သွားနှုတ်တဲ့ တစ္ဆေ အပိုင်း(၄)
"ဟာ မေးလေကွာ၊ တာတေရာ၊
မေးရုံတင်မကပါဘူးကွာ၊ ဒီကိစ္စအ
တွက် ဆိုရင် မင်းလိုတာသာ ပြော
ပါကွာ တာတေရာ၊ ငါတို့ဆေးရုံက
လုပ်ပေးပါ့မယ်"
"ဒီလိုဗျ ကိုဖိုးကင်းရ၊ ခင်ဗျားတို့ဆေး
ရုံရဲ့ ရင်ခွဲရုံမှာ အလုပ်လုပ်တဲ့သူရှိလား"
"ဟာ ရှိတာပေါ့ကွ တာတေရ၊ မိုးသီး
ဆိုတဲ့ ကောင်လေ၊ အရပ်ရှည်ရှည်၊
ခါးကိုင်းကိုင်းကြီးနဲ့ကွ၊ ဘိန်းစားတဲ့
နေရာမှာတော့ ချန်ပီယံပေါ့ကွာ၊ နတ်
သမီး မီးခြစ်ဘူးခွံထဲမှာ ငရုတကောင်း
စေ့လောက်ရှိတဲ့ ဘိန်းလုံးမည်းမည်း
လေးတွေအပြည့် ထည့်ထားတာကွ၊
ဘိန်းလုံးကလေးတွေကို ဆီသုတ်
ထားလိုက်တာ နက်ပြောင်နေတာ
ပေါ့၊ အဲဒီဘိန်းကို အမြဲမျိုတဲ့ကောင်
ကွ၊ အဲဒါ ဘာဖြစ်လို့တုံး တာတေ"
"ကျုပ် အဲဒီလူကို တွေ့ချင်တယ်ဗျ"
"ဟေ မင်း မိုးသီးကို တွေ့ချင်တယ်
ဟုတ်လား"
"ဟုတ်တယ်ဗျ၊ ကိုဖိုးကင်းရဲ့၊
ဘာဖြစ်လို့တုံး"
"ဒီမြို့က လူတွေက မိုးသီးကို ရင်ခွဲ
ရုံမှာ အလုပ်လုပ်တဲ့သူ ဆိုပြီး သိပ်
ဆက်ဆံချင်တာ မဟုတ်ဘူးကွ၊ သူ
လာရင် ကျက်သရေတုံးတယ်လို့ကို
ထင်နေကြတာ။ ဒီဆေးရုံထဲကို မိုး
သီး ခေါ်လာလို့တော့ မဖြစ်ဘူးကွ
တာတေရ"
"ဒီလိုဆိုရင် ကျုပ် သူ့ကို သွားတွေ့
မယ်ဗျာ"
"ဟေ တကယ်လား၊ ဒါဆိုရင် မင်း
ငါ့အခန်းကို လာခဲ့၊ ငါ မိုးသီးကို
ခေါ်လိုက်မယ်၊ ပြီးရင် မင်းတို့နှစ်
ယောက်ချင်း တွေ့ပြီး မင်းမေးချင်
တာ မေးပေါ့ကွာ"
"ကောင်းတယ်ဗျာ၊ ကိုဖိုးကင်း"
သိပ်မကြာဘူးဗျ၊ ကိုဖိုးကင်း ကျုပ်ကို
လာခေါ်တယ်။ ကျုပ် သူ့အခန်းကို
လိုက်သွားတယ်။ ကိုမိုးသီးဆိုတဲ့သူ
ကို ကျုပ်တွေ့တယ်၊ ကျုပ်ခြေလှမ်း
တောင် တုံ့သွားတယ်ဗျ။
လူက အရပ်ရှည်ရှည်ကြီး၊ သွားက
ခေါခေါဗျ။ မျက်လုံးကြီးတွေကလည်း
စွေစောင်းစောင်းတွေဗျ။ ဆံပင်က
ဘုတ်သိုက်ကြီးနဲ့။ ဒီလူ တစ္ဆေမ
ကြောက်ဘူးဆိုတာ သေချာတယ်ဗျ။
ကြောက်ချင်းကြောက်ရင် တစ္ဆေက
သာ သူ့ကိုကြောက်မှာ။ကျုပ် သူနဲ့
မလှမ်း မကမ်းမှာထိုင်ပြီး သူ့ကို
လိုရင်းပဲ မေးလိုက်တယ်။
"ကိုမိုးသီး လွန်ခဲ့တဲ့ ငါးနှစ်က
အဆိပ်ခတ်ခံရပြီး သေသွားတဲ့
တရုတ်ကျင်ဟုတ်ရဲ့ အလောင်း
ကနေ ရွှေသွားဘယ်နှချောင်း
နှုတ်ယူလိုက်တုံး"
"ငါးချောင်း ဟာ၊ အဲ မ မနှုတ်ပါဘူး"
ဒီလူ တော်တော်ရယ်ရတဲ့လူဗျာ၊
ငါးချောင်းလို့ လွှတ်ကနဲ ပြောလိုက်
ပြီးမှ အတင်းငြင်းတော့တာဗျို့။
"နေ နေပါဦး၊ မင်း မင်းက ပုလိပ်
ဘက်ကလား၊ ဒါမှ မဟုတ် စုံ စုံ
ထောက်လား"
"ဟာဗျာ၊ ကိုမိုးသီးကလည်း ကျုပ်အ
ရွယ်နဲ့ ဘယ်လိုလုပ်ပြီး စုံထောက်ဖြစ်
နိုင်မှာတုံးဗျ"
"ဒါ ဒါဆိုရင် မင်း ဘယ် ဘယ်လို လုပ်
ပြီး သိနေတာတုံး"
"ကျုပ်ကို မဖဲဝါ ပြောတာဗျ"
"ဘာ မဖဲဝါ ဟုတ်လား"
ဒီလူ သူရဲ့မျက်စိစွေစွေကြီးနဲ့
ကျုပ်ကို စိုက်ကြည့်နေတယ်ဗျ။
"မင်း မဖဲဝါကို သိလား"
"ဟာ ကိုမိုးသီးကလည်း သိလို့
ပြောတာပေါ့ဗျ၊ ခင်ဗျားရော
မဖဲဝါကို သိလား"
"ငါ မဖဲဝါကို သိတာပေါ့ကွာ၊ တစ်ခါ
နှစ်ခါ မြင်ဖူးပါတယ်၊ ကြောက်စရာ
ကြီးပါကွာ၊ အရပ်ကြီး ဆယ်ပေကျော်
လောက် ရှိမယ်ထင်တယ်၊ မျက်လုံးကြီး
နှစ်လုံးက နီရဲပြီး ပြူးထွက်နေတာကွ၊အ
ခုပြောရင်းနဲ့တောင် ကြက်သီးထလာပြီ"
"နေပါဦး ကိုမိုးသီးရဲ့၊ ခင်ဗျား ရင်ခွဲရုံ
ကို ရောက်လာတဲ့ အလောင်းတွေကို
ရွှေသွား နှုတ်နေကျလား"
"အေး ဟုတ်တယ် ကောင်လေး၊ ငါက
ဘိန်းစားကွ၊ ဘိန်းဖိုးလေး ဘာလေး
ရအောင် နှုတ်တာပါကွာ"
"ဒါဆိုရင် တရုတ်ကျင်ဟုတ်ရဲ့ ရွှေသွား
တွေ နှုတ်တုန်းက ထူးထူးခြားခြားဖြစ်
တာ ရှိလားဗျ"
"ရှိလိုက်တာမှကွာ၊ ငါတစ်သက်မှာ
တစ်ခါမှ မဖြစ်ဘူးတဲ့ အဖြစ်ကွ"
"ဘယ်လိုဖြစ်လို့တုံး ကိုမိုးသီးရဲ့"
"ဒီလိုကွ၊ တရုတ်ကျင်ဟုတ်က မိန်းမ
နှစ်ယောက်ရှိတယ်ကွ၊ မိန်းမကြီးက
ဒီကိစ္စကိုမကျေနပ်လို့ သူ့ကို အဆိပ်
ခတ်ပြီး သတ်လိုက်တာ။ ဒီမိန်းမလည်း
ထောင်တွေဘာတွေ ကျသွားတယ်
လို့ ကြားတယ်ကွ။ အဲဒီညက တရုတ်
ကျင်ဟုတ်ကို ရင်ခွဲပြီးသွားလို့ ငါကိုယ်
တိုင်ပဲ ကျင်ဟုတ်ရဲ့ဗိုက်ကို အပ်ချည်
ကြိုးအနက်နဲ့ ချုပ်လိုက်ရတယ်။
ဒါမျိုးကို ဆရာဝန်ကြီးက ငါ့ကို ခိုင်းနေ
ကျလေကွာ။ ဒီမှာတင် ကျင်ဟုတ်ရဲ့
ပါးစပ်ထဲမှာ ရွှေသွားတွေ အများကြီး
ပါလာတာကို ငါတွေ့တာပေါ့ ကောင်
လေးရဲ့။ ဆရာဝန်ကြီး ပြန်သွားတော့
ငါတစ်ယောက်တည်း ရင်ခွဲရုံထဲမှာ
ကျန်နေတာကွ။
ဒီမှာတင် ရင်ခွဲရုံတံခါးပိတ်ပြီး ကျင်
ဟုတ်ရဲ့ ရွှေသွားတွေနှုတ်ဖို့ လုပ်ရ
တာပေါ့ကွာ၊ ငါ ပုဆိုးကို ခါးထောင်း
ကျိုက်လိုက်တယ်။ ပထမဆုံး ခွဲတဲ့
ကျောက်ခုံပေါ်က ကျင်ဟုတ်ရဲ့အ
လောင်းကြီးပေါ်ကို တက်ပြီး ခွလိုက်
တယ်"
"ဟာ ခင်ဗျား မကြောက်ဘူးလားဗျ၊
ကိုမိုးသီးရဲ့"
"ဟ ကောင်လေးရဲ့၊ ငါက အမြဲတမ်း
ဘိန်းမူးနေတဲ့ကောင်ကွ၊ ကြောက်တာ
တွေ၊ မကြောက်တာတွေ ငါ ဘာမှမသိ
ဘူး၊ ငါ့အတွက် အရေးကြီးတာက ဘိန်း
ဖိုးရဖို့ အဓိကပဲ"
"အင်း ပြောပါဦးဗျ ကိုမိုးသီးရဲ့"
"ငါမှာ ပလာယာသေးသေးလေးတစ်
ချောင်းရှိတယ်ကွ၊ ဒါလေးနဲ့ ငါ သွား
နှုတ်နေကျလေကွာ၊ ကျင်ဟုတ်ရဲ့
လက်ကြီးနှစ်ဖက်က ရင်ဘတ်ပေါ်မှာ
ယှက်ပြီးတင်ထားတာကွ။ငါလည်း
ကျင်ဟုတ်ရဲ့ ပါးစပ်ကိုဖြဲပြီး ရွှေသွား
တွေ တစ်ချောင်းပြီးတစ်ချောင်း နှုတ်
တာပေါ့ကွာ၊ အားလုံး ငါးချောင်းကွ၊
ငါ မှတ်မိတယ်၊ တရုတ်က သူဋ္ဌေးဆို
တာ ရွှေကို အတုံးလိုက်ကို လုပ်ထား
တာ။ ငါလည်း နောက်ဆုံးသွားနှုတ်
ပြီး ကျောက်ခုံပေါ်က ဆင်းတော့မယ်
အလုပ်မှာ"
"ဟင် ဘာဖြစ်တုံး ကိုမိုးသီး"
ကျုပ်က အံ့သြပြီး မေးလိုက်မိတာဗျ။
မေးရုံတင်မကပါဘူးကွာ၊ ဒီကိစ္စအ
တွက် ဆိုရင် မင်းလိုတာသာ ပြော
ပါကွာ တာတေရာ၊ ငါတို့ဆေးရုံက
လုပ်ပေးပါ့မယ်"
"ဒီလိုဗျ ကိုဖိုးကင်းရ၊ ခင်ဗျားတို့ဆေး
ရုံရဲ့ ရင်ခွဲရုံမှာ အလုပ်လုပ်တဲ့သူရှိလား"
"ဟာ ရှိတာပေါ့ကွ တာတေရ၊ မိုးသီး
ဆိုတဲ့ ကောင်လေ၊ အရပ်ရှည်ရှည်၊
ခါးကိုင်းကိုင်းကြီးနဲ့ကွ၊ ဘိန်းစားတဲ့
နေရာမှာတော့ ချန်ပီယံပေါ့ကွာ၊ နတ်
သမီး မီးခြစ်ဘူးခွံထဲမှာ ငရုတကောင်း
စေ့လောက်ရှိတဲ့ ဘိန်းလုံးမည်းမည်း
လေးတွေအပြည့် ထည့်ထားတာကွ၊
ဘိန်းလုံးကလေးတွေကို ဆီသုတ်
ထားလိုက်တာ နက်ပြောင်နေတာ
ပေါ့၊ အဲဒီဘိန်းကို အမြဲမျိုတဲ့ကောင်
ကွ၊ အဲဒါ ဘာဖြစ်လို့တုံး တာတေ"
"ကျုပ် အဲဒီလူကို တွေ့ချင်တယ်ဗျ"
"ဟေ မင်း မိုးသီးကို တွေ့ချင်တယ်
ဟုတ်လား"
"ဟုတ်တယ်ဗျ၊ ကိုဖိုးကင်းရဲ့၊
ဘာဖြစ်လို့တုံး"
"ဒီမြို့က လူတွေက မိုးသီးကို ရင်ခွဲ
ရုံမှာ အလုပ်လုပ်တဲ့သူ ဆိုပြီး သိပ်
ဆက်ဆံချင်တာ မဟုတ်ဘူးကွ၊ သူ
လာရင် ကျက်သရေတုံးတယ်လို့ကို
ထင်နေကြတာ။ ဒီဆေးရုံထဲကို မိုး
သီး ခေါ်လာလို့တော့ မဖြစ်ဘူးကွ
တာတေရ"
"ဒီလိုဆိုရင် ကျုပ် သူ့ကို သွားတွေ့
မယ်ဗျာ"
"ဟေ တကယ်လား၊ ဒါဆိုရင် မင်း
ငါ့အခန်းကို လာခဲ့၊ ငါ မိုးသီးကို
ခေါ်လိုက်မယ်၊ ပြီးရင် မင်းတို့နှစ်
ယောက်ချင်း တွေ့ပြီး မင်းမေးချင်
တာ မေးပေါ့ကွာ"
"ကောင်းတယ်ဗျာ၊ ကိုဖိုးကင်း"
သိပ်မကြာဘူးဗျ၊ ကိုဖိုးကင်း ကျုပ်ကို
လာခေါ်တယ်။ ကျုပ် သူ့အခန်းကို
လိုက်သွားတယ်။ ကိုမိုးသီးဆိုတဲ့သူ
ကို ကျုပ်တွေ့တယ်၊ ကျုပ်ခြေလှမ်း
တောင် တုံ့သွားတယ်ဗျ။
လူက အရပ်ရှည်ရှည်ကြီး၊ သွားက
ခေါခေါဗျ။ မျက်လုံးကြီးတွေကလည်း
စွေစောင်းစောင်းတွေဗျ။ ဆံပင်က
ဘုတ်သိုက်ကြီးနဲ့။ ဒီလူ တစ္ဆေမ
ကြောက်ဘူးဆိုတာ သေချာတယ်ဗျ။
ကြောက်ချင်းကြောက်ရင် တစ္ဆေက
သာ သူ့ကိုကြောက်မှာ။ကျုပ် သူနဲ့
မလှမ်း မကမ်းမှာထိုင်ပြီး သူ့ကို
လိုရင်းပဲ မေးလိုက်တယ်။
"ကိုမိုးသီး လွန်ခဲ့တဲ့ ငါးနှစ်က
အဆိပ်ခတ်ခံရပြီး သေသွားတဲ့
တရုတ်ကျင်ဟုတ်ရဲ့ အလောင်း
ကနေ ရွှေသွားဘယ်နှချောင်း
နှုတ်ယူလိုက်တုံး"
"ငါးချောင်း ဟာ၊ အဲ မ မနှုတ်ပါဘူး"
ဒီလူ တော်တော်ရယ်ရတဲ့လူဗျာ၊
ငါးချောင်းလို့ လွှတ်ကနဲ ပြောလိုက်
ပြီးမှ အတင်းငြင်းတော့တာဗျို့။
"နေ နေပါဦး၊ မင်း မင်းက ပုလိပ်
ဘက်ကလား၊ ဒါမှ မဟုတ် စုံ စုံ
ထောက်လား"
"ဟာဗျာ၊ ကိုမိုးသီးကလည်း ကျုပ်အ
ရွယ်နဲ့ ဘယ်လိုလုပ်ပြီး စုံထောက်ဖြစ်
နိုင်မှာတုံးဗျ"
"ဒါ ဒါဆိုရင် မင်း ဘယ် ဘယ်လို လုပ်
ပြီး သိနေတာတုံး"
"ကျုပ်ကို မဖဲဝါ ပြောတာဗျ"
"ဘာ မဖဲဝါ ဟုတ်လား"
ဒီလူ သူရဲ့မျက်စိစွေစွေကြီးနဲ့
ကျုပ်ကို စိုက်ကြည့်နေတယ်ဗျ။
"မင်း မဖဲဝါကို သိလား"
"ဟာ ကိုမိုးသီးကလည်း သိလို့
ပြောတာပေါ့ဗျ၊ ခင်ဗျားရော
မဖဲဝါကို သိလား"
"ငါ မဖဲဝါကို သိတာပေါ့ကွာ၊ တစ်ခါ
နှစ်ခါ မြင်ဖူးပါတယ်၊ ကြောက်စရာ
ကြီးပါကွာ၊ အရပ်ကြီး ဆယ်ပေကျော်
လောက် ရှိမယ်ထင်တယ်၊ မျက်လုံးကြီး
နှစ်လုံးက နီရဲပြီး ပြူးထွက်နေတာကွ၊အ
ခုပြောရင်းနဲ့တောင် ကြက်သီးထလာပြီ"
"နေပါဦး ကိုမိုးသီးရဲ့၊ ခင်ဗျား ရင်ခွဲရုံ
ကို ရောက်လာတဲ့ အလောင်းတွေကို
ရွှေသွား နှုတ်နေကျလား"
"အေး ဟုတ်တယ် ကောင်လေး၊ ငါက
ဘိန်းစားကွ၊ ဘိန်းဖိုးလေး ဘာလေး
ရအောင် နှုတ်တာပါကွာ"
"ဒါဆိုရင် တရုတ်ကျင်ဟုတ်ရဲ့ ရွှေသွား
တွေ နှုတ်တုန်းက ထူးထူးခြားခြားဖြစ်
တာ ရှိလားဗျ"
"ရှိလိုက်တာမှကွာ၊ ငါတစ်သက်မှာ
တစ်ခါမှ မဖြစ်ဘူးတဲ့ အဖြစ်ကွ"
"ဘယ်လိုဖြစ်လို့တုံး ကိုမိုးသီးရဲ့"
"ဒီလိုကွ၊ တရုတ်ကျင်ဟုတ်က မိန်းမ
နှစ်ယောက်ရှိတယ်ကွ၊ မိန်းမကြီးက
ဒီကိစ္စကိုမကျေနပ်လို့ သူ့ကို အဆိပ်
ခတ်ပြီး သတ်လိုက်တာ။ ဒီမိန်းမလည်း
ထောင်တွေဘာတွေ ကျသွားတယ်
လို့ ကြားတယ်ကွ။ အဲဒီညက တရုတ်
ကျင်ဟုတ်ကို ရင်ခွဲပြီးသွားလို့ ငါကိုယ်
တိုင်ပဲ ကျင်ဟုတ်ရဲ့ဗိုက်ကို အပ်ချည်
ကြိုးအနက်နဲ့ ချုပ်လိုက်ရတယ်။
ဒါမျိုးကို ဆရာဝန်ကြီးက ငါ့ကို ခိုင်းနေ
ကျလေကွာ။ ဒီမှာတင် ကျင်ဟုတ်ရဲ့
ပါးစပ်ထဲမှာ ရွှေသွားတွေ အများကြီး
ပါလာတာကို ငါတွေ့တာပေါ့ ကောင်
လေးရဲ့။ ဆရာဝန်ကြီး ပြန်သွားတော့
ငါတစ်ယောက်တည်း ရင်ခွဲရုံထဲမှာ
ကျန်နေတာကွ။
ဒီမှာတင် ရင်ခွဲရုံတံခါးပိတ်ပြီး ကျင်
ဟုတ်ရဲ့ ရွှေသွားတွေနှုတ်ဖို့ လုပ်ရ
တာပေါ့ကွာ၊ ငါ ပုဆိုးကို ခါးထောင်း
ကျိုက်လိုက်တယ်။ ပထမဆုံး ခွဲတဲ့
ကျောက်ခုံပေါ်က ကျင်ဟုတ်ရဲ့အ
လောင်းကြီးပေါ်ကို တက်ပြီး ခွလိုက်
တယ်"
"ဟာ ခင်ဗျား မကြောက်ဘူးလားဗျ၊
ကိုမိုးသီးရဲ့"
"ဟ ကောင်လေးရဲ့၊ ငါက အမြဲတမ်း
ဘိန်းမူးနေတဲ့ကောင်ကွ၊ ကြောက်တာ
တွေ၊ မကြောက်တာတွေ ငါ ဘာမှမသိ
ဘူး၊ ငါ့အတွက် အရေးကြီးတာက ဘိန်း
ဖိုးရဖို့ အဓိကပဲ"
"အင်း ပြောပါဦးဗျ ကိုမိုးသီးရဲ့"
"ငါမှာ ပလာယာသေးသေးလေးတစ်
ချောင်းရှိတယ်ကွ၊ ဒါလေးနဲ့ ငါ သွား
နှုတ်နေကျလေကွာ၊ ကျင်ဟုတ်ရဲ့
လက်ကြီးနှစ်ဖက်က ရင်ဘတ်ပေါ်မှာ
ယှက်ပြီးတင်ထားတာကွ။ငါလည်း
ကျင်ဟုတ်ရဲ့ ပါးစပ်ကိုဖြဲပြီး ရွှေသွား
တွေ တစ်ချောင်းပြီးတစ်ချောင်း နှုတ်
တာပေါ့ကွာ၊ အားလုံး ငါးချောင်းကွ၊
ငါ မှတ်မိတယ်၊ တရုတ်က သူဋ္ဌေးဆို
တာ ရွှေကို အတုံးလိုက်ကို လုပ်ထား
တာ။ ငါလည်း နောက်ဆုံးသွားနှုတ်
ပြီး ကျောက်ခုံပေါ်က ဆင်းတော့မယ်
အလုပ်မှာ"
"ဟင် ဘာဖြစ်တုံး ကိုမိုးသီး"
ကျုပ်က အံ့သြပြီး မေးလိုက်မိတာဗျ။
အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment