ပင်လယ်စုန်း အပိုင်း(၅)



ငပြူးက လှေလိုက်တာ ဒါပါနဲ့မှ သုံးခေါက်လား
ရှိသေးတာ ပင်လယ်အကြောင်းတွေကိုဘာမှသိပ်သိသေးတာ မဟုတ်ဘူး။သာညို အော်ပြောတဲ့ အသံကို ခင်ပုတ်စင်ပေါ်မှာထိုင်ပြီးတက်မကိုင်နေတဲ့ကျုပ်နားထဲကို တန်းဝင်လာတာ။ကျုပ်လည်းရွက်တိုင်ထိပ်ကို လှမ်းကြည့်တယ်။

လေတိုက်ထဲမှာ တဖျတ်ဖျတ် လွင့်နေတဲ့ကုက္ကလူးရဲ့ အပေါ်မှာဗျ။ ကုက္ကလူးဆိုတာလေတိုက်တဲ့ဘက်ကို သိအောင် တပ်ထားတဲ့အလံပေါ့ကွာ။အဲဒီအလံရဲ့ အပေါ်မှာ ရွက်တိုင်ရဲ့ထိပ်တည့်တည့်မှာ လက်ဖက် ရည်ပန်ကန်လုံးအရွယ်လောက်ရှိတဲ့ နီနီအလုံးကလေးကိုကျုပ်လှမ်းမြင်လိုက်တယ်။

"ဟာ …ဒုက္ခတော့ ရောက်ပြီ"

လို့ ကျုပ်စိတ်ထဲမှာ ပြောလိုက်မိတယ်။ ဒါပင်လယ် စုန်းပဲ။ဟော ကျုပ်ကြည့်နေရင်းကကို ကြီးလာတာ။လက်ဖက်ရည်ပန်ကန်လုံးအရွယ်ကနေ ခြင်းလုံးအရွယ်ခြင်းလုံးအရွယ်ကနေ ဘောလုံးအရွယ် ဘောလုံးအရွယ်ကနေ သပိတ်လုံးလောက် ရှိလာရော့ဟေ့။လှေထဲမှာလည်း ဆူညံဆူညံတွေ ဖြစ်ကုန်ကြပြီ။ကျုပ်တို့ လှေမှာက ပဲ့နင်းပါ ဆယ်ယောက်ပါတယ်။လှေသားချည်းကို ရှစ်ယောက်ရှိတယ်။လှေသူကြီးရယ်ကျုပ်ရယ်ဆိုရင် ဆယ်ယောက်ပေါ့။

သာညိုက အခန်းထဲမှာ စာရင်းတွေ လုပ်နေတဲ့သူကြီးကို ပြေးပြောပြီး ခေါ်လာတယ်။သာညိုအော်ကျယ် အော်ကျယ်နဲ့ ပြောတဲ့အသံကိုကျန်တဲ့လှေသားတွေ ကြားသွားပြီး အားလုံးထွက်လာကြတယ်။ပြီးတော့ ရွက်တိုင်ထိပ်ဖျားကို မော့ကြည့်နေကြတာပေါ့ဗျာ။ ဒီမှာတင် ကျုပ်တို့ထဲကမှာအသက်အကြီးဆုံးလှေသူကြီးက…

"ဟာ ဟုတ်တာပေါ့ကွာ ဒါ ပင်လယ်စုန်းပဲကွကဲ အားလုံး ငါပြောတာကို နားထောင်ကြပါးစပ်က ဘုရားစာရွက်ကြ ပြီးတော့ သံပုံးတီးကြသူ့ဟာသူ ခွါသွားလိမ့်မယ် မကြောက်ကြနဲ့ကဲ …ကဲ သံပုံးတွေ သွားယူခဲ့"

"ဘုန်း ဘုန်း ဘုန်း ဒုန်း ဒုန်း ဒုန်း"

လှေသားတွေက သံပုံးတွေ စပြီးတီးကြတာပေါ့ကွာ။ပါးစပ်ကလည်း ကိုယ်ရတဲ့ ဘုရားစာတွေ ရွက်ကြတာပေါ့တစ်ချို့ကလည်း ဂုဏ်တော်ရွတ်တယ်။
တချို့ကတော့ ပရိတ်တွေ ရွတ်တယ်။ရွတ်တာကလည်း တစ်ခုတည်းကို တစ်ပြိုင်တည်းရွတ်တာ
မဟုတ်ဘဲ ကိုယ်ရတာ ကိုယ်ရွတ်တာဆိုတော့တစ်ယောက် တစ်ပေါက်ပေါ့ကွာ။သံပုံးတွေကိုလည်း တဘုန်းဘုန်းတီးကြ။ပါးစပ်ကလည်းရွက်ကြနဲ့ လှေထဲမှာဆိုတာဆူညံနေတော့တာပါ။ကျုပ်လည်း ကျုပ်ငယ်ငယ်ကကျုပ်အဖေ သင်ပေးထားတဲ့ ပြန်တော်ပြန်ဂါထာကိုရွတ်နေတာပေါ့။ ဘယ်လောက်ပဲ ရွတ်ရွတ်။ဘယ်လောက်ပဲ သံပုံးတွေတီးတီး ရွက်တိုင်မှာစွဲနေတဲ့ ပင်လယ်စုန်းက မခွါဘူးကွ အရွယ်ကသပိတ်နှစ်လုံးစာလောက် ရှိနေပြီ။

"အားလုံးသတိထားကြဟေ့။ သတိမလွတ်စေနဲ့။
မင်းဒို့ စိတ်တွေ လွတ်သွားရင် အန္တရာယ်တွေကြုံလိမ့်မယ် ဘုရားစာကိုသာ မပြတ်ရွတ်နေကြ"

သူကြီးကလည်း သတိပေးနေတယ်။ဘုရားစာရွက်ပေမယ့်လည်း အားလုံးက ကြောက်စိတ်တွေ
ဝင်လာတော့ ဘုရားစာကို ကပေါက်တိ ကပေါက်ချာတွေ ရွက်နေကြတော့တာပေါ့ကွာ ကျုပ်ကတော့ …

"သြော် နမော ဣတိပိ ပိတဋတ်တရံနဲ့ စတဲ့ပြည်တော်ပြန်ဂါထာကို ငယ်ငယ်ကတည်းကရွတ်လာတာဆိုတော့ အမှားအယွင်း မရှိဘူးကွ"

"ဟာ နိမ့်ဆင်းလာပြီဟေ့ ဟော ဟော ရွက်တိုင်အလယ်ကိုရောက်လာပြီ လက်နက်တွေ ယူကြဟေ့"

"ဟေ့ကောင်တွေ လက်နက်မယူနဲ့ မယူကြနဲ့"

လှေသူကြီးက လက်နက်တွေမကိုင်ဖို့ အော်ပြောပေမယ့် မရတော့ဘူးကွလှေသားတွေက ဓါးတွေ လှံတွေဆွဲပြီး ထွက်လာကြတယ်။

"ဟာ ဒီကောင်တွေတော့ ဒုက္ခရောက်တော့မှာပဲ"

လှေသူကြီးရဲ့ ညည်းညူတဲ့အသံကိုနောက်ဆုံးကြားလိုက်ရတာဗျ။ဓါးတွေ လှံတွေကိုင်ထားတဲ့ လှေသားရှစ်ယောက်က လှေသူကြီးကိုပြိုင်တူ ဝိုင်းကြည့်ကြတယ်။

"ဟေ့ကောင် သာညို ငပြူး ဟိုကောင် ထွန်းအောင်
သတိထားကြစမ်း"

"သေပေတော့ကွာ ကဲကွာ ကဲကွာ"

ဟာ သွားပြီ။ဒီကောင်တွေ လူစိတ်ပျောက်သွားပြီ။
လှေသူကြီးကို ဝိုင်းပြီး ခုတ်ထစ်ကုန်ကြပြီ။ကျုပ်မျက်စိရှေ့မှာတင် သူကြီးဟာခေါင်းတခြား ကိုယ်တခြား ဖြစ်သွားတယ်။သွေးတွေဆိုတာလည်း မြင်လို့ကို မကောင်းပါဘူးဗျာ။ဟာ လုပ်ကြပြန်ပြီဗျို့။ကျုပ်ကြည့်နေတုန်းမှာပဲထွန်းဆောင် ဆိုတဲ့ အကောင်ကို ဝိုင်းခုတ်ကြပြန်ပြီ။အားလုံး လူစိတ်ပျောက်ပြီး ရူးနှမ်းသွားကြတာထင်ပါရဲ့။

"ဟီး ဟီး ခုတ်ကွာ  ခုတ်ကွာ"

အော်ဟစ်နေတဲ့ အသံကြားတွေကလည်း တကယ့်ကိုကြောက်စရာကြီးပါကွာ။ကျုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ်ဒီလိုအသံမျိုးကို မကြားဖူးပါဘူး။ကျုပ်လည်း ဘာလုပ်ရမှန်းကိုမသိတော့တာ။ ရေထဲကိုပဲ ခုန်ချလိုက်ရမှာလားစဉ်းစားလို့ကို မရတော့တာ။

" ဟီး ဟီး ဟီး  သတ်ကွာ သတ်   သတ်"

ဟာ တစ်ယောက်နဲ့တစ်ယောက် ခုတ်နေကြတော့တာဟေ့။ကျုပ် အဲဒီအချိန်မှာ ပင်လယ်စုန်းမီးကြီးကိုကြည့်လိုက်မိတယ်။မီးလုံးကြီးက တရွေ့ရွေ့နဲ့
ရွက်တိုင်ထိပ်ကို ပြန်ထွက်သွားတယ်။ဟာ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ပြီးခုတ်နေလိုက်ကြတာ ကျုပ်တစ်သက်မှာဒီမြင်ကွင်းမျိုး ဒီတစ်ခါပဲ မြင်ဖူးပါတယ်။

"ခုတ်ကွာ ခုတ်စမ်း ကဲကွာ ကဲကွာ"

တဖြည်းဖြည်းနဲ့ အော်ဟစ်တဲ့အသံတွေ ပျောက်သွားပြီကြည့်စမ်း ကြည့်စိမ်း သာညိုတစ်ယောက်ပဲဓါးကြီးကိုင်ပြီး ကျန်နေတာပါလား ။ကျန်တဲ့ကောင်တွေတော့ တစ်ယောက်မှ မလှုပ်တော့ဘူး။ သာညိုလည်း တစ်ကိုယ်လုံးသွေးတွေချင်းချင်းနီနေတာဟေ့။ဒီကောင် ကျုပ်ကိုလှည့်ကြည့်တယ်။

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)