မှန်ထောင်ကဝေမ အပိုင်း(၇) ဇာတ်သိမ်းပိုင်း


"ဟုတ်ကဲ့ ဆရာကြီး ။ ဟာ ဟုတ်တယ်ဗျို့။
ကဝေမကြီး ဠင်းတကြီး ဖြစ်သွားပြီဗျ။နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး ဆရာကြီးရေ။အတောင်ပံတွေ တခတ်ခတ် လုပ်နေပြီဗျို့"

"ပြစမ်း ပြစမ်း တည့်တည့်လက်ညှိုးထိုးပြ"

ကျုပ်က ဠင်းတကြီးရဲ့ ရင်ဘတ်ကို တည့်တည့်ထိုးပြတော့ဆရာကြီးက သူရဲ့ တစ်ထွာလောက်ရှိတဲ့ လေးကလေးမှာမြားသေးသေးတင်ပြီး ချိန်တယ်ဗျို့။

ပြီးတော့ မန္တန်တစ်ပုဒ်ကို အသံအကျယ်ကြီးနဲ့
ရွတ်တယ်ဗျ။ ဟော ဆရာကြီး လေးကို ဆွဲတင်ပြီ။
ပစ်တော့မယ်ဗျို့။ဟာ ပစ်ပြီ ပစ်ပြီ ။

ဟင် မြားကလေးက 'ဝှစ်' ဆိုတဲ့ အသံနဲ့ ပြေးထွက်သွားတာဗျို့။
ဟာ အလင်းတန်းကြီးဗျ။မြားက အလင်းတန်းကြီး
ဖြစ်သွားတာဗျို့။မိုးကြိုးပစ်ရင် တွေ့ရတဲ့အလင်းတန်းမျိုးဗျ။

ထိပြီဗျို့။ထိပြီ။ အလင်းတန်းကြီးက ဠင်းတကြီးရဲ့
ရင်ဝကို တန်းပြီး ဖောက်သွားတာဗျ။

ဟာ ဠင်းတကြီး ချာလည်လည်သွားပြီဗျို့။
အတောင်ပံကြီး ခတ်နေတယ်ဗျို့။

ဟော ငြိမ်သွားပြီဗျ။

"ဝုန်း ဝုန်း ခွမ်း ချလွမ် ချလွမ်"

ဟာ ဠင်းတကြီးက မီးတောက်ကြီး ထတောက်တာဗျို့

'ဝုန်း'ခနဲ မြည်သွားပြီး ကဝေမကြီးရဲ့ ကိုယ်ကြီးမှာလည်းမီးတောက်ကြီး ထတောက်ပြီဗျို့။ 'ခွမ်း ချလွမ်း'ဆိုတဲ့အသံကြီးကတော့ ကဝေမကြေးမုံလို့ခေါ်တဲ့ကဝေမကြီးရဲ့ လူသတ်တဲ့မှန်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့ အသံဗျ။

ဟော ကြည့်နေတုန်းမှာပဲ မီးတောက်က ကြီးကြီးလာပြီးတဲကိုပါ စွဲတော့တာဗျို့။

"ငရဲမီးတောက်ကြီး ထတောက်တာဟေ့ လာ လာ
သရက်ပင်တွေနောက်မှာ ကပ်နေကြ။သိပ်ပူတဲ့ မီးကွ"

သရက်ပင်တွေနောက်မှာ ကပ်နေရင်းကျုပ် ကြည့်နေတာဗျို့။တဲတစ်လုံးလုံး ပြာကျပြီးအားလုံးပျောက်ကွယ်သွားတော့မှ ကျုပ်တို့သိမ်ကုန်းရွာကို ပြန်ခဲ့ကြတာပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)