တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၃)
သူတို့က ကျွတ်လွတ်ဖို့ လိုသေးတဲ့ အချိန်မှာ အရိုင်းစိတ်တွေမှရှိကြတာ၊ ကောင်းမှုကုသိုလ်ဆိုတာ ဘာမှန်းမှသိတာ မဟုတ်ဘူးဗျ၊သူတို့ သိတဲ့အသိဆိုတာလည်း လူတစ်ယောက်လိုသိတာမဟုတ်ဘူး၊ အဲဒီထဲမှာမှ သူတို့ကို ကျွေးမွေးပြီးကိုယ်ကျိုးစီးပွားရှာကြမယ်ဆိုရင် ပိုတောင်ဆိုးသေးတယ်သူတို့နဲ့ စိတ်အခန့်မသင့်ဖြစ်ရင် သူတို့ရှာပေးထားတဲ့စီးပွားဆိုပြီး အကုန်လုံးကို ဖျက်ဆီးပစ်တတ်ကြတာ၊အကောင်းဆုံးကတော့ ဘုံဘဝချင်း မတူတဲ့သူတွေဟာ မပတ်သတ်တာပဲ ကောင်းပါတယ်ဗျာ"
ညနေ တော်တော်စောင်းတော့မှ ကိုအောင်သစ်
ပြန်သွားတယ်၊ ကျုပ်လည်း ထမင်းစားသောက်ပြီးတော့အမေတို့ အဘတို့နဲ့ စကားထိုင်နေတာ ။ ကိုးနာရီကျော်တော့အိပ်ရာဝင်ခဲ့တယ်။
ရွာဓလေ့ဆိုတော့ ဒီလိုပဲဗျ၊စောစောအိပ်ရာဝင်ကြတာလေ၊တစ်နေ့လုံး တောက်တက် တောက်တက်နဲ့
တစ်ခု မဟုတ် တစ်ခုလုပ်နေကြတာလေဗျာ။ညရောက်တော့ စောစော အိပ်ချင်ကြတာပေါ့လေ၊
"ဟဲ့ တာတေ၊ တာတေ၊ ထစမ်းပါဦးဟဲ့ "
အမေ ကျုပ်ကို လာပြီးလှုပ်နှိုးလို့ ကျုပ် နှိုးလာတာဗျ။
"အေမ ဘာတုံး "
"ဟဲ့ လူသံတွေကြားလို့ ရွာထဲမှာ ဘာဖြစ်တုံး မသိဘူး"
"ဟင် ဟုတ်လား ၊ဘယ်ဘက်က ကြားတာတုံး"
"မြောက်ပိုင်းကလို့ ထင်တာပဲ "
ကျုပ် အိပ်ရာက ကပျာကယာထပြီး အသံကို
နားစွင့်လိုက်တယ် ။ ဟုတ်တယ်ဗျ။ လူသံတွေကြားတယ်။မီးလောင်တာတော့ မဖြစ်နိုင်ဘူး ။ ကင်းတဲတွေကသံချောင်းမှ မခေါက်တာ။ ရန်တွေ ဘာတွေများဖြစ်ကြလို့ လူသတ်မှုတွေ ဘာတွေများ ဖြစ်သလား။ကျုပ် ဟိုတွေး ဒီတွေး လုပ်နေတုန်း ရှိသေးတယ်ဗျို့။
"ကိုကြီး တာတေ၊ ကိုကြီးတာတေ"
ဟော ကျောက်ခဲအသံဗျ၊ ဒီရွာမှာ ကျုပ်ထက်ဆယ်ဆလောက် စပ်စုတဲ့ကောင် ပေါ်လာပြီလေဗျာ၊ကျုပ်က ဓါတ်မီးလေးထိုးပြီး ဝိုင်းထဲကို ဆင်းလာခဲ့တယ်။
"ကျောက်ခဲ၊ ဘာသံတွေတုံးကွ"
"ဟာ …မြောင်ပိုင်းက ကိုအာလူးတို့အိမ်ကြီးဗျာ"
"ဟေ …ကိုအာလူးတို့ အိမ်ကြီး ဘာဖြစ်လို့တုန်း၊မီးလောင်တာလား"
"မီးလောင်တာ မဟုတ်ဘူး ကိုကြီးတာတေ၊အပေါ်ကို ကြွတက်သွားတာဗျ"
"ဘာ …ဘယ်လို ၊ အိမ်ကြီးက အပေါ်ကို ကြွတက်သွားတာဟုတ်လား ကျောက်ခဲ"
"ဟုတ်တယ် ကိုကြီးတာတေ၊ အိမ်ကြီးက ပထမတော့ငလျင်လှုပ်သလို လှုပ်နေတာတဲ့ဗျ၊ နောက်တော့မြေကြီးကကျွတ်ထွက်ပြီး ကြိုးနဲ့ဆွဲသလို လေထဲမှာ မြောက်နေတယ်ဗျို့ "
"ဟာ လေထဲမှာ မြောက်နေတာ ဟုတ်လား"
"ဟုတ်တယ်ဗျ၊ မြေကြီးကနေ နှစ်တောင်လောက်ကို
မြောက်နေတာ၊ လူတွေကတော့ ဆင်းပြေးကုန်ကြပြီ
ဒါပေမဲ့ ကိုအာလူး ဆင်းလာတာ မတွေ့လို့ ဝိုင်းခေါ်နေကြတာဆူညံနေတာပဲဗျာ"
"ကိုအာလူးက ဘာလို့ ဆင်းမလာတာတုံးကွ၊
အိပ်ပျော်နေလို့လား"
"မဟုတ်ဘူးဗျ ကိုကြီးတာတေရဲ့၊ ခေါ်လို့မရတဲ့အဆုံးသူတို့ဝိုင်းမြောက်ဘက်က ကိုစိန်ညို ဆိုတဲ့လူက အိမ်ပေါ်ကို ဖက်တက်ပြီး သွားကြည့်တယ်။လူတွေက ဝိုင်းအော် ဆူညံနေတာပါဗျာ"
"ဘာတွေကို အော်ကြတာတုံးကွ"Souls Too
"ဟဲ့ စိန်ညို သတိထား၊ သတိထား၊ အိမ်ကြီးလှုပ်နေတယ်။တက်လို့ မရရင် ပြန်ဆင်းခဲ့ဆိုပြီး အော်နေတာဗျ။ဟုတ်တော့လည်း ဟုတ်တယ်ဗျ၊ အိမ်ကြီးကို အလယ်တည့်တည့်လောက်ကနေ ကြိုးတစ်ချောင်းနဲ့ဆွဲထားသလိုပါပဲဗျ။ ဟိုဘက်လည်လိုက်၊ဒီဘက်လည်လိုက် ဖြစ်နေတာ"
"ဒါနဲ့ နေပါဦးကွ၊ ကိုစိန်ညိုက ကိုအာလူးကို နှိုးပြီး
ခေါ်လာရောလား "
"ကိုအာလူးက သေနေတာဗျ"
"ဟေ…ဘယ်လိုကွ ၊ ကိုအာလူးက သေနေပြီဟုတ်လား ကျောက်ခဲ "
"ဟုတ်တယ်ဗျ၊ ကိုစိန်ညိုက အောက်ကို လှမ်းပြောလို့ယောင်္ကျား နှစ်ယောက် သုံးယောက် လှုပ်ယမ်းနေတဲ့အိမ်ကြီးပေါ်ကို ဖက်တက်သွားကြပြီး ကိုအာလူးရဲ့အလောင်းကို ခဲရာခဲဆစ် အောက်ကို ချလာကြတယ်အခု ကိုအာလူးအလောင်းက ဝိုင်းထဲက တန်းလျားပေါ်မှာဗျ။လူတွေ အုံကြည့်နေတယ် "
"ကဲ လာကွာ၊ သွားကြည့်ရအောင် "
ကျုပ်က အမေနဲ့ အဘကို အကျိုးအကြောင်းပြောပြီးကျောက်ခဲနဲ့ ရွာမြောက်ပိုင်းကို ထွက်လာခဲ့တယ်ဟုတ်ပါဗျာ့။ ကိုအာလူးတို့ဝိုင်းထဲမှာ လူတွေအုံနေတာဗျို့။ကျုပ်ရောက်တော့ သူကြီးတောင် ဝိုင်းထဲက ထွက်သွားပြီ။ဆယ်အိမ်ခေါင်းတွေ နေခဲ့တယ်။ ရာအိမ်မှူးနှစ်ယောက်တော့သူကြီးနဲ့ ပါသွားတာ တွေ့လိုက်တယ်ဗျ။
"ငါတော့ မသင်္ကာဘူးကွ မောင်ကံရ၊ အာလူးသေတာပုံမှန်မဟုတ်ဘူးလို့ထင်တယ် "
ကျုပ်က တန်းလျားပေါ်မှာ တင်ထားတဲ့ ကိုအာလူးကအလောင်းကို ကြည့်လိုက်တယ်။ စောင်အနီကြာလေးလွှမ်းထားလို့ဗျ။ ကျုပ်ကြည့်တဲ့အချိန်မှာပဲ ဆယ်အိမ်ခေါင်းကိုကံက အုပ်ထားတဲ့ စောင်ကို ဖယ်ပြီး အလောင်းကိုသေသေချာချာ စစ်ကြည့်တယ်ဗျ။ ဒီတော့ ကျုပ်ကကိုအာလူးကို မြင်တာဗျို့။ ကျောက်ခဲလည်းအလောင်းကို မြင်ရသေးပုံ မပေါ်ဘူးဗျ၊ကျုပ်ဘေးမှာ ကပ်ပါလာပြီး အခုမှ ကြည့်တာ။
"ဟာ"
ကျုပ်ရော ကျောက်ခဲရော ပြိုင်တူအော်လိုက်ကြတာဗျို့။ကိုအာလူးရဲ့ မျက်လုံးကြီးတွေက ကြောက်စရာတစ်ခုခုကိုတွေ့ပြီး တအားကြောက်သွားတဲ့ပုံဗျ။ ပါးစပ်ကြီးဟပြီးမျက်လုံးကြီးတွေ ပြူးထွက်နေတယ်။ ခေါင်းက ဆံပင်တွေတောင်ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ပုံပဲဗျ။ ဒီလူ မသေခင်တော်တော်ကို ကြောက်လန့်ပြီး သေသွားပုံပဲဗျို့။
ကျုပ်မြင်ဖူးသမျှ အလောင်းတွေထဲမှာတော့ကိုအာလူးအလောင်းလောက် ကြောက်စရာကောင်းတာမျိုးတစ်ခါမှကို မမြင်ဖူးပါဘူးဗျာ။ ဟာ ကျုပ် ခုမှကြည့်မိတာဗျို့ကိုအာလူးရဲ့ အလောင်းမှာ ဗိုက်ကြီးက ပြားချပ်နေပါရောလားဗျ။ဒါ ဘယ်လို ဖြစ်တာပါလိမ့်။

အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment