မဖဲဝါအား စိမ်ခေါ်မိကြသူများ အပိုင်း(၄) ဇာတ်သိမ်းပိုင်း



ကျော်၀ငးကား တဆတ်ဆတ်တုန်ကာပြောနေရင်းမှနေရာတွင်ပင်ခွေကျသွားတော့သည်။
ဆရာတော်ကား သူတို့သုံးယောက် ပရိတ်ရေတိုက် ပရိတ်ခြေမန်းကွင်းစွတ်ပြီးချိန်ကျမှ ကျော်၀င်းတစ်ယောက်ကြောင်တောင်ဖြင့် သတိရလာသည်။
ဘာဖြစ်လို့ ဖြစ်သွားမှန်းပင်မသ်ိ.....

"ကဲမင်းတို့နှစ်ယောက်ကြားတဲ့အတိုင်းပဲ  မင်းတို့သူငယ်ချင်းကိုလည်း သေချာနောက်မှ ရှင်းပြလိုက်ကြ. နောက်တခါ ဆိုရင်တော့ ငါမကယ်နိုင်တော့ဘူးနှော်...မင်းတို့ထိုက် မင်းတို့ကံပဲ....

"တင့်ပါဘုရားတပည့်တော်တို့နောက်မလုပ်ရဲတော့ပါဘူး....

"ကဲကဲ မိုးလည်းလင်းခါနီးပြီရေမိုးချိုးပြီးကျောင်းမှာပဲအိပ်လိုက်ကြတော့ နေ့လည်ကျရင် မင်းတို့အဖေတွေခေါ်ပြီး ကျောင်းတစ်ခေါက်ပြန်လာခဲ့....

ထိုသုံးကောင်၏စိတ်တွင်ကား ကျောင်းပြေး၍ ပေါက်ကရတွေ လျောက်လုပ်၍  ဒေါသဖြစ်နေသော မျက်နှာနဲ့ ကြိမ်လုံးများအားတွဲမြင်မိကြတော့သည်။

မနက်စောစောစီးစီး အကြော်သယ်ဒေါ်ဘုမတစ်ယောက် သူ့အကြော်ဖိုအတွင်း ခုံပျောက်သောကြောင့် ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ဆဲနေပါတော့သည်။

ပြီးပါပြီ...

မူရင်းရေးသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)