အမှတ်/၅၆(ဘီ) အပိုင်း(၁)
ကျွန်မမိတ်ဆွေတချို့က ကျွန်မကိုတားကြတယ်။ဒီအိမ်ကိုမငှါးပါနဲ့တဲ့။
အိမ်ကမသန့်ဘူးလို့ပြောကြပါတယ်။ကျွန်မကအယူသီးတတ်တဲ့သူတစ်
ယောက်မဟုတ်သလို သရဲတစေ ္ဆဆိုတာလည်းတခါမှ မတွေ့မမြင်ဖူး
တော့ သူတို့ပြောတဲ့စကားတွေက ကျွန်မအတွက် နားထောင်ကောင်း
တဲ့ဇာတ်လမ်းတစ်ပုဒ်ထက်မပိုခဲ့ဘူး။
လွန်ခဲ့တဲ့တစ်လလောက်ကစပြီး လုံးချင်းအိမ်လေးငှါးရမ်းဖို့ အကြောင်း
ဖန်လာတယ်။ဖေဖေ့ရဲ့ အမွေဆိုင်အိမ်ကြီးရောင်းချပြီး မောင်နှမတွေအမွေခွဲကြတော့ မောင်နှမ ( ၉ ) ယောက်ရှိတဲ့အတွက် ဖေဖေရတဲ့ဝေစုက ဒီခေတ်ကြီးထဲမှာ သင့်တင့်လျှောက်ပတ်တဲ့အိမ်လေးတစ်လုံးဝယ်
နိုင်ဖို့ မလွယ်ကူခဲ့ပါဘူး။
ရတဲ့အမွေလေးလည်း ကုန်သွားမှာစိုးလို့ မြို့ပြင်ဖက်က စျေးသက်သာ
တဲ့နေရာလေးမှာ ၆၀' × ၄၀' မြေကွက်လေးဝယ်ပြီး ပေ ( ၂၀ )ပတ်
လည် အိမ်လေးဆောက်ဖြစ်လိုက်တယ်။အိပ်ခန်း ( ၂ )ခန်း ၊ ဘုရား
ခန်းနဲ့ ဧည့်ခန်းတစ်ဆက်တည်း ၊မီးဖိုခန်းကျဉ်းကျဉ်းလေးလည်းရ
အောင် တစ်ထပ်နံကပ် သွပ်မိုးလေးကို ခြွေခြွေတာတာနဲ့ဆောက်
လိုက်ပါတယ်။ဆောက်နေတုန်းနေစရာလိုလာတော့ ဖေဖေ့အစ်မ
ကျွန်မအဒေါ်က သူ့အိမ်မှာခဏခေါ်နေပေးတယ်ပေါ့။အိမ်ဆောက်ပြီး
ရင်တော့ အိမ်အသစ်ကိုပြောင်းနေရမှာပါ။
အိမ်လည်းဆောက်ပြီးခါနီးရော ဖေဖေ့ရဲ့ကျန်းမာရေးပြဿနာကြောင့်
ဆေးခန်းပြဖို့အခက်အခဲကကြုံလာရတော့တယ်။မြို့အပြင်ဖက်ကနေ
ဖေဖေပြနေကြဆေးခန်းကို ကား တစ်နာရီလောက်စီးရတယ်ဆိုတော့
နေ့စဉ်ရက်ဆက်က အတော်ကိုမလွယ်တဲ့ကိစ္စတစ်ခု ဖြစ်လာပါလေ
ရော။အသွားအပြန်တင် ၂နာရီကုန်နေပြီ။ဆေးခန်းမှာ ကိုယ့်အလှည့်
ရောက်ဖို့စောင့်ရတဲ့အချိန်တွေ ဆေးခန်းပြတဲ့အချိန်တွေထပ်ပေါင်း
လိုက်ရင် အချိန် ၃နာရီလောက် ကုန်နေပြီလေ။
ကျွန်မနဲ့ ကျွန်မမောင်လေး အလှည့်ကျပို့မယ်ဆိုတာလည်းမဖြစ်နိုင်
ဘူး။မောင်လေးက ခုမှ ဆယ်တန်းတက်နေတာ။သူ့ကျူရှင်ကလည်း
ညဖက်တွေ..၊တက်ရတဲ့နေရာကလည်း မြို့ထဲ။ကျွန်မအလုပ်ကလည်း
ကလေးကစားစရာပစ္စည်းအစုံ လက်လီလက်ကားဖြန့်ချီတဲ့ဆိုင်ကြီးမှာ
စာရင်းကိုင်။ကျွန်မတို့ခေါင်းချင်းဆိုင်တိုင်ပင်ပြီး အိမ်လေးပြီးသွားရင်
အပိုငွေလေးရအောင် အိမ်ငှါးလေးတင်ထားပြီး ရတဲ့ပိုက်ဆံကို နဲနဲ
ထပ်စိုက် မြို့ထဲမှာ အိမ်ငှါးနေမယ်ပေါ့။ဒီလိုမျိုးလေးရွေးချယ်ဖြစ်လိုက်
တော့တယ်။
ဒါနဲ့ နေ့နေ့ညည အိမ်ငှါးဖို့ လိုက်ရှာကြတာ အိမ်ငှါးခကလည်းစျေး
တော်တော်ကို မြှောက်နေတော့ ကျွန်မတို့အတွက် အခက်အခဲကြီး
ဖြစ်ခဲ့ရပါတယ်။အိမ်အသစ်လေးကိုတော့ ငှါးရမ်းလိုက်နိုင်ပြီဖြစ်ပေမယ့်
ကျွန်မတို့နေစရာ ငှါးမယ့်အိမ်ကို ရှာမတွေ့သေးပါဘူး။စျေးသက်သာ
လွန်းတဲ့အိမ်ကျတော့ အခန်းကျဉ်းလေးတွေဖြစ်ပြီးတော့ လူပေါင်းစုံ
ကိုယ့်အခန်းသူ့အခန်းနေရတာမျိုးကြတော့ အေးအေးဆေးဆေးနေချင်
တဲ့ ကျွန်မတို့မိသားစုအဖို့ အဆင်မပြေနေပါဘူး။
လုံးချင်းအိမ်ကျတော့လည်း မငှါးနိုင်နဲ့.. တော်တော်လေးကသီနေတဲ့
အချိန်မှာ အသိပွဲစားအန်တီတစ်ယောက်က...
"" ချောရေ.. သမီးတို့အတွက်ကသီးသန့်အိမ်လေးတော့တွေ့ထား
တယ်..စျေးလည်းမဆိုးဘူး..ဒါပေမယ့်.. ""
အဲ့ဒီအန်တီစကားမဆုံးခင်.. ကျွန်မကဝမ်းသာသွားပြီး အတင်းဖြတ်
မေးမိတော့တယ်။
"" ဒါပေမယ့်တွေလုပ်မနေပါနဲ့အန်တီရယ်.. အခုတခါထဲလိုက်ကြည့်
မယ်.. အရေးပေါ်အခြေအနေကို ဖြစ်နေပြီ.. လာအခုသွားမယ်...
အန်တီ.. ချောလည်း ခွင့်ခဏခဏယူရတာ..အားနာနေပြီ.. ""
ပြောပြောဆိုဆိုနဲ့ ပွဲစားအန်တီကြီးကို လက်ဆွဲပြီး အိမ်ကထွက်ခဲ့
တယ်။အန်တီကြီးကတော့လမ်းမှာ အခုအိမ်အကြောင်းပြောပြတယ်။
ကောင်မလေးတစ်ယောက်အဆိပ်သောက်သေထားပြီး ခြောက်နေသလိုအသံတွေကြားလို့ ဘယ်သူ့မှမငှါးရဲဘူးဆိုတဲ့အကြောင်းတွေ။
ကျွန်မအတွက်က သရဲတစ္ဆေထက် နေစရာအိမ်ကအရေးပေါ်လိုအပ်
နေတော့ ဒါကိုပြဿနာအကြီးကြီးလို့တကယ်မထင်မိရိုးအမှန်ပါပဲ။
အိမ်ပိုင်ရှင်နဲ့တွေ့ဖို့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း စောင့်နေတဲ့အချိန်
မျက်မှန်းတန်းမိတဲ့ မိတ်ဆွေတချို့နဲ့တွေ့တော့ နှုတ်ဆက်ရင်း ဘယ်
သွားမှာလဲ..စကားစပ်ရင်းကနေ အခုအိမ်ကိုမငှါးသင့်တဲ့အကြောင်း
တွေ အဆိပ်သောက်သေတဲ့ကောင်မလေးက တော်တော်ခြောက်နေ
တဲ့အကြောင်းတွေ တစ်ယောက်တစ်မျိုးပြောပြကြတယ်။ကျွန်မက
တော့သူတို့ပြောတဲ့အကြောင်းအရာထက် အိမ်ထဲလိုက်ပြမယ့် အိမ်ရှင်
ကိုပဲ မျှော်နေမိခဲ့ပါတယ်။
နာရီဝက် တစ်နာရီနီးနီးလောက် စောင့်ပြီးတဲ့အချိန်မှာ အိမ်ပိုင်ရှင်လို့
သူတို့ပြောတဲ့ အန်တီကြီးတစ်ယောက်နဲ့ အစ်ကိုကြီးတစ်ယောက်
ရောက်လာကြတယ်။သူတို့ကိုကြည့်ရတာ သဘောကောင်းမယ့်ပုံ
ရသလို သူတို့မျက်လုံးတွေထဲမှာတော့ စိုးရိမ်နေတဲ့ပုံပေါ်နေတယ်လို့
ကျွန်မခန့်မှန်းမိခဲ့ပါတယ်။သူတို့ခေါ်သွားတဲ့အိမ်ရှေ့ရောက်တဲ့အခါ
ခြံတံခါးဖွင့်ပြီး အထဲလိုက်ပြကြတယ်။
တစ်ခြံလုံးမှာ အိမ်ကနှစ်လုံးရှိပြီး...နှစ်ထပ်တိုက်ကြီးကတော့မငှါး
ပါဘူးတဲ့.. ခြံဝင်းတံခါးနားက တစ်ထပ်တိုက်လေးကိုငှါးမှာပါဆိုတော့
အဲ့ဒီတစ်ထပ်တိုက်ကို ဖွင့်ပြကြပါတယ်။နှစ်ထပ်တိုက်လေးရဲ့အိမ်
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment