စုန်းကိုး မှော်ကိုး ကဝေကိုး အပိုင်း(၅)
"ဟာ ကြားဖူးတယ် ဆရာကြီး၊ အရင်
ကတော့ မကြားဖူးဘူးဗျ။ ဟိုတလော
ကမှ ပုဗ္ဗာရုံကျောင်းကထိန်မှာ သံခ
နောက်က ဘိုးအုပ်ကြီး ပြောပြတာ
ဆရာကြီးရဲ့၊ဘိုးအုပ်က ကိုယ်တွေ့ဗျ။
သူငယ်ငယ်က ကြုံခဲ့တာ သူ့ဆရာ
ကိုယ်တိုင် စီရင်တာဆိုပဲ"
"နို့ အစီအရင် အောင်သလား"
"ဟာ မအောင်ဘူးဗျ၊ ကြောင်တစ်ရာ
ဗိုလ် ဖြစ်သွားတဲ့ ကြောင်နက်ကြီးကို
အဲဒီဆရာကြီးက မသတ်နိုင်ဘူး၊
ကြောင်တစ်ရာဗိုလ်ကြီးကသာ ဘိုး
အုပ်ရဲ့ ဆရာကို သတ်သွားတာဗျ"
ဘိုးလူပေက ကျုပ်ပြောတာကို နား
ထောင်ပြီး ခေါင်းညိတ်ပြတယ်။ ပြီး
တော့မှ ပြောသဗျ။
"မောင်တာတေက ဗဟုသုတရှိတော့
လည်း ကောင်းတာပေါ့ကွယ်၊ဒါဆိုရင်
ကျုပ်ပြောလို့ ရပြီပေါ့၊ မောင်တာတေ
ကြားဖူးတဲ့ ကြောင်တစ်ရာဗိုလ် အစီ
အရင်လိုမျိုး အစီအရင်တစ်ခု ပညာ
သည်တွေကြားမှာ ရှိတယ်ကွဲ့၊ ဒီအစီ
အရင်က ကြောင်တွေနဲ့ စီရင်ရတာ
မဟုတ်ဘူး၊ လူတွေနဲ့ စီရင်ရတာ။လူမှ
ရိုးရိုးလူ မဟုတ်ဘူး၊ပညာသည်တွေနဲ့
စီရင်တာကွဲ့၊ လူလူချင်း နှလုံးကို အ
ရှင်လတ်လတ် ဖောက်စားရတာ"
"ဟာ…ရက်စက်လှချေလားဗျာ"
"ဟုတ်တယ် မောင်တာတေ၊ ပညာ
သည်ဆိုတာ ပညာရူးတွေကွဲ့၊ သူတို့
ပညာ အထွတ်အထိပ်ရောက်ဖို့ တစ်
ခုပဲ သိကြတာ၊ ဒီအတွက်ဆိုရင် လူ
သတ်ရမှာလည်း ဝန်မလေးကြဘူး၊
အစိမ်းစားရမှာလည်း ဝန်မလေးကြ
ဘူး၊ အခုပြောတဲ့ အစီအရင်ကို 'စုန်း
ကိုး မှော်ကိုး ကဝေကိုး'အစီအရင်လို့
ခေါ်တယ်"
"ဆရာကြီးရယ်၊ ကျုပ်ဖြင့် ကြားရုံနဲ့
တင် ကျောချမ်းလှပါပြီဗျာ"
"အင်း …တကယ်လည်း ကျောချမ်း
စရာကောင်းပေတယ် မောင်တာတေ၊
ပထမဆုံး စုန်းတွေ ရှာပြီး ပညာပြိုင်ရ
တယ်၊ နိုင်သွားရင် စုန်းရဲ့ နှလုံးကို အ
ရှင်လတ်လတ် ထုတ်ယူပြီး အစိမ်းစား
ရတယ်။ နှလုံးကို ဖောက်ယူတဲ့အခါမှာ
လည်း ဓါးနဲ့ မဖောက်ရဘူးကွ၊ လက်
ချောင်းတွေက ထွက်တဲ့စက်တွေနဲ့
ထိုးဖောက်ပြီး လက်နဲ့ နှိုက်ထုတ်ယူ
ရတာ၊ စုန်းက လဲကျပြီး ဆန့်ငင်ဆန့်
ငင် ဖြစ်နေတဲ့အချိန်မှာ နှလုံးကို မန္တန်
ရွတ်ပြီး အစိမ်းစားရတယ်၊ အကုန်
စားဖို့တော့ မလိုဘူးကွ၊ ကိုးကိုက်
ကိုက်ဖဲ့ပြီး ကိုးကြိမ် ဝါးစားရတယ်"
"အောင်မယ်လေးဗျာ၊ တော်တော်လည်း
ရက်စက်တဲ့လူတွေပဲ ဆရာကြီးရာ"
"ဟုတ်တယ် မောင်တာတေ၊ တော်တော်
ကို ရက်စက်ကြမ်းကြုတ်တဲ့ အစီအရင်ပဲ
ကွဲ့"
"ကျုပ်တစ်ခုမေးပါရစေ ဆရာကြီး"
"မေးပါကွယ်၊ မေးပါ"
"ဒီအစီအရင်ကို လုပ်တဲ့လူက စုန်းလား
ကဝေလား ဆရာကြီး"
"ကဝေကြီးတွေပေါ့ကွယ်၊ ပညာတွေ
ကမ်းကုန်သလောက်တတ်ပြီးတာတောင်
မကျေနပ်နိုင်ကြဘဲ ဘီလူးမှော်လို့ခေါ်တဲ့
ဒီအစီအရင်ကြီးကို လုပ်ကြတာကွဲ့"
"နို့ နေပါဦး ဆရာကြီးရဲ့၊ ဒီကဝေကြီးက
အခုပြောတဲ့ ဘီလူးမှော်အောင်သွားခဲ့ရင်
ဘာဖြစ်နိုင်လို့တုံး"
"လက်နက်အမျိုးမျိုး ပြီးတာပေါ့ကွယ်
တုတ်၊ ဓါး၊ လှံတွေလောက် မပြောနဲ့။
သေနတ်အမျိုးမျိုး၊ ဗုံးအမျိုးမျိုး၊ အ
မြောက်အမျိုးမျိုး အားလုံးပြီးတယ်
မောင်တာတေရဲ့၊ဒီအဆင့်ကို အောင်
သားလို့ အတွင်းစခန်းဝင်ပြီး ကျင့်ကြံ
နိုင်ခဲ့ရင် အောက်လမ်းဝိဇ္ဇာဖြစ်ပြီး အ
သက်ကို ထောင်ချီပြီး နေလို့ရသွား
တာပေါ့ကွယ်"
"သြော်…ဒါကြောင့်လုပ်တာကိုး"
"အခု ကျုပ်သွားရမယ့်ကိစ္စက ကိစ္စပဲ
ကွဲ့၊ ကဝေပညာကို ကမ်းခတ်အောင်
တတ်တဲ့ ဒိဗ္ဗလို့ခေါ်တဲ့ ကဝေကြီးက
အခုနေ ပြောတဲ့ စုန်းကိုး မှော်ကိုး က
ဝေကိုးလို့ ခေါ်တဲ့ ဘီလူးမှော်ကြီးကို
အောင်ကာနီးနေပြီ မောင်တာတေရဲ့၊
ဒီကောင် ဒီဗ္ဗက စုန်းမကြီးကိုးယောက်
ရဲ့ နှလုံးကို ဖောက်စားပြီးပြီ၊ မှော်ပညာ
သည် ကိုးယောက်ရဲ့နှလုံးကိုလည်း စား
ပြီးပြီ၊ သူ့ထက်နိမ့်တဲ့ ကဝေရှစ်ယောက်
ရဲ့ နှလုံးကိုလည်း စားပြီးပြီ၊အခုလာမယ့်
လပြည့်ညမှာ ကိုးယောက်မြောက်
ကဝေရဲ့ နှလုံးကို စားလိမ့်မယ်"
"ဟာ …ဟုတ်လား ဆရာကြီး၊
လပြည့်နေ့ဆိုတော့ မနက်ဖြန်ပဲ"
"ဟုတ်တာပေါ့ မောင်တာတေရဲ့၊
ဒါကြောင့် ကျုပ်က တက်သုတ်နှင်ပြီး
ခရီးဆက္ခဲ့ရတာကြ"
"အဲဒီကဝေကြီး သတ်မယ့် ကိုး
ယောက်မြောက် ကဝေက ထီး
ဂလိုင်မှာနေတဲ့လူလား ဆရာကြီး"
"မဟုတ်ဘူး မောင်တာတေ၊ ထီးဂ
လိုင်အနောက်ဘက်က တောင်ပေါ်
ကို တက်ရမှာ၊ အဲဒီမှာ ကဝေတောင်
လို့ခေါ်တဲ့တောင်တစ်လုံးရှိတယ်၊ ဒါ
ပေမဲ့ ဒီနာမည်ကို အရပ်ထဲက လူတွေ
က မသိကြပါဘူး၊ သူတို့က အင်ကြင်း
တောင်လို့ပဲ ခေါ်ကြတာ၊ အင်ကြင်း
တောကြီး ရှိတာကိုး၊ ပြီးတော့ အင်
ကြင်းကျောက်တွေလည်း ပေါမှပေါ
ကွဲ့၊ ဒီအနီးအနားက လူတွေက ရွာ
ထဲမှာ ရေတွင်းပေါင်ခွေဖို့ အင်ကြင်း
ကျောက်လိုရင် သွားရှာတဲ့တောင်
ပေါ့ကွယ်"
"သြော်…ထီးဂလိုင်က လူတွေကတော့
အင်ကြင်းတောင်ဆိုရင် သိမှာပေါ့နော်
ဆရာကြီး"
" ဟာ သိတာပေါ့ မောင်တာတေရဲ့၊
ဒီကောင်တွေ အင်ကြင်းကျောက် ရှာ
တဲ့တောင်ပဲဟာ"
"ဒါထက်နေပါဦး ဆရာကြီးရဲ့၊ ဒီကဝေ
ကြီး ဦးဒိဗ္ဗက သူနဲ့ ပညာပြိုင်မယ့် က
ဝေကို ဒီတောင်မှာ ချိန်းထားလို့လားဗျ"
"ဟား၊ ဟား၊ ဟား၊ ဟား၊ မောင်တာတေ
ကတော့ အတွေးတော်တော်နက်တဲ့ လူ
ငယ်ပေပဲကိုး၊ဘယ်ကဝေကမှ ဒိဗ္ဗနဲ့ ပညာ
မပြိုင်ရဲဘူးကွ၊ ဒိဗ္ဗက အတင်းလိုက်ရှာပြီး
သတ်လို့သာ ကြောက်ကြောက်လန့်လန့်
နဲ့ ဒိဗ္ဗကို ပြန်လုပ်ကြရရှာတာ"
"ဟင်၊ ဒါဆိုရင် ဦးဒိဗ္ဗက ကိုးယောက်
မြောက် ကဝေကို ဖမ်းခေါ်လာပြီး ဒီ
တောင်ပေါ်မှာ သတ်မှာလား ဆရာကြီး"
ဘိုးလူပေက ကျုပ်မေးတာကို ပြုံးပြီး
ခေါင်းခါပြတယ်။ ပြီးတော့မှ မပြောချင်
ပြောချင်နဲ့ ပြောတာဗျို့။
ကတော့ မကြားဖူးဘူးဗျ။ ဟိုတလော
ကမှ ပုဗ္ဗာရုံကျောင်းကထိန်မှာ သံခ
နောက်က ဘိုးအုပ်ကြီး ပြောပြတာ
ဆရာကြီးရဲ့၊ဘိုးအုပ်က ကိုယ်တွေ့ဗျ။
သူငယ်ငယ်က ကြုံခဲ့တာ သူ့ဆရာ
ကိုယ်တိုင် စီရင်တာဆိုပဲ"
"နို့ အစီအရင် အောင်သလား"
"ဟာ မအောင်ဘူးဗျ၊ ကြောင်တစ်ရာ
ဗိုလ် ဖြစ်သွားတဲ့ ကြောင်နက်ကြီးကို
အဲဒီဆရာကြီးက မသတ်နိုင်ဘူး၊
ကြောင်တစ်ရာဗိုလ်ကြီးကသာ ဘိုး
အုပ်ရဲ့ ဆရာကို သတ်သွားတာဗျ"
ဘိုးလူပေက ကျုပ်ပြောတာကို နား
ထောင်ပြီး ခေါင်းညိတ်ပြတယ်။ ပြီး
တော့မှ ပြောသဗျ။
"မောင်တာတေက ဗဟုသုတရှိတော့
လည်း ကောင်းတာပေါ့ကွယ်၊ဒါဆိုရင်
ကျုပ်ပြောလို့ ရပြီပေါ့၊ မောင်တာတေ
ကြားဖူးတဲ့ ကြောင်တစ်ရာဗိုလ် အစီ
အရင်လိုမျိုး အစီအရင်တစ်ခု ပညာ
သည်တွေကြားမှာ ရှိတယ်ကွဲ့၊ ဒီအစီ
အရင်က ကြောင်တွေနဲ့ စီရင်ရတာ
မဟုတ်ဘူး၊ လူတွေနဲ့ စီရင်ရတာ။လူမှ
ရိုးရိုးလူ မဟုတ်ဘူး၊ပညာသည်တွေနဲ့
စီရင်တာကွဲ့၊ လူလူချင်း နှလုံးကို အ
ရှင်လတ်လတ် ဖောက်စားရတာ"
"ဟာ…ရက်စက်လှချေလားဗျာ"
"ဟုတ်တယ် မောင်တာတေ၊ ပညာ
သည်ဆိုတာ ပညာရူးတွေကွဲ့၊ သူတို့
ပညာ အထွတ်အထိပ်ရောက်ဖို့ တစ်
ခုပဲ သိကြတာ၊ ဒီအတွက်ဆိုရင် လူ
သတ်ရမှာလည်း ဝန်မလေးကြဘူး၊
အစိမ်းစားရမှာလည်း ဝန်မလေးကြ
ဘူး၊ အခုပြောတဲ့ အစီအရင်ကို 'စုန်း
ကိုး မှော်ကိုး ကဝေကိုး'အစီအရင်လို့
ခေါ်တယ်"
"ဆရာကြီးရယ်၊ ကျုပ်ဖြင့် ကြားရုံနဲ့
တင် ကျောချမ်းလှပါပြီဗျာ"
"အင်း …တကယ်လည်း ကျောချမ်း
စရာကောင်းပေတယ် မောင်တာတေ၊
ပထမဆုံး စုန်းတွေ ရှာပြီး ပညာပြိုင်ရ
တယ်၊ နိုင်သွားရင် စုန်းရဲ့ နှလုံးကို အ
ရှင်လတ်လတ် ထုတ်ယူပြီး အစိမ်းစား
ရတယ်။ နှလုံးကို ဖောက်ယူတဲ့အခါမှာ
လည်း ဓါးနဲ့ မဖောက်ရဘူးကွ၊ လက်
ချောင်းတွေက ထွက်တဲ့စက်တွေနဲ့
ထိုးဖောက်ပြီး လက်နဲ့ နှိုက်ထုတ်ယူ
ရတာ၊ စုန်းက လဲကျပြီး ဆန့်ငင်ဆန့်
ငင် ဖြစ်နေတဲ့အချိန်မှာ နှလုံးကို မန္တန်
ရွတ်ပြီး အစိမ်းစားရတယ်၊ အကုန်
စားဖို့တော့ မလိုဘူးကွ၊ ကိုးကိုက်
ကိုက်ဖဲ့ပြီး ကိုးကြိမ် ဝါးစားရတယ်"
"အောင်မယ်လေးဗျာ၊ တော်တော်လည်း
ရက်စက်တဲ့လူတွေပဲ ဆရာကြီးရာ"
"ဟုတ်တယ် မောင်တာတေ၊ တော်တော်
ကို ရက်စက်ကြမ်းကြုတ်တဲ့ အစီအရင်ပဲ
ကွဲ့"
"ကျုပ်တစ်ခုမေးပါရစေ ဆရာကြီး"
"မေးပါကွယ်၊ မေးပါ"
"ဒီအစီအရင်ကို လုပ်တဲ့လူက စုန်းလား
ကဝေလား ဆရာကြီး"
"ကဝေကြီးတွေပေါ့ကွယ်၊ ပညာတွေ
ကမ်းကုန်သလောက်တတ်ပြီးတာတောင်
မကျေနပ်နိုင်ကြဘဲ ဘီလူးမှော်လို့ခေါ်တဲ့
ဒီအစီအရင်ကြီးကို လုပ်ကြတာကွဲ့"
"နို့ နေပါဦး ဆရာကြီးရဲ့၊ ဒီကဝေကြီးက
အခုပြောတဲ့ ဘီလူးမှော်အောင်သွားခဲ့ရင်
ဘာဖြစ်နိုင်လို့တုံး"
"လက်နက်အမျိုးမျိုး ပြီးတာပေါ့ကွယ်
တုတ်၊ ဓါး၊ လှံတွေလောက် မပြောနဲ့။
သေနတ်အမျိုးမျိုး၊ ဗုံးအမျိုးမျိုး၊ အ
မြောက်အမျိုးမျိုး အားလုံးပြီးတယ်
မောင်တာတေရဲ့၊ဒီအဆင့်ကို အောင်
သားလို့ အတွင်းစခန်းဝင်ပြီး ကျင့်ကြံ
နိုင်ခဲ့ရင် အောက်လမ်းဝိဇ္ဇာဖြစ်ပြီး အ
သက်ကို ထောင်ချီပြီး နေလို့ရသွား
တာပေါ့ကွယ်"
"သြော်…ဒါကြောင့်လုပ်တာကိုး"
"အခု ကျုပ်သွားရမယ့်ကိစ္စက ကိစ္စပဲ
ကွဲ့၊ ကဝေပညာကို ကမ်းခတ်အောင်
တတ်တဲ့ ဒိဗ္ဗလို့ခေါ်တဲ့ ကဝေကြီးက
အခုနေ ပြောတဲ့ စုန်းကိုး မှော်ကိုး က
ဝေကိုးလို့ ခေါ်တဲ့ ဘီလူးမှော်ကြီးကို
အောင်ကာနီးနေပြီ မောင်တာတေရဲ့၊
ဒီကောင် ဒီဗ္ဗက စုန်းမကြီးကိုးယောက်
ရဲ့ နှလုံးကို ဖောက်စားပြီးပြီ၊ မှော်ပညာ
သည် ကိုးယောက်ရဲ့နှလုံးကိုလည်း စား
ပြီးပြီ၊ သူ့ထက်နိမ့်တဲ့ ကဝေရှစ်ယောက်
ရဲ့ နှလုံးကိုလည်း စားပြီးပြီ၊အခုလာမယ့်
လပြည့်ညမှာ ကိုးယောက်မြောက်
ကဝေရဲ့ နှလုံးကို စားလိမ့်မယ်"
"ဟာ …ဟုတ်လား ဆရာကြီး၊
လပြည့်နေ့ဆိုတော့ မနက်ဖြန်ပဲ"
"ဟုတ်တာပေါ့ မောင်တာတေရဲ့၊
ဒါကြောင့် ကျုပ်က တက်သုတ်နှင်ပြီး
ခရီးဆက္ခဲ့ရတာကြ"
"အဲဒီကဝေကြီး သတ်မယ့် ကိုး
ယောက်မြောက် ကဝေက ထီး
ဂလိုင်မှာနေတဲ့လူလား ဆရာကြီး"
"မဟုတ်ဘူး မောင်တာတေ၊ ထီးဂ
လိုင်အနောက်ဘက်က တောင်ပေါ်
ကို တက်ရမှာ၊ အဲဒီမှာ ကဝေတောင်
လို့ခေါ်တဲ့တောင်တစ်လုံးရှိတယ်၊ ဒါ
ပေမဲ့ ဒီနာမည်ကို အရပ်ထဲက လူတွေ
က မသိကြပါဘူး၊ သူတို့က အင်ကြင်း
တောင်လို့ပဲ ခေါ်ကြတာ၊ အင်ကြင်း
တောကြီး ရှိတာကိုး၊ ပြီးတော့ အင်
ကြင်းကျောက်တွေလည်း ပေါမှပေါ
ကွဲ့၊ ဒီအနီးအနားက လူတွေက ရွာ
ထဲမှာ ရေတွင်းပေါင်ခွေဖို့ အင်ကြင်း
ကျောက်လိုရင် သွားရှာတဲ့တောင်
ပေါ့ကွယ်"
"သြော်…ထီးဂလိုင်က လူတွေကတော့
အင်ကြင်းတောင်ဆိုရင် သိမှာပေါ့နော်
ဆရာကြီး"
" ဟာ သိတာပေါ့ မောင်တာတေရဲ့၊
ဒီကောင်တွေ အင်ကြင်းကျောက် ရှာ
တဲ့တောင်ပဲဟာ"
"ဒါထက်နေပါဦး ဆရာကြီးရဲ့၊ ဒီကဝေ
ကြီး ဦးဒိဗ္ဗက သူနဲ့ ပညာပြိုင်မယ့် က
ဝေကို ဒီတောင်မှာ ချိန်းထားလို့လားဗျ"
"ဟား၊ ဟား၊ ဟား၊ ဟား၊ မောင်တာတေ
ကတော့ အတွေးတော်တော်နက်တဲ့ လူ
ငယ်ပေပဲကိုး၊ဘယ်ကဝေကမှ ဒိဗ္ဗနဲ့ ပညာ
မပြိုင်ရဲဘူးကွ၊ ဒိဗ္ဗက အတင်းလိုက်ရှာပြီး
သတ်လို့သာ ကြောက်ကြောက်လန့်လန့်
နဲ့ ဒိဗ္ဗကို ပြန်လုပ်ကြရရှာတာ"
"ဟင်၊ ဒါဆိုရင် ဦးဒိဗ္ဗက ကိုးယောက်
မြောက် ကဝေကို ဖမ်းခေါ်လာပြီး ဒီ
တောင်ပေါ်မှာ သတ်မှာလား ဆရာကြီး"
ဘိုးလူပေက ကျုပ်မေးတာကို ပြုံးပြီး
ခေါင်းခါပြတယ်။ ပြီးတော့မှ မပြောချင်
ပြောချင်နဲ့ ပြောတာဗျို့။
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment