အမှတ်/၅၆(ဘီ) အပိုင်း(၂)
နံပါတ်က ၅၆(အေ)ဖြစ်ပြီး၊အခုငှါးမယ့်တစ်ထပ်အိမ်လေးက ၅၆(ဘီ)
ပါ။အိမ်လေးကလူမနေတာကြာလို့ ရှင်းရမှာဖြစ်ပေမယ့် အခန်းဖွဲ့စည်းပုံလေးကသပ်သပ်ရပ်ရပ်နဲ့မဆိုးလှပါဘူး။ကျွန်မတို့ မိသားစုသုံး
ယောက်နဲ့တော့ အံဝင်ဂွင်ကျပဲပေါ့။အိမ်ငှါးရမ်းခကို မေးကြည့်တော့
ကျွန်မတို့မြို့ပြင်ကအိမ်ငှါးခနဲ့သိပ်မကွာခြားပဲ သောင်းဂဏန်းလောက်ပဲ
ထပ်စိုက်ရမှာဆိုတော့ ပြောမပြတတ်အောင် ဝမ်းသာသွားမိပါတော့
တယ်။
ကျွန်မသဘောအတိုင်းဆို စရံတခါထဲပေးလိုက်ချင်ပေမယ့် အဖေနဲ့
မောင်လေးသဘောလည်း မေးချင်သေးတာကြောင့် နောက်တစ်ရက်
ကို အကြောင်းပြန်ပါမယ်လို့ ပြန်ချိန်းပြီး ပြန်လာခဲ့ရတယ်။အဖေနဲ့
မောင်လေးကိုတော့ မိတ်ဆွေတွေ ပွဲစားတွေပြောပြတဲ့ သရဲခြောက်
တယ်ဆိုတာတွေ နဲနဲပါးပါးတော့ပြောပြလိုက်ပါတယ်။ကျွန်မအဖေက
အင်တင်တင်ဖြစ်နေပေမယ့် မောင်လေးထက်ပိုင် ကတော့လိုလို
လားလားပါပဲ..။
သူလည်း ကျွန်မလို တစ္ဆေ သရဲဆိုတာ အယုံအကြည်မရှိတဲ့သူမျိုး။
ကျွန်မတို့ မောင်နှမနှစ်ယောက်က ငှါးဖို့သေချာနေပြီ..။အဖေက လူ
ကြီးပီပီ အတွေးများနေပုံရပါတယ်။သူတွေးတာက သရဲတကယ်
ခြောက်တယ်ဆိုရင် ကျွန်မတို့ကြောက်ပြီးမနေရဲမှာစိုးတယ်ပေါ့..
နောက်တစ်အိမ်ပြောင်းမယ်ဘာညာဆို.. ကျွန်မတို့အတွက်ငွေကြေး
လည်း အခက်အခဲဖြစ်သွားရမယ်.. ငှါးပြီးလို့ မနေရဲလို့အိမ်ပြန်အပ်ရင်
အိမ်ရှင်က ပိုက်ဆံပြန်မအမ်းဘူးဆိုတာလည်း ထည့်တွက်ထားရမယ့်
အကြောင်းတွေရှင်းပြတယ်။
ကျွန်မတို့မောင်နှမနှစ်ယောက်ကတော့ မကြောက်တတ်တဲ့သူတွေဖြစ်
လို့ သရဲဘယ်လောက်ခြောက်ခြောက်ဆက်နေမယ့်အကြောင်း သရဲနဲ့
တောင် မိတ်ဆွေဖွဲ့မယ့်အကြောင်း.. ရယ်မောရင်းပြောမိနေပါတယ်။
အဲ့ဒီအချိန်တုန်းကပေါ့လေ... အခုလိုမျိုးမကြုံရခင်ကတော့ရယ်မော
ရင်း ပြောမိခဲ့တယ်..။ဒီလိုနဲ့ ကျွန်မတို့မှာ အဲ့ဒီအိမ်လေးကိုငှါးဖို့ရွေး
ချယ်မိခဲ့တော့တယ်။အိမ်မပြောင်းခင် နေမယ့်အိမ်လေးကိုအရင်ဆုံး
ရှင်းလင်းပြင်ဆင်ကြတာပေါ့။နောက်တစ်ရက်မှာတော့ ကျွန်မတို့
အိမ်သုံးအိမ်ဆောင်ပစ္စည်းတွေအရင်ရွေ့လိုက်ကြတယ်။
ဘုရားစင် ၊ဗီဒို ၊ကုတင် စသဖြင့်ပေါ့လေ။ပစ္စည်းပဲအရင်ရွေ့ပြီးလူက
မပြောင်းနေသေးပါဘူး။( ၂ )ရက်လောက်နေတော့ ကျွန်မတို့မိသားစု
အားလုံး အဲ့ဒီအိမ်မှာပြောင်းနေဖြစ်လိုက်ပါတော့တယ်။အဲ့ဒီမှာထူး
ခြားတာတစ်ချက်က ကျွန်မတို့ထားခဲ့တဲ့ ပရိဘောဂပစ္စည်းတွေနေရာ
ရွေ့နေတာပါပဲ..။အမှတ်မှားသလားလို့တွေးမိပေမယ့်.. ဆက်တီထိုင်
ခုံကြီး လဲနေတာရယ်.. အဝတ်ဗီဒိုတံခါးပွင့်နေတာရယ်က ဘယ်လိုမှ
မဖြစ်နိုင်ဘူးဆိုတာ ကျွန်မသိနေခဲ့တယ်။
အဝတ်ဗီဒိုက သော့မခတ်ထားပေမယ့် တံခါးက တော်တော်လေး
ကြပ်နေတာကြောင့် တံခါးဖွင့်ရင် အားစိုက်ဖွင့်မှရတာပါ။ပစ္စည်းလာ
ထားတုန်းက ဒီဗီဒိုတံခါးကို ပိတ်ထားခဲ့တယ်ဆိုတာတော့ မှတ်မိနေခဲ့
လို့ နဲနဲတော့ စိုးထိတ်သွားမိတယ်။သူများပြောသလို သရဲများလား
ပေါ့လေ..။ဒါပေမယ့် စစချင်းနေ့မှာ စိတ်ထဲမထားချင်တာရယ်ကြောင့်
အဲ့ဒီအကြောင်းကို မေ့ပျောက်ပစ်လိုက်ပါတယ်။
အ်ိမ်လေးရဲ့ဖွဲ့စည်းပုံကို ပြောပြပါ့မယ်။တစ်ထပ်တိုက်လေးဆိုပေမယ့်
ဝင်ဝင်ချင်း ဧည့်ခန်းလေးကနေ ဘုရားခန်းကိုလှမ်းမြင်ရတယ်။နောက်
အိပ်ခန်းနှစ်ယောက်ခန်း(၁)ခန်းနဲ့ တစ်ယောက်ခန်း (၂)ခန်းပါပါတယ်။
နှစ်ယောက်ခန်းနဲ့ တစ်ယောက်ခန်း(၁)ခန်းက ကပ်ရက်ရှိပြီးတော့
နောက်တစ်ယောက်ခန်းက နှစ်ယောက်ခန်းရဲ့ မျက်နှာချင်းဆိုင်မှာ
ရှိတာပါ။အိပ်ခန်းတွေကြားမှာ မီးဖိုခန်းကိုသွားတဲ့ လျှောက်လမ်းလေး
ရှိတယ်။မီးဖိုခန်းဘေးမှာတော့ ရေချိုးခန်းနဲ့ အိမ်သာ (၁)ခန်းစီရှိပါ
တယ်။အခန်းဖွဲ့စည်းပုံကတော့ ဒါပါပဲ..။ဒါပေမယ့် အကျယ်အဝန်း
ကြောင့် အိမ်ကကြီးနေသလိုဖြစ်နေတာမျိုးပေါ့။
*ပထမဆုံးည....
ကျွန်မတို့ သုံးယောက်က တစ်ယောက်တစ်ခန်းစီအိပ်ပါတယ်။အဖေ
ကတော့ အကျယ်ဆုံးနှစ်ယောက်ခန်းမှာ တစ်ယောက်ထဲအိပ်ပြီးတော့
ကျွန်မတို့ မောင်နှမနှစ်ယောက်ကတော့ တစ်ယောက်ခန်းမှာကိုယ်စီ
ပေါ့လေ..။ညဘုရားရှစ်ခိုးပြီး စိတ်မောလူမောနဲ့ အစောကြီး အိပ်ပျော်
သွားကြတယ်။ကျွန်မအိပ်ပျော်နေရင်း တစ်ခုခုကိုခံစားမိသလိုနိုးတဝက်
အိပ်တဝက်နဲ့ ကြားနေရတယ်..။အခန်းအပြင်ဖက်မှာ လမ်းလျှောက်
နေတဲ့အသံကို သေချာကြားမိလာတာပါ။
အစက မောင်လေးထက်ပိုင်လို့ထင်မိနေသေးတယ်။ဒါပေမယ့်လမ်း
လျှောက်နေပုံက လျှောက်လမ်းမှာ ခေါက်တုံ့ခေါက်ပြန်ကိုလျှောက်
နေတာ အကြိမ်ရေ ၂၀ လောက်ရှိတော့မယ်။ကျွန်မလည်းသေချာ
နားစွင့်နေရင်း အိမ်သားတွေမဟုတ်ဘူးဆို သူခိုးများလားလို့တွေးမိ
လိုက်တယ်။သူခိုးဆိုရင် ကျွန်မတစ်ယောက်ထဲရင်ဆိုင်ဖို့မဖြစ်နိုင်
ဘူး။ကျွန်မလည်းခြေဖွဖွနင်းလျှောက်ရင်း အခန်းတံခါးနားကပ်လိုက်
တယ်။ညာဖက်နားကို တံခါးနားကပ်ပြီး အပြင်ကအသံကို အာရုံ
စိုက်လိုက်တဲ့အချိန်မှာပဲ...
"" ဒုန်းးးး... ဒုန်းးးး ""
ဆိုပြီး ကျွန်မအခန်းတံခါးကိုအပြင်ဖက်ကနေထုလာပါတော့တယ်။
ကျွန်မလည်းကြောက်လန့်တကြား ကုတင်ဖက်ပြေးသွားရင်း အခန်း
တံခါးကိုပဲစိုက်ကြည့်နေမိတယ်။ကုတင်ဘေးကအခန်းမီးခလုတ်ကို
တုန်တုန်ချိချိနဲ့စမ်းရင်း မီးခလုတ်ပေါ်မှာ အေးစက်စက်လက်တစ်
ဖက်ကို စမ်းလိုက်မိပါတော့တယ်။အဲ့ဒီအခိုက်အတန့်ဟာ ကျွန်မ
တစ်ယောက်ထဲ ကမ္ဘာပျက်နေသလိုပါပဲ။အသိစိတ်ထဲကသရဲခြောက်
နေပြီဆိုတာကို ခံစားသိနေတော့ နှလုံးကတဒိတ်ဒိတ်ခုန်လာရတယ်။

အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment