အဆောင်သရဲ အပိုင်း(၂)
အဲ့တာနဲ့အပေါ်ထပ်လှေကားထစ်နားရောက်တော့ မင်းခန့်က အဲ့တံခါးကိုဖွင့်ပြီးနေပြီ။ ကျွန်တော်လည်း သိလိုစိတ်နဲ့အခန်းထဲ၀င်တော့ မင်းခန့်ကနောက်ဘက်လှည့်လာပြီး…
" တွေ့လား ဘာမှမရှိပါဘူးဟ… "
" ငါလခွီးတယ်မပဲ… အမြန်သွားဆို့ တော်ကြာ ဆရာမျိုးနိုးလာပြီးမိသွားရင် ငါတို့နှစ်ကောင် ကျောင်းထုတ်ခံရမှာ… " ကျွန်တော်လည်း တိုးတိုးပြောပြီး နှစ်ယောက်သားအောက်ထပ်ဆင်းလာကာ ကိုယ့်ကုတင်ကိုယ်ပြန်အိပ်ကြတယ်။ ကျွန်တော်တို့မသိလိုက်တာက ကျွန်တော်တို့ဖွင့်ခဲ့တဲ့တံခါးက သူ့အလိုလိုပြန်ပိတ်သွားတယ်ဆိုတာပဲ။
မနက်ခြောက်နာရီလောက်ကျ ဆရာမျိုးနှိုးတာနဲ့အတူ ကျွန်တော်တို့အားလုံး အိပ်ယာထ မျက်နှာသစ်ပြီး စာသင်ဆောင်ဘက်ကူးလာခဲ့ကြတယ်။ ကျောင်းမှာက မနက်တိုင်း လေ့ကျင့်ခန်းလုပ်ကြတယ်ရယ်။ ကျောင်းသူတွေကအရင်ပေါ့။ ကျောင်းသူတွေပြီး ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်မဲ့အချိန် ကျောင်းသားတွေအားလုံးနေရာယူကြတာပေါ့။ အဲ့မှာအကြောလျှော့နေရင်း ကျွန်တော့်နောက်က ကျောင်းသားတစ်ယောက်က ဘေးကနေတွန်းခံလိုက်ရသလိုဖြစ်ပြီး သူ့ဘေးကကျောင်းသားကိုပါ တိုက်မိလို့ စကားများကြတယ်။ အဲ့မှာဆရာတွေက ၀င်ဖြောင့်ဖြကြတာပေါ့။ အဲ့ဒီလူအုပ်ထဲမှာပဲ ကျွန်တော်တွေ့လိုက်ရတာက အမျိုးသမီးလို့ထင်ရတဲ့ဆံပင်ရှည်ရှည်နဲ့ ဘေးကနေရပ်ေနတာကို ကျွန်တော်မြင်လိုက်တယ်။ ကျွန်တော်လည်း အမြင်များမှားသလားဆိုပြီး မျက်စိကို ပွတ်လို့ပြန်ကြည့်တော့ အဲ့နားမှာလူအုပ်ကြီးပဲရှိတော့တာရယ်။ အဲ့အမျိုးသမီးလိုပုံစံနဲ့သူကမရှိတော့။ ကျွန်တော်လည်း အမြင်ပဲမှားတာလေဆိုပြီး မေ့မေ့ပျောက်ပျောက်ပဲနေလိုက်တယ်။
ည စာသင်ဆောင်ရဲ့ အောက်ဘက် အိမ်သာသွားတော့ အိမ်သာရှေ့ကနေဖြတ်သွားတဲ့မိန်းမပုံသဏ္ဍာန်အရိပ်ကိုတွေ့ပြန်။ ကျွန်တော်တို့အိမ်သာတံခါးက မှန်တံခါးအဝါး။ ကျွန်တော်လည်းတံခါးကိုကြည့်နေတော့ အဲ့အရိပ်ကလည်းဖြတ်ေလျှာက်ေနတာကိုရပ်ပြီး ကျွန်တော့်ကိုစိတ်ကြည့်နေသလိုပဲ တံခါးရှေ့မှာရပ်နေတယ်။ အဲ့တာနဲ့ကျွန်တော်လည်း ကိစ္စအမြန်ရှင်းပြီး တံခါးဖွင့်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေပြန်ဘူး။ ကျွန်တော်လည်းစိတ်ထင်တာပဲနေမယ်ဆိုပြီး လက်အမြန်ဆေးပြီး စာသင်ခန်းပေါ်ပြန်တက်သွားတယ်။
အဲ့တာနဲ့ ညအိပ်ဆောင်ဘက်ကူးဖို့တန်းစီပြီး လမ်းပေါ်ထွက်လာကြတော့ အိပ်ဆောင်ပြတင်းေပါက်နားမှာတွေ့လိုက်ရတာက အမျိုးသမီးတစ်ယောက်ရပ်ပြီး ကျောင်းဘက်ကိုမုန်းတီးတဲ့အကြည့်နဲ့ကြည့်နေတာကိုပဲ။ ကျွန်တော်လည်း အမြင်မှားတယ်ထင်ပြီး ကျောင်းသားတွေနဲ့သာ စကားများရင်း အိပ်ဆောင်ေပါ်တက်လာခဲ့တော့တယ်။ အိပ်ဆောင်ရောက်တော့ ကိုယ်လက်သန့်ရှင်းပြီး ကျောင်းသားအားလုံးအိပ်ယာ၀င်ကြတယ်။ ဘုရားမရှိခိုးတဲ့ကျွန်တော်တောင် ထူးထူးခြားခြားဘုရားရှိခိုးပြီး အိပ်လိုက်သေး။ ဆရာမီးမှိတ်ပြီး ခနအကြာ ကျွန်တော်နဲ့ မင်းခန့်စကားပြောနေရင်း ကျွန်တော်တို့ကုတင်အောက် ကျောင်းသားတစ်ယောက်က စိတ်ညှို့ခံရတဲ့သဏ္ဍန်နဲ့ အိမ်သာထဲကို အသိစိတ်မပါတန်းတန်းမတ်မတ်ကြီး ၀င်သွားတာကို လရဲ့အလင်းရောင်နဲ့အတူ တွေ့လိုက်ရတယ်။ အဲ့တာနဲ့အိမ်သာထဲရောက်ပြီး သုံးမိနစ်လောက်နေတော့ အဲ့ကျောင်းသားက အလန့်တကြားပြေးလာပြီး…
" ဖြူဖြူကြီး… ဖြူဖြူကြီး… ဆရာ… "
" ဘာဖြူဖြူကြီးတုန်းဟ… " လို့ ဆရာမျိုးကမေးတော့
" ဂါ၀န်ဖြူဖြူကြီးနဲ့ ဆရာ… ဆံပင်ကလည်းခါးလောက်ရှိတယ်… ကျွန်တော့်ကိုကျောပေးရင်းကနေ ခေါင်းကြီးကိုနောက်ပြန်လှည့်ကြည့်လာတာ ဆရာ… "
ကျောင်းသားအားလုံးက ကောင်းခန့်ဆီကိုပဲ အာရုံရောက်ကုန်တယ်။ ဆရာကမျိုးကလည်း အနည်းငယ်ထိတ်လန့်သွားပြီး အပေါ်ထပ်ကိုကြည့်ကာ မျက်နှာပြန်တည်လို့…
" မင်းထင်ယောင်ထင်မှားဖြစ်တာပါကွာ… ရေလေးဘာလေးသောက်လိုက်အုန်း… "
" မဟုတ်ဘူး ဆရာ… ကျွန်တော်တကယ်မြင်တာ… ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ ဆရာရယ်… ကျွန်တော်မနေရဲလို့ပါ " ဆိုပြီး ကောင်းခန့်က တစ်တွတ်တွတ်ပြောကာမှ ဆရာမျိုးလည်း သူ့ကိုရုံးခန်းကနေ ကျောင်းအုပ်ဆီခွင့်တောင်းပြီး သူတို့အိမ်ကိုလာကြိုခိုင်းတော့တယ်။ ကျွန်တော်လည်း အိမ်သာဘက်ကို တစ်ချက်ကြည့်မိတော့ ဆံပင်ရှည်ရှည်အမျိုးသမီးတစ်ယောက်၊ ကျွန်တော်လည်း ထိတ်လန့်သွားပြီး မျက်စိစုံမှိတ်ပြီးတော့သာအိပ်လိုက်တော့တယ်။ အဲ့နေ့ညက ကျောင်းသားတချို့က နှစ်ယောက်ကုတင်ကြား အတင်းတိုး၀င်ပြီး သုံးယောက်ပူးအိပ်လို့အိပ်၊ လေးယောက်အိပ်လို့အိပ်နဲ့ မိုးလင်းတဲ့ထိပဲ။
မနက်အိပ်ယာထပြီး မျက်နှာသစ်ရင်း မင်းခန့်ကို ကျွန်တော်ကစကားလှမ်းစမိတယ်…
" ဟျောင့်… သရဲကတကယ်ရှိနေတာလားပဲနော်… "
" မင်းနှယ်ကွာ… ဟိုကောင် ကရောင်ကတမ်းဖြစ်ပြီး လမ်းထလျှောက်တာကို မင်းကအတည်ယူနေတာလား… "
" မဟုတ်ဘူးဟ… ငါကိုယ်တိုင်မြင်မြင်နေတာ မိန်းမပုံစံနဲ့ကွ ငါတို့အဆောင်ထဲမိန်းကလေး၀င်စရာ အကြောင်းမှမရှိတာ… "
" ငါတော့မယုံဘူးကွာ… မင်းမြင်တဲ့သရဲမဆိုတဲ့ဟာကို ကိုယ်ထင်ပြခိုင်းစမ်းပါ ညကျ… "
ကျွန်တော်လည်း ဘာမှဆက်မပြောတော့ပဲ လုပ်စရာရှိတာလုပ်ပြီး စာသင်ဆောင်ဘက်ကူးဖို့ တန်းစီနေမိတော့တယ်။ အဲ့မှာ စာသင်ဆောင်ဘက်မယ် နေ့စဉ်လှုပ်ရှားနေကြအတိုင်း လှုပ်ရှားနေရင်းနဲ့ ညအိပ်ချိန်ကိုရောက်လာရော။ အဲ့မှာ ကျောင်းသားတွေ အားလုံးလည်းအိပ်ဆောင်ဘက် ကူးဖို့တန်းစီကြတာပေါ့။ အဲ့မှာ မင်းခန့်က

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment