တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၆)
လို့ ပြောပြီး အိမ်ကလေးကို သေသေချာချာကြည့်ပြီးပြုံးပြုံးကြီး လုပ်နေတယ်ဗျ။ ပြီးတော့မှ ဘာစိတ်ကူးရသွားတယ် မသိပါဘူးဗျာ။သူမှာပါတဲ့ ကြိုးနဲ့ အိမ်ကလေးကို ချည်တယ်။
ပြီးတော့ ပေါက်ပင်ကြီးတစ်ပင်ရဲ့ ကိုင်းကျနေတဲ့
ကိုင်းမှာ ကြိုးကိုချည်လိုက်တယ်၊ အိမ်ကလေးက
လေထဲမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖြစ်နေတော့တာပေါ့ဗျာ။
ပြီးတော့မှ အိမ်ကလေးကို တံခါးတွေဖွင့် ၊ပြတင်းပေါက်တွေဖွင့်ပြီး ပြောသဗျ။
"ငှက်ကလေးတွေ နေချင်ရင် နေလို့ရတာပေါ့ကွာ"
လို့ ပြောပြီး တောင်ပေါ်ကနေ ပြန်ဆင်းသွားတယ်။
ကျုပ်လည်း သူ့နောက်က ကပ်ပြီး လိုက်လာခဲ့တယ်။ကျုပ်ပါးစပ်ကတော့ စကားတစ်ခွန်းမှကို ပြောလို့မထွက်တာဗျာ။
"တာတေ ထတော့လေ၊ နေတောင်စောင်းနေပြီ၊
အကြာကြီးအိပ်လို့ နေထိုင်မကောင်း ဖြစ်နေဦးမယ်
ထေတာ့ "
အမေက နှိုးမှ ကျုပ်နှိုးသွားတာဗျ။ ဒီတော့မှ နေ့ခင်း
ကြောင်တောင်ကြီး အိပ်မက်တွေ မက်နေမှန်း ကျုပ်သိသွားတာ။
ဒါပေမဲ့ အိပ်မက်က တော်တော်လေးကို ဆန်းနေတာဗျ။ဘယ့်နှယ်ဗျာ ၊ သေသွားတဲ့ ကိုအာလူးနဲ့ ကျုပ်နဲ့
ယုန်လိုက်သွားကြလို့တဲ့ ။ ပြီးတော့ တောင်ပေါ်မှာ
ထူးထူးဆန်းဆန်း အိမ်ကလေး တစ်လုံးတွေ့လို့တဲ့ဗျာ။
ဟိုလူကလည်း လက်ဆော့လိုက်တာ လွန်ပါရောလား၊အိမ်ကို မြေကြီးထဲက တူးယူပြီး သစ်ပင်မှာ ကြိုးနဲ့ဆွဲထားခဲ့တယ်။
ဟာ …ဒါ ဒါ တကယ်ဖြစ်တာထင်တယ်။ကိုအာလူး
တောထဲမှာ တကယ်လုပ်ခဲ့တာထင်တယ်။ ဒါကြောင့်
သူတို့အိမ်ကြီး လေထဲမှာ မြောက်တက်နေတာ ဖြစ်မယ်။
ဟာ ဒုက္ခပါပဲဗျာ၊ ကိုအာလူး ကျုပ်ကို အိပ်မက်ပေးတာထင်တယ်ဗျ။ သူတစ်ယောက်တည်း ယုန်လိုက်သွားတော့ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိတော့ ကျုပ်ကိုအသိပေးပြီး အကူအညီတောင်းတာဖြစ်မယ်။ကျုပ် အိပ်နေရာကနေ ကပျာကယာထပြီး အဘကိုသွားမေးလိုက်တယ်။
"အဘ ခွေးမတက်တောင်ဆိုတာ ရှိလား"
"ဟာ ရှိတာပေါ့ကွ၊ ကပ္ပလီစုကနေ ညောင်ဝိုင်းဘက်ကိုနည်းနည်းဆက်လျှောက်ပြီး တောင်ပေါ်တက်ရတာလို့ပြောကြတယ်၊ အဘတော့ တစ်ခါမှ မသွားဖူးဘူး၊ဘာဖြစ်လို့တုံး"
"ကိုအာလူးတို့ကိစ္စက အဲဒီတောင်ပေါ်မှာ ဖြစ်ခဲ့ပုံရတယ်အဘရဲ့ "
"အေးလေ၊ ဒီသူငယ်က ခွေးတွေခေါ်သွားပြီးတောင်တွေပေါ်မှာ ယုန်လိုက်တတ်တယ် ပြောတာပဲ။ဘာတွေများ လုပ်ခဲ့လို့တုန်းမှ မသိတာ၊ သူတို့အိမ်ကြီးကလည်းလေထဲမှာ မြောက်နေတယ်ဆိုတော့ တော်တောကိုဒေါသတကြီးနဲ့ လုပ်လိုက်တာပဲ လူလေးရ "
"ဟာ …ဒေါသဘယ်လောက်ကြီးကြီးနဲ့ လုပ်လဲဆိုရင်ကိုအာလူးဗိုက်ထဲမှာ အူတွေ၊ အသည်းတွေ ဘာမှကိုမရှိတော့တာသာ ကြည့်လေ အဘရာ"
ကျုပ် ကိုအာလူးအသုဘကို မသွားတော့ဘူးဗျ။
အိမ်မှာပဲ ငြိမ်ပြီး တွေးနေလိုက်တယ်။ညကျတော့ ကျောက်ခဲ ရောက်တယ်။
"ဘယ်လိုလဲကွ ကျောက်ခဲ၊ ဘာထူးသေးလဲ"
"ဘာမှမထူးပါဘူးဗျာ၊အိမ်ကြီးကတော့ ဒီအတိုင်းပဲဗျ။လေထဲမှာ တွဲလွဲကြီး ဖြစ်တုန်းပဲဗျ၊ ကိုကြီးတာတေရောဘာတွေသိပြီလဲ"
"သိတော့ သိပြီ ကျောက်ခဲရဲ့၊ ဒါပေမဲ့ မသေချာသေးဘူး၊ငါ နေ့ခင်းက အိပ်ပျော်သွားတဲ့အချိန်မှာ ကိုအာလူးငါ့ကို အိပ်မက်ပေးတယ်၊ သူ ဘာလုပ်ခဲ့တယ်ဆိုတာကိုပြတယ်ကွ၊ ဒါပေမဲ့ မသေချာသေးဘူး၊တကယ်လို့အဲဒီအိပ်မက်ထဲကအတိုင်း ဟုတ်တယ်ဆိုရင်တောင်မှငါ့သဘောနဲ့ငါ မလုပ်ရဲဘူးကွ၊ ဒီကိစ္စဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့ ပတ်သက်နေမှန်းကို မသိတာကွ"
"ဟာ ဟုတ်လား ကိုကြီးတာတေ"
ဒီကောင် ပါးစပ်လုံတယ်ဆိုတာတော့ ကျုပ်က သိပြီးသားဗျ။ဒါကြောင့်လည်း အရိပ်အမြွက်လောက် ပြောပြလိုက်တာညရောက်တော့ ကျုပ်မှာတော်တော်နဲ့ အိပ်မပျော်ဘူးဗျ။ဒါနဲ့ အမေတို့နဲ့ ထိုင်ပြီး စကားပြောနေတာ ညသန်းခေါင်ကျော်မှပဲ အိပ်ဖြစ်တော့တယ်ဗျို့။
ကျုပ် မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး
မဖဲဝါကို အကြောင်းကြားလိုက်တယ်။
"မဖဲဝါ ကျုပ်တို့ရွာမှာတော့ တော်တော်ကို ထူးဆန်းတဲ့အဖြစ်အပျက် ဖြစ်နေတယ်၊ ကိုအာလူးဆိုတဲ့လူ
ကြောက်စရာကောင်းအောင် အသေဆိုးနဲ့ သေသွားတယ်၊အူတွေ အသည်းတွေ ထုတ်စားသွားတာဗျ။
ပြီးတော့ ကိုအာလူးတို့နေတဲ့ အိမ်ကြီးကမြေကြီးထဲကနေ ကျွတ်ထွက်ပြီး လေထဲမှာ တစ်ခုခုနဲ့ချိတ်ထားသလို တွဲလောင်းကြီး ဖြစ်နေလို့ဗျ။ကျုပ် ဘာလုပ်ပေးရမယ်ဆိုတာ ပြောပြပါ၊သင်္ချိုင်းရှင်မကြီး မဖဲဝါ"
ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ ကျုပ်အိပ်ပျော်သွားရောဗျာ၊အိပ်မက်ထဲမှာ မဖဲဝါကို မမြင်ရဘူးဗျ၊ လေတွေက တဟူးဟူးတိုက်နေတာ။ ဘယ်နေရာမှန်းလည်း ကျုပ်မသိဘူး။ကျုပ် အဝတ်ဆိုတာလည်း တိုက်ထဲမှာ တဖျတ်ဖျတ်လွင့်နေတာဗျ။ ကျုပ်ဆံပင်တွေတောင်လေ တိုက်ထဲမှာလွင့်နေတာ ။
"တာတေ ငါပြောမယ်၊ အာလူးဆိုတဲ့ကောင်ခွေးမတက်တောင်မှာနေတဲ့ တစ္ဆေလေးရဲ့ အိမ်ကိုမြေကြီးထဲကနေ တူးပြီး သစ်ကိုင်းမှာ ကြိုးနဲ့ တွဲလောင်း
ဆွဲထားခဲ့တယ်။ အဲဒီအချိန်က တစ္ဆေလေး ခရီးသွားနေလို့မသိလိုက်တာ၊ မဟုတ်ရင် အဲဒီနေရာမှာတင်
ပွဲချင်းပြီးသွားမှာ။ တစ္ဆေလေးဆိုတာ သက်တမ်းထောင်ကျော်ရှိနေပြီ။ သူ့မှာရှိတဲ့ အစွမ်းတွေက တစ်ချို့နတ်တွေတောင် တုလို့မရဘူးဟဲ့ ကြားလား၊
နင့်အကောင်က တကယ့်ပုဂ္ဂိုလ်ကိုမှ သွားပြီးစော်ကားမိတာကိုး၊ တော်သေးတာပေါ့တာတေရာ ၊ အာလူးတစ်ယောက်ပဲ သတ်လို့၊တစ်အိမ်လုံး သတ်သွားလည်း ငါက အံ့သြမှာမဟုတ်ဘူး"
"ဟာ ကျုပ်တို့ကို ကူညီပါ မဖဲဝါရယ်၊ကျုပ်တို့ ဘယ်လိုလုပ်မလဲ "

အပိုင်း(၇)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment