ဒုတိယ မဖဲဝါ အပိုင်း(၃)
"အကျိုးအကြောင်းတော့ ဘိုးပြောပြလို့ သိ
ပြီးပါပြီ အရီးရာ၊ ကျုပ်တတ်နိုင်သလောက်
လုပ်ပေးပါမယ်၊ ဒါပေမဲ့ ကျုပ်ကလည်း ဆ
ရာမဟုတ်တော့ အတတ်တော့ မပြောနိုင်
ဘူးပေါ့ဗျာ"
"နေ နေ၊ ဘိုး ကျုပ် သွားခပ်မယ်"
ကျောက်ခဲက လွှတ်ဖင်ပေါ့တ ဲ့ကောင်ဗျ။ သောက်ရေတစ်ဖန်ခွက် ပြေးခပ်တယ်။ သံ
မဏိက ထွေးခံသွားယူတယ်။ ကျုပ်က'က
ဝေစက်ထုတ်အင်းချပ်'ကို သောက်တော်
ရေခွက်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဘု
ရားစင်ပေါ်ကို ရေဖန်ခွက်တင်လိုက်တယ်။
ကျုပ် ဘုရားရှိခိုးပြီး ဘုရားမှာ တိုင်တည်
တယ်။ ကျုပ် သစ္စာဆိုတယ်။ ဒါတွေက
တော့ ဆရာနွံဖတို့ လုပ်တာတွေကို မှတ်
ထားတာပေါ့ဗျာ။
"ကဲ အရီး၊ အရီးကိုယ်တိုင် ဘုရားရှိခိုးပြီး
ပညာတွေကို မလိုချင်တော့တဲ့အကြောင်း၊
တစ်စမကျန် စွန့်လွှတ်ပါပြီဆိုတဲ့အကြောင်း
ဘုရားကို တိုင်တည်ပြီး ပညာတွေကို ဘုရား
မှာ လှူလိုက်ပေတော့ဗျာ"
"အေး အေး"
အရီးရွှေမက ကျုပ်ပြောတဲ့အတိုင်း ဘုရားမှာ
ပညာလှူလိုက်တယ်။
"ဟာ"
ကျုပ်ရော ကျောက်ခဲတို့ နှစ်ယောက်ရော
ဘိုးယာခင်ရော ပြိုင်တူအော်လိုက်မိတာဗျ။
ဘုရားစင်မှာ ထွန်းထားတဲ့ မီးတိုင်တွေက
မီးတောက်တွေဟာ အပေါ်ကို တစ်ထွာ
လောက်တာဗျ
"ဟာ"
'ကဝေစက်ထုတ်အင်း'စိမ်ထားတဲ့ သောက်
ရေခွက်ထဲက ရေတွေလည်း တဖျတ်ဖျတ်နဲ့ ထပွက်သွားတယ်ဗျ။ထူးတော့ ထူးနေပြီဆို
တာ ကျုပ်သိလိုက်တယ်။ ဘုရားစင်ပေါ်က
သောက်ရေခွက်ကို ယူပြီး အင်းချပ်ကို နှိုက်
ယူလိုက်တယ်။
"ကဲ အရီး ဒီရေကို သောက်လိုက်ပေတော့"
အရီးက ကျုပ် ကမ်းပေးတဲ့ ရေခွက်ကို လှမ်း
ယူပြီး သောက်ချလိုက်တယ်
"အား…အောင်မယ်လေး၊ ပူလိုက်တာ၊ ပူ
လိုက်တာ ၊ အောင်မယ်လေး၊ အန်ချင်
တယ်၊ အန်ချင်တယ်"
ဘိုးယာခင်က ကြွေရေသုတ် ထွေးခံကြီးကို
အရီးရွှေမ ရှေ့ကို ထိုးပေးလိုက်တယ်။
"အန်လိုက်၊ ရွှေမ၊ အန်ချလိုက်၊ အန်ချ
လိုက်"
"အား…ပူတယ်၊ ပူတယ်၊ ဝေါ့၊ ဝေါ့"
ဟာ အန်ပြီဗျို့၊ အန်ပြီ။ ဟာ ကွမ်းယာတစ်
ယာဗျ။ ကြည့်စမ်း၊ ကွမ်းရွက်က အစိမ်းအ
တိုင်းပဲ ရှိနေတာဗျို့။ တယ်လည်းစွမ်းတဲ့
ပညာတွေပါလားဗျာ။ ဟာ စိမ်းစိမ်းဝါဝါ အ
ရောင်တွေ ထွက်လာတယ်ဗျို့။
ကျုပ်တောင် လန့်ပြီး သစ်စုန်းဆေးတော်ကို
လက်က ယောင်ပြီးကိုင်လိုက်မိတယ်။ ဟော
အရောင်တွေ မှိန်မှိန်သွားပြီး ပျောက်သွားပြီ
ဗျ။ ဆရာနွံဖရဲ့ အင်းကလည်း စွမ်းလိုက်တာ
ဗျာ။ အရီးရွှေမက မောသွားတဲ့ပုံနဲ့ ငြိမ်သွား
တယ်ဗျ။ အော်တော့ မအော်တော့ဘူး။
"အရီး နေလို့ကောင်းရဲ့လား"
အရီးရွှေမက ခေါင်းညိတ်ပြတယ်။ ပါးစပ်က
တော့ ဘာမှမပြောနိုင်ဘူးဗျ။ တော်တော်ကို
နုံးခွေနေပုံပဲ။ တဖြည်းဖြည်းတော့ လန်းလာ
ပါတယ်။ ညနေစောင်းလောက်ရောက်တော့
တော်တော်လေး နေကောင်းသွားပြီဗျ။ကျုပ်
နဲ့ ကျောက်ခဲတို့ နှစ်ယောက် ဘိုးယာခင်ရဲ့
ဝိုင်းထောင့်မှာ တွင်းနက်နက်ကလေး တစ်
တွင်း တူးပြီး အရီးရွှေမရဲ့ပညာဗူးကို တွင်း
ထဲမှာ မြှုပ်ပစ်လိုက်တယ်။
ခဏနေတော့ အရီးရွှေမလည်း စကား
ကောင်းကောင်းပြောနိုင်လာတယ်။
ကျုပ်တို့လည်း ဘိုးယာခင်နဲ့ အရီးရွှေမကို
နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။ ကျောက်
ခဲနှင့် သံမဏိလည်း သူတို့အိမ် ပြန်သွားကြ
တာပေါ့ဗျာ။ အိမ်ရောက်တော့ အဘက ဆီ
ကြိတ်တုန်းဗျ။ ကျုပ်က အဘကို ဖယ်ခိုင်းပြီး
ဆီဝင်ကြိတ်တယ်။ ညခုနှစ်နာရီလောက်ကျ
မှ ဆီကြိတ်တာ ပြီးသွားတာဗျို့။
ကျုပ်လည်း မနက်မိုးလင်းကတည်းက စလုပ်
လိုက်တာ ခုမှပဲ ပြီးသွားတာလေ။ လူလည်း
တော်တော်ပင်ပန်းနေပြီ။ ညစာ စားပြီးတာနဲ့
ကျုပ်လည်း အိပ်ရာတန်းဝင်တော့တာပါပဲဗျာ
အဘကတောင် ပြောသေးဗျ။
"တာတေ အိပ်တော့မလားကွ၊ စကားမပြော
တော့ဘူးလား"
"ဟာ ကိုဥာဏ်ရယ်၊ အိပ်ပါစေတော်၊ ကျုပ်
သားမှာ မနက်မိုးလင်းကတည်းက ဆီကြိတ်
နေရတာတော်"
"ဒီကြားထဲ ရွှေမကို ဆေးသွားကုပေးလိုက်
ရသေးမို့လား၊ စားထားတဲ့ ကွမ်းယာက နှစ်
လေးဆယ်လောက် ကြာတာတောင် အစိမ်း
အတိုင်း ရှိနေတာဆိုပဲ ကိုဥာဏ်ရဲ့၊ ကျုပ်ဖြင့်
ကြားရတာနဲ့တောင် ကြက်သီးထမိရဲ့တော်"
အမေနဲ့ အဘ ပြောနေတဲ့အသံက တဖြည်း
ဖြည်း ဝေးဝေးသွားသလိုဖြစ်ပြီး ကျုပ်အိပ်
သွားတယ်။
"တာတေ၊ တာတေ၊ ထစမ်း၊ ထနောင်းကုန်း
သင်္ချိုင်းကို ချက်ချင်းလာခဲ့၊ ငါ့ကိုယ်ခွဲရုပ်က
လေးယူပြီး အခုချက်ချင်း လာခဲ့ တာတေ"
အိပ်ပျော်နေရာကနေ ကျုပ် 'ဝုန်း'ကနဲ ထ
ထိုင်လိုက်မိတယ်။ ကျုပ်ရင်တွေလည်း တ
ဒုန်းဒုန်း ခုန်နေလို့ဗျ။ ဒါ မဖဲဝါ အသံဗျ။
ကျုပ် ကောင်းကောင်းမှတ်မိတာပေါ့ဗျာ။
ဘယ်လိုဖြစ်တာပါလိမ့်။ အိပ်မက်ပဲဗျာ
မက်ချင်တာ မက်မှာပေါ့လို့ တွေးလိုက်
တယ်
"ဟီး၊ ဟီး၊ ဟီး၊ ဟီး"
ဟာ ဒါ ကျုပ်သေတ္တာထဲက မဖဲဝါရဲ့ ကိုယ်
ခွဲရုပ်ကလေးအသံဗျ။ ကျုပ် အိပ်ရာက ချက်
ချင်းထပြီး ဓါတ်မီးနဲ့ ထိုးကြည့်တယ်။သေတ္တာ
ဖွင့်ပြီး အရုပ်ကလေးကို ထုတ်ယူလိုက်တယ်
ဟာ အရုပ်ကလေး ကျုပ်လက်ထဲမှာ လှုပ်နေ
သလိုပဲဗျ။ ထူးတော့ ထူးနေတာပဲဗျ။
ကျုပ် သွားရင်းကောင်းမလားလို့ တွေးနေမိ
တယ်။ ဒီလိုအိပ်မက်မျိုးကို ကျုပ်တစ်ခါမှ
မက်ဖူးတာမှ မဟုတ်တာ။
နောက်တော့ ကျုပ်သွားမယ်လို့ ဆုံးဖြတ်
လိုက်တယ်။ မျက်ကွင်းဆေးကွင်းတယ်။
ကျုပ်ရဲ့ဆေးလွယ်အိတ်ကို စလွယ်သိုင်း
လွယ်လိုက်တယ်။ မဖဲဝါကိုယ်ခွဲ အရုပ်က
လေးကိုတော့ ကျုပ်လက်မှာ ကိုင်ထား
တယ်။
အပိုင်း(၄)ဆက်ရန်..
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment