သွားနှုတ်တဲ့ တစ္ဆေ အပိုင်း(၁)
ဒီလိုမျိုး ကျုပ်တို့အညာမှာ ရွာခဲတယ်ဗျ။
ဘယ့်နှယ်ဗျာ။ ညသန်းခေါင်ကျော်လောက်
က စရွာတာ ခုထိကို မတိတ်သေးဘူးဗျ။
ဆွမ်းခံဝင်ချိန်တောင် ရောက်ပြီလေဗျ။
ကောင်းကင်ကြီး တစ်ခုလုံး မည်းလို့ဗျ။
ခဏကြာရင် ရွာချလိုက်နဲ့ဗျ။ ကျုပ်တို့
တောင်သူကတော့ ဒီလိုမျိုး လွှတ်ကြိုက်
တာပေါ့ဗျာ။ ထွန်တုံးကို ပခုံးမှာထမ်းပြီး
နွားနှစ်ကောင်ဆွဲပြီး ယာထဲတန်းဆင်း
ကြတာဗျ။ အဲဒီထဲမှာ တာတေက ရှေ့
ဆုံးကပေါ့ဗျာ။ လူတွေ ယာထဲရောက်
တုန်း ထွန်တုံးတပ်တုန်း ရှိသေးဗျာ။
ကျုပ်က တစ်စပ်လောက်တောင် ထွန်ပြီး
နေပြီလေဗျာ။ မိုးကလည်း တစ်ဖြိုက်
လောက်ရွာလိုက်၊တိတ်သွားလိုက်နဲ့ဗျ။
ကျုပ်က အိမ်ကထွက်လာကတည်းက
အမေ့ကို တစ်ခါတည်း မှာပြီးသားဗျ။
ကျုပ်ကို ထမင်းတောင်း ပို့ပေးဖို့လေဗျာ။
ဒီအခါမျိုးမှာ ယာကို ဖိထွန်ထားရမှာဗျ။
အဘ ထမင်းတောင်း လာပို့တော့
မွန်းတောင်တည့်တော့မယ်ဗျ။ ဒါပေ
မဲ့ ခုထိ တစ်ချက်မှ နေမမြင်ရသေး
ဘူး။ အမေချက်တဲ့ ကြက်သားကာ
လသားချက် စပ်စပ်လေးနဲ့ ထမင်းက
လည်း စားကောင်းပါ့ဗျာ။ စားသောက်
ပြီးတော့ ထနောင်းကုန်းပင်လေး
အောက်မှာ ကျုပ်က နဂါးဆေးပေါ့
လိပ်ကလေးဖွာပြီး နားနေတယ်။
ကျုပ်လည်းနား နွားကြီးတွေလည်း
နားပေါ့ဗျာ။ ပြီးခဲ့တဲ့ မိုးကလေး တစ်
ဖြိုက် နှစ်ဖြိုက်ကတည်းက ကုန်းရုံး
ထလာတဲ့ မြက်ခင်းစိမ်းစိမ်းကလေး
တွေကတော့ ဒီကောင်ကြီးတွေ အ
ကြိုက်ပေါ့ဗျာ။ ထန်းပင်ကြီးတွေ
အောက်က မြက်ခင်းပေါ်မှာ ဒီ
ကောင်တွေ တစ်ဝကြိတ်နေကြ
တာဗျ။ ကျုပ် ထွန်တုံးပြန်တပ်တဲ့
အချိန်မှာ ဒီကောင်တွေ အစာဝ
နေပြီဗျ။ ညနေ ငါးနာရီလောက်
အထိကို ကျုပ် ထွန်ပစ်လိုက်တာ။
နောက်နေ့ကျတော့ မိုးမရွာတော့ဘူး။
ဒါပေမဲ့ ယာမြေတွေက စိုထိုင်းထိုင်းလေး။
ကျုပ်တို့တောင်သူကြိုက် အနေအထား
ပေါ့ဗျာ။ တစ်ပတ်လောက် ရက်ဆက်
ထွန်ပြီးတော့ ကျုပ်တို့ယာတွေ နှံသွား
ပြီဗျ။ ကျုပ်က ရှေ့က ထွန်ပြီးသလောက်
အဘက နှမ်းကျဲတာဗျ။ ကျုပ် ယာအား
လုံး ထွန်ပြီးတော့ အဘကို ကူပြီးနှမ်း
ကျဲပေးလိုက်တာ။
အလုပ်တွေအားလုံး ပြီးရောဆိုပါ
တော့ဗျာ။
မိုးကောင်းတုန်း ဇောကပ်ပြီး လုပ်
လိုက်တာ ပင်ပန်းလို့ ပင်ပန်းမှန်းကို
မသိပါဘူးဗျာ။ အလုပ်တွေ အားလုံး
ပြီးလို့ နောက်တစ်ရက်ရောက်တော့
ကျုပ် ဖျားပါရောဗျာ။ ကျုပ်တို့ရွာဓ
လေ့ပေါ့ဗျာ။ ကြပ်ခိုးနဲ့ ကွမ်းရွက်ပြုတ်
ရည်သောက်၊ ဆရာမောင်ဆေးနီလုံး
သောက်။ မရတော့ငန်းနီကျော်
သောက်ပေါ့ဗျာ။
ချွေးကလေးထွက်လာလိုက် အပူကျ
သွားလိုက်၊ချွေးခြောက်သွားလိုက် အ
ပူပြန်တက်လိုက်နဲ့ လုံးချာလိုက်နေရော
ဗျို့။ ရက်လည်း မနည်းတော့ဘူး။
"ဟဲ့ ငွေစိန် နင့်သားတော့ ဗမာဆေးနဲ့
မတိုးဘူးထင်တယ်၊ ဆေးထိုးဆရာ
ခေါ်မှထင်တယ်"
အဘက အမေ့ကိုပြောတော့ အမေက
ခေါင်းလေး ညိတ်တယ်။
"ကျုပ်လည်း တော့်ကို အဲဒါပြောမလို့
ပဲ ကိုဥာဏ်ရေ၊ ဒီနေ့မှ မကျရင်တော့
ဆေးထိုးဆရာ ခေါ်ဖို့ပဲတော်"
"အို ငွေစိန်ကလည်း ဆေးထိုးဆရာ
ခေါ်မှဖြင့် ဒီနေ့ ဘာစောင့်ကြည့်ဖို့လို
တုံးဟာ၊ အခုပဲ သွားပင့်စို့ပေါ့ဟယ်၊
ငါ အခုပဲသွားမယ်"
ကျုပ်လည်း တော်တော်နုံးနေပြီဗျ။
ဆေးထိုးဆရာက မီးလောင်ကုန်းမှာ
ရှိတာလေဗျာ။ အဲဒီမှာက အစိုးရ
ကျန်းမာရေးဆေးခန်းရှိတယ်၊ ဆေး
မှူးတစ်ယောက် အမြဲထိုင်တယ်။
အနီးအနား ရွာတွေလည်း လိုက်
ကုတယ်။ ဒါပေမဲ့ အိမ်ပင့်ရင်တော့
ခြေကြွခဆေးဖိုးတော့ ရှိတာပေါ့ဗျာ။
ကျုပ်တို့ဆီမှာတော့ အိမ်ပင့်တဲ့ဓလေ့
က ရိုးနေပြီပေါ့ဗျာ။ အဘ ပြန်လာ
တော့ ဆရာပါလာတယ်။ လူက ပု
ြ့ပတ်ပြတ်ဗျ။ နာမည်က ဦးဋ္ဌေးဆွေ
လို့ ခေါ်တယ်။ ဆေးလိပ်တော့ မ
သောက်ဘူး။ ကွမ်းတော့ လွှတ်
ကြိုက်တဲ့လူဗျ။ သဘောကလည်း
အားကြီးကောင်းတာပါဗျာ။ ဆေး
ကလည်း လိုက်သားဗျ။ ကျုပ်တို့
ဒေသက လူတွေကတော့ ဦးဋ္ဌေး
ဆွေကို လွှတ်အားကိုးကြတာပေါ့
ဗျာ။ကျုပ်နဲ့လည်း အလွန်ခင်ပါ
တယ်။ ကျုပ်လှည်းနဲ့လည်း ဆရာ
ဦးဋ္ဌေးဆွေကို သုံးလေးခါ လိုက်ပို့
ဖူးပါတယ်။
"တာတေ ဘာဖြစ်လို့တုံးကွ သံမဏိ
တာတေ ဒီတစ်ခါတော့ ဖယောင်း
တာတေ ဖြစ်နေပြီလား"
အိမ်ပေါ်ရောက်တာနဲ့ တစ်ပြိုက်နက်
ဆရာဦးဋ္ဌေးဆွေက ကျုပ်အိပ်ရာဘေး
မှာ ဆေးအိတ်ကလေးချပြီး ကျုပ်ကို
ရယ်ရယ်မောမော နှုတ်ဆက်တယ်။
ပြီးတော့ ကျုပ်ကို သွေးပေါင်ချိန်တယ်။
အပူတိုင်းတယ်။
"ဟာ အပူက တော်တော်ကို တက်
နေပါလား၊ ဘယ်နှရက်ရှိပြီတုံး"
"ဆရာရေ ဆရာမောင်တိုက်၊ ငန်းနီ
ကျော်တိုက်နဲ့ တစ်ပတ်လောက်တော့
ရှိပြီ"
အမေက ဝင်ပြောပြတယ်။ ဆရာဦးဋ္ဌေး
ဆွေက ကျုပ်မျက်စိကိုလည်း သေသေ
ချာချာ စစ်တယ်။
"ကဲ ဒီလိုလုပ်၊ ဒီနေ့ ကျနော် ဆေးထိုး
ပေးခဲ့မယ်။သောက်ဆေးလည်း ပေးခဲ့
မယ်၊ မနက်ဖြန် မနက်စောစော ကျုပ်
လာခဲ့မယ် အဘဥာဏ် လာမခေါ်နဲ့
တော့ ကျုပ်ဟာကျုပ်ပဲ လာခဲ့မယ်"
"ဟုတ်ကဲ့ပါ ဆရာ၊ ဟုတ်ကဲ့ပါ၊
လာပြီးပင့်ရမယ်ဆိုရင်လည်း ပြော
ပါဆရာ၊ ကျုပ်အပန်းမကြီးပါဘူး"
"ဟာ မလာနဲ့၊ အဘဥာဏ်၊ ရတယ်၊
ရတယ်၊ ကျနော့်ဖာသာ လာခဲ့မယ်၊
အဘဥာဏ်က တာတေ မဟုတ်ဘူး
လေဗျာ၊ တာတေက ပြဿနာမရှိဘူး
ဗျ။ သူ့နောက်မှာ မဖဲဝါတစ်ယောက်
လုံး ရှိတာဗျ၊ ဟား ဟား ဟား။ ပြော
လို့ပြောတာ မဟုတ်ဘူး အဘဥာဏ်
ရဲ့၊ ကျုပ် မီးလောင်ကုန်းဆေးခန်းထိုင်
တာ နှစ်ကိုနည်းတော့တာမဟုတ်ဘူး
ဗျ။ တာတေ နေမကောင်းဘူးလို့ တစ်
ခါမှကို မကြားဖူးပါဘူးဗျာ။ ဒီတစ်ခါပဲ
တာတေ့ကို ဆေးကုပေးဖူးတယ်။ဟား
ဟား ဟား "
အပိုင်း(၂) ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment