ပင်လယ်စုန်း အပိုင်း(၂)
"ဒီလို အရီးရဲ့ ဟောဒီကောင် တာတေက ဒီရွာမှာ
သာရေး နာရေးရှိရင် ရှေ့ဆုံးက တက်တက်ကြွကြွနဲ့
စေတနာပါ,ပါလုပ်တဲ့ ကောင်လေးမို့လား။ပြီးတော့ ဘယ်ကိစ္စမဆို တာတေက လေ့လာစူးစမ်းတတ်တဲ့ကောင်ဗျ။ဒီတော့ ဒီတစ်ခေါက်ကျုပ် ဘိတ်ကိုသွားရင် တာတေကို ခေါ်သွားချင်တယ်ဗျဗဟုသုတ တိုးတာပေါ့ဗျာ။
ပြီးတော့ ငွေလည်း နည်းနည်းလောက် ယူလာခဲ့ပါ။
ကျုပ်နဲ့အတူ,တူငါးပိလေး ငါးခြောက်လေးရောဝယ်ပြီးဒီပြန်ရောက်တော့ ဒီအနီးအနားက ရွာတွေမှာ
လိုက်ရောင်းလိုက်ရင်း နှစ်ရက် သုံးရက်ထက်ပိုမရောင်းရပါဘူးဗျာ။ဒီနားက ရွာတွေကတာတေဆိုရင် ဝယ်ပြီးသားပါ။ ကျုပ်ကဒီရွာတစ်ရွာပဲ ရောင်းတာလေ အရီးရဲ့။ဘေးရွာတွေ ရောင်းတာမှ မဟုတ်တာ။အရောင်းအဝယ်သဘောလည်း သိသွားတာပေါ့ဗျာဒေသန္တရဗဟုသုတလည်း ရတာပေါ့"
ကိုဆိတ်ဖွားစကားဆုံးတော့ အမေကကျုပ်အဘမျက်နှာကို တစ်ချက်လှမ်းကြည့်တယ်ဗျ။အဘကတော့ ကျုပ်ကို လှမ်းကြည့်တယ်။ပြီးတော့မှ ပြောတယ်ဗျ။
"အေး ကောင်းသားပဲ ဆိတ်ဖွားရဲ့ ဒါဆို မင်းညီကိုမေးကြည့်လေ သူလိုက်မယ်ဆိုရင်ခရီးစရိတ်ရော ကုန်အရင်းအတွက်ရော ဦးကြီးတို့ပေးလိုက်မှာပါ"
"ကဲ …ဘယ်လိုလဲ တာတေ မင်း လိုက်မှာလား"
ကိုကြီးဆိတ်ဖွား သိတဲ့အတိုင်းပဲလေဗျာကျုပ်က မရောက်ဖူးတဲ့ နေရာ မလုပ်ဖူးတဲ့ကိစ္စတွေဆိုရင်
အားကြီးစိတ်ဝင်စားတာဗျ။ဘိတ်ကိုသွားရင်
ပင်လယ်ကြီးကို ဖြတ်ရမှာပေါ့ ဟုတ်လား ကိုကြီးဆိတ်ဖွါး"
"အေးပေါ့ကွ။ ငါတို့ စက်လှေနဲ့ သွားရမှာပေါ့ ။
ဒီကနေ ရန်ကုန်ကို သွားပြီးရင် စက်လှေတွေစီးရမှာပေါ့ကွမင်း စက်လှေရော စီးရဲပါ့မလား တာတေရ"
"ဟာ ကိုကြီးဆိတ်ဖွားတောင် စီးရဲမှတော့ကျုပ်က ဘာဖြစ်လို့ မစီးရဲမှာတုံးဗျာ"
"ပေး ဒါဆိုရင် မင်းနဲ့ ငါနဲ့ အသေးစိတ် တိုင်ပင်ကြတာပေါ့ကွာ"
အဲဒီနေ့က ကိုကြီးဆိတ်ဖွားက မိုးချုပ်မှ ပြန်တာဗျ။
ကျုပ်လည်း ညကိုးနာရီလောက်မှ ဆီကြိတ်လိုပြီးတာလေဗျာ။အဲဒီည အိပ်ရာဝင်ကာနီးတော့အဘက ပြောတယ်ဗျ။
"ဆိတ်ဖွားနဲ့ လိုက်သွား လူကလေး။ယောင်္ကျားဆိုတာ ဒီလိုစွန့်စွန့်စားစား သွားလာလုပ်ကိုင်မှ ယောင်္ကျားပီသတာကွ"
"ကိုဥာဏ်ရယ် ရှင့်သားက မစွန့်စားမှတော့မပူနဲ့ တော်ရေ။ စွန့်စားလွန်းလို့ကို ခက်နေတာ"
"ဘာခက်စရာရှိတုံး ငွေစိန်ရယ် ငါ့သား မွေးကတည်း ကရွှေတောင်ဦးဆရာတော်က ဇာတာဖွဲ့ကြည့်ပြီးသားဟဲ့အင်မတန်ယောင်္ကျားပီသတဲ့လူဖြစ်မယ်လို့ဟောလိုက်တာ နင်လည်း ကြားပါတာပဲလေ"
"ဒါတော့ ဒါပေါ့ ကိုဥာဏ်ရယ် ဒါပေမယ့် ကျုပ်က
မွေးထားရတာတဲ့ စိတ်ထဲ မပူဘဲ ရှိပါ့မလား"
"စိတ်ချပါ အမေရာ ကျုပ်ကလေးမှ မဟုတ်တော့တာကျုပ်မှာလည်း ဗဟုသုတတွေ တော်,တော်ရှိနေပါပြီ"
"အင်း ဒါတော့လည်း ဟုတ်ပါတယ်လေ"
ဒီတော့မှ အမေက ကျေနပ်သွားတာဗျ။ဟုတ်တာ ပေါ့ဗျာ။အမေဆိုတာ သားသမီးကိုအမြဲ တမ်း ကလေးလို့ပဲ သတ်မှတ်တာကိုးဗျ။
ကိုဆိတ်ဖွားနဲ့ ကျုပ် ခရီးထွက်ခဲ့တယ်။ရန်ကုန်ကနေ စက်လှေကြီး စီးရတာဗျ။ကျုပ်တို့ စီးတဲ့ စက်လှေရဲ့ နာမည်က'ဇေယျတု' တဲ့ဗျ။ စက်လှေဝမ်းထဲမှာကုန်တွေကလည်း အပြည့် ။ ခရီးသည်တွေကလည်း
အပြည့်ဗျို့။
"တာတေ မင်း ခေါင်းမူးနေလား"
ပင်လယ်ထဲကို စက်လှေရောက်တော့ကိုဆိတ်ဖွားက ကျုပ်ကိုမေးတယ်။
"မမူးဘူးဗျ"
"မင်းကတော့ကွာ တကယ့်ကောင်ပဲ။သူများတွေဆိုရင် ပထမဆုံးအခေါက်မှာအော့အန်နေပြီကွ ။ ငါတစ်ခါတုန်းကမီးလောင်ကုန်းက ကိုဆင်ပေါက်ကို ခေါ်သွားဖူးတယ်မပြောပါနဲ့တော့ကွာ ပင်လယ်ထဲကို
စရောက်ကတည်းက မူးလိုက် အန်လိုက်တာမပြောနဲ့တော့ကွာ ။ တစ်လမ်းလုံး လူမမာကြီးကိုဖြစ်နေတော့တာပေါ့ ။ ငါမှာ သူကို ရွာပြန်ရောက်အောင်
မနည်းပြန်ခေါ်ခဲ့ရတာ"
"ကျုပ်တော့ အခုထိ မမူးသေးပါဘူးဗျာ"
" အေး အခုမမူးရင် နောက်လည်း ဘယ်တော့မှ
မမူးတော့ဘူးကွ တာတေရ မင်း ဒဏ်ကိုကောင်းကောင်းခံနိုင်တယ်ဆိုတာ သေချာသွားပြီ"
ပင်လယ်ခရီးကို အခုမှ သွားဖူးတဲ့ ကျုပ်အတွက်တော့ဒါဟာ တကယ့်စွန့်စားခန်းကြီး တစ်ခုပါပဲဗျာ။ဘယ်ဘက်ကိုပဲကြည့် ကြည့် ရေပြင်ကြီးကမျက်စိ တစ်ဆုံးလေ။ ကြောက်တတ်တဲ့သူဆိုရင်တော့ တွေးလေ ကြောက်လေပေါ့ဗျာ။ကျုပ်ကတော့ ပင်လယ် ခရီးသွားကြတဲ့ လူတွေကိုကြည့်ပြီး စိတ်ဝင်တစား ဖြစ်နေရတာနဲ့ကြောက်ဖို့ကိုတောင် သတိမရတော့ပါဘူးဗျာ။တစ်လှေတည်းစီး တစ်ခရီးတည်းသွားဆိုတာဒါကိုခေါ်တာပဲလို့ ကျုပ်တွေးနေတုန်းပဲ …
"လူကလေးက ဘယ်ကတုံးကွဲ့"
စက်လှေလက်ရမ်းကို ကိုင်ပြီး ပင်လယ်ကြီးကို
ငေးကြည့်နေတဲ့ ကျုပ်ကို မေးတဲ့လူကို ဖျက်ကနဲ့ လှည်ကြည့်လိုက်တယ်။သျှောင်တစောင်းကြီးထုံးလို့ပေါ့ဗျ။ပါးစပ်ထဲမှာလည်း ကွမ်းကြီးငုံလို့ပေါ့ဗျ။
ပုဆိုးက အပြာကွက်ကြီးနဲ့ အပေါ်ကတော့ဖျင်ကြမ်းအင်္ကျီအဖြူကို ဝတ်ထားတယ်။
"ကျုပ်က အညာကပါဗျာ"
"သြော်…သြော် အညာဆိုတော့ ဘယ်အရပ်ကတုံးကွဲ့"
"မုံရွာဘက်ကဗျ ။ မုံရွာတော့ မရောက်ဘူး"
"အင်း …အင်း ဒီလောက်ဆို မှန်းလို့ရပြီလေ ဒါထက်အရင်က ဒီဘက်ကို ရောက်ဖူးသလား"
ကျုပ်က သျှောင်တစ်စောင်းဘိုးတော်ရဲ့အမေးကိုဖြေဖို့ လုပ်နေတုန်းမှာပဲ…
"သူ ဒီဘက်ကို တစ်ခါမှ မရောက်ဖူးဘူးဗျဗဟုသုတရအောင်ဆိုပြီး ကျုပ်ခေါ်လာတာကျုပ်က ဘိတ်ဇာတိလေ။ အညာမှာအိမ်ထောင်ကျလို့ ဟိုမှာနေတာပါ"
"သြော်…သြော် ဒါထက် နာမည်တွေကရောဘယ်လိုတွေ ခေါ်ကြတုံးကွဲ့"
"ကျုပ်က ဆိတ် အဲ အဲ ကိုသိန်းပါ ဟဲ ဟဲ အညာမှာကကျုပ်ကို ဆိတ်ဖွာလို့ ခေါ်ကြတာဆိုတော့ ကျုပ်နာမည်အရင်းကိုတောင် တစ်ခါ တစ်ခါ မေ့နေတာဗျို့"

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment