စုန်းထီး အပိုင်း(၂)
ခဏဆို ခြောက်သွားတာပေါ့ဗျာ။သနပ်ခါးခြောက်ရင်
တင်းတာပေါ့ဗျာ။အဲဒီတင်းထားတာကိုပဲ ဒီစုန်းထီးက
မခံနိင်တာဗျို့။
"ဟာ ဟာ ခင်ဗျား တော်တော်ယုတ်မာတာပဲ
ကျုပ်ကို လိမ်းတဲ့ သနပ်ခါးက ဘာသနပ်ခါးတုံး"
"အဲဒါ သနပ်ခါးရိုးရိုး မဟုတ်ဘူးကွ ကဝေထောင်ချောက်
လို့ခေါ်တယ်။မင်းတို့လို ကာမေသုမိစ္ဆာကံ အမြဲကျုးလွန်
နေတဲ့ စုန်းထီးတွေကို ဖမ်းတဲ့ ထောက်ချောက်ပဲကွ မြနွယ်ရ
မင်း မြခင်ရဲ့ကိုယ်ထဲကနေ ပြန်ထွက်လို့မရတော့ဘူး
ငါပြောတာက စုန်းပညာသယ် ဘဝနဲ့တော့ ပြန်ထွက်လို့
မရတော့ဘူး ဒီတော့ ဒီကလေးမအပေါ်မှာ ပြုစားထား
တာတွေ ဖယ်လိုက် ပြီးရင် မင်းပညာတွေ အကုန်စွန့်ခဲ့
ပညာသယ် မဟုတ်တော့မှ မင်းကိုယ်ထဲကနေ
ထွက်လို့ရတော့မှာ မြနွယ်"
"မင်း တော်တော်ရိုင်းတဲ့ကောင်ပဲ ဆရာစုတ်ရဲ့ ဟေ့ကောင်
ငါ ငါ့ အသက်ရှုကျပ်လာပြီနော် ဟေ့ကောင် ငါပူတယ်"
"မင်းလုပ်ထားတာ မင်းပြန်နှုတ်လေ မြနွယ်"
"မနှုတ်ဘူးကွာ မနှုတ်ဘူး"
"မောင်တာတေ ကျုပ်က တယ်ပြီးစိတ်မရှည်ဘူးကွဲ့
ရော့ ဟောဒီဖိုခနောက်ပေါ်မှာ ဒါကိုတင် ဒီရေထည့်
ဒီထင်းနဲ့မီးမွှေးစမ်းကွယ့် ဟောဒါက တံစူးဝါးသုံးချောင်း
နဲ့ လုပ်ထားတဲ့ဖိုခနောင်ကွဲ့။ဒါကိုထိပ်ဖွင့်ထားတဲ့
လူခေါင်းခွံ ဟောဒီထင်းချောင်းက ခေါင်းက သစ်သား
လေးတွေ ဒီရေက ရေလုံအိုးထဲကရေ။ဒီခေါင်းခွံထဲ
ရေထည့်ပြီး ကျိုစမ်းကွယ့် မြန်မြန်"
ကျုပ်က မြန်ပြီးသားပါဗျာ။အိမ်သားတွေဆီက သံပြား
တစ်ချပ်တောင်းပြီး ခံလိုက်တယ် တံစူးဝါးသုံးချောင်းကို
ဖောက်ထားတဲ့ အပေါက်ကလေးတွေမှာ အသင့်ပါလာတဲ့
သံချောင်းလေးတွေကိုထိုးပြီး ဖိုခနောင်ကလေး လုပ်
လိုက်တယ်။ခေါင်းပျဉ်ထင်းချောင်းလေးတွေကို ချက်ချင်း
မီးမွှေးပြီး လူခေါင်းခွံကိုမီးဖိုပေါ်တင်တယ်။ရေလုံအိုးထဲ
ကရေကို ခေါင်းခွံထဲထည့်ပြီး ရေနွေကျိုလိုက်တယ်
ခဏကြာတော့ ရေဆူလာပြီ။
"ဆူပြီ ဆရာကြီး"
"အေး ဆူရင် ဒီအင်းကို ထည့်လိုက် ဒါသိမ်ဝင်အင်းကွဲ့
အားကြီးစွမ်းတယ်။ဒီကောင်က ကဝေထောင်ချောက်
သနပ်ခါးကို ခံနိုင်ရည်ရှိနေတယ်ကွ"
ကျုပ်က သိမ်ဝင်အင်းကို လူခေါင်းခွံရေနွေးအိုးထဲ
ထည့်လိုက်တယ်။
"အောင်မလေးဗျ ပူလှချည်ရဲ့ဗျ။အောင်မလေး
သေပါတော့မယ်ဗျ"
မမြခင် ကြမ်းပြင်မှာ လူးပြီး အော်နေတာဗျာ။ဒါပေမယ့်
အသံက ယောင်္ကျားသံကြီးဗျ။
"အောင်မလေး ဆရာရဲ့ ကျုပ်ပညာကို ကျုပ်ပြန်နှုတ်
ပါ့မယ်ဗျာ"
"ဟေ့ကောင်စုန်းထီး နှုတ်မှာဆိုရင် အခုနှုတ် ငါက
စိတ်သိပ်ရှည်တဲ့လူ မဟုတ်ဘူး မောင်တာတေ
ထင်းတစ်ချောင်း ထပ်ထိုးစမ်းကွယ့်"
"အောင်မယ်လေး မလုပ်ပါနဲ့ဗျ နှုတ်ပါပြီဗျ နှုတ်ပါပြီ"
မမြခင်က လူးလှိမ့်နေရာကထပြီး သူ့လက်နဲ့သူတစ်ကိုယ်
လုံးကို သပ်ချတယ်ဗျ
"ဘာမှမချန်ထားနဲ့ အကုန်သပ်ချလိုက်"
ဆရာအိုက ခပ်ပြတ်ပြတ်အသံနဲ့ အမိန်ပေးတာဗျ။
"မရှိတော့ပါဘူး ဆရာရယ် အားလုံးဖယ်ပြီးပါပြီဗျာ
ကျုပ်ကိုသွားခွင့်ပြုပါတော့ဗျာ ကျုပ် ပူလွန်းလို့
သေတော့မယ်ဗျ ဆရာရဲ့"
"ဟေ့ကောင် ငါ့ပြောပြီးသား ပညာသယ်ဘဝနဲ့
ထွက်လို့မရတော့ဘူးကွ မင်းပညာ စွန့်တော့ပေါ့
ဗန်းတစ်ချပ်ယူခဲ့ကြ မြန်မြန်"
မမြခင်ရဲ့အမေကြီးက လင်ဗန်းကြီးတစ်ချပ် ပြေးယူပြီး
ပေးတယ်ဗျ။
"ဟေ့ကောင် ကြာရင် မင်းအသက်ပါ သေသွားတော့မယ်
သိမ်ဝင်အင်းကို ခေါင်းခွံနဲ့ပြုတ်ရင် ဘယ်စုန်းမှ မခံနိုင်ဘူး
ကွ မင်းသိလား မင်းပညာတွေ မြန်မြန် မင်းစွန့်ရင်
မင်းသေသွားလိမ့်မယ် "
"ရက်စက်လိုက်တာ ဆရာရယ် ကျုပ်မှာ ဒီပညာတွေ
တတ်ဖို့ ဟိုအဝေးကြီးက ယောနယ်ဘက်ကိုသွားပြီး
သင်ခဲ့ရတာဗျ စုန်းမကြီးကိုခြေဆုပ်လက်နှယ်ပြုခဲ့ရတာ"
"သြော် ဖြစ်မှဖြစ်ရလေ မြနွယ်ရယ် အပါယ်သွားဖို့ကိစ္စကို
ဒီလောက်တောင် ခက်ခက်ခဲခဲ လုပ်ခဲ့ရတာလားကိုး
ဟေ့ ကြာတယ် မြန်မြန်စွန့်တော့"
"ဝေါ့ ဝေါ့ ဝေါ့"
ဟော...အန်ပြီဗျို့ အန့်ပြီ စုန်းထီးကြီး အန် ပြီ ဟာ
လင်ဗန်းထဲမှာဝင်းဝင်းလက်လက် စိမ်းစိမ်းအရည်တွေဗျ
ဟာ အဲဒီထဲမှာ ပုလင်လေးသေးသေး တစ်လုံးဗျ။
အရောင်တွေ လက်နေတယ်။
"ဝုန်း"
"ဟဲ့ မြခင် မြခင် သတိထား သတိထား"
"မောင်တာတေ ခြေမန်းကွင်း ချွတ်လိုက် ပြီးရင်း
ဒီရေနဲ့ မျက်နှာက သနပ်ခါးတွေ ဖျက်ပေးလိုက်"
ဆရာအို ခိုင်းတဲ့အတိုင်း ကျုပ်က မမြခင်မျက်နှာကို
ရေနဲ့တောက်ပြီး အဝတ်နဲ့ ပွတ်ပေးလိုက်တယ်။
ကျုပ်လိမ်းထားတဲ့ သနပ်ခါးလည်း ပြောင်သွားရော
မမြခင် သတိရလာတယ်။အကောင်းပဲဗျ။
သူ ဘာမှ မသိဘူးဗျို့။
ဆရာအိုက မီးညှပ်တစ်ချောင်းတောင်းပြီး
စုန်းထီးရဲ့အန့်ဖတ်ထဲက ဝင်းဝင်းလက်လက်
ပုလင်းလေးကို ညှပ်ယူလိုက်တယ်။အဲဒါလေးကို
စက္ကူနဲ့ သေသေချာချာထုပ်ပြီး သိမ်းလိုက်တယ်။
ကျန်တာတွေကိုတော့ အိမ်သားတွေကို
မြေကျင်းနက်နက်တူးပြီး မြှုပ်ခိုင်းလိုက်တယ်။
လူတွေကို ဒုက္ခပေးမယ့် စုန်းတစ်ယောက်တော့
လျော့သွားတာပေါ့ဗျာ ဆရာအိုကို ဘန့်ဘွေးကုန်းပို့ပြီး
ထနောင်းကုန်းကို ကျုပ် ပြန်လာခဲ့တယ် ။
အိမ်ရောက်တော့ နွားရိုင်းသွင်းချိန် ရှိပြီဗျ။....
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment