အမှတ်/၅၆(ဘီ) အပိုင်း(၃)



ညအိပ်မီးမှိန်မှိန်အောက်မှာ ဝိုးတဝါးမြင်နေရတဲ့ မီးခလုတ်လေးက
သွားထိမိရင် အေးစက်စက်လက်တစ်ဖက်ကိုစမ်းမိနေတာမကြောက်
ပါဘူးလို့ ကြွေးကြော်ထားတဲ့ကျွန်မ ဒူးတွေတောင်တုန်လာခဲ့ရပါ
တယ်။မမြင်ရတာထက်စာရင် မြင်ရတာကအကြောက်ပြေမှာမလို့
ဇွတ်တရွတ်ပဲ မီးခလုတ်ကိုလှမ်းဖွင့်လိုက်တယ်။မီးကဖျက်ကနဲ
လင်းလာပြီး ....
"" ချောက် ""
ဆိုတဲ့အသံနဲ့အတူ မီးပြန်ပိတ်သွားပါတယ်။ကျွန်မတစ်ကိုယ်လုံး
ချွေးတွေရွှဲနေပါပြီ။ကြက်သီးတဖြန်းဖြန်းထလာပေမယ့် စိတ်ကိုတင်း
ပြီး မီးခလုတ်ကို ထပ်ဖွင့်လိုက်တယ်။ပထမတုန်းကလိုပဲ။မီးပြန်ပိတ်
သွားတဲ့အခါ.. တင်းထားတဲ့စိတ်ကမရတော့ဘူး..  အော်ဟစ်မိ
လိုက်တော့တယ်။ကြောက်အားလန့်အားအော်ပစ်လိုက်တော့
"" ချောက် "" ကနဲ အသံနဲ့အတူ မီးဖွင့်လိုက်တာတစ်ခန်းလုံးလင်း
ထိန်သွားပါတယ်။

လူကလန့်လွန်းလို့ မေ့လဲလုနီးနီးပါပဲ။အဖေနဲ့ မောင်လေးကအခန်း
တခါးကိုအပြင်က လာထုပြီးအော်ခေါ်မှ တုန်နေတဲ့ခြေထောက်ကို
ထိန်းရင် တံခါးသွားဖွင့်ပေးရတယ်။ဘာဖြစ်တာလဲ အလန့်တကြား
မေးကြပေမယ့် တော်တော်နဲ့စကားမပြောနိုင်သေးဘူး။မောင်လေး
က မီးဖိုထဲပြေးသွားပြီး သောက်ရေခပ်လာပေးပြီးတိုက်တယ်။ရေ
သောက်ပြီး ဆယ်မိနစ်လောက်ငြိမ်ငြိမ်လေးလှဲနေခဲ့ရတာပေါ့။လှဲ
နေရင်းလည်း အဖေနဲ့ မောင်လေးလက်ကိုဆွဲထားသေးတယ်။
အခန်းထဲမှာတစ်ယောက်ထဲကိုမနေရဲတော့တာပါ။ပြီးမှ ဖြစ်သမျှ
အကြောင်းတွေပြောပြလိုက်တော့ အဲ့ညက မိသားစုသုံးယောက်
အတူတူ တစ်ခန်းထဲအိပ်လိုက်ကြရတယ်။

*ဒုတိယည....
အဲ့ညကတော့ ကျွန်မတစ်ယောက်ထဲမအိပ်ရဲဘူးဆိုလို့ ကျွန်မအခန်း
ထဲမောင်လေးထက်ပိုင်ကလာအိပ်စောင့်ပေးပါတယ်။သူကတစ်ညလုံး
စာကျက်ပြီး ည တစ်နာရီလောက်မှ အိပ်တဲ့သူဆိုတော့ စိတ်နွေးတယ်
ဆိုရမှာပေါ့။ကျွန်မလည်းပင်ပန်းထားတဲ့အရှိန်ကြောင့် အစောကြီး
အိပ်ပျော်သွားခဲ့တယ်။ဒါပေမယ့် မသိစိတ်ကလန့်လန့်နိုးနေသလိုပါပဲ။

တစ်ခုခုကို ဘဝင်မကျနေဘူး။စိတ်မချသလိုလိုဖြစ်နေမိတယ်။အိပ်
ချင်စိတ်ကိုအတင်းဖယ်ပြီး မျက်လုံးကိုဇွတ်ဖွင့်ရင်း အခန်းထဲကိုတစ်
ချက်ဝေ့ကြည့်လိုက်တော့ ဘာမှမထူးခြားပါဘူး။ကျွန်မကုတင်နံဘေး
မှာ မောင်လေးကဒရင်းဘတ်လေးချပြီး အိပ်နေပါပြီ။ကျွန်မကပဲစိုးရိမ်
စိတ်များနေသလားလို့တောင်တွေးမိနေသေးတယ်။အတွေးကမဆုံး
သေးဘူး။မျက်နှာချင်းဆိုင်ကအဖေ့အခန်းကနေ တစ်ဒုန်းဒုန်းထုနေသံ
ကိုကြားလိုက်ရတော့တယ်။ကုတင်ကိုထုနေသံလိုလိုပါပဲ။

ကျွန်မလည်းထထိုင်ပြီး မောင်လေးကိုနိုးလိုက်တယ်။သူကနှစ်နှစ်
ခြိုက်ခြိုက်ကြီးအိပ်ပျော်နေတော့ သူ့ကိုကြည့်ပြီးသနားလာမိသေး
တယ်။သူလည်းပင်ပန်းနေရှာမယ်ဆိုပြီးမနိုးရက်တော့ပဲ လန့်လန့်
လန့်လန့်နဲ့ အဖေ့အခန်းဆီထွက်လာခဲ့တော့တယ်။အဖေ့အခန်းက
တံခါးလော့မချထားပါဘူး။ကျွန်မလည်းတံခါးဖွင့်ပြီးအခန်းတံခါးနံဘေး
ကမီးခလုတ်ကိုဖွင့်လိုက်တော့.. မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
နှလုံးရပ်သွားမတတ်ပဲ။

ဆံပင်ဖျားလျားချထားတဲ့မိန်းမတစ်ယောက်ဟာ အဖေ့ကိုတက်ဖိပြီး
လည်ပင်းညစ်နေတာပါ။အဖေကအသက်ရှုမရတော့လို့ ကုတင်ကို
တဒုန်းဒုန်းထုနေခဲ့တာ။မျက်စိရှေ့မှာတင် ဖျက်ကနဲပျောက်သွား
တော့တယ်။အဖေ့ဆီအပြေးသွားပြီး ဆွဲထူတော့ အဖေကအသက်
ဝဝပြန်ရှုနေရင်း တော်တော်ကြောက်သွားရှာတယ်ထင်ပါရဲ့။ကျွန်မ
ကို လက်ဟန်ခြေဟန်နဲ့ သူ့ကိုအခန်းထဲကထုတ်ပေးဖို့ပြောတယ်။

အဖေ့ကိုတွဲထူရင်း ကျွန်မအခန်းထဲခေါ်လာခဲ့ပါတယ်။မောင်လေးကို
လည်းအတင်းနှိုးပေါ့။အဲ့တစ်ညလုံးလည်း မအိပ်ရပဲငုတ်တုတ်ထိုင်
နေခဲ့ရတယ်။လာလာခြောက်နေတဲ့သရဲမက အဆိပ်သောက်သေ
သွားတဲ့ကောင်မလေးဖြစ်မယ့်ပုံပါပဲ။အဖေကတော့ မနက်ကြရင်
ဒီအိမ်ကနေပြောင်းဖို့ပဲ ပြောနေပါတော့တယ်။ကျွန်မတို့ကတော့
တစ်ယောက်ထဲနေရင်သာခြောက်တာမို့ ညဆိုတစ်ခန်းထဲတူတူစု
နေမယ်လို့ နှစ်သိမ့်ပေးလိုက်ရတယ်။အခြေအနေက နောက်ထပ်
တစ်အိမ်ကိုပြောင်းဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေပါ။လက်ထဲ
မှာအိမ်စရိတ်ကလွဲပြီး အပိုငွေမရှိတဲ့အချိန်ဖြစ်လို့ ရင်ထဲလည်းဝမ်း
နည်းမိခဲ့ရတယ်။ဘာပဲဖြစ်ဖြစ် ဒီအိမ်ကြီးထဲမှာဆက်နေနိုင်သမျှနေ
ရဦးမှာပါပဲလေ။

*တတိယည....
ဒီညတော့ ကျွန်မတို့ မိသားစု ၃ယောက်တူတူ တစ်ခန်းထဲနေကြ
လို့လားမသိဘူး။ကြောက်စိတ်သိပ်ရှိမနေပါဘူး။သုံးယောက်အား
ဆိုတော့ သတ္တိလည်းရှိလာသလိုလိုပါပဲ။လာလည်းခြောက်မယ်လို့
မထင်မိတော့ဘူး။မောင်လေးအခန်းကကုတင်တစ်လုံးကိုအဖေ့
အခန်းထဲထည့်ပြီး အိပ်ခန်းအကျယ်ကြီးမှာသုံးယောက်တူတူအိပ်
ကြတယ်။မောင်လေးကတော့စာကျက်ရမှာမလို့ မအိပ်သေးဘူး။
အဖေကအိပ်ပျော်သွားနှင့်ပြီ။

ကျွန်မလည်းတဖြည်းဖြည်းငိုက်မြည်းလာနေတော့ မောင်လေးကို
ဆက်မစောင့်နိုင်လာတော့ဘူး။ဒါပေမယ့်ကြိုးစားပြီးစောင့်ပေးနေရ
တယ်။ကျွန်မတို့အိပ်ပျော်နေချိန်သူ့ကိုခြောက်နေမှာစိုးလို့။ငိုက်လိုက်
ပြန်နိုးလိုက်နဲ့ တော်တော်ကြာလာတော့ ငိုက်နေရင်းသတိပြန်ဝင်
လာပြီး မောင်လေးထက်ပိုင်ကို တစ်ချက်လှမ်းကြည့်မိလိုက်တယ်။
စာကြည့်စားပွဲမှာစာထိုင်ကျက်နေတဲ့ မောင်လေးထိုင်ခုံနောက်ကျော
အမှီပေါ်မှာ မောင်လေးကိုကျောပေးပြီး ထိုင်နေတဲ့သရဲမကိုတွေ့
လိုက်ရတော့ အော်ပစ်လိုက်မိတော့တယ်။

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)