တောင်ကျရေ အပိုင်း(၁)
ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲလေ။မနေ့ကပဲ ပြီးသွားတာဗျ။လွှတ်စည်တာဗျို့။ရွာကနေ တခြားကို ပြောင်းသွားတဲ့ လူတွေတောင်ဘုရားပွဲ လာကြတယ်။ ငယ်ပေါင်းတွေ ပြန်ဆုံကြတဲ့ပွဲပေါ့ဗျာ။ တချို့လည်း သားတွေ၊ သမီးတွေ၊ မြေးတွေတိုးလို့တွဲလောင်းနဲ့ဗျို့။
ကျုပ်တို့လို ကာလသားအဖွဲ့ကတော့လွှတ်ပင်ပန်းတာဗျ။ ဘုရားပွဲ မရောက်ခင် နှစ်လလောက်ကတည်းက ရုပ်စုရုပ်စုနဲ့ လုပ်နေကြရတာ။ ဇာတ်တိုက်တဲ့လူကလည်း တိုက်ပေါ့ဗျာ။ ပြဇာတ်တွေကလည်း ပါသေးသဗျ။ ဟိုရွာကပြဇာတ်၊ဒီရွာကပြဇာတ်နဲ့ အပြိုင်ကကြတာဗျို့။ ဒိုးပတ်ပြိုင်ပွဲ၊ ဦးရွှေရိုးအက၊ လက်ဝှေ့စိန်ခေါ်ပွဲ၊ အို…စည်ချက်ကတော့ဗျာ။
ဘုရားပွဲပြီးသွားမှပဲ ကျုပ်တို့လည်းဟင်းချနိုင်တော့တာပေါ့ဗျာ။ တစ်နှစ်တစ်နှစ်ဆိုရင် ဘာများဖြစ်မလဲဆိုတာရင်မနေရတာဗျ။ ဇာတ်တွေကလည်းနှစ်ဇာတ်လောက်ပါတာဗျ။အနီးအနားရွာတွေအားလုံး ပြိုကြလာတာဆိုတော့ပွဲက တော်တော်ကို ထိမ်းရတာကလားဗျာ။ ဘုရားပွဲပြီးတော့လည်း ဇာတ်ခုံတွေဖျက်၊ ဆိုင်ခန်းတွေဖျက်နဲ့ လုပ်ကြရပြန်ရောဗျို့။
ဒါပေမဲ့ အားလုံးပျော်နေကြတာပါဗျာ။ကျုပ်နဲ့ရွာက ကာလသားတွေက ရွှေတောင်နဲ့ စေတီမှာ ဆင်ထားတဲ့ အလှမီးသီးတွေကို စနစ်တကျ ဖြုတ်ပြီးသိမ်းနေကြတယ်။လှေကားထောင်ပြီး စေတီက မီးသီးတွေကို ကျုပ်ဖြုတ်နေတာဗျ။
"တာတေရေ ဟေ့ကောင် တာတေ"
ကျုပ်နာမည်ခေါ်သံကြားလို့ ဘုရားပေါ်တက်နေရာကနေ အောက်ကိုငုံ့ကြည့်လိုက်တယ်။ ကိုကျင်မောင်နဲ့ ကိုဘကျော်ပါလား။ ဆန်းတော့ဆန်းသားဗျ။ ကိုကျင်မောင်က ငွေ
တွင်းကုန်းသားက၊ ကိုဘကျော်ကမီးလောင်ကုန်းကဗျ။ဘယ်လို ဘယ်လို တွေ့ပြီး ကျုပ်ဆီရောက်လာကြတယ် မသိပါဘူးဗျာ။
"တာတေ မင်းအလုပ်တွေများနေလား၊ငါတို့ မင်းတို့အိမ်တောင် ရောက်ခဲ့သေးတယ်၊ မင်း ဘုရားမှာရှိတယ်လို့ အရီးပြောလို့ လိုက်လာတာကွ၊ခဏလောက်ဆင်းခဲ့ပါဦးကွ တာတေရ"
ကိုကျင်မောင်ကြီးက အသံသြသြကြီးနဲ့ ကျုပ်ကို လှမ်းခေါ်တယ်။
"ကိုကြီးတာတေ ဧည့်သည်တွေလာတာထင်တယ်၊ သွားလေဗျာ၊ ကျုပ်တို့ဆက်လုပ်လိုက်မှာပေါ့၊ သွား သွား"
ကျုပ်နဲ့ အတူတူ လုပ်နေတဲ့ သိန်းဇော်တို့လူ ကျော်တို့က ပြောတာနဲ့ ကျုပ်လည်းဘုရားပေါ်က ဆင်းလာခဲ့တယ်။ ကိုကျင်မောင်နဲ့ ကိုဘကျော်က ကျုပ်ကိုပြုံးပြီးနှုတ်ဆက်ကြတယ်။ ကျုပ်လည်း ခါးတောင်းကြိုက်ထားတဲ့ ပုဆိုးကို ဖြေချလိုက်တယ်။
"ဘယ်က လှည့်လာကြတာတုံးဗျ၊ငွေတွင်းကုန်းသားနဲ့ မီးလောင်ကုန်းသား"
"ဟား ဟား ဟား ဘယ်ကမှ လှည့်မလာဘူးကွ တာတေရ၊ ငါက မင်းဆီကို လာ
တာ၊ ဟောဒီ ကိုဘကျော်ကြီးကလည်းမင်းဆီကိုလာတာတဲ့ဗျာ။ထနောင်းကုန်း
ရောက်ကာနီးမှာ သွားဆုံတာကွ၊ ဒါနဲ့တို့နှစ်ယောက် မင်းဆီကို အတူတူ

ရောက်လာကြတာဟေ့"
"ဟင် တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ကဲ လာလက်ဖက်ရည်သွားကြရအောင် ဦးသိန်း
ရွှေရဲ့ သိန်းမင်းလက်ဖက်ရည်ဆိုင်ကမဖျက်သေးဘူးဗျ၊ ဒီမှာ အလုပ်လုပ်နေ

ကြတဲ့ ကျုပ်ကို ကာလသားတွေ စားရသောက်ရအောင် ဖွင့်ပေးထားတာဗျ"
တောဓလေ့ပေါ့ဗျာ။ မြက်ခင်းပေါ်မှာခုံပုကလေးတွေချပြီး ရောင်းတဲ့ဆိုင်ဗျ။
ကိုကျင်မောင်ရယ်၊ ကိုဘကျော်ရယ်၊ကျုပ်ရယ် သိန်းမင်း ဆိုင်ထဲကို ဝင်
လိုက်တယ်။ သူတို့လည်း ဆိုင်နောက်ပိုင်းတွေက အားလုံးဖျက်ထားပြီးဗျ။
ရှေ့ပိုင်းလေးပဲ ချန်ထားပြီး ဖျော်ခုံကလေးနဲ့ အလုပ်လုပ်နေတာပေါ့ဗျာ။
"ထိုင်ဟေ့ တာတေ၊ ဘာသောက်ကြမလဲ"
"ကျုပ်ကတော့ ချိုပေါ့ဗျာ၊ ကဲ ကိုကျင်
မောင်တို့ ကိုဘကျော်တို့မှာလေဗျာ၊ဘယ်လိုသောက်မှာတုံး"
"ချိုပေါ့ပဲ၊ ချိုပေါ့ပဲ"
ကိုကျင်မောင်က ပြောလိုက်တယ်
"ငါလည်း ချိုပေါ့ပဲကွ"
ကိုကြီးဘကျော်ကလည်း ပြောတယ်။
"အားလုံးချိုပေါ့ပဲ၊ ဦးလေးသိန်းရေ"
"အိုကေ၊ အိုကေ၊ အားလုံးအဆင်
ပြေစေရမယ်"
ဦးလေးသိန်းက လက်ဖက်ရည်ဖျော်အားကြီးကောင်းတာဗျ၊ လူကလည်း
အမြဲတမ်း ပျော်ပျော်နေတာ။ရွာကလူငယ်တွေက သူ့ဆိုရင် လွှတ်ခင်
ကြတာ၊ ရွာထဲမှာလည်း သူ့ဝိုင်းထဲမှာပဲ ဆိုင်ဖွင့်ထားတာလေ၊ ခုဟာ
က ဘုရားပွဲမို့ ဒီမှာလာပြီး ဆိုင်ဖွင့်တာဗျ။လက်ဖက်ရည်ခွက်တွေ လာချတော့ ဦးလေးသိန်းက မေးတယ်။ဘိန်းမုန့် စားဦးမလားတဲ့။ဟုတ်တယ်
ဗျ။ ဦးလေးသိန်းရဲ့ ဘိန်းမုန့်ကလည်းတော်တော်ကို ကောင်းတာဗျ။ ဘိန်း
မုန့်ထဲကို ငှက်ပျောသီး ထည့်လုပ်ထားတာ။ ကျုပ်တို့ရွာမှာတော့ သူ့
ဘိန်းမုန့်ကို ကလေးရော လူကြီးရောကြိုက်ကြတာဗျို့။
"ကိုကြီးဘကျော် ဘာကိစ္စများရှိလို့တုံး"
လက်ဖက်ရည်သောက်နေတဲ့ ကိုကြီး
ဘကျော် ကျုပ်က မေးလိုက်တယ်။
"အေး ပြောရမှာတော့ ခပ်ဆန်းဆန်းပဲ
တာတေရ"
ကျုပ်တို့ ပြောနေတုန်းမှာ ဦးလေးသိန်းက ဘိန်းမုန့်တစ်ပွဲနဲ့ နဂါးဆေးပေါ့လိပ်
တစ်ပွဲ လာချတယ်။ကျုပ်ရော ဧည့်သည်နှစ်ယောက်ရော နဂါးဆေးပေါ့လိပ်တစ်ယောက် တစ်လိပ်စီ ကောက်ယူပြီး မီးညှိကြတယ်။
"စားကြဗျ၊ ဦးလေးသိန်းရဲ့ ဘိန်းမုန့်
ပူပူလေးစား ကိုကျင်မောင်"
နဂါးဆေးပေါ့လိပ်ကလေးတွေ ဖွာရင်းလက်ဖက်ရည်ကလေး ဇိမ်ခံသောက်
ကြတာပေါ့ဗျာ။
"ဒီလို တာတေရေ၊ ငါတို့ မီးလောင်ကုန်း
မှာ ထူးထူးဆန်းဆန်းတွေ ဖြစ်နေလို့ကွ"
"ဟင် ဟုတ်လားဗျ၊ ကိုကြီးဘကျော်၊
ဘယ်လိုများတုံးဗျ၊ တာတေဆိုတဲ့ကောင်
ကလည်း ထူးဆန်းတာဆိုရင် လွှတ်စိတ်
ဝင်စားတဲ့ကောင်ဗျ"

အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment