ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၁)



ဝါဆိုဝါခေါင်လဆိုတော့ မိုးအားကောင်းတော့ ကျုပ်တို့

လိုတောသူတောင်သားတွေကလည်း အကြိုက်တွေ့နေ

တာပေါ့ဗျာ။ မနက်က မိုးလေးဖြိုက်ဖြိုက်ရွာတာနဲ့ ကျုပ်

လည်းထွန်တုန်းပြင်ပြီး မနက်ဝေလီဝေလင်းကတည်းက

ကနေယာတောထဲရေက်နေပြီလေ။ လယ်ယာဆိုတာ

ကျုပ်တို့တောသူတောင်သားတွေရဲ့ ဘဝပဲလေ။ ထွန်း

ရေးငင်ကောင်းပြီး မြေဆီလွှာပေါ်မှစိုက်တဲ့သီးနှံက

ကောင်းပြီးအောင်မှာဗျ။ ဒါ့ကြောင့်ကျုပ်လည်းအဘ
ယာ

ကွက်လေးမှာနွားတစ်ရှဉ်းနဲ့ ဂရုတစိုက်ထွန်ရေးငင်နေ

တာပေါ့ဗျာ။သတိထားမိတော့မှ နေကထန်းတဖျား

ရောက်နေပြီ။ ယာကလည်း တစ်ရေးပဲကျန်တော့တာ

ဗျ။ ကျုပ်လည်းနွားတစ်ရှဉ်းကိုဖြူတ်လှမ်းပြီး ထနောင်းပင်

ရိပ်စပ်စပ်မှာအမေထဲ့ပေးလိုက်တဲ့ ထမင်းထုပ်လေးဖြည်

စားလိုက်တာပေါ့ဗျာ။ စားသောက်ပြီးတာနဲ့

ကျုပ်အကြိုက် နဂါးဆေးပေါ့လိပ်လေးဖွာပြီးမှိန်းနေတာ

ပေါ့။ မှိန်းနေရုံပဲရှိသေး ကျုပ်နားထဲမှာခြေသံကြားလို့

ခေါင်းထောင်ကြည့်လိုက်တော့ ဆရာမနိုင်ရွာက ကို

အောင်ဘုကိုတွေ့လိုက်ရတယ်ဗျ။သူ့ပုံစံက ရေးကြီး

သုတ်ပြာနဲ့ဗျ။ ကျုပ်လည်းမှိန်းနေရာကနေ ထလိုက်ပြီး

လှမ်းမေးလိုက်တယ်ဗျ။

''' ဟာ! ကိုအောင်ဘုပါလား ဘယ်ကိုလည်းဗျ ''


'' ဘယ်ကိုမှမဟုတ်ဘူးဟေ့ မင်းဆီကိုပဲလာတာဟ

တာတေရ ''


'' မင်းအိမ်ရောက်တော့ အရီးကမနက်ကတည်းကယာ

ထဲမှာဆိုလို့လိုက်လာတာဟ ''

'' ဒါဆိုဘာကိစ္စလည်းဗျ '' ဆိုပြီးမေးလိုက်တော့ကိုအောင်

ဘုက   '' ဒီလိုကွ ငါတို့ရွာမှာထူးထူးခြားခြား ကိစ္စပေါ်လာ

လို့ကွ ''

'' ဘယ်လိုကိစ္စပေါ်လာလို့လည်းဗျ ''

ထူးထူးခြားခြားကိစ္စဆိုတာနဲ့ကျုပ်ရဲ့ ဗီဇအတိုင်းသိချင်

လာတာပေါ့ဗျာ။

'' ဒီလိုကွတလော ဝါဆိုလကွယ်ည ၉ နာရီလောက်မှာ

ငါတို့ကာလသားတွေ သက်ကြီး ဦးပုတို့အိမ်မှာစကား

လက်စုံကြနေတာပေါ့ ''

              
  '' အဲ့ဒီချိန် ရွာတောင်ပိုင်ဒေါ်ညိုတို့အိမ်ကနေကြောက်

လန့်တကြားအော်သံကြားလိုက်တယ်ကွ ''

'' ငါတို့ကာလသားတွေလည်း အသံကြားတာနဲ့ ဝုန်းဆို

ပြီးဒေါ်ညိုတို့ဝိုင်းကိုပြေးသွားကြတာပေါ့ ''

'' လက်ထဲမှာကလည်း ဝါးချွန် ၊ တုတ်၊ ဓားစံလို့ပေါ့ကွာ ''

ပြောရင်းအာခြောက်လာပုံထင်တယ် အကြမ်းရည်တစ်

ခွက်ငှဲ့သောက်လိုက်တယ်ဗျ။ကျုပ်လည်း ဆေးပါ့လိပ်

လေးဖွာရင်းစကားအဆက် စောင့်နေတာပေါ့။

'' ဒေါ်ညိုတို့ အိမ်ခြေတံရှည်အိမ်ကွ ငါတို့ရောက်တော့

ဒေါ်ညိုတို့အိမ်အောက်မှာ နွားမဒမ်း(အမွေးအသားတန်း

မှီသောနွားမပျို) လောက်ရှိတဲ့ခွေးနက်ကြီးက လျှာကြီး

ထုတ်လိုက်သွင်းလိုက်လုပ်နေတာကွ ''

   
               '' မျက်စိကလည်းနီရဲနေတာပဲကွ ဒ့နဲ့ငါတို့

လူအုပ်ကြီးကလည်း ညာသံပေးပြီးဝိုင်းလိုက်တော့

ဘယ်ကနေဘယ်လိုပျောက်သွားမှန်းမသိဘူးကွ လေး

ငါးအိမ်ခြားက ဦးပေါ်တို့အိမ်အောက်ရောက်သွားပါရော

လားဟ ငါတို့လည်းထပ်လိုက်တော့ပျောက်သွားတာ

ထပ်ပေါ်မလာတော့ဘူးကွ ''

 
''  နောက်နေ့ညကျတော့လည်း ဒီလိုပဲကွထပ်ပေါ်လာ

တယ် ငါတို့ဝိုင်းလိုက်ပြန်တော့ ပျောက်သွားတယ်ကွ''

'' အခုဆို ၃ ညရှိပြီကွပေါ်လိုက်ပျောက်လိုက်နဲ့ ငါတို့

တစ်ရွာလုံးထိတ်လန့်နေပြီ ''

   '' ဒါ့ကြောင့်ဒီလိုကိစ္စတွေမှာနားလည်တာဆိုလို့မင်းပဲ

ရှိတော့အကူညီလာတောင်းရတာပေါ့တာတေရာ ''

ကျုပ်နည်းနည်းစဉ်းစားမိတယ်ဗျ။အခုလိုကိစ္စနဲ့ပတ်

သက်ပြီးဖြစ်ခဲ့ဖူးပြီလေ။

  '' ကဲဗျာ ကိုအောင်ဘုညနေထွန်သိမ်းပြီးတာနဲ့ ကျုပ်

လာခဲ့မယ်ဗျာ အခုတော့အလုပ်လက်စလေးမြန်မြန်သိမ်း

လိုက်ဦးမယ်ဗျို့ ''

ကိုအောင်ဘုလည်း ကျုပ်ကိုကျေးဇူးတင်ကြောင်းပြောပြီး

သူ့ရွာကိုပြန်သွားတယ်ဗျ။ကျုပ်လည်း ညနေစောင်း

လောက်မှထွန်သိမ်းပြီးကမန်းကတန်းရေကိုချိုးလိုက်တာ

ပေါ့ဗျာ။အမေချက်ထားတဲ့ကြက်သားဘူးသီးချက်လေးနဲ့

စားလိုက်တာဗိုက်တောင်တင်းသွားတာပဲဗျ။

စားသောက်ပြီးဆရာမနိုင်ရွာကိုထွက်လာတော့နေ

တောင်အတော်ကြနေပြီဗျ။ ဆရာမနိုင်ရွာရောက်တော့

ကိုအောင်ဘုကအဆင်သင့်စောင့်နေတာဗျ။

အချိန်ကလည်းနည်းနည်းစေားနေတာနဲ့ ကျုပ်လည်း

လိုရမယ်ရ အင်းတွေကိုနှိုးထားလိုက်တယ်ဗျ။ ညနည်း

နည်းနက်လာတော့

                        '' အမလေးလုပ်ကျပါဦးခွေးနက်ကြီး''

မိန်းမတစ်ယောက်အော်သံထွက်လာတာ ကျုပ်တို့

တောင်လန့်သွားမိတယ်ဗျ။ ကိုအောင်ဘုကတော့

'' လာဗျို့တာတေ ကျုပ်တို့သွားကျမယ်ဆိုပြီး ''ရှေ့ကနေ

သွားတာဗျ။ ကျုပ်လည်းလွယ်အိပ်ကောက်လွယ်ပြီး

အပြေးလိုက်သွားတာပေါ့။ဟိုရောက်တော့လူတွေက ရွာ

လုံးကျွတ်နီးပါးပဲဗျ။

         '' ဟာဟိုမှာဦးထွန်းစိန်နဲ့ဒေါ်ချစ်စုတို့အိမ်အောက်

မှာခွေးနက်ကြီးဟေ့ ''    ဆိုပြီးထိုးပြလိုက်တော့

ကျုပ်လည်းကြည့်မိသားဖြစ်သွားတယ်ဗျ။

  ''ဟာ ဟုတ်ပါရဲ့နွားမဒမ်းသာသာလောက်ရှိတဲ့

ခွေးနက်ကြီးဗျာ လူတစ်ယောက်တော့အသာလေးပဲ''

မျက်ကွင်းဆေးမလိမ်းပဲနဲ့တောင်မြင်နေရတော့ ကျုပ်

အံ့သြသွားတယ်ဗျ။ ရွားသားတွေက ဝိုင်းလိုက်တော့

ဘယ်လိုပျောက်သွားမှန်းကိုမသိတာဗျ။တော်တော်

မြန်မြန်တယ်ဗျ။ပေါ်လာဦးမလားဆိုပြီးထပ်စောင့်နေတာ

ပြန်မပေါ်လာတာနဲ့လူစုခွဲပြီး ပြန်လာကျတာပေါ့ဗျာ။

--------------------------------------------------------------------

မနက်အိပ်ယာထတော့ နေကအတော်တ်ေမြင့်နေပြီဗျ။

အပိုင်း(၂)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)