တောင်ကျရေ အပိုင်း(၂)
"အေး အဲဒါကြောင့် ငါ မင်းဆီကို လာ
ခဲ့တာပေါ့ကွ၊ ဒီလိုဟေ့၊ လွန်ခဲ့တဲ့ နှစ်ည
လောက်က ညဆယ့်တစ်နာရီလောက်
မှာက ငါတို့ရွာထဲကို လူအုပ်ကြီး ဝင်
လာတယ်"
"ဗျာ လူအုပ်ကြီး ဟုတ်လား၊ ဘယ်
လောက်များလို့တုံးဗျ"
"အနည်းဆုံး လူနှစ်ဆယ်၊ အစိတ်
လောက်တော့ ရှိမယ်ကွ၊ ဒါကတော့
မှန်းပြောရတာလေကွာ၊ ကြားရတဲ့
အသံတွေကို မှန်းပြီး ပြောရတာကွ"
"မတွေ့လိုက်ဘူးကွ၊ အကုန်လုံး
အိပ်နေတဲ့ အချိန်လေကွာ၊ ပြီးတော့
လူနှစ်ဆယ်၊ အစိတ် စကားပြောလာ
တဲ့ အသံဆိုတော့ နိုးတော့ နိုးသွား
ကြတာပေါ့။ ဒါပေမဲ့ တစ်ခါမှလည်း
ဒါမျိုးမကြားဘူးတော့ ဘာသံတွေ
တုံး၊ ဘယ်မှာ ဘာဖြစ်လို့တုံးဆိုပြီး
နားစွင့်ရုံပဲ စွင့်ကြတာပေါ့ကွာ"
"ကိုကြီးဘကျော်တို့ ရွာထဲကလူတွေ
မဟုတ်ဘူးလား၊ ရွာထဲက တစ်ယောက်
ယောက်များ နေထိုင်မကောင်းလို့လား
မှ မသိတာ"
"အေး …မင်းပြောသလို မဟုတ်ဘူး
ကွ တာတေရ၊နောက်နေ့မနက်ရောက်
မှ ဒီသတင်းက ရွာထဲကိုပျံ့သွားတာ၊
တို့ရွာမှာက ညဆိုရင် မီးကင်းငါးခုရှိ
တယ်ကွ၊ အဲဒီကင်းစောင့်တဲ့ကောင်
တွေ ပြန်ပြောတော့မှ ရွာကလူတွေ
သိကြတာပေါ့ကွာ"
"ဟင် ဘာတဲ့တုံးဗျ"
"လူတွေ မဟုတ်ဘူးတဲ့ကွ၊ သရဲတွေ
တဲ့ဟေ့"
"ဗျာ…သရဲတွေ၊ ဟုတ်ရဲ့လား ကိုကြီး
ဘကျော်ရာ"
"ဟာ တာတေရာ ဟုတ်ပါတယ်ဆိုမှ
ကွာ၊ ဒီကောင်တွေလည်း လူသံတွေ
ကြားလို့ဆိုပြီး ထထိုင်နေကြတာတဲ့
ဟေ့၊အသံတွေက တဖြည်းဖြည်းသာ
နီးလာတာတဲ့၊ လူလည်း မတွေ့ရဘူး
တဲ့ကွ။ နောက်ဆုံး သူတို့ကင်းတဲရှေ့
က ဖြတ်လျှောက်သွားကြတာတောင်
ဘာမှမမြင်ရဘူးတဲ့ကွ၊ စကားပြောတဲ့
အသံတွေကတော့ ကျွက်စီ ကျွက်စီနဲ့
ပေါ့ကွာ၊ဒါပေမဲ့ ထူးဆန်းတာက စကား
သံတွေသာ ကြားနေရတာတဲ့၊ ဘာတွေ
ပြောမှန်း သိကိုမသိဘူးတဲ့၊ သူတို့လည်း
နားထောင်တာပဲတဲ့ကွ၊ ဘာမှကိုနားမ
လည်တာတဲ့ဟေ့၊ ဘာတွေပြောနေမှန်း
ကို မသိကြတာဆိုပဲ"
"ဟင် တစ်မျိုးပါလားဗျ"
ကျုပ်လည်း ကိုကြီးဘကျော် ပြောတာ
ကို တော်တော်စိတ်ဝင်စားသွားတယ်ဗျို့။
"ဟာ နေဦးကွ၊ တာတေရ၊ နောက်
တစ်ခု ရှိသေးတယ်၊ အဲဒီလူအုပ်ကြီး
ရွာထဲဝင်မလာခင် ညနေစောင်း က
တည်းက တို့ရွာထဲကခွေးတွေတအီ
အီနဲ့အော်ပြီး အိမ်အောက်တွေမှာ
ကုတ်နေကြတာကွ၊ အစကတော့
ဘာဖြစ်တယ် မသိဘူးပေါ့ကွာ၊ ည
ရောက်လို့အဲဒီလူတွေကျွက်စီ ကျွက်
စီနဲ့ စကားတွေပြောပြီး ရွာထဲဝင်လာ
တော့ ခွေးတွေဆိုတာကွာ နေစရာကို
မရှိတာဟေ့၊ အိမ်တံခါးကိုလက်သည်း
နဲ့လာပြီးကုတ်တဲ့အကောင်ကကုတ်၊
တအီအီနဲ့ကို ဖြစ်နေတာ၊ လူတွေက
လည်း အိပ်ပျော်နေရာက နိုးလာကြ
တော့ ဘာသံတွေမှန်းလည်းမသိ၊
ဒီခွေးတွေက ဘာဖြစ်နေမှန်း မသိ
ပေါ့ကွာ၊ မနက်ရောက်လို့ ကင်း
သမားတွေ ပြန်ပြောတော့မှ ညက
အုပ်လိုက်ကြီး ရွာထဲကို ဝင်လာတာ
လူတွေမဟုတ်ဘဲ သရဲတွေမှန်း သိ
ကြတော့တာပေါ့ကွာ"
"နို့ နေပါဦးဗျ ကိုကြီးဘကျော်ရဲ့၊ဒီ
အုပ်စုက ဘယ်ကိုသွားကြတာတုံးဗျ"
"ရွာထဲမှာ ဟိုလမ်းဝင်လိုက်၊ ဒီလမ်း
ဝင်လိုက် လျှောက်လုပ်နေတာတဲ့ကွ၊
ဘာလုပ်ကြတာမှန်းတော့ မသိဘူး၊
ငါတို့ရွာမှာ ကင်းတဲ ငါးခုရှိတာ၊ ငါး
ခုစလုံးရှေ့က ဖြတ်သွားတာတဲ့ကွ"
"ဟင် ဒါဆိုရင်တော့ ရွာထဲမှာ
လျှောက်လှည့်ပတ်နေတာ
ထင်တယ်ဗျ"
"အေး …ရွာကလူတွေက ညဘက်
တုန်းကတော့ အိပ်ရာက ဗြုန်းစား
ကြီး နိုးလာတော့ လူသံတွေကြား
တယ်ပဲ ထင်တာပေါ့ကွာ၊ ရွာထဲမှာ
ဘယ်သူများ ဘာဖြစ်လို့တုံးပေါ့၊
အသံတွေကလည်း တဖြည်းဖြည်း
ဝေးသွားတော့ ပြန်အိပ်ပျော်သွား
ကြတာပေါ့ကွာ၊ မနက်ကျတော့
ကင်းသမားတွေ ပြောတော့မှာပဲ
ဒါ နာနာဘာဝတွေဆိုတာ သိကြ
ပြီး ကြောက်လိုက်ကြတာကွာ
တာတေရာ၊ ဒီတော့မှာပဲ ခွေးတွေ
ဘာဖြစ်တယ်ဆိုတာ သိကြတော့
တာပေါ့ကွာ၊ အခုတော့ ညအိပ်ရာ
ဝင်ကာနီးရင် လန့်နေကြတာပေါ့
ကွာ၊ နာနာဘာဝတွေများ ရွာထဲ
ဝင်လာဦးမလားဆိုပြီး လန့်နေ
တာဟေ့"
"နို့ ကိုကြီးဘကျော်ရော ကြား
လိုက်လား"
"ဟာ ကြားတာပေါ့ တာတေရ၊
ဒါပေမဲ့ စကားတွေက မကွဲပြားဘူး
ကွ၊ စကားတွေ ပြောပြီး ရွာထဲဝင်
လာကြတာပဲသိတာ၊ ဘယ်လိုပဲ
နားထောင် နားထောင် ဘာပြော
တယ်ဆိုတာတော့ သိကို မသိ
တာကြ"
"အင်း …တော်တော်တော့ ထူးဆန်း
တာပဲဗ်"
ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး
ကို ဖွာရင်း တွေးနေတာပေါ့ဗျာ၊ သူတို့
နှစ်ယောက်လည်း ကျုပ်လိုပဲဗျ၊ ဆေး
ပေါ့လိပ်ကလေးတွေ ဖွာနေကြတယ်
ဗျို့။
"နို့ ကိုကျင်မောင်ကကော ကျုပ်ဆီကို
လာတာ ဘာကိစ္စများတုံးဗျ"
ဒီတော့မှ ကိုကျင်မောင်က ပြုံးပြီး
ခေါင်းညိတ်တယ်ဗျ။
"အေး တာတေရေ၊ လူ့လောကကြီး
မှာ ထူးဆန်းတဲ့ အကြောင်းကိစ္စတွေ
ရှိနေတယ်ဆိုတာ ခုမှာပဲ ငါယုံသွား
တော့တယ်ကွာ"
"ဟင် ဘာများတုံးကွ၊ ကျင်မောင်ရ"
ကိုဘကျော်နဲ့ ကိုကျင်မောင်ကလည်း
လူခင်တွေကိုးဗျ၊ ကိုကျင်မောင်ကို
ကိုဘကျော်က မေးတယ်။
"ကျုပ်က တာတေနဲ့တွေ့ဖို့ ထနောင်း
ကုန်းကိုလာတယ်၊ကိုဘကျော်ကလည်း တာတေနဲ့တွေ့ဖို့ဒီကိုလာတယ်၊ထနောင်း
ကုန်း ဝင်ကာနီးမှာ နှစ်ယောက်သား ဆုံ
ကြတယ်၊ အခု ကိုဘကျော်လာတဲ့ ကိစ္စ
ကို တာတေ့ကို ပြောပြတယ်။ ကျုပ်ဖြင့်
အံ့သြလွန်းလို့ဗျာ၊ဘာပြောရမှန်းတောင်
မသိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျုပ်တာတေဆီကို လာတာလည်း အဲ
ဒီကိစ္စပဲဗျ။ ကျုပ်တို့ငွေတွင်းကုန်းမှာ
လည်း ဖြစ်သွားတယ်ဗျ။ ကျုပ်တို့က
အခုညကမှဖြစ်တာ"
"ဟေ ဟုတ်ရဲ့လားကွ၊ ကျင်မောင်ရ"
"ဟာ ကိုဘကျော်ရာ ဟုတ်ပါတယ်
ဆိုမှဗျာ"
"ကိုကြီးဘကျော် ပြောသလို လူအုပ်
ကြီး ဝင်လာတာပဲလားဗျ"
ကျုပ်က မေးလိုက်တော့ ကိုကျင်မောင်
က ပြောတာဗျ။
ခဲ့တာပေါ့ကွ၊ ဒီလိုဟေ့၊ လွန်ခဲ့တဲ့ နှစ်ည
လောက်က ညဆယ့်တစ်နာရီလောက်
မှာက ငါတို့ရွာထဲကို လူအုပ်ကြီး ဝင်
လာတယ်"
"ဗျာ လူအုပ်ကြီး ဟုတ်လား၊ ဘယ်
လောက်များလို့တုံးဗျ"
"အနည်းဆုံး လူနှစ်ဆယ်၊ အစိတ်
လောက်တော့ ရှိမယ်ကွ၊ ဒါကတော့
မှန်းပြောရတာလေကွာ၊ ကြားရတဲ့
အသံတွေကို မှန်းပြီး ပြောရတာကွ"
"မတွေ့လိုက်ဘူးကွ၊ အကုန်လုံး
အိပ်နေတဲ့ အချိန်လေကွာ၊ ပြီးတော့
လူနှစ်ဆယ်၊ အစိတ် စကားပြောလာ
တဲ့ အသံဆိုတော့ နိုးတော့ နိုးသွား
ကြတာပေါ့။ ဒါပေမဲ့ တစ်ခါမှလည်း
ဒါမျိုးမကြားဘူးတော့ ဘာသံတွေ
တုံး၊ ဘယ်မှာ ဘာဖြစ်လို့တုံးဆိုပြီး
နားစွင့်ရုံပဲ စွင့်ကြတာပေါ့ကွာ"
"ကိုကြီးဘကျော်တို့ ရွာထဲကလူတွေ
မဟုတ်ဘူးလား၊ ရွာထဲက တစ်ယောက်
ယောက်များ နေထိုင်မကောင်းလို့လား
မှ မသိတာ"
"အေး …မင်းပြောသလို မဟုတ်ဘူး
ကွ တာတေရ၊နောက်နေ့မနက်ရောက်
မှ ဒီသတင်းက ရွာထဲကိုပျံ့သွားတာ၊
တို့ရွာမှာက ညဆိုရင် မီးကင်းငါးခုရှိ
တယ်ကွ၊ အဲဒီကင်းစောင့်တဲ့ကောင်
တွေ ပြန်ပြောတော့မှ ရွာကလူတွေ
သိကြတာပေါ့ကွာ"
"ဟင် ဘာတဲ့တုံးဗျ"
"လူတွေ မဟုတ်ဘူးတဲ့ကွ၊ သရဲတွေ
တဲ့ဟေ့"
"ဗျာ…သရဲတွေ၊ ဟုတ်ရဲ့လား ကိုကြီး
ဘကျော်ရာ"
"ဟာ တာတေရာ ဟုတ်ပါတယ်ဆိုမှ
ကွာ၊ ဒီကောင်တွေလည်း လူသံတွေ
ကြားလို့ဆိုပြီး ထထိုင်နေကြတာတဲ့
ဟေ့၊အသံတွေက တဖြည်းဖြည်းသာ
နီးလာတာတဲ့၊ လူလည်း မတွေ့ရဘူး
တဲ့ကွ။ နောက်ဆုံး သူတို့ကင်းတဲရှေ့
က ဖြတ်လျှောက်သွားကြတာတောင်
ဘာမှမမြင်ရဘူးတဲ့ကွ၊ စကားပြောတဲ့
အသံတွေကတော့ ကျွက်စီ ကျွက်စီနဲ့
ပေါ့ကွာ၊ဒါပေမဲ့ ထူးဆန်းတာက စကား
သံတွေသာ ကြားနေရတာတဲ့၊ ဘာတွေ
ပြောမှန်း သိကိုမသိဘူးတဲ့၊ သူတို့လည်း
နားထောင်တာပဲတဲ့ကွ၊ ဘာမှကိုနားမ
လည်တာတဲ့ဟေ့၊ ဘာတွေပြောနေမှန်း
ကို မသိကြတာဆိုပဲ"
"ဟင် တစ်မျိုးပါလားဗျ"
ကျုပ်လည်း ကိုကြီးဘကျော် ပြောတာ
ကို တော်တော်စိတ်ဝင်စားသွားတယ်ဗျို့။
"ဟာ နေဦးကွ၊ တာတေရ၊ နောက်
တစ်ခု ရှိသေးတယ်၊ အဲဒီလူအုပ်ကြီး
ရွာထဲဝင်မလာခင် ညနေစောင်း က
တည်းက တို့ရွာထဲကခွေးတွေတအီ
အီနဲ့အော်ပြီး အိမ်အောက်တွေမှာ
ကုတ်နေကြတာကွ၊ အစကတော့
ဘာဖြစ်တယ် မသိဘူးပေါ့ကွာ၊ ည
ရောက်လို့အဲဒီလူတွေကျွက်စီ ကျွက်
စီနဲ့ စကားတွေပြောပြီး ရွာထဲဝင်လာ
တော့ ခွေးတွေဆိုတာကွာ နေစရာကို
မရှိတာဟေ့၊ အိမ်တံခါးကိုလက်သည်း
နဲ့လာပြီးကုတ်တဲ့အကောင်ကကုတ်၊
တအီအီနဲ့ကို ဖြစ်နေတာ၊ လူတွေက
လည်း အိပ်ပျော်နေရာက နိုးလာကြ
တော့ ဘာသံတွေမှန်းလည်းမသိ၊
ဒီခွေးတွေက ဘာဖြစ်နေမှန်း မသိ
ပေါ့ကွာ၊ မနက်ရောက်လို့ ကင်း
သမားတွေ ပြန်ပြောတော့မှ ညက
အုပ်လိုက်ကြီး ရွာထဲကို ဝင်လာတာ
လူတွေမဟုတ်ဘဲ သရဲတွေမှန်း သိ
ကြတော့တာပေါ့ကွာ"
"နို့ နေပါဦးဗျ ကိုကြီးဘကျော်ရဲ့၊ဒီ
အုပ်စုက ဘယ်ကိုသွားကြတာတုံးဗျ"
"ရွာထဲမှာ ဟိုလမ်းဝင်လိုက်၊ ဒီလမ်း
ဝင်လိုက် လျှောက်လုပ်နေတာတဲ့ကွ၊
ဘာလုပ်ကြတာမှန်းတော့ မသိဘူး၊
ငါတို့ရွာမှာ ကင်းတဲ ငါးခုရှိတာ၊ ငါး
ခုစလုံးရှေ့က ဖြတ်သွားတာတဲ့ကွ"
"ဟင် ဒါဆိုရင်တော့ ရွာထဲမှာ
လျှောက်လှည့်ပတ်နေတာ
ထင်တယ်ဗျ"
"အေး …ရွာကလူတွေက ညဘက်
တုန်းကတော့ အိပ်ရာက ဗြုန်းစား
ကြီး နိုးလာတော့ လူသံတွေကြား
တယ်ပဲ ထင်တာပေါ့ကွာ၊ ရွာထဲမှာ
ဘယ်သူများ ဘာဖြစ်လို့တုံးပေါ့၊
အသံတွေကလည်း တဖြည်းဖြည်း
ဝေးသွားတော့ ပြန်အိပ်ပျော်သွား
ကြတာပေါ့ကွာ၊ မနက်ကျတော့
ကင်းသမားတွေ ပြောတော့မှာပဲ
ဒါ နာနာဘာဝတွေဆိုတာ သိကြ
ပြီး ကြောက်လိုက်ကြတာကွာ
တာတေရာ၊ ဒီတော့မှာပဲ ခွေးတွေ
ဘာဖြစ်တယ်ဆိုတာ သိကြတော့
တာပေါ့ကွာ၊ အခုတော့ ညအိပ်ရာ
ဝင်ကာနီးရင် လန့်နေကြတာပေါ့
ကွာ၊ နာနာဘာဝတွေများ ရွာထဲ
ဝင်လာဦးမလားဆိုပြီး လန့်နေ
တာဟေ့"
"နို့ ကိုကြီးဘကျော်ရော ကြား
လိုက်လား"
"ဟာ ကြားတာပေါ့ တာတေရ၊
ဒါပေမဲ့ စကားတွေက မကွဲပြားဘူး
ကွ၊ စကားတွေ ပြောပြီး ရွာထဲဝင်
လာကြတာပဲသိတာ၊ ဘယ်လိုပဲ
နားထောင် နားထောင် ဘာပြော
တယ်ဆိုတာတော့ သိကို မသိ
တာကြ"
"အင်း …တော်တော်တော့ ထူးဆန်း
တာပဲဗ်"
ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး
ကို ဖွာရင်း တွေးနေတာပေါ့ဗျာ၊ သူတို့
နှစ်ယောက်လည်း ကျုပ်လိုပဲဗျ၊ ဆေး
ပေါ့လိပ်ကလေးတွေ ဖွာနေကြတယ်
ဗျို့။
"နို့ ကိုကျင်မောင်ကကော ကျုပ်ဆီကို
လာတာ ဘာကိစ္စများတုံးဗျ"
ဒီတော့မှ ကိုကျင်မောင်က ပြုံးပြီး
ခေါင်းညိတ်တယ်ဗျ။
"အေး တာတေရေ၊ လူ့လောကကြီး
မှာ ထူးဆန်းတဲ့ အကြောင်းကိစ္စတွေ
ရှိနေတယ်ဆိုတာ ခုမှာပဲ ငါယုံသွား
တော့တယ်ကွာ"
"ဟင် ဘာများတုံးကွ၊ ကျင်မောင်ရ"
ကိုဘကျော်နဲ့ ကိုကျင်မောင်ကလည်း
လူခင်တွေကိုးဗျ၊ ကိုကျင်မောင်ကို
ကိုဘကျော်က မေးတယ်။
"ကျုပ်က တာတေနဲ့တွေ့ဖို့ ထနောင်း
ကုန်းကိုလာတယ်၊ကိုဘကျော်ကလည်း တာတေနဲ့တွေ့ဖို့ဒီကိုလာတယ်၊ထနောင်း
ကုန်း ဝင်ကာနီးမှာ နှစ်ယောက်သား ဆုံ
ကြတယ်၊ အခု ကိုဘကျော်လာတဲ့ ကိစ္စ
ကို တာတေ့ကို ပြောပြတယ်။ ကျုပ်ဖြင့်
အံ့သြလွန်းလို့ဗျာ၊ဘာပြောရမှန်းတောင်
မသိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျုပ်တာတေဆီကို လာတာလည်း အဲ
ဒီကိစ္စပဲဗျ။ ကျုပ်တို့ငွေတွင်းကုန်းမှာ
လည်း ဖြစ်သွားတယ်ဗျ။ ကျုပ်တို့က
အခုညကမှဖြစ်တာ"
"ဟေ ဟုတ်ရဲ့လားကွ၊ ကျင်မောင်ရ"
"ဟာ ကိုဘကျော်ရာ ဟုတ်ပါတယ်
ဆိုမှဗျာ"
"ကိုကြီးဘကျော် ပြောသလို လူအုပ်
ကြီး ဝင်လာတာပဲလားဗျ"
ကျုပ်က မေးလိုက်တော့ ကိုကျင်မောင်
က ပြောတာဗျ။
အပိုင်း(၃) ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment