တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၁)
နွေဦးပေါက်ကလေးတစ်ချက်တော့ကျုပ်တို့ အညာက နေလို့ကောင်းသားဗျ၊အပူဓါတ်ကလည်း သိပ်မရှိသေးဘူး။
အအေးဓါတ်ကလည်း မကုန်သေးဘူးဗျ။ဒီလိုအချိန်ဆိုရင် လေကတော့ လေရူးတိုက်တဲ့အချိန်ဗျ။
လေရူးဆိုတာက လေကြောင်း အမှန်မတိုက်ဘဲ မြောက်ဘက်က တိုက်လိုက်တောင်ဘက်က တိုက်လိုက် တိုက်တာကိုပြောတာလေဗျာ။
ဒီနေ့တော့ ကျုပ် ဘယ်မှမရောက်ဘူးဗျ။မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်မှာထိုင်ပြီး နှီးထိုးနေတာဗျ။
ကျုပ် အဘ ခိုင်းထားတာလေဗျာ။အဘက ကျုပ်ကို ခဏ ခဏ ဆုံးမတာ တစ်ခု ရှိတယ်ဗျ။လူဆိုတာ အလကားထိုင်မနေရဘူး။တစ်ခုမဟုတ်တစ်ခုကို လုပ်နေရမယ်တဲ့ဗျို့။အခုလည်း အဘက ကျုပ်ကို မေးတယ်။
"တာတေ ဘယ်သွားဦးမှာတုံး"
"မသွားဘူး အဘ၊ အဘ ဘာခိုင်းမလို့တုံး"
"ဘယ်မှမသွားရင် အအားမနေနဲ့ ၊ နှီးထိုင်ထိုးနေ၊ရော့ ဒီမှာ နှီးဝါးလောင်းတွေ လာယူ "
အဘမှာက နှီးဝါးလောင်းတွေက အဆင်သင့် အမြဲရှိတာဗျို့။နှီးဝါးလောင်းဆိုတာက နှီးထိုးဖို့ အဆင့်သင့်လုပ်ထားတဲ့အနေတော် ဝါးစိတ်ကလေးတွေကို ခေါ်တာဗျာ။
နှီးထိုးတဲ့ ဝါးဆိုတာက အရိုးရှည်ရှည် တပ်ထားပြီး
အသွားက တိုတိုကော့ကော့လေး လုပ်ထားတာပြီးတော့ ထက်နေအောင် သွေးထားရတာဗျ။
ဒါမှ ဝါးစိတ်ကလေးတွေကို လက်ထဲမှာ ကိုင်ပြီးအသာလေး ထိန်းပြီး ထိုးသွားလို့ ရတာပေါ့ဗျာ။
"တာတေ ၊ ဘာအလုပ်တွေ လုပ်လို့တုံးကွ"
ကျုပ်အသံကြားတဲ့ ဝိုင်းဝကို ခေါင်းမော့ပြီး ကြည့်လိုက်တယ်ဟင် ကိုအောင်သစ်ပါလား၊ ကိုအောင်သစ်ဆို ကိုအောင်ချစ်ရဲ့ ညီလေဗျာ။
ကိုအောင်ချစ်ကိုခင်ဗျား မှတ်မိသေးလား၊ ဖဲသမား ကိုအောင်ချစ်လေ၊ကျုပ် ပထမဆုံးရေးခဲ့တဲ့ 'ကိုယ်တွေ့ မဖဲဝါ 'စာအုပ်ထဲက'ဖဲသမားစကား'မှာ ရေးခဲ့တာလေဗျာ။
ကျုပ်ကို အဖော်ခေါ်ပြီး ဖဲသွားရိုက်တာလေ၊မီးလောင်ကုန်းသင်္ချိုင်းထဲမှာ မဖဲဝါကို ခေါက်ဆွဲကြော်ကျွေးပြီး ဖဲနိုင်အောင် လုပ်ခိုင်းတဲ့ လူပေါ့ဗျာ။
ဖဲနိုင်ရင်အမဲသား သုံးပိဿာကျွေးမယ်ဆိုပြီးအမဲသား ဝယ်မရလို့ မကျွေးတဲ့လူပေါ့ဗျာ၊အဲဒီညမှာ ဖဲက သောက်သောက်လဲ နိုင်ပေမယ့်အမဲသား မကျွေးတော့ ဖဲက ပြန်ရှုံးရောဗျ။
ဒီမှာတင် စိတ်ဆိုးပြီး မီးလောင်ကုန်းသင်္ချိုင်းထဲမှာ
မဖဲဝါကို ဆဲပါရောလားဗျာ၊ ကျုပ်မျက်စိရှေ့မှာတင်
မဖဲဝါကြီး ထွက်လာပြီးတော့ ဘုန်းကနဲ နေအောင်
ရိုက်သတ်သွားခဲ့တာလေ။
သေတော့လည်း သူ့အသုဘမှာ ကျုပ်ဖြင့်ဒုက္ခရောက်လိုက်တာဗျာ။ခေါင်းစပ်နေတုန်း ရှိသေး အလောင်းကြီး ရှည်ထွက်လာလို့လေ။
ဖျာနဲ့ လိပ်ပြီး အားချင်း အသုဘချခဲ့ရတာဗျို့။သင်္ချိုင်းရောက်တော့လည်း တူးထားတဲ့ကျင်းထက် အလောင်းကြီးက ရှည်နေလို့မြှုပ်လို့မရဘူးဗျို့၊နောက်ဆုံးတော့
အမဲသားသုံးပိဿာရအောင် ရှာချက်ပြီး မဖဲဝါကို
ကျွေးလိုက်တော့မှ အလောင်းက ပုံမှန်ပြန်ဖြစ်ပြီး
ခေါင်းထဲ ထည့်လို့ရသွားတာ။
ဒီတော့မှ ညသန်းခေါင်လောက်ကြီး သင်္ဂြိုဟ်လိုက်ရတဲ့လူလေဗျာ။ဒီအကြောင်းကိုတော့ 'ဖဲသမား အသုဘ'ဆိုတဲ့ နာမည်နဲ့ 'တစ္ဆေ မျက်လုံး အမှတ် (၁ )'မှာကျုပ် ရေးခဲ့တယ်။
အခု ကျုပ်ဆီကိုလာတဲ့ ကိုအောင်သစ်ကတော့
ကိုအောင်ချစ်ညီ ဆိုပေမယ့် တခြားစီဗျ။ကိုအောင်သစ်က လူရိုးလူအေး ဖဲချဖို့ မပြောနဲ့၊ဖဲတစ်ထုပ်မှာ ဘယ်နှရွက်ပါတယ် ဆိုတာတောင်ကျုပ် ပြောလို့ သိတာဗျ။
"အောင်မယ် ၊ တာတေက တော်တော်လိမ္မာတဲ့ကောင်ပဲကိုး။ဘိုးဥာဏ်ကို နှီးတွေကူထိုးပေးနေတာပါလား။ သွား သွားဓါးတစ်ချောင်း ယူလိုက်၊ စကားပြောရင်းနဲ့ ငါပါကူထိုးပေးမယ်၊ ဘိုးဥာဏ်ဆီက နှီးဝါးလောင်းတွေလည်းထပ်ယူခဲ့ဦး "
ကျုပ်တို့အိမ်မှာက နှီးထိုးတဲ့ဝါးကလေး ငါးလက်ရှိတာဗျ။ကျုပ်က ဝါးထရံမှာ ထိုးထားတဲ့ နှီးဖြာတဲ့ ဓါးတစ်လက်နဲ့အဘဆီက နှီးဝါးလောင်းတစ်ပွေ့ ယူလိုက်တယ်။
"ဟဲ့ အောင်သစ်ပါလား၊ ဒီနှစ် ပဲကောင်းရဲ့လားဟဲ့ "
" မဆိုးပါဘူးဗျ၊ အရီးငွေစိန်ရဲ့၊ အတော်လေးတော့
အရသား၊ မနက်ဖြန်ဆို ကျုပ် ဆီကြိတ်တော့မှာဗျ။
အရီးစားဖို့ မြေပဲဆီ ဦးလေးတစ်ပုလင်း ကျုပ်လာပို့ဦးမယ် "
အဲဒါ ကျုပ်တို့ အညာဓလေ့ပဲဗျို့၊ အလကားနေရင်းနဲ့ကိုပေးချင်ကျွေးချင် ရှိနေကြတာ၊ လူကြီးသူမတွေဆီကိုပဲပို့ ၊ ဆီပို့၊ ဆန်ပို့၊ ဟင်းပို့ အမြဲလုပ်နေကြတာဗျ။SoulsToo
ကံကြမ္မာနည်းလို့ လူဆင်းရဲချင် ဆင်းရဲမယ်၊စေတနာ စိတ်ကတော့ မဆင်းရဲဘူးဗျ။အဲဒါ ကျုပ်တို့ အညာဒေသရဲ့ စိတ်ရင်းပဲဗျ။
"ကိုကြီးအောင်သစ် ကိစ္စရှိလား"
"ဟေ့အေး ၊ မရှိပါဘူးကွာ၊ ပျင်းပျင်းရှိတာနဲ့မင်းဆီကို သက်သက်လာလည်တာပါ "
ကျုပ်တို့နှစ်ယောက် နှီးထိုးရင်း စကားပြောကြတာပေါ့ဗျာ။သွားလေသူ ကိုအောင်ချစ်အကြောင်းလည်း ပါရဲ့။ကိုအောင်ချစ် ဆုံးတော့ သူ့သေတ္တာထဲမှာ ကိုအောင်သစ်ဖဲနိုင်ထားတဲ့ ငွေတွေ တော်တော်များများ ကျန်ခဲ့တဲ့အကြောင်းလည်း ပါတာပေါ့ဗျာ။
ဒီလိုနဲ့ ခပ်ပေပေနေကြတဲ့ ထနောင်းကုန်းသားတွေ
အကြောင်း ပြောပြောပြီးရယ်ကြရတာပေါ့ဗျာ။
"တာတေ ၊ မင်းမြောက်ပိုင်းက ကြက်သမားငထွန်း အကြောင်းရော သိသလား"
"ကိုထွန်းလား၊ လူတော့ သိတယ်ဗျ၊ဒါပေမဲ့ သူ့အကြောင်းတွေ သိပ်မသိဘူး "
"ဟာ ငထွန်းက ကြက်တိုက်ပေမယ့် လူက လူလည်ဗျာ ကိုကြီးကျော်နတ်ကို လွှတ်ကိုးကွယ်တဲ့ကောင်ကွ"
"ဟာ ဟုတ်လား၊ အေးပေါ့ ကိုကြီးအောင်သစ်ရ၊ကိုကြီးကျော်ကလည်း ကြက်သမားပဲကိုဗျ"

အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment