ပင်လယ်စုန်း အပိုင်း(၇)
ကျုပ်တို့ အဘဦးစံမောင်နဲ့ စကားပြောနေတုန်းမှာပဲ
စက်လှေသားတစ်ယောက် ထိုးဝါးတစ်ချောင်းကိုင်ပြီးစက်လှေခေါင်မိုးပေါ်ကို တက်သွားတယ်ဗျ။အပေါ်ကိုရောက်တော့ အလံတိုင် ထိပ်မှာ ကပ်နေတဲ့
ပင်လယ်စုန်းလုံးကြီးကို သူ့လက်ထဲက ဝါးလုံးနဲ့
လှမ်းထိုးတယ်။
"ဖြောင်း ဝုန်း"
ဟာ မြန်လိုက်တာဗျာ။ "ဖြောင်း"ဆိုပြီး ထိုးဝါးကျိုး
သွားတယ်။ပြီးတော့ ထိုးဝါးမှာ မီးတွေထထောက်တယ်။ပင်လယ်စုန်းကို တက်ထိုးတဲ့ စက်လှေသား "ဘုန်း" ကနဲ လဲကျပြီး ခေါင်မိုးပေါ်ကနေ လိမ့်ကျလာတယ်။
အောက်က စက်လှေသမားတွေ ဝိုင်းပွေ့ထားလိုက်ကြလို့သာ သက်သာရာ ရသွားတယ်လို့ ကျုပ်က တွေးလိုက်မိတယ်။ဒါပေမယ့် ကျုပ် ထင်သလို မဟုတ်ဘူးဗျ။
"မောင်တင် ဟေ့ကောင် မောင်တင် ဟာ ဒီကောင် သတိမေ့နေတာကွ"
"ဟေ့ကောင်တွေ ပြစမ်း ပြစမ်း"
စက်လှေသားကြီးတစ်ယောက်က အမိုးပေါ်ကပြုတ်ကျလာတဲ့ လူကို စမ်းကြည့်နေတယ်။
"ဟေ့ကောင်တွေ ဒီကောင် အသက်မရှိတော့ဘူးကွ"
"ဗျာ"
စက်လှေသားတွေ့ရဲ့ အံ့သြတဲ့အသံတွေ ပေါ်လာတယ်ကျုပ်တို့လည်း အရမ်းအံ့သြသွားကြတာပါပဲဗျာ။ပင်လယ်စုန်းဆိုတာ မီးလုံးကြီးတစ်လုံးပဲ ။ဒါပေမယ့် သူကို ထိုးဝါးနဲ့ တက်ထိုးတဲ့ လူတွေ
တစ်ယောက်ကို ဖျက်ကနဲ သတ်ပစ်လိုက်တာကျုပ်မျက်စိရှေ့မှာပဲလေ။ ကျုပ် ဘာလုပ်ရမလဲလို့တွေးနေတယ်။ဒီအတိုင်းဆိုရင် ဒီစက်လှေမှာပါတဲ့လူတွေအားလုံး ဒုက္ခရောက်တော့မှာပဲ။ဘစံမောင်ကလည်း မျက်နှာတော်,တော်ပျက်နေပြီဗျ။
"ကဲ ဟေ့ လူတွေ ကျုပ်ကို မှိန်းတစ်ချောင်း ပေးကြပါဗျာခင်ဗျားတို့ စက်လှေမှာ ပါတယ်မို့လား"
စက်လှေသားတွေက ကျုပ်ကို ဝိုင်းကြည့်နေကြတယ်။ပြီးတော့မှ…
"အေး မှိန်းကတော့ တစ်ချောင်းမကဘူး ဆယ်ချောင်းလောက်ရှိတယ်။ဒါပေမဲ့ ငါတို့လူ သေသွားတာမင်းမြင်တယ် မဟုတ်လား ကောင်လေး မိုက်ရူးရဲမလုပ်နဲ့"
စက်လှေသားကြီးက ကျုပ်ကိုပြောတော့ ကျုပ်က
စိတ်တိုလာရောဗျို့။
"ဒီမှာ ဟေ့လူ ကျုပ် အားလုံးမြင်တယ်။မိုက်ရူးရဲလုပ်မှာမဟုတ်ဘူး ကျုပ်ပိုင်လို့ ကျုပ်လုပ်မှာ ခင်ဗျားတို့အားလုံး ဒုက္ခမဖြစ်ချင်ရင် မှိန်းတစ်ချောင်း မြန်မြန်သွားယူခဲ့"
ကျုပ်က ခပ်တင်းတင်းပြောတော့မှ သူ့လူတစ်ယောက်ကိုလှည့်ပြောတယ်
"ဟေ့ကောင် စံမြ ငါမှိန်းသွားယူပေးလိုက်စမ်းကွာ"
ကျုပ်မှာ ကိုယ်နှင့်မကွာ အမြဲဆောင်ထားတဲ့ ပစ္စည်း
နှစ်မျိုးရှိတယ်။မျက်ကွင်းဆေးတောင့်နဲ့ သစ်စုန်းဆေးတော်ကြီးလေဗျာ။ပြီးတော့ ရွှေမှတ်တင်တဲ့ မှတ်ကျောက်ပြားကလေးတစ်ချပ်လည်းပါတယ်ဗျ။ဆေးသွေးဖို့ ယူထားတာလေ။
ကျုပ်လည်း မျက်ကွင်းဆေးကိုထုတ်ပြီးသွေးတယ်။ပြီးတော့ ကျုပ်ရဲ့မျက်စိတွေကို ကွင်းလိုက်တယ်။နောက်တစ်ခါ သစ်စုန်းဆေးတော်ကိုမှတ်ကျောက်ပြားပေါ်မှသွေးပြီး စံမြ ဆိုတဲ့လူယူလာတဲ့ သုံးခွမှန်းရဲ့သံချွန်းသုံးလေးချောင်းပေါ်မှာသုတ် လိမ်းလိုက်တယ်။သစ်စုန်းဆေးတော်ကိုဘယ်လိုနာနာဘာဝမှမခံနိုင်ဘူးဆိုတာ ကျုပ်အတတ်သိပြီးသားလေဗျာ။ဆေးတော်တွေကို ကျကျနန ပြန်သိမ်းလိုက်ပြီးတော့ပုဆိုးကိုခါးတောင်းကျိုက်လိုက်တယ်။
"ကောင်လေး ကောင်လေး"
စက်လှေသားကြီးက ကျုပ်ကို စိတ်မချသလို ကြည့်ပြီးပြောတယ်။အဘဦးစံမောင်ကလည်းပြောတယ်ဗျ။
"မောင်တာတေ သတိထားဟေ့ ကျုပ် ဒီကနေ ပြည်တော်ပြန်ဂါထာ ရွတ်ပေးထားမယ်"
"ဟေ့ကောင် တာတေဖြစ်ပါ့မလား"
ကိုဆိတ်ဖွားကလည်း အသံတွေတုန်ပြီး ပြောတယ်။
"ဘာမှမစိုးရိမ်နဲ့ ကိုကြီးဆိတ်ဖွား ဒီမကောင်းဆိုးဝါးကိုရှင်းမပစ်ရင် စက်လှေတစ်စင်းလုံး ဒုက္ခရောက်တော့မှဗျ ကဲ လှေကားက ဘယ်မှာတုံး"
စက်လှေသားကြီးက ကျုပ်ကို အမိုးပေါ်တက်တဲ့
လှေကားလိုက်ပြတယ်။ကျုပ် ဘာမှစဉ်းစားမနေဘဲ
အမိုးပေါ်ကို တက်လာခဲ့တယ်။အမိုးပေါ်ရောက်တော့တဝူးဝူးတိုက်နေတဲ့ ပင်လယ်လေထဲမှာ လဲကျမသွားအောင်မနည်းကိုထိန်းပြီး ရပ်နေရတာဗျ။အလံတိုင်ထိပ်ဖျားကမီးလုံးကြီးကို မျက်ကွင်းဆေးကွင်းထားတဲ့ မျက်လုံးတွေနဲ့ ကျုပ် သေသေချာချာကြည့်လိုက်တယ်။
"ဟာ ဘာကောင်ကြီးတုံး"
လို့ ကျုပ်ပါးစပ်က လန့်အော်မိတဲ့အထိပဲဗျို့။အလံတိုင် ထိပ်ဖျားမှာ ငုတ်တုတ်ကြီး ထိုင်နေတာဗျ။မည်းမည်းလုံးလုံး အကောင်ကြီးဗျို့။ မျက်လုံးကြီးတွေကလင်ကွင်းဝိုင်းလောက်ရှိတယ်။ပါးစပ်ကြီးက နည်းတာကြီး မဟုတ်ဘူး။
အစွယ်ကြီးတွေဆိုတာ ဖွေးနေတာပဲဗျာ။ကိုယ်ကတော့ ငါးလို ပြောင်ချောနေတာဗျ။ဒီကောင် ရေထဲမှာနေတဲ့ အကောင်ဆိုတာ သေချာတယ်။ကျုပ်တို့ ငယ်ငယ်က ပုံပြင်တွေထဲမှာနေတဲ့ရေသရဲဆိုတာများလားလို့ ကျုပ်တွေးနေမိတယ်။သူရဲ့မျက်လုံးတွေက ထွက်နေတဲ့ နီနီအရောင်ကြီးကိုလူတွေ မြင်ရတာဗျ။ အကောင်ကို မြင်ရတာမဟုတ်ဘူး။ကျုပ်သာ မျက်ကွင်းဆေး ကွင်းထားလို့မြင်ရတာ။
အကောင်ကြီးကလည်း စက်လှေအမိုးပေါ်မှာ ရပ်နေတဲ့ကျုပ်ကို သေသေချာချာကို ကြည့်နေတာဗျ။
ကျုပ်ကတော့ ရပ်နေတဲ့ နေရာကနေ သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေကို တိုင်တည်လိုက်တယ်။
"ဒီပင်လယ်ကြီးစောင့်တဲ့ ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျား
စက်လှေပေါ်မှာ ပါလာတဲ့ လူတွေရဲ့ အသက်အန္တရာယ်ကိုကာကွယ်လိုတဲ့ စေတနာနဲ့ ဒီသတ္တဝါဆိုးကြီးကိုကျွန်ပ်တာတေက နှိမ်နင်းပါတော့မယ် ကျုပ်ကိုနှိမ်နင်းခွင့်ပြုကြပါဗျာ"
aကျုပ်ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တယ်။
ပြီးတော့ နောက်တစ်လှမ်း။လက်ထဲက မှိန်းကိုလည်းအသင့်ပြင်ပြီး ဆကြည့်လိုက်တယ်။ကျုပ်ကိုင်ထားတဲ့လက်နက်ရဲ့ အလေးအပေါ့နဲ့ ကျုပ်ရဲ့အားကိုပေါင်းစပ်ရမှာဆိုတော့ ချိန်ဆကြည့်ရတော့တာပေါ့ဗျာ

အပိုင်း (၈)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment