မှန်ထောင်ကဝေမ အပိုင်း(၁)
တာတေ ရွာပြန်တယ်။ဒါပေမဲ့ မကြာပါဘူး ။ ဆရာကြီးနဲ့ ဆရာနွံဖက အမြန်ပြန်ခဲ့ဖို့မှာလိုက်တာနဲ့ တာတေ တစ်လတောင် မပြည့်ခင် ရန်ကုန်ကိုပြန်ရောက်လာခဲ့တယ်။ ရောက်မဆိုက်ပါပဲဗျာ။
"မောင်တာတေရေ မင်းပြန်ရောက်လာတာနဲ့ အတော်ပဲဟေ့"လို့ ဆရာကြီးက ဆီးကြိုပြောတယ်ဗျ။ ဆရာနွံဖကလည်းပြုံးပြီး ကြည့်နေတယ်
"ဧကန္တတော့ ကဝေ လိုက်ရဦးမယ် ထင်တယ်"
လို့ တာတေက ပြန်ပြီးပြောလိုက်တော့ ဆရာကြီးက
ပြုံးပြီး တာတေ့ကို ပြောတယ်ဗျ။
"မောင်တာတေကလည်း ပါရမီအခံ တယ်ကောင်းသကိုးကွဲ့။တွေးလိုက်ရင် တန်းသိနေတော့တာပဲကိုး"
ကျုပ်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးရုံပဲပြုံးနေတော့တာပေါ့ဗျာ။
"ဟုတ်တယ် မောင်တာတေရေ ။ ခရမ်းသုံးခွဘက်မှ
အထူးအဆန်းတွေ ဖြစ်နေပါရောလား"
ဆရာနွံဖက ဝင်ပြောလိုက်တယ်ဗျ။ ကျုပ်လည်း
အရမ်းကို သိချင်သွားတာပေါ့ဗျာ။
"ဘယ်လို အထူးအဆန်းများတုံး ဆရာနွံဖရဲ့"
"အင်း ကြေးစားလူသတ်သမားတစ်ယောက် ပေါ်နေလို့ကွ"
"ဗျာ …ကြေးစားလူသတ်သမား ဟုတ်လား ဆရာနွံဖရဲ့။ဟာ ဒါဆိုရင် ပုလိပ်ဘက်ကို အကြောင်းကြားရမှာပေါ့ဗျ။ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး"
ကျုပ်စကားကို ကြားတော့ ဆရာကြီးက ပြုံးတယ်ဗျ။
ဒီလိုကွဲ့ မောင်တာတေရဲ့ ။ ကြေးစားလူသတ်သမား
ဆိုပေမယ့် ယောင်္ကျားမဟုတ်ဘူးကွဲ့။ မိန်းမတစ်ယောက်"
"ဟာ တော်တော် သတ္တ္တိကောင်းတဲ့ မိန်းမပါလားဗျာ"
"သတ္တိမကောင်းပါဘူး မောင်တာတေရာ။ ဒီမိန်းမက
အခကြေးငွေယူပြီး လူကို ဓါးနဲ့ထိုးသတ် သေနတ်နဲ့
ပစ်သတ်တာမျိုးမဟုတ်ဘူးကွဲ့။ ကဝေပညာနဲ့
လူမသိအောင် သတ်တာကွဲ့။ဒါပေမဲ့ အဲဒီလို
သတ်ပေးတဲ့အတွက် အခကြေးငွေကတော့
မနည်းမနော ရတာဆိုပဲ"
"ဟာ …ဒါဆို ကဝေမပေါ့ ဟုတ်လား ဆရာကြီး"
"ဟုတ်ပါဗျာ။ ဟုတ်ပါ့။ နည်းနည်းနောနော ပညာလည်းမဟုတ်ဘူးကွဲ့"
"နေပါဦး ဆရာနွံဖရဲ့ ။ ဒီသတင်းကို ဆရာတို့ ဘယ်လိုများရတာတုံးဗျ"
"ခရမ်းမှာနေတဲ့ ဆရာကြီးရဲ့ တပည့်တစ်ယောက်က
ဆရာကြီးကို လာပြီးသတင်းပို့တာလေကွာ။ ဒီကဝေမကြီးကတစ်နေရာတည်းမှာ အမြဲနေတာ မဟုတ်ဘူးတဲ့ကွ။နေရာအနှံ့ သွားလာနေတာတဲ့ကွ။ အခု ခရမ်းဘက်မှာလည်းမြို့ပေါ်နေတာ မဟုတ်ဘူးတဲ့ကွ။ တောထဲမှာ တဲကလေးထိုးပြီး နေတာတဲ့"
"ဒါဆို သူ လူသတ်တာ ဘယ်လိုများ သိတာတုံး
ဆရာနွံဖရဲ့"
"အင်း မောင်တာတေက သေသေချာချာ တွေးတတ်တဲ့သူငယ်ပဲကိုး ။ အေး သိပ်ကောင်းတာပေါ့ကွာ။
ယောင်္ကျားဆိုတာ ဒီလိုတွေးမှ တိုးတက်တာကွ။
ကဲ နွံဖရာ မောင်တာတေ သိချင်တာကိုသေသေချာချာရှင်းပြလိုက်ပါကွာ"
"ဒီလို ဒီလို မောင်တာတေရေ ။ ခရမ်းမှာနေတဲ့
ဆရာကြီးရဲ့ တပည့်နာမည်က ကိုကံပိုင်တဲ့ကွ။
ကိုကံပွင့်က မြို့နီးချုပ်စပ်မှာ လှည့်သွားလာပြီး
ဆေးလေးဝါးလေး ကုတယ်ကွ။ တစ်ရက် ပင်လယ်ဘက်ကရွာကလေးမှာ ဆေးသွားကုတော့ ဒီကဝေမကြီးသတင်းကို စပြီးကြားတာကွ"
"သြော်"
"ကိုကံပိုင် ဆေးသွားကုတဲ့ သိမ်ကုန်းရွာက ကာလသားကလေးတစ်ယောက်က ပြောပြတာတဲ့ကွ။သိမ်ကုန်းအရှေ့ကတောထဲမှာ နွားပျောက်လို့ သွားရှာတုန်း မိန်းမကြီးတစ်ယောက်ကို တောထဲမှာ တွေ့ခဲ့တယ်ဆိုပဲကွ။ဆံပင်ဖားလျားကြီး ချလို့တဲ့ကွ။ မျက်လုံးပြူးပြူးနဖူးကမောက်မောက်ကြီးတဲ့ဗျာ။ထဘီကြီးကိုလည်းဒူးခေါင်းလောက် ဝတ်ထားတာဆိုပဲ"
"သြော် ဆရာနွံဖကို ဖြတ်မေးပါရစေဗျာ။အဲဒီကာလသားကလေးက ဘယ်သူတဲ့တုံး"
"အေး …အဲဒီသူငယ်ရဲ့ နာမည်က မောင်အုန်းတဲ့ကွ။
အသက်က နှစ်ဆယ်လောက်ရှိပြီတဲ့။ မောင်အုန်းကိုတွေ့တော့သူမျက်လုံးပြူးပြူးကြီးတွေနဲ့ စိုက်ကြည့်နေတယ်ဆိုပဲကွ။
ပထမတော့ မောင်အုန်းက မတွေ့ဘူးတဲ့ကွ။
သူ့နွားကိုပဲ မဲရှာနေတာတဲ့။ နောက်တော့ သူ့နွားညိုကြီးကိုတွေ့ရောတဲ့ဟေ့။နွားညိုကြီးက တည်ပင်ကြီး
တစ်ပင်အောက်မှာ ငိုင်ငိုင်ကြီး ရပ်နေတာတဲ့ကွ။
ဘယ်ကိုမှလည်း မသွားဘူးတဲ့။ ဒါနဲ့ မောင်အုန်းက
ဝမ်းသာအားရနဲ့ သူ့နွားညိုကြီး အနားကို
ပြေးသွားတာပေါ့ကွာ။အဲဒီတော့မှ နွားညိုကြီးနဲ့
မလှမ်းမကမ်းက ကနစိုပင်ကြီးအောက်မှာ
ဆံပင်ဖားလျားကြီးနဲ့ ရပ်နေတဲ့ အဲဒီမိန်းမကြီးကို
တွေ့တာတဲ့ဟေ့။ ဗြုန်းခနဲ တွေ့လိုက်တော့
မောင်အုန်းလည်း လန့်သွားသတဲ့ဟေ့။ဒီမှာတင် နောက်လှည့်ပြေးမယ့်အလုပ်မှာအဲဒီမိန်းမကြီးက အသံနက်နက်ကြီးနဲ့ ပြောတာတဲ့ကွ"
"ဟေ့ကောင်လေး မပြေးနဲ့ "
ထွက်ပြေးမလို့ လုပ်နေတဲ့ မောင်အုန်းလည်း တုံ့ခနဲ့ရပ်ပြီးမှင်တက်မိသလိုလို ဖြစ်သွားတာတဲ့။
"ဒါ နင့်နွားလား"
"ဟုတ် …ဟုတ်ပါတယ်ဗျာ"
မောင်အုန်းက ကြောက်ကြောက်နဲ့ ဖြေရတာပေါ့။
ဒီတော့မှာ သူရယ် ဒီမိန်းမကြီးရယ် နွားညိုကြီးရယ်ပဲရှိတာမို့လား"
"နင့်နွားကို ပြန်လိုချင်သလား"
"ရိုရိုသေသေ ပြောစမ်း ။ ငါ့အသက်က နှစ်ရာကျော်ပြီသိလား"
ဒီတော့ မောင်အုန်းလည်း အံ့သြသွားပြီး ရိုရိုသေသေပြောရတာပေါ့ကွာ။
"ဟုတ် ဟုတ်ကဲ့ ။ ပြန်လိုချင်ပါတယ် အမေ"
"အေး အဲဒီလိုပြော ဟုတ်ပြီ ဒါဆိုရင် နင်
ငါခိုင်းတာ လုပ်ရမယ်"
"ဟုတ် ဟုတ်ကဲ့ ။ လုပ်ပါ့မယ် အမေ"
"ကဲ ဒါဆိုရင် ငါ့နောက်လိုက်ခဲ့ ။နင်နွားညိုကြီးလည်းဆွဲလာခဲ့ ကြားလား"
"ဟုတ် ဟုတ်ကဲ့ပါ အမေ"
မောင်အုန်းလည်း အဲဒီမိန်းမကြီးကို ကြောက်တော့
သူခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့ကွာ။

အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသားသူ = တာတေ

Comments
Post a Comment