယ်လေ၊ ကိုကြီးတာတေရ၊
'အိပ်မက်ပဲ အဘရယ် ကြောက်စရာ
မဟုတ်ပါဘူး၊ စိတ်ထဲမှာ စွဲမထားပါနဲ့
လို့ ကိုဖိုးကင်းကြီးက ပြောတာဗျ"

"အေး ဒီတော့ ရွှေသွားဆရာကြီးက
ဘာပြောတုံး"

"ဟေ့ကောင် ဖိုးကင်း၊ ဒီကိစ္စဟာ
အိပ်မက်ဆိုပေမဲ့ သွေးရိုးသားရိုး
မက်တဲ့ အိပ်မက်တော့ မဟုတ်ဘူး
ကွ၊ ငါသိတယ်၊ နောက်တစ်ညသာ
ဒီအိပ်မက် ထပ်မက်ရင် ငါ လန့်ပြီး
သေသွားမှာ သေချာတယ်၊ အေး အခု
ည မဆင်းရရင် မနက်မိုးလင်းတာနဲ့
ငါ ဆင်းမယ်၊ ငါ လက်မှတ်ထိုးပြီး
ဆင်းမှာ၊ ဒီညလည်း ငါပြန်မအိပ်
ရဲတော့ဘူး ထိုင်နေမယ်"

" ဟာ ဒီလောက်တောင်ပဲလားကွ၊
ကျောက်ခဲရ"

"ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊
အဲဒီရွှေသွားဆရာကြီးက ပြောပြော
ဆိုဆိုနဲ့ သူ့ပစ္စည်းတွေတောင် ကောက်
သိမ်းနေပြီဗျ"

"အေးလေ၊ သူက အိပ်မက် မက်တဲ့သူပဲ၊
သူ တကယ် လန့်သွားလို့ရှိမှာပေါ့ကွာ၊ကဲ
ကဲ ပြန်အိပ်ကြ၊ အစောကြီးရှိသေးတာ"

ကျုပ်တို့ ပြန်အိပ်ကြတယ်။ ပြောရဦး
မယ်ဗျ။ကျုပ်က သွားလေရာမှာ ကျုပ်
ဆေးလွယ်အိတ်ကိုယူနေကျလေဗျာ။
ဒီတော့ ကျုပ်လွယ်အိတ်ထဲမှာ မျက်
ကွင်းဆေးရော မဖဲဝါရဲ့ကိုယ်ပွားရုပ်
ကလေးရော အစုံပါတာပေါ့ဗျာ။

ကျုပ်ခဏကြာတော့ ပြန်အိပ်သွားတယ်။

"ဟဲ့ တာတေ၊ အဲဒါ တစ္ဆေခြောက်တာတဲ့၊
လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဆိပ်ခတ်
ခံရလို့ သေသွားတဲ့ တရုတ်ကျင်ဟုတ်ရဲ့
အလောင်းကို ရင်ခွဲရုံက ကောင်က ရွှေ
သွားတွေ နှုတ်ယူလိုက်တယ်။ ဒီတရုတ်
က သူ့ရဲ့ရွှေသွားတွေကို စွဲလန်းပြီး မ
ကျွတ်မလွတ်ဘဲ ဒီဆေးရုံမှာ တစ္ဆေဖြစ်
နေတာဟဲ့၊ ရွှေသွားပါတဲ့လူတွေ ဆေး
ရုံလာတက်ရင် အဲဒီလိုပဲလာနှုတ်နေကြ"

"ဟာ ဟုတ်လား၊ ဒီလိုဆိုရင် ရွှေသွား
ပါတဲ့လူတွေ ဆေးရုံကို လာတက်ရဲမှာ
မဟုတ်တော့ဘူးပေါ့ မဖဲဝါရဲ့"

"အေး ဟုတ်တာပေါ့၊ ဟုတ်တာပေါ့"

"ဒါဆိုရင် ဘယ်လိုလုပ်ရင် ရမလဲ မဖဲဝါ"

"တာတေ အစွဲကြောင့်ဖြစ်တဲ့ တစ္ဆေကို
ဘယ်လိုချွတ်လို့မှ မကျွတ်ဘူး၊ သူ့ရွှေ
သွားတွေရမှာ၊ နင် ရွှေသွားတွေပြန်ရ
အောင်လုပ်ပေးလိုက်ပေါ့"

ကျုပ် လန့်နိုးသွားတယ်။ အိပ်မက်ဗျ။
ကျုပ်အိပ်မက် မက်နေတာ။ အိပ်မက်ထဲမှာ
မဖဲဝါကို ကျုပ် မမြင်ရဘူး။ အသံပဲမက်တဲ့
အိပ်မက်ဗျ။ ဒီအိပ်မက်မျိုး ကျုပ်ကို မဖဲဝါ
ပေးဖူးပါတယ်၊ ကျုပ်နဲ့အတူ သူ့ကိုယ်ပွား
ရုပ်ကလေး ရှိနေတဲ့အခါပေါ့ဗျာ။

ကျုပ်စဉ်းစာတယ်ဗျ။ ဒီဆေးရုံမှာ ရောက်
နေတဲ့ ဒုက္ခကို ကျုပ် ရောက်တုန်းမှာ ရှင်း
လင်းပေးခဲ့ချင်တယ်။ ကျုပ်ကို ဆေးကုပေး
တဲ့ ကျေးဇူးပေးတဲ့ ကျေးဇူးကိုဆပ်တဲ့သ
ဘောလည်း ပါတာပေါ့ဗျာ။ ကျုပ် ဘယ်လို
လုပ်ရမယ်ဆိုတာ ကြံစည်တယ်။

နောက်တစ်နေ့မှာ ဆရာမတွေနဲ့အတူတူ
ကိုဖိုးကင်း ကျုပ်ဆီကို ရောက်လာပြီး သွေး
ပေါင်ချိန်တာတို့၊ အပူတိုင်းတာတို့ လုပ်တတ်
ဗျ။ ဒီမှာတင် ကျုပ်က ကိုဖိုးကင်းကို လက်
ကုတ်ပြီး မေးတယ်။

"ညက လန့်အော်တဲ့လူ ရှိသေးလားဗျ
ကိုဖိုးကင်း"

"ဆေးရုံ ဆင်းသွားပြီကွ၊ ဘယ်လိုမှ
ပြောလို့မရဘူး"

" ညက သူ တော်တော်လန့်သွားတာဗျ"

"ဟုတ်တယ်ကွ၊ ငါတို့လည်း ဒီကိစ္စအ
တွက် တော်တော်ကို စိတ်ညစ်ပါတယ်
ကွ၊ ကြာလာရင် ဆေးရုံနာမည်ပျက်မယ်
ကြ"

"ဒါမျိုး အရင်က ဘယ်နှခါလောက်
ဖြစ်ဖူးတုံးဗျ"

"ဟိုတုန်းကတော့ မဖြစ်ဖူးပါဘူးကွာ၊
ဒီနောက်ပိုင်းလေးငါးနှစ်အတွင်းမှာမှ
ဖြစ်လာတာပါ၊ အခုလိုပဲ ရွှေသွားစိုက်
ထားတဲ့သူ ဆေးရုံတက်ရင် အမြဲလို
လို ဖြစ်တော့တာပဲ"

"ဒီမှာ ကိုဖိုးကင်း၊ ကျုပ်က ထနောင်း
ကုန်းက တာတေပါ၊ ဒီကိစ္စမျိုးတွေကို
ကျုပ် မဖဲဝါရဲ့ အကူအညီနဲ့ ရှင်းပေးနိုင်
တယ်ဗျ"

"ဟေ ထနောင်းကုန်းက တာတေ
ဟုတ်လား၊ သြော် သိပြီ၊ ဒီဆေးရုံမှာ
တစ်ခါ ဆေးရုံလာတက်တဲ့ လူတစ်
ယောက်က မင်းအကြောင်းကို ပြော
သွားဖူးတယ်၊ အဲဒီတုန်းကလည်း
ဒီလို တစ်ခါဖြစ်ဖူးတာကိုး၊ အဲဒီမှာ
တင် ဒီလူက မင်းအကြောင်းကို ပြော
ဖူးတယ်၊ ငါတို့လည်း မင်းကို လာရှာ
ဖို့ဆိုတာ တစ်ခါမှ မအားတော့ မလုပ်
ဖြစ်ပါဘူးကွာ။ အခုတော့ တိုက်ဆိုက်
တယ်လို့ ပြောရတော့မှာပဲ၊ တာတေရ၊
ညကတော့ မင်းရှေ့မှာကို ဒီအဖြစ်
ဖြစ်သွားတာပဲလေကွာ"

"ဟုတ်ပါတယ် ကိုဖိုးကင်၊ ကျုပ် ခင်ဗျား
ကို တစ်ခုလောက် မေးချင်တယ်ဗျာ"

အပိုင်း(၄)ဆက်ရန်.....

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)