စုန်းကိုး မှော်ကိုး ကဝေကိုး အပိုင်း(၂)



"ငါ့ကောင်ကတော့ အလွယ်ပြောရော့
မယ် ကြောင်နက်တိုင်း လုပ်လို့ရတာ
မဟုတ်ဘူးကွ၊ တောကြောင်အနက်
ဖြစ်ရမယ်၊ပြီးရင် ခြေသည်းရော လက်
သည်းရော မျက်စိရော နက်ရမှာကွ၊
ပြီးရင် အထီးလည်း ဖြစ်ဖို့လိုတယ်"

"ဟာ …ဒါတော့ မလွယ်ဘူးဗျ"

"ဘယ်လွယ်မှာတုံး စိုင်းအုပ်ရဲ့၊
တောထဲတောင်ထဲသွားတဲ့ မုဆိုး
တွေကို မှာထားရတာပေါ့ကွ၊ အဲ
ဒီလို ကြောင်နက်မျိုးရရင် ယူခဲ့ပါ၊
ခင်ဗျားတို့ကို ပိုက်ဆံများများ ပေး
ပါ့မယ်လို့ ပြောရတာပေါ့"

"တစ်ရက်ကျတော့ သီပေါဘက်က
မုဆိုးတစ်ယောက်ရောက်လာပြီး
ကြောင်နက်တစ်ကောင် ပြတယ်၊
သူယူလာတဲ့ ကြောင်နက်က ခြေ
သည်းရော လက်သည်းရော မျက်
စိရော နက်ရုံတင်မကဘူးကွ၊ ပါး
စပ်ထဲက သွားဖုံးရော လျှာပါ နက်
နေတာကွ၊ ပြီးတော့ အထီး"

"ဟာ…ဟုတ်လား ဆရာ"

"အေး…ငါလည်း ဝမ်းသာအားရနဲ့
မုဆိုးကြီးကို ပိုက်ဆံတွေ အများကြီး
ပေးလိုက်ရောဟေ့၊ ပြီးတာနဲ့ ကြောင်
တစ်ရာဗိုလ် အစီအရင်ကို စတော့
တာပေါ့ကွာ"

"ဟင်…ဒါဆိုရင် ဆရာ အဲဒီအစီအရင်
ကို လုပ်ခဲ့ဖူးတာပေါ့ ဟုတ်လား ဆရာ"

"လုပ်ခဲ့ဖူးတာ မဟုတ်ဘူးကွ စိုင်းအုပ်
ရဲ့၊ အခု လုပ်နေတုန်းပဲ"

"ဗျာ …ဒါဆိုရင် ဆရာ့မှာ အဲဒီကြောင်
နက် ရှိတာပေါ့"

"ဟာ …ရှိတာပေါ့ကွ၊ လာ မင်း ငါနဲ့
လိုက်ခဲ့၊ မင်းကို ငါပြမယ်"

စိုင်းအုန်းဂေါင်က ကျုပ်ကို ခြံကြီးထဲ
ခေါ်လာတယ်ဗျ။ သူတို့ခြံကြီးထဲမှာ
က လိမ္မော်ပင်တွေရော၊ မက်မန်းပင်
တွေရော ငှက်ပျောပင်တွေရော ရှိ
တာဗျ။ ခြံကြီးရဲ့ ထောင့်မှာ သစ်
သားတစ်လုံး ရှိတာဗျို့။ စိုင်းအုန်း
ဂေါင်က သစ်သားအိမ်တံခါးကို
ဖွင့်လိုက်တော့ …

"ဟာ "

ကျုပ်ဖြင့် ယောင်ပြီးတော့တောင်
အော်လိုက်မိရောဗျာ။အိမ်က ကြမ်း
ပြင်ကို ကွန်ကရစ်ခင်းထားတာဗျ။
အိမ်ထဲမှာနှစ်ပတ်လည်တိုင်လေး
တွေကို လက်နှစ်လုံးလောက်ပဲခြား
ပြီး လုပ်ထားတဲ့သစ်သားလှောင်
အိမ်ကြီးဗျ။အထဲမှာငုတ်တုတ်ထိုင်
နေတဲ့ မည်းမည်းအကောင်တစ်
ကောင်ကို ကျုပ်တွေ့လိုက်တယ်။
အရွယ်က ကျားသစ်တစ်ကောင်
လောက် ရှိတယ်ဗျို့။

"ဟာ…ဆရာ၊ ဒါကြောင်ရော ဟုတ်
ရဲ့လား၊ ကျားသစ် မဟုတ်ဘူးလား"

"ဟား ဟား ဟား ကြောင်ပါကွ၊စိုင်း
အုပ်ရဲ့၊ ကျားသစ်မဟုတ်ပါဘူး၊ ဒီ
ကောင် ငါ့ဆီကို ရောက်လာတုန်းက
သာမန်ကြောင်တစ်ကောင်လောက်ပဲ
ရှိတာကွ၊ငါ့အစီအရင်ပညာကြောင့်
ဒီကောင် အခုလို အကြီးကြီးဖြစ်လာ
တာ၊ အစီအရင်ကလည်း ပြီးကာ
နီးနေပြီလေကွာ"

"ကျုပ်ဖြင့် အံ့သြလိုက်တာ ဆရာ
ရယ်"

"အေး …ဒီလိုကွ စိုင်းအုပ်ရဲ့၊ ဒီအစီ
အရင်က ပထမဆုံး ကြောင်တစ်
ကောင်ကို သတ်ပြီး ကြောင်နှလုံး
ကို ထုတ်ယူရတယ်၊ ပြီးရင် အဲဒီ
ကြောင်နှလုံးကို ဒီကြောင်နက်ကို
ကျွေးရတယ်"

"တောကြောင်လား ဆရာ"

"ဟာ မဟုတ်ဘူး၊ ဘာကြောင်ဖြစ်ဖြစ်
ရပါတယ်၊လပြည့်ညသန်းခေါင်နဲ့ လ
ကွယ်ညသန်းခေါင်မှာ မန္တန်ရွတ်ပြီး
ကြောင်နှလုံးကို ထုတ်ယူရတယ်။ ပြီး
ရင် ဒီကောင်ကြီးကို ကျွေးရတယ်။
တစ်လ နှစ်ကြိမ်ပေါ့ကွာ၊ ကြောင်အ
ကောင်တစ်ရာ ပြည့်အောင် ကျွေး
ရတယ်။ အချိန်က လေးနှစ်နဲ့နှစ်လ
ကြာတယ်ကွ၊ ကြားမှာ အဆက်မ
ပြတ်ရဘူး"

"နေပါဦး ဆရာရဲ့၊ ကြောင်အကောင်
တစ်ရာပြည့်အောင် ရှာဖို့က လွယ်ပါ့
မလားဗျ"

"ဟာ ဘယ်လွတ်မလဲကွ၊ ဟိုဘက်
ရွာက ငါ့တပည့်တစ်ယောက်ကို
ကြောင်တွေ မွေးခိုင်းထားရတယ်။
လိုသမျှ ငွေကို ငါပေးရတာပေါ့။
အခုဆိုရင် ဒီကောင်ကြီးကို ကျွေး
ခဲ့တာ ကြောင်တစ်ရာ ပြည့်သွား
ပြီကွ စိုင်းအုပ်ရဲ့"

"ဟာ ဟုတ်လား ဆရာ"

"အေး…ကြောင်ငါးဆယ်ကျော်ရဲ့
နှလုံးတွေကို စားပြီး ကတည်းက
ဒီကောင်ကြီးက တဖြည်းဖြည်းကြီး
လာပြီး မင်းခုနက ပြောသလို ကျား
သစ်နက်ကြီးနဲ့ တူလာတာကွ"

"ဒါဆိုရင် ဆရာက ဘာဆက်လုပ်
ရမှာတုံးဗျ"

"ငါ ဒီကောင်ကြီးကို ကြောင်တစ်ရာ
ပြည့်အောင် ကျွေးပြီးကတည်းက
အားလုံးစမ်းသပ်ကြည့်ပြီးပြီ၊  ဓါး
လည်း ပြီးတယ်၊ လှံလည်း ပြီးတယ်။
သေနတ်လည်း ပြီးနေပြီကွ၊ ပြီးတော့
ဒီကောင် အမြင့်ကြီးရောက်အောင်
ခုန်နိုင်တယ်။ ငှက်ပျောရွက်တွေ
ပေါ်မှာတောင် တက်ထိုင်နေနိုင်
တယ် စိုင်းအုပ်ရေ"

"ဟာ ဟုတ်လား ဆရာ၊ ဒါဆိုရင်
ဒီကောင်ကြီးကို ဆရာ ဘာလုပ်
မြာတုံး"

"ဒီကောင်ကြီးရဲ့ နှလုံးကို ထုတ်ပြီး
မန္တန်ရွတ်ရမယ်၊ ပြီးရင် ငါစားရမှာ
ကွ၊ဒါဆိုရင် ဒီကောင်ကြီး ရသွားတဲ့
ကြောင်တစ်ရာဗိုလ်အစွမ်းတွေ
ငါရရောကွ စိုင်းအုပ်ရ"

"သြော် …ဒီလိုလား၊ နေပါဦး ဆရာရဲ့၊
ဒီကောင်ကြီးကို ဆရာ ဘယ်လိုသတ်
မှာတုံး၊ ဒီကောင်က ဓါးတွေ၊ လှံတွေ
သေနတ်တွေ ပြီးနေပြီဆို"

"ဟား ဟား မင်းက တွေးတတ်သားပဲ
စိုင်းအုပ်ရဲ့၊ မင်းပြောသလိုပဲ ဒီကောင်
ကြီးက ရိုးရိုးဓါးတွေ၊ လှံတွေလောက်
တော့ အယားတောင်ပြေမယ့်ကောင်
မဟုတ်ဘူးကွ၊ ကိုးသင်္ချိုင်းဓါးနဲ့ သတ်
မှရတာ"

"ဗျာ…ကိုးသင်္ချိုင်းဓါး ဟုတ်လား ဆရာ၊
ဆရာမှာ့ ကိုးသင်္ချိုင်းဓါး ရှိလို့လားဗျ"

"ဟား ဟား ဟား ရှိတာပေါ့ စိုင်းအုပ်ရဲ့၊
စော်ဘွားအနွယ်တော်တစ်ယောက်ဆီ
က စျေးကြီးပေးပြီး ဝယ်ထားရတာကွ"

"သြော် …ဒီလိုကိုး၊ ဒါဆိုရင် ဆရာ့အစီ
အရင်ကို ဘယ်တော့လုပ်မှာတုံး"

"မနက်ဖြန်ည သန်းခေါင်မှာ လုပ်ရမယ်
ကွ၊ အဲဒါ မင်းအကူအညီလိုတယ်"

"ဗျာ…ကျုပ်အကူအညီ ဟုတ်လား ဆ
ရာ၊ ပြောပါ ဆရာ၊ ကျုပ် ဘာလုပ်ပေး
ရမလဲ"

အပိုင်း(၃) ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)